အခန်း ၉၂၂
Vol. 62 Ch. 922
အပိုင်း ( ၉၂၂ ) တဖြည်းဖြည်းချင်း
ရိုင်နို ရဲ့ အတွင်းထဲမှာတော့.. သူတော်စင်က အင်ဂျင်နီယာ အလုပ်ခုံတန်းနားမှာ ရပ်နေပြီး.. ချီတင်က သူမရဲ့ ချပ်ဝတ်တန်ဆာနဲ့ ကျောက်တုံးလို ခန္ဓာကိုယ်ကို နှေးကွေးစွာ ဆက်ပြီး ပြုပြင်ပေးနေခဲ့ပါတယ်..။တကယ်လို့ လူတွေသာ အမှန်အတိုင်း မသိကြဘူးဆိုရင် သူမကို တကယ့် ရုပ်ထုတစ်ခုလို့ပဲ ထင်မှတ်ကြမှာပါ..။
ကုသပေးတဲ့သူက ကပ္ပတိန်ရဲ့ အရိပ်နဲ့ အလုပ်ရှုပ်နေတာကြောင့် ကျန်တဲ့ အထူးတပ်ဖွဲ့ဝင်ဟာ ကုသရေး စောင့်ရှောက်မှုကို မခံစားရတော့ပါဘူး..။ ဆန်နီကလွဲရင်.. ဘယ်သူမှ ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ကြပေမဲ့.. အနည်းငယ် ပွန်းပဲ့ပြတ်ရှတာတွေကိုတော့ ကုသဖို့ လိုပါသေးတယ်။
မမျှော်လင့်စွာဘဲ ဘတ်က ရှေးဦးသူနာပြုစုခြင်း လုပ်ပေးဖို့ စေတနာ့ဝန်ထမ်း အဖြစ် ရှေ့ထွက်လာခဲ့တယ်..။ သူမမှာ ဆေးပညာ ဗဟုသုတ အချို့ ရှိနေခဲ့တာပါ..။ အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ ဒဏ်ရာတွေကို ဘယ်သူကုသပေးပေး သိပ်ပြီး စိတ်ထဲမထားကြပါဘူး..။ကောင်းပြီလေ.. လူစတာကလွဲလို့ပေါ့..။
ဒီအရူးကတော့ အကြောင်းပြချက်တစ်ချို့ကြောင့် အတော်လေး စိတ်လှုပ်ရှားနေခဲ့တယ်..။
ဆန်နီ ကိုယ်တိုင်ကတော့ ပျက်စီးသွားတဲ့ သူ့ရဲ့ ချပ်ဝတ်တန်ဆာကို အစောကြီးကတည်းက ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပြီး.. နားနေဆောင်မှာ ထိုင်ရင်း သူ့ရဲ့ အနက်ရောင် ဝတ်စုံကို နှမြောစွာကြည့်နေမိခဲ့တယ်..။ ဒီယူနီဖောင်းက တကယ့်ကို ခံညားလှတဲ့ ဒီဇိုင်းရဲ့ ရလဒ်တစ်ခုလိုပါပဲ..။ ဒီအရာက အခြားသော စွမ်းရည်တွေအပြင် သူ့ကိုယ်သူ ပြန်လည်ပြုပြင်နိုင်တဲ့ စွမ်းရည်လည်း ရှိပါသေးတယ်..။ ဒါပေမဲ့ အရာအားလုံးမှာ အကန့်အသတ် ဆိုတာ ရှိပါတယ်။
သူ အလွန်အကျွံ အသုံးပြုခဲ့တာကြောင့် အခုချိန်မှာ ဝတ်စုံက သုံးလို့ မရတော့ပါဘူး..။ ဒီ အကာအကွယ် အက်ျီက အပေါက်တွေနဲ့ ပြည့်နေပြီး အဝတ်စုတ်တစ်ခုလို ဖြစ်နေခဲ့တယ်..။ သူ့ရဲ့ အတွင်းပိုင်း ခန္ဓာကိုယ်တစ်ခုလုံးကလည်း နာကျင်ကိုက်ခဲနေခဲ့ပါတယ်။
‘ကောင်းပြီလေ.. ဒါက ဖြစ်တတ်ပါတယ်..’
