← Chapters

အခန်း ၉၂၃

Vol. 62 Ch. 923

အခန်း ၉၂၃

Vol. 62 Ch. 923

အပိုင်း ( ၉၂၃ ) မြစ်ဝရဲ့ လျှို့ဝှက်ချက်

ဆန်နီက နာကျင်မှု အနည်းဆုံးဖြစ်မယ့် အနေအထားကို ရှာဖွေရင်း ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်တယ်..။ သူ့ရဲ့ ဒဏ်ရာတွေက ပြန်ကောင်းလာနေပြီ ဖြစ်တာကြောင့်..နာကျင်နေရုံတင်မကဘဲ တစ်ကိုယ်လုံးလည်း ယားယံလာခဲ့ပါတယ်.။ မာစတာတွေက သာမန်လူသားတွေထက် အဆမတန် ပိုပြီး ခံနိုင်ရည်ရှိကြတဲ့အပြင်.. သူတို့ရဲ့ ခန္ဓာကိုယ်က ပျက်စီးမှုတွေကနေ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိပါတယ်..။ ဒါက [ဝီဗာသွေး] ရဲ့ အစွမ်းထက်တဲ့ အာနိသင်ကိုတောင်ထည့်မတွက်ရသေးပါဘူး..။

…ဒါပေမဲ့လည်း ပြန်လည်ကုသတဲ့ လုပ်ငန်းစဉ်ကတော့ စိတ်သက်သာစရာ မကောင်းလှပေ။

ဆန်နီ ဟာ ဒီ မသက်မသာ ခံစားချက်ကို လျစ်လျူရှုဖို့ ကြိုးစားရင်း အရင်ဆုံး [ခါးသီးသော ဆူးချွန်] ကို ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။ ဒါက ‘အနက်ရောင်လျှာ’ သားရဲအုပ်ကြီးကို ချေမှုန်းပြီးနောက် သူရရှိခဲ့တဲ့ မှတ်သားမှုတွေထဲက တစ်ခုပါပဲ..။ ကျန်တဲ့အရာတွေ အားလုံးက သူတော်စင်ကို ကျွေးဖို့အတွက် အကောင်းဆုံး ဖြစ်ပေမဲ့.. ဒီတစ်ခုကိုတော့ သူ သိမ်းထားချင်သလို ခံစားနေရပါတယ်..။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်..။ အခြား မှတ်သားမှုတွေနဲ့ မတူပဲ [ခါးသီးသော ဆူးချွန်] က တက်ရောက်မူ အဆင့် ဖြစ်နေလို့ပါ..။

ဆန်နီက စာလုံးတွေပေါ်မှာ အာရုံစိုက်ပြီး ဖတ်လိုက်တယ်..။

မှတ်သားမှု - [ခါးသက်သော ခွက်] ။

မှတ်သားမှု အဆင့် - တက်ရောက်မူ အဆင့်။

မှတ်သားမှု သတ်မှတ်ချက် - ၁

မှတ်သားမှု အမျိုးအစား - လက်နက် ကိရိယာ..။

‘လက်နက်ကိရိယာ တဲ့လား…’

ဒီလို ကြောက်စရာကောင်းတဲ့ သားရဲတွေက ဘယ်လို ကိရိယာမျိုးကို ချန်ထားခဲ့တာလဲ..။ ဆန်နီအနေနဲ့ အသုံးဝင်တဲ့ အရာတွေရဲ့ တန်ဖိုးကို လျှော့မတွက်တတ်ပေမဲ့လည်း.. နည်းနည်းတော့ စိတ်ပျက်သွားမိတာ အမှန်ပါပဲ..။ ဒီလို မှတ်သားမှုတွေရဲ့ အသုံးဝင်မှုက အခြေအနေပေါ် မူတည်လေ့ ရှိပါတယ်..။ သူ့ရဲ့ ဆံပင်အရောင်ကို ပြောင်းဖို့ အသုံးပြုခဲ့တဲ့ [ဆောင်းဦး သစ်ရွက်] ကလည်း ကိရိယာ အမျိုးအစား တစ်ခုပါပဲ..။

‘ဒီအရာကတော့ ပိုပြီး လက်တွေ့ကျမယ်လို့ မျှော်လင့်ရတာပဲ..’

သူက စာလုံးတွေကို ဆက်ပြီး လေ့လာလိုက်တယ်..။

မှတ်သားမှု ဖော်ပြချက် - [သူတို့က အနက်ရောင် နှလုံးသားထဲမှာ အဆိပ်ပြင်းတဲ့ အလိုဆန္ဒတွေကို သိမ်းဆည်းရင်း..လေးစားအားကျတဲ့ အပြုံးတွေရဲ့ နောက်ကွယ်မှာ လောဘကြီးတဲ့ ဟစ်ကြွေးသံတွေကို ဝှက်ထားရင်း.. လှပတဲ့ ပကတိ ကျောက်စိမ်း နန်းတော်ထဲကို ဝင်ရောက်လာခဲ့ကြသည်..။

