← Chapters

အခန်း ၉၂၀

Vol. 62 Ch. 920

အခန်း ၉၂၀

Vol. 62 Ch. 920

အပိုင်း ( ၉၂၀ ) အစိတ်အပိုင်းများ စုစည်းမှု

ပျက်ပြားခြင်းအဆင့် သားရဲ နှစ်ကောင်ကို ရှင်းလင်းပစ်ဖို့က သိပ်တော့ မခက်ခဲခဲ့ပါဘူး..။

ကောင်းပြီလေ… ဒါပေါ့ အမှန်အတိုင်းပြောရရင်တော့ ခက်ခဲခဲ့ပါတယ်..။ နှစ်ကောင်လုံးက ကြောက်စရာကောင်းလောက်အောင် သန်မာပြီး ရက်စက်ကြတယ်..။ ဒီလို သတ္တဝါမျိုး တစ်ကောင်တည်းနဲ့တင် သာမန်စစ်သည် တပ်မဟာတစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်သလို လူသားတွေရဲ့ ခံတပ် တစ်ခုလုံးကိုလည်း မြေပုံပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါတယ်..။ သူတို့ နဲ့ အနည်းငယ် ထိမိရုံတင် အားကောင်းတဲ့ နိုးထသူ တစ်ယောက်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေခဲ့တာပါ..။

ဒါပေမဲ့ ဆန်နီနဲ့ သူတော်စင်က ပိုပြီး သန်မာကြတယ်..။

အသံမဲ့ သတ္တဝါတွေနဲ့ နှိုင်းယှဉ်ရင် သူတို့

နှစ်ယောက်လုံးက ရုပ်ပိုင်းဆိုင်ရာ ခွန်အားပိုင်း အားနည်းနေတာကြောင့် ဒီတိုင်း သန်မာနေတာမျိုးတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့ သူတို့ရဲ့ ကျွမ်းကျင်မှု.. ပူးပေါင်းဆောင်ရွက်မှုနဲ့ သတ်ဖြတ်လိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကတော့ ယှဉ်ပြိုင်စရာ မရှိခဲ့ပေ..။

သူတို့က သားရဲတွေကို ထောင်ချောက်တစ်ခုပြီးတစ်ခုထဲ ဆွဲခေါ်သွားခဲ့တယ်..။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ရှောင်တိမ်းနိုင်အောင် ကူညီပေးရင်းနဲ့ ဒီ သတ္တဝါတွေကို မြန်မြန်ဆန်ဆန်ပဲ ပိုင်းဖြတ်ပစ်လိုက်ကြပါတယ်..။ သတ္တဝါတွေထဲက တစ်ကောင်က လက်တစ်ဖက် ပြတ်နေပြီး သွေးတွေ တလဟော စီးကျနေတာကလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်..။

တစ်နည်းအားဖြင့် ပြောရရင် ဒါက မေ့ပျောက်ကုန်းမြေတုန်းက ကြေးခွံသားရဲ ခေါင်းဆောင်တွေကို ရင်ဆိုင်ရတာနဲ့တောင် ဆင်တူနေခဲ့တာပါ..။ အဲဒီ သားရဲတွေတုန်းက ဆန်နီထက် အမျိုးအစားရော အဆင့်ပါ မြင့်မားခဲ့ပေမဲ့ သူက အများအပြားကို သတ်ဖြတ်နိုင်ခဲ့ပါတယ်..။ အခုကောင်တွေကတော့… ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုး သားရဲတွေက အများကြီး ပိုပြီး သန်မာတယ်ဆိုပေမဲ့ သူကလည်း အိပ်စက်သူ တစ်ယောက် မဟုတ်တော့ပါဘူး..။လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆန်နီရဲ့ ကိုယ်ပိုင်စွမ်းအားက အဆမတန် ကြီးထွားလာခဲ့တာပါ..။

တကယ်တော့ သူက ဒီ အသံမဲ့ သားရဲ နှစ်ကောင်ကို အခုထက်ပိုပြီး မြန်မြန် ရှင်းလင်းနိုင်ခဲ့သင့်ပါတယ်..။ ဒါပေမဲ့ [အိပ်မက်ဆိုး] တောင့်ခံနိုင်အောင် ကူညီဖို့အတွက် အရိပ်တွေကနေတဆင့်