အနည်းဆုံးတော့ သတင်းကောင်းလည်း ရှိနေပါသေးတယ်..။
ယာဉ်တန်းက ရှေ့ကို ဆက်ပြီး ရွေ့လျားနေခဲ့ပါပြီ..။ ချိုင့်ဝှမ်းဆီ ရောက်လာတဲ့ အချိန်မှာတော့ သာမန်စစ်သားတွေနဲ့ ဒုက္ခသည်တွေက ဒီ
သတ်ကွင်းပြင်ကြီးကို မြင်ပြီး တုန်လှုပ်သွားခဲ့ကြတယ်..။ ဆန်နီ.. သူတော်စင်နဲ့ [အိပ်မက်ဆိုး] တို့ ရင်ဆိုင်ရဲ့ရတဲ့ အသံမဲ့ သားရဲတွေရှိတဲ့ ကျဉ်းမြောင်းတဲ့ လျိုမြောင်ကို တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ ပိုပြီးတောင် တုန်လှုပ်သွားခဲ့ကြရပါတယ်..။
တကယ်တော့ အထူးတပ်ဖွဲ့ဝင်တွေတောင် မျက်နှာတွေ ဖြူဖျော့သွားခဲ့ကြတာပါ..။
ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲက ယာဉ်တန်းအတွက်တော့ မမျှော်လင့်ပဲနဲ့ အဆင်ပြေသွားခဲ့တယ်..။ သူတို့တွေက ဘာဆုံးရှုံးမှုမှ မရှိဘဲ အသက်ရှင်ကျန်ရစ်ခဲ့ရုံတင်မကပဲ.. အထူးတပ်ဖွဲ့ဝင်တွေက လည်း ထပ်တူညီမှု နှစ်ခုတောင် ရရှိခဲ့ကြတာပါ..။ ဒီ ကြောက်စရာကောင်းတဲ့ အမဲလိုက်ခွေးတွေက သူတို့ရဲ့ ရှည်လျားတဲ့ ခရီးစဉ်မှာ အများကြီး အထောက်အကူ ဖြစ်စေမှာ အသေအချာပါပဲ..။
ဆန်နီရဲ့ ပိုင်ဆိုင်မှု စာရင်းကလည်း တဖြည်းဖြည်းချင်း တိုးပွားလာနေခဲ့ပါပြီ..။
သူက ဒီနေရာမှာတင် ထပ်တူညီမှုတွေကို ချက်ချင်း အသုံးချလိုက်တယ်။ဆန်နီဟာ.. အသံမဲ့ သားရဲအုပ်ကြီးထဲက ကျရှုံးမှုအဆင့် နဲ့ ပျက်ပြားခြင်းအဆင့် အလောင်းတွေဆီကနေ ဝိညာဉ်အမြုတေ အပိုင်းအစတွေကို သွားရောက်စုဆောင်းဖို့ သူ့ရဲ့ စစ်သားတွေကို အမိန့်ပေးလိုက်ပါတယ်...။ ရေထဲကနေ ‘အနက်ရောင်လျှာ’ တွေကို ဆယ်ယူရတာက အလုပ်ရှုပ်လွန်းတာကြောင့် သူက ဒီတိုင်းပဲ ထားခဲ့လိုက်တာပါ..။
မကြာခင်မှာ ကန်ရေပြင်က ခဲသွားတော့မှာ ဖြစ်တာကြောင့် အိပ်မက်ဆိုး သားရဲတွေရဲ့ ပျက်စီးနေတဲ့ အလောင်းတွေက ရေကန်ထဲမှာ ပိတ်မိနေပါလိမ့်မယ်..။ ဒါက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ..။
ဆန်နီက ပျက်ပြားခြင်းအဆင့် ဝိညာဉ်အမြုတေ အပိုင်းအစတွေကို ကိုယ်တိုင် သိမ်းဆည်းထားပြီး ကျန်တဲ့အရာတွေကိုတော့ တစ်ဦးတည်းသော အိပ်စက်သူဆီ ပို့ပေးလိုက်တယ်..။ သူ့နာမည်က ဘာပဲဖြစ်ဖြစ်ပေါ့..။ ဒီလိုနဲ့ပဲ ကံကောင်းတဲ့ သူတော်ကောင်းလေး က လက်တစ်ချောင်းတောင် မလှုပ်ရှားရဘဲ သူ့ရဲ့ အမြုတေကို အပြည့်အဝ ဖြည့်တင်းဖို့အတွက် ပိုပြီး နီးစပ်သွားခဲ့ရပါတယ်..။
အနည်းဆုံးတော့ သူက ပို သန်မာလာခဲ့ပါပြီ..။ ဆန်နီအနေနဲ့ ရနိုင်သမျှ အားအင်အကုန်လုံးကို လိုအပ်နေခဲ့တာပါ။
ဒါတောင်မှ သူ့ရဲ့ လက်အောက်ငယ်သားတွေက ကောင်းမွန်တဲ့ အရာတွေကို အလွယ်တကူ ရရှိသွားတာကို သူ နည်းနည်းတော့ ဒေါသထွက်မိပါသေးတယ်..။ ဒီကမ္ဘာပေါ်မှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား..။
…အနည်းဆုံးတော့ သူ လည်း မှတ်သားမှုတွေ ရရှိခဲ့သေးတာပဲ..။
ဒါပေမဲ့ ဆန်နီ ရူးစ် စာလုံးတွေကို ဆင့်မခေါ်နိုင်ခင်မှာပဲ ဘတ်က သူ ရိုင်နိုင်ထဲမှာ အဆင်သင့်ထားပေးထားတဲ့ ဈေးကြီးတဲ့ ဆေးသေတ္တာ
တစ်လုံးကို ကိုင်ပြီး သူ့အနားကို ချဉ်းကပ်လာခဲ့ပါတယ်..။ဆန်နီ သူမကို ဇဝေဇဝါနဲ့ လှမ်းကြည့်လိုက်ပြီး..