နန်းတော်ရဲ့ အရှင်မ ကိုယ်တိုင်က သူတို့ကို အချိုမြိန်ဆုံး ဝတ်ရည်တွေ ပါဝင်တဲ့ ခွက်တစ်ခုကို ဆက်သခဲ့သည်.။ သူတို့ဟာ ဒီအချိုမြိန်ဆုံး ဝတ်ရည်တွေကို ဘယ်လောက်ပဲ သောက်ပါစေ.. ခွက်ကတော့ အမြဲတမ်း ပြည့်လျှံနေဆဲဖြစ်သည်..။ သူတို့ ပိုပြီး သောက်လေလေ.. ပိုပြီးတ လိုချင်တမ်းတလေလေ ဖြစ်လာခဲ့ရ၏..။ မကြာခင်မှာပဲ တိရစ္ဆာန်ဆန်မူတွေ.. ခါးသီးမူတွေသာ ကျန်ရစ်ခဲ့တော့သည် ။]

ဆန်နီက သူ့ခေါင်းနောက်ဘက်ကို ကုတ်လိုက်မိတယ်..။

‘အင်း… ဒါက တကယ့်ကို ထူးဆန်းတဲ့ ဖော်ပြချက်ပဲ.. ပကတိ ကျောက်စိမ်း နန်းတော် ဆိုတာက ငါ တိုက်ခိုက်ခဲ့တဲ့ ပိုးကောင်ကြီးနဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေမလားဆိုတာ သိချင်မိတယ်..’

သူက တိုးမြှင့်မှုတွေဆီ အာရုံပြောင်းလိုက်တယ်..။ အဲ့နေရာမှာတော့ တစ်ခုတည်းသာ ရှိနေခဲ့တာပါ..။

တိုးမြှင့်မှု - [အနက်ရောင် အဆိပ်]

တိုးမြှင့်မှု ဖော်ပြချက် - [ဒီခွက်က ခါးသီးတဲ့ အဆိပ်တွေနဲ့ လျှံကျခြင်းဖြစ်သည်။..ဒီအရာကို မသောက်ပါနှင့်..]

‘…ဟင်..’

ဆန်နီက ခနလောက် တုံ့ဆိုင်းနေပြီးမှ [ခါးသက်သော ခွက် ] ကို ဆင့်ခေါ်လိုက်တယ်..။ မကြာခင်မှာပဲ အဖြူရောင် ကျောက်စိမ်းနဲ့ လှပစွာ ထုဆစ်ထားတဲ့ ခွက်တစ်ခွက်က သူ့လက်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်..။ အမှန်တကယ်ပဲ ဒီခွက်​က နက်မှောင်နေတဲ့ အရည်တွေနဲ့ ပြည့်လျှံနေခဲ့တာပါ..။

‘အင်း… ဒါကို မသောက်တာက… အကောင်းဆုံးပဲ…’

အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီဟာ ဒီအရည်တွေကို တစ်ငုံလောက် မြည်းစမ်းကြည့်ချင်တဲ့ ထူးဆန်းတဲ့ စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်..။ ဒါက အခိုက်အတန့်က သူ့ကို တိုက်ရိုက် မသောက်ဖို့ ညွှန်ကြားထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဒါပေမဲ့ သူ့ရဲ့ ပင်ကိုယ်သိစိတ်ကတော့ ဒီအနက်ရောင်အရည်က တကယ့်ကို သေစေနိုင်တဲ့ အဆိပ်ပြင်းတစ်ခု ဖြစ်တယ်လို့ ပြောနေခဲ့တာပါ..။ တကယ်လို့ ဒါက သူ့ကိုတောင် သေစေနိုင်တယ်လို့ ခံစားရရင်.အမှန်တကယ် စွမ်းအားပြင်းထန်တဲ့ အဆိပ် ဖြစ်ပါလိမ့်မယ်..။

ရန်သူကို တစ်ငုံလောက် လာသောက်ပါဦးလို့ ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ဖို့က အကြံကောင်း မဟုတ်ပေမဲ့.. တက်ရောက်မူ အဆင့် အဆိပ်ကို အခြားနေရာတွေမှာ အသုံးချလို့ ရပါသေးတယ်..။ ဥပမာအားဖြင့် [အနက်ရောင် အဆိပ်] ကို ဓားသွားပေါ်မှာ သုတ်လိမ်းတာမျိုးပေါ့..။

ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ အစားအစာ သို့မဟုတ် အဖျော်ယမကာထဲကို အဆိပ်

တစ်စက် နှစ်စက်လောက် ထည့်လိုက်ဖို့ကလည်း ပြဿနာ မရှိပါဘူး..။ဒါပေါ့… သူက အဲဒီလိုမျိုး လုပ်မယ့်သူတော့ မဟုတ်ပါဘူး..။

ကျေနပ်သွားတဲ့ ဆန်နီက [ခါးသက်သော ခွက်] ကို ပြန်ရုပ်သိမ်းလိုက်ပြီး.. သူ့ရဲ့ အာရုံကို ဆွဲဆောင်ခဲ့တဲ့ ဒုတိယမြောက် မှတ်သားမှု အပေါ် အာရုံစိုက်လိုက်တယ်..။ ဒါက ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ ဖြစ်တဲ့ အသံမဲ့ ဓမ္မဆရာ ဆီကနေ ရရှိခဲ့တာ ဖြစ်တာကြောင့်.. သူက ဒီတစ်ခုကို အတော်လေး မျှော်လင့်ချက် မြင့်မားနေခဲ့တာပါ။

စာလုံးတွေကတော့..