ရုပ်သွင်ဖော်ပေးနေရတာကြောင့် သူ့စိတ်က အာရုံများနေခဲ့လို့ပါ..။အရိပ် လက်ချောင်းတွေ အများကြီးက ဝိုင်းဝန်းကူညီပေးနေကြတာကြောင့် အနက်ရောင် မြင်းကြီးက ဆန်နီနဲ့ သူတော်စင်တို့ သားကောင်တွေကို ရှင်းလင်းလို့ ပြီးတဲ့အထိ တောင့်ခံနိုင်ခဲ့ပါတယ်..။

ကျန်တဲ့အပိုင်းကတော့ လွယ်ကူတယ်လို့ မဆိုနိုင်ရင်တောင် ရိုးရှင်းသွားခဲ့ပါပြီ..။

ကျရှုံးမှုအဆင့် သားရဲ အတော်များများကို ရင်ဆိုင်ရတာကလည်း ထိတ်လန့်စရာ ကောင်းတဲ့ အလုပ်တစ်ခုပါပဲ..။ဆန်နီဟာ သူ့ရဲ့ အရိပ်တွေကို အသက်ရှင်အောင် ထိန်းထားရင်းနဲ့ ဒီကောင်တွေကို ချေမှုန်းဖို့အတွက် ရှိသမျှ အားအင်အကုန် ထုတ်သုံးခဲ့ရတယ်..။ တိုက်ပွဲက ပင်ပန်းဆိုးရွားပြီး ရက်စက်လှသလို အတော်လေးလည်း သွေးချောင်းစီးခဲ့ပါတယ်..။

တိုက်ပွဲအဆုံးသတ်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အပေါက်တွေနဲ့ ပြည့်နေခဲ့တယ်..။ သူ့စိတ်ကလည်း ပင်ပန်းနွမ်းနယ်မှုကြောင့် ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပါပြီ..။

ဒါပေမဲ့ သူတို့ သုံးယောက်ကလည်း ရင်ဆိုင်ဖို့အတွက် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေခဲ့တာပါ..။ ဦးဆောင်မယ့် ပျက်ပြားခြင်းအဆင့် သားရဲတွေ မရှိတော့တာကြောင့် ကျန်ရှိနေတဲ့ အသံမဲ့ သားရဲတွေက [အိပ်မက်ဆိုး] ဆီကနေ ထွက်ပေါ်လာတဲ့ ကြောက်ရွံ့ခြင်း အရှိန်အဝါအောက်မှာ အရှုံးပေးဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ပါဘူး..။ သူတော်စင်ရဲ့ ရက်စက်တဲ့ ဓားသွားနဲ့ ဆန်နီရဲ့ အရိပ်တွေကလည်း သူတို့ကို ဖိအားပေးနေခဲ့ပါတယ်..။

[နှစ်သိမ့်ခြင်းပြစ်ဒဏ်] က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပိုင်းဖြတ်ပစ်လိုက်တယ်..။ [အိပ်မက်ဆိုး] ရဲ့ ခွာသံတွေ နဲ့ အစွယ်တွေက သူတို့တွေကို ဆွဲဖြဲပစ်လိုက်သလို.. [ရက်စက်သော မြင်ကွင်း] ကလည်း သူတို့တွေကို လောင်ကျွမ်းပျက်ဆီး စေခဲ့ပါတယ်..။ ရုပ်သွင်ဖော်ထားတဲ့ အရိပ်တွေကလည်း အလွယ်တကူ သတ်ဖြတ်နိုင်အောင် ချုပ်နှောင်ပိတ်ဆို့ပေးထားခဲ့ပါသေးတယ်..။

အဆုံးသတ်မှာတော့ ကျဉ်းမြောင်းတဲ့ လျိုမြောင်တစ်ခုလုံးမှာ အလောင်းတွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ..။