“ဘာလဲ..”
ငယ်ရွယ်တဲ့ အမျိသမီးလေးက မျက်မှောင်ကျုတ်လိုက်တယ်..။
“ဘာလဲ ဆိုတာ ဘာကို ပြောတာလဲ..။ရှင့်ကို ကုသပေးမလို့လေ..။လာ.. အဲဒီ စုတ်ပြတ်နေတဲ့ ယူနီဖောင်းကို ချွတ်လိုက်ဦး..။ကျွန်မမှာ တစ်နေ့လုံး အချိန်မရှိဘူးနော်..”
ဆန်နီက သူမကို ခနလောက် စိုက်ကြည့်နေမိခဲ့တယ်..။
“…မလိုပါဘူး..”
ဘတ်က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြီး..
“ဟန်ဆောင် နေတာတွေကို ရပ်လိုက်ရအောင်.. ဟုတ်ပြီလား..။ရှင်က မာစတာ တစ်ယောက် ဖြစ်နေရင်တောင် အခုလို ဒဏ်ရာတွေ အများကြီးနဲ့ဆိုရင် သွေးခဲဆေး မထိုးတာက သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်..။ပြီးတော့ ဒဏ်ရာတွေကိုလည်း သန့်စင်ပေးဖို့ လိုတယ်.. ရှင်က ပိုးဝင်ပြီး သေချင်တာ မဟုတ်ရင်ပေါ့လေ..။ အဲလိုဆိုရင်တော့ ရှင့်သဘောပဲ.. ဒီတိုင်းပဲ နေလို့ရတယ်..”
ဆန်နီက ခနလောက် တိတ်ဆိတ်နေပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။
“ငါက သွေးမထွက်ဘူးလေ..”
မိန်းကလေးက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပါတယ်။
“ဟင်..”
ဆန်နီက လက်ကို ဝှေ့ယမ်းကာ သူ့ရဲ့ ခန္ဓာကိုယ်ကို ညွှန်ပြလိုက်တယ်..။အမှန်တကယ်ပဲ ဝတ်စုံပေါ်မှာ အပေါက်တွေ အများကြီး ရှိနေပေမဲ့ သွေးကတော့ အနည်းငယ်ပဲ ထွက်နေခဲ့တာပါ..။
“သွေးထွက်တာက သာမန်လူတွေမှာပဲ ဖြစ်တာ..။ဒီတော့ ငါက သွေးမထွက်ဘူး..”
ဘတ်က ဘာပြန်ပြောရမှန်း မသိဘဲ သူ့ကို ကြောင်ပြီး စိုက်ကြည့်နေခဲ့တယ်..။
သူက ပခုံးတွန့်လိုက်ပြီး..
“ဒါပဲဆိုရင် သွားလို့ရပြီ.. ငါ အလုပ်ရှုပ်နေလို့..”
သူမက အံကြိတ်ရင်း သူ့ကို စိုက်ကြည့်လိုက်တယ်..။
“အော်.. ဟုတ်လား.. ရှင်က ဘာတွေ အဲလောက်တောင် အလုပ်ရှုပ်နေတာလဲ..”
ဆန်နီက သူ့ရဲ့ ဝတ်စုံကို ခနလောက် ငြိမ်သက်စွာ ကြည့်နေပြီးမှ လေးနက်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။
“…စိတ်ဆင်းရဲ နေလို့..”