နောက်ဆုံး သေဆုံးသွားတဲ့ သားရဲ ကတော့

ဆန်နီ မရောက်လာခင်ကတည်းက သူတော်စင် စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးထားခဲ့တဲ့ ပျက်ပြားခြင်းအဆင့် သတ္တဝါပါပဲ..။ ဒီ မြင့်မားတဲ့ သားရဲကြီးဆီကနေ ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု အငွေ့အသက်ကို ခံစားနေရတာကြောင့် ဆန်နီက သူ့အနားကို မချဉ်းကပ်ဖို့ ရွေးချယ်လိုက်တယ်..။ သူက [မော်ဂန်ရဲ့ စစ်ပွဲလေး] ကိုပဲ နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပါတယ်..။

ဒီ သတ္တဝါက မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိတာကို ပြသခဲ့တယ်..။သူ့ကို သတ်နိုင်ဖို့အတွက် သူက မြှားအစင်းပေါင်းများစွာကို အသားတွေထဲ စိုက်ဝင်အောင် ပစ်ခတ်ခဲ့ရပါတယ်..။ ပျက်ပြားခြင်းအဆင့် သတ္တဝါက မြှားတွေရဲ့ အလေးချိန် ဒဏ်ကြောင့် နောက်ဆုံးမှာ ဒူးထောက်ကျသွားခဲ့ရတာပါ..။ ဒါပေမဲ့ အဲဒီအချိန်မှာတောင် သူက ချက်ချင်း သေမသွားခဲ့ပါဘူး..။

သူ့ရဲ့ နှုတ်ခမ်းတွေကို ထိုးဖောက်ထားတဲ့ အနက်ရောင် ချည်မျှင်တွေက ကြီးမားတဲ့ ခွန်အားနဲ့ ဘယ်လောက်ပဲ ဆွဲဖြဲနေပါစေ အဆုံးသတ်အထိ ပြတ်တောက်မသွားခဲ့ပေ..။ ဒီဖြစ်စဥ်တစ်လျှောက်လုံးမှာလည်း ပျက်ပြားခြင်းအဆင့် သတ္တဝါရဲ့ မျက်နှာပေါ်က ခံစားချက်မဲ့တဲ့ အမူအရာက တစ်ကြိမ်မှ ပြောင်းလဲသွားခြင်း

မရှိခဲ့ပါဘူး..။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ လက်တွေက အောက်ကို ကျသွားခဲ့တယ်..။သူက ဒူးထောက်လျက်သား ပုံစံအတိုင်းပဲ ငြိမ်သက်သွားခဲ့ပါတယ်..။

အဲ့အချိန်ကျမှပဲ အခိုက်အတန့်ရဲ့ အသံက ထွက်ပေါ်လာခဲ့တာပါ..။

[သင်သည် ပျက်ပြားခြင်းအဆင့် နတ်ဆိုး ‘ညစ်ညမ်းသော တမန်တော်’ ကို သတ်ဖြတ်နိုင်ခဲ့သည်..]

[သင့်အရိပ်က ပိုမိုသန်မာလာခဲ့ပါပြီ..]

ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်တယ်..။ သူက နာကျင်နေတဲ့ လက်တွေကို အောက်ချကာ မြေပြင်ပေါ်ကို ပစ်ထိုင်ချလိုက်ပြီး လုံးဝ အားအင်ကုန်ခမ်းနေခဲ့ပါတယ်..။

နောက်ဆုံးတော့ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ..။

သူ အသက်ရှင်ကျန်ရစ်ခဲ့သလို ယာဉ်တန်းကလည်း အသက်ရှင်ခဲ့ပါတယ်..။ နောက်မှာ ချန်ထားခဲ့တဲ့ အရိပ်ကတစ်ဆင့် သူက သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို မြင်တွေ့နေရတယ်..။ သူတို့အားလုံးက ဘေးကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန်ပဲ ရှိနေခဲ့ကြတာပါ။

ဆန်နီက ထုံထိုင်းစွာနဲ့ပဲ အပေါ်က အနက်ရောင် ကောင်းကင်ယံမှာ တောက်လောင်နေတဲ့ မြောက်ဝင်ရိုးစွန်း အလင်းတန်းတွေကို စိုက်ကြည့်နေမိခဲ့တယ်..။

သူ့စိတ်ထဲမှာတော့ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး။

‘…ဘယ်သူက ထင်ထားမှာလဲ..’

........

သတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ကန်ရေပြင်ရဲ့ ကမ်းခြေမှာတော့ လူစတာက ကျောက်တုံးကြီးတစ်ခုရဲ့ အပိုင်းအစပေါ်မှာ ထိုင်ပြီး အသက်ကို ပြင်းပြင်းရှူနေခဲ့တယ်..။ သူ့ရှေ့က အနက်ရောင် ရေပြင်ထဲမှာတော့ ရေတွက်လို့မရတဲ့ အလောင်းတွေက မျောပါနေခဲ့ပါတယ်..။ ရေတိမ်ပိုင်း ရေခဲပြင်ပေါ်မှာလည်း ပြတ်တောက်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ခြေလက်တွေက ပရမ်းပတာ လွင့်စင်နေခဲ့တာပါ..။ဒီအရာတွေ အားလုံးကနေ ထွက်ပေါ်လာတဲ့

အနံ့က တကယ်ကို ပျို့အန်ချင်စရာ ကောင်းလှပါတယ်..။

‘အား.. တကယ်ကို ရွံစရာကောင်းတဲ့ မြင်ကွင်းပဲ..’

အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတာပေါ့..။ကျန်တဲ့ အထူးတပ်ဖွဲ့ဝင်တွေလည်း အသက်ရှင်နေကြပါတယ်..။ ကပ္ပတိန်က ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ မြှားတစ်စင်းတည်း အသုံးပြုပြီး ..သားရဲအုပ်ကြီးရဲ့ တစ်ဝက်နီးပါးကို တစ်နည်းနည်းနဲ့ ချေမှုန်းပေးခဲ့တာပါ..။ ပြီးတဲ့နောက် မှာတော့ သူတို့က ကျန်ရှိနေတဲ့ အိပ်မက်ဆိုး သားရဲတွေကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်..။

‘မာစတာတွေ အားလုံးက ရူးသွပ်နေကြတာလား..’

မဟုတ်ဘူး.. အဲလိုတော့ မဖြစ်နိုင်ပါဘူး..။ ကပ္ပတိန်က ပိုပြီး ရူးနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လူတိုင်းကသာ သူ့လို ထူးဆန်းနေမယ်ဆိုရင် လူသားမျိုးနွယ်က ပျက်စီးသွားခဲ့တာ ကြာလှပါပြီ..။

…ကပ္ပတိန်ကလည်း အသက်ရှင်နေတုန်းပါပဲ..။ လူစတာ ဟာ ကပ္ပတိန်အနေနဲ့ အနီးအနား တစ်နေရာရာမှာ ရှိနေတဲ့ ဒုတိယ သားရဲအုပ်ကြီးကို ဘယ်လို ရင်ဆိုင်နေလဲဆိုတာ မသိခဲ့ပေ..။ ဒါပေမဲ့ ကင်မ်က ကပ္ပတိန်ရဲ့ အမြင်အာရုံကို အထူးတပ်ဖွဲ့ဝင်တွေဆီ ဆက်ပြီး ပို့လွှတ်ပေးနိုင်နေသေးတဲ့ အချက်ကတင် သူတို့ရဲ့ ခေါင်းဆောင်က မသေသေးဘူးဆိုတာကို ပြသနေခဲ့ပါတယ်..။

‘သူ့လို နတ်ဆိုးတစ်ယောက်က သေတောင် သေနိုင်မှာ မဟုတ်ဘူး..။သူက အင်မော်တယ် ဖြစ်နေမယ်လို့ ငါ လောင်းရဲတယ်..’

ဒါတောင်မှ လူစတာက သူ့အတွက်သူ နည်းနည်း စိုးရိမ်နေမိပါသေးတယ်..။

ဒါပေါ့ သူ့ အသက်အတွက် စိုးရိမ်တာပေါ့..။ တကယ်လို့ ကပ္ပတိန် သေသွားရင် လူစတာ ကိုယ်တိုင်ကကော ဘယ်လို အသက်ရှင်နိုင်မှာလဲ..။ ပြီးတော့ တကယ်လို့ လူစတာ သေသွားခဲ့ရင်… ကမ္ဘာပေါ်က မိန်းမလှလေးတွေ ဘယ်လောက်တောင် ဝမ်းနည်းသွားကြမလဲ..။