ဘတ်က လက်နှစ်ဖက်ကို မြှောက်ယမ်းရင်း နောက်ဆုံးမှာ လှည့်ထွက်သွားခဲ့တယ်..။
‘နောက်ဆုံးတော့လည်း…’
တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ဆန်နီဟာ ရူးစ်စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး သူ့ရဲ့ အရိပ်အပိုင်းအစတွေကို အရင်ဆုံး စစ်ဆေးလိုက်ပါတယ်..။
အရိပ်အပိုင်းအစများ - [ ၁၆၀၁ / ၄၀၀၀ ]
L049 ဆီကို စေလွှတ်ခံရပြီးနောက်ပိုင်း သူ့ရဲ့ တိုးတက်မှုက နှေးကွေးသွားခဲ့ပေမဲ့ အခုတော့ အရှိန်ပြန်တက်လာခဲ့ပါပြီ..။ ဒါတောင်မှ သွားရမယ့် လမ်းက အဝေးကြီး လိုပါသေးတယ်..။
နောက်တစ်ဆင့် အနေနဲ့ ဆန်နီက သူတော်စင်နဲ့ အိပ်မက်ဆိုးကို စစ်ဆေးလိုက်တယ်..။
အရိပ်အပိုင်းအစများ - [ ၁၄၆ / ၂၀၀ ]
လိုအပ်သော အိပ်မက်ဆိုးများ - [ ၃၃၃ / ၁၀၀၀ ]
အသံမဲ့ သားရဲအုပ်ကြီးဆီက ရရှိလာတဲ့ မှတ်သားမှုတွေကို တိတ်ဆိတ်တဲ့ နတ်မိစ္ဆာ ဆီ
ကျွေးလိုက်ရင် သူမက နောက်ဆုံးမှာ အရိပ် အပိုင်းအစ တစ်ရာ့ငါးဆယ် ကျော်လောက် ဖြစ်လာတော့မှာပါ..။
‘လေးပုံသုံးပုံ ရောက်နေပြီပဲ…’
တကယ်လို့ သူတော်စင်သာ အထွတ်အထိပ်အဆင့် ဖြစ်လာရင် သူ့ရဲ့ စွမ်းအားက အဆမတန် တိုးပွားလာမှာ အသေအချာပါပဲ..။ ဒါပေမဲ့ အရှေ့ပိုင်းက တိုးတက်မှုကတော့ စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးလွန်းနေခဲ့တယ်..။ အခု သူရရှိထားတဲ့ ဝိညာဉ်အမြုတေ အပိုင်းအစ အရေအတွက်နဲ့ဆိုရင် ဆန်နီအနေနဲ့ ကိုယ်ပိုင် မှတ်သားမှု အချို့ကို ဖန်တီးဖို့ ကြိုးစားနိုင်ပါတယ်..။ ဒါပေမဲ့ မှတ်သားမှုတွေကို ရက်လုပ်တာက အချိန်အများကြီး လိုအပ်သလို အဆီအနှစ်လည်း ပိုပြီး လိုအပ်တာကြောင့်..အခုချိန်မှာ အချိန်က ရှားပါးနေသလို အဆီအနှစ်ကလည်း တကယ်ကို အဖိုးတန်နေခဲ့ပါတယ်.။
အန္တာတိကမှာတော့ အဆီအနှစ်က အဖိုးတန်ဆုံး အရာပါပဲ..။အဆီအနှစ်တွေက ဘယ်တုန်းကမှ လုံလောက်တယ်လို့ မရှိတဲ့အပြင်.. နောက်ထပ် တိုက်ပွဲက ဘယ်အချိန် ရောက်လာမလဲဆိုတာ ဆန်နီ မသိတာကြောင့်.. နူးညံ့သိမ်မွေ့တဲ့ ကြိုးမျှင် တွေကို ရက်လုပ်တဲ့နေရာမှာ အဆီအနှစ်တွေကို ဖြုန်းတီးပစ်ဖို့ သူ့ကိုယ်သူ ခွင့်မပြုနိုင်ပါဘူး..။
သူက ဒီနေ့မှာ အဆီအနှစ် ခမ်းခြောက်ပြီး ကောင်းကောင်းမတိုက်ခိုက်နိုင်လို့ သေသွားခဲ့ရင်..သူတော်စင်ကို အထွတ်အထိပ်အဆင့် ဖြစ်သွားတာက..ဘာမှ အသုံးဝင်တော့မှာ မဟုတ်ပါဘူး..။
…အခြားတစ်ဖက်မှာတော့ သူ့ရဲ့ မြင်း က မယုံနိုင်လောက်တဲ့ အရှိန်အဝါနဲ့ အိပ်မက်ဆိုးတွေကို စုဆောင်းနေခဲ့တယ်..။ ဒါက အနက်ရောင် မြင်းရိုင်း အနေနဲ့ လွန်ခဲ့တဲ့ နှစ်လအတွင်း သားရဲတွေရဲ့ ဝိညာဉ်ထဲမှာ သူစိုက်ပျိုးထားခဲ့တဲ့ မျိုးစေ့တွေကို ရိတ်သိမ်းနေတာကြောင့် ဖြစ်နိုင်ပါတယ်..။
ဒါကလည်း ကောင်းတဲ့အချက်ပါပဲ..။
အိပ်မက်ဆိုး ရဲ့ တယ်ရာအဆင့် စွမ်းရည်က ဘာလဲဆိုတာကို သိဖို့ ဆန်နီ မစောင့်နိုင်တော့ပေ..။
နောက်ဆုံးအနေနဲ့ သူက [မြေအောက်ကမ္ဘာ ဝတ်ရုံတော်] ရဲ့ စာလုံးတွေကို ဖတ်လိုက်တယ်..။
အောင်နိုင်ခဲ့သော ရန်သူများ - [ ၅၇၃၂ / ၆၀၀၀ ]
‘…နီးစပ်နေပြီပဲ..’
တကယ်လို့ အခြေအနေတွေသာ အဆင်မပြေဖြစ်ခဲ့ရင်.. သူက အီရီဘတ် ကွင်းပြင်ဆီ
မရောက်ခင် ဒါမှမဟုတ် ရောက်ပြီးတာနဲ့ ချက်ချင်းပဲ [မြေအောက်ကမ္ဘာ မင်းသား] တိုးမြှင့်မှုရဲ့ အရေအတွက်က ပြည့်သွားနိုင်ပါတယ်..။
‘ကောင်းတယ်… အာ.. ဆိုလိုတာက မကောင်းဘူး… အင်း… ကောင်းတာများလား..’ သူတို့အနေနဲ့ ဘေးကင်းရာကို သွားတဲ့ လမ်းမှာ ပြီးခဲ့တဲ့ တိုက်ပွဲလိုမျိုး မကြာခန မတိုက်ခိုက်ရဖို့ မျှော်လင့်မိပါတယ်..။ ဒါပေမဲ့ တကယ်လို့ တိုက်ခိုက်ရမယ် ဆိုရင်တောင်… အနည်းဆုံးတော့ သူက အဲဒီကနေ တစ်ခုခု ပြန်ရမှာပါ..။
ပြဿနာက ဝတ်ရုံတော်က လောလောဆယ် ပျက်စီးနေပြီး.. ပြန်လည်ကောင်းမွန်လာဖို့ အချိန်အချို့ လိုအပ်နေတာပါပဲ..။ သူက ဒီအက်ျီကို ဆင့်ခေါ်ပြီး [အသက်ရှိကျောက်တုံး] တိုးမြှင့်မှုကို အသက်သွင်းနိုင်ပေမဲ့… အဲဒါကလည်း အဆီအနှစ် အများကြီး ကုန်ဆုံးစေမှာပါ။.. သားရဲအုပ်ကြီး နှစ်ခုလုံးကို ချေမှုန်းပြီးကတည်းက ဆန်နီ ရဲ့ အဆီအနှစ် ပမာဏကစိုးရိမ်စရာကောင်းလောက်အောင် နည်းပါးနေခဲ့ပါပြီ..။
‘ကဲ အဓိက ဆုလာဘ်ကို ကြည့်လိုက်ရအောင်…’
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ မှတ်သားမှု စာရင်းကို လှမ်းကြည့်လိုက်တယ်..။
ဒီထဲမှာတော့ အသစ်ရလာတဲ့ အရာနှစ်ခုက သူ့ရဲ့ အာရုံကို ဆွဲဆောင်နေခဲ့ပါတယ်..။
တစ်ခုက [ခါးသက်သော ခွက် ] လို့ ခေါ်ပြီး..
နောက်တစ်ခုကတော့ [မွန်းကျပ်သော အော်ဟစ်သံ ] လို့ ခေါ်ပါတယ်..။
အပိုင်း ( ၉၂၂ ) ပြီး၏။