‘ဘယ်လို အဖြစ်ဆိုးမျိုးလဲ.. သူတို့အတွက် ငါဆက်ပြီး အသက်ရှင်နေရမယ်… ဟုတ်တယ်… လှပတဲ့ အမျိုးသမီးတွေကို ခွဲခွာသွားတာက အရမ်းကို ရက်စက်လွန်းရာ ကျလိမ့်မယ်…’

ဆမ်မာရာလိုမျိုးပေါ့..။ ဒါမှမဟုတ် မစ္စဘတ်.. ဒါမှမဟုတ် သူ ဘန်ကာထဲမှာ သိကျွမ်းခဲ့တဲ့ ချောမောတဲ့ အမျိုးသမီး စစ်သည်တော်လေး.. ဒါမှမဟုတ် တတိယမြောက် အရပ်ဘက် သယ်ယူပို့ဆောင်ရေးယာဉ်ထဲက ဒုက္ခသည် ညီအစ်မတွေ…သူသဘောကျတဲ့ စာရင်းကတော့ အရှည်ကြီးပါပဲ..။

‘ကင်မ်တော့ မပါပါဘူး..။ကောင်းပြီလေ.. သူမလည်း ဘယ်တတ်နိုင်မှာလဲ..။.. သနားစရာလေး.. ရုပ်မချောတာက သူမရဲ့ အားနည်းချက် ပဲဖြစ်ရမယ်… တကယ် ဝမ်းနည်းစရာပဲ..’

ဒါပေမဲ့.. အကြောင်းအရင်း တစ်ခုခုကြောင့် ကင်မ်ထက် အရင် သေသွားရမယ့် အတွေးက သူ့ကို တကယ်ပဲ စိတ်မကောင်း ဖြစ်စေပါတယ်..။

“ငါသာ သေသွားရင်.. သူမကို ဘယ်သူက အချိန်ပေးပြီး စကားပြောပေးတော့မှာလဲ..”

ဒါကြောင့် လူစတာ က အသက်ရှင်နေမှ ဖြစ်မှာပါ..။

အဲ့အချိန်မှာပဲ သူက အမှောင်ထဲကနေ ရင်းနှီးတဲ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာတာကို မြင်လိုက်ရတယ်..။

လူစတာ အံ့ဩသွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ ရှေ့ကို ခြေတစ်လှမ်း တက်လိုက်ပါတယ်..။

“ကပ္ပတိန်.. ဆျာ.. ပြန်လာပြီပဲ.. အာ.. ကျွန်တော် တကယ် ဝမ်းသာမိတယ်…”

ဒါပေမဲ့ ဒီပုံရိပ်က တစ်ခုခု မှားယွင်းနေခဲ့တယ်..။

ချပ်ဝတ်တန်ဆာကတော့ တူညီနေတယ် ဆိုပေမဲ့… ကပ္ပတိန်က ဘယ်တုန်းက ဒီလောက်အထိ အရပ်ရှည်သွားတာလဲ..။ ပြီးတော့… အမျိုးသမီး လို လမ်းလျောက်နေတယ်..။

…ပြီးတော့ တကယ် မိုက်နေပါလား..။

လူစတာ ဟာ ချဉ်းကပ်လာတဲ့ ပုံရိပ်ကို ခနလောက် ကြောင်အစွာ စိုက်ကြည့်နေမိခဲ့တယ်..။

“ဘာကြီးလဲ…”

ယင်းနောက် အရိပ်တွေထဲကနေ တူညီတဲ့ အကာအကွယ်အက်ျီကို ဝတ်ဆင်ထားတဲ့ နောက်ထပ် ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။ အဲဒါကမှ ကပ္ပတိန် အစစ်ပါပဲ..။

လူစတာက နောက်ကို ဒယိမ်းဒယိုင် ဆုတ်ရင်း ဖင်ထိုင်လျက် လဲကျသွားခဲ့တယ်..။ သူ့ရဲ့ မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေခဲ့ပါပြီ..။

“…ဘုရားသခင်တို့.. သူတို့က နှစ်ယောက်တောင် ဖြစ်နေတာလား..”

အပိုင်း ( ၉၂၀ ) ပြီး၏။

All Chapters