မှတ်သားမှု - [မွန်းကျပ်သော အော်ဟစ်သံ]

မှတ်သားမှု အဆင့် - အထွတ်အထိပ်အဆင့် ။

မီးမှတ်သားမှု သတ်မှတ်ချက် - ၃ ။

မှတ်သားမှု အမျိုးအစား - အဆောင်လက်ဖွဲ့..။

‘ထီပေါက်ပြီပဲ..’

အဆောင် တွေက ရှားပါးပြီး အလွန် အသုံးဝင်ပါတယ်..။ အထူးသဖြင့် ဆန်နီအတွက်တော့ ပိုပြီး အဆင်ပြေတာပါ..။ ဘာလို့လဲဆိုတော့ သူတော်စင်ရော.. [မြေအောက်ကမ္ဘာ ဝတ်ရုံတော်] မှာပါ အဆောင်လက်ဖွဲ့ တစ်ခုစီ ပေါင်းစပ်နိုင်တဲ့ စွမ်းရည် ရှိနေကြလို့ပါပဲ..။

သူ့မှာ အထွတ်အထိပ်အဆင့် အဆောင်လက်ဖွဲ့ တစ်ခု ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ ဒုတိယမြောက် တစ်ခုကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါပဲ..။

သူက စာလုံးတွေကို ဆက်ပြီး လေ့လာလိုက်တယ်..။

မှတ်သားမှု ဖော်ပြချက် - […သူ့ရဲ့ အတွင်းထဲမှာ ကြီးမားတဲ့ မြစ်ကြီးတစ်စင်း ရှိနေခဲ့ပြီး.. အနာဂတ်ကနေ အတိတ်ဆီကို အဆုံးမရှိ စီးဆင်းနေခဲ့သည်..။ ပျက်စီးခြင်း ကျရောက်လာတဲ့အခါမှာ လူအများအပြားက ဘေးကင်းရာ ခိုလှုံဖို့အတွက် အဆောင်ထဲကို ဝင်ရောက်ခဲ့ကြပြီး.. အချို့ကလည်း အမှန်တရားကို ရှာဖွေဖို့ ရောက်လာခဲ့ကြသည်..။ ဒါက ကြီးမားတဲ့ မြစ်ကြီးမှာ အချိန်ရဲ့ ပြင်ပတွင် တည်ရှိနေခဲ့တာကြောင့် ဖြစ်ပြီး.. သူ့ရဲ့ မြစ်ဝမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေတယ်လို့ ပြောစမှတ် ရှိကြပေသည်..။ စွမ်းဆောင်နိုင်စွမ်း ရှိသူတွေထဲကမှ အနည်းငယ်က ဒီအရာထဲကို ချဉ်းကပ်ဝံ့ကြပေမယ့်.. ပြန်လာနိုင်ခဲ့သူ ဟူ၍လည်း တစ်ယောက်မှ မရှိခဲ့ပေ..]

‘…လျှို့ဝှက်ဆန်းပြားလှချည်လား..’

ဒီဖော်ပြချက်က ဆန်နီကို အချက်အလက်တွေ သိပ်ပြီး မပေးခဲ့ပါဘူး..။ သူက ဇဝေဇဝါနဲ့ ခနလောက် ငြိမ်သက်နေပြီးမှ ခေါင်းကို ခါယမ်းကာ စာလုံးတွေကို ဆက်ဖတ်လိုက်တယ်..။

တိုးမြှင့်မှုများ - [ပဲ့တင်ထပ်သော တိတ်ဆိတ်ခြင်း] .၊ [စွမ်းအားပြင်း စကားလုံး] ..။

[ပဲ့တင်ထပ်သော တိတ်ဆိတ်ခြင်း] တိုးမြှင့်မှု ဖော်ပြချက် - [ဒီအဆောင်လက်ဖွဲ့ကို ဝတ်ဆင်ထားချိန်မှာ..အရှင်သခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားက ပိုမို အားကောင်းလာလိမ့်မည်.။ ဒါပေမဲ့ သူတို့တွေ တိတ်တိတ်ဆိတ်ဆိတ် နေမှသာ ဖြစ်သည်..။ သူတို့ရဲ့ တိတ်ဆိတ်မှုက ကြားဖြတ်နှောင့်ယှက်ခြင်း မရှိလေလေ.. သူတို့ ရရှိမယ့် စွမ်းအား ကောင်းချီးက ပိုပြီး ကြီးမားလေလေ ဖြစ်သည်။ ]

ဆန်နီက ခေါင်းကို အနည်းငယ် စောင်းလိုက်မိတယ်..။

‘စိတ်ဝင်စားဖို့ ကောင်းသားပဲ…’

ဒါဆို ဒါက ဘက်စုံ ရုပ်ပိုင်းဆိုင်ရာ တိုးမြှင့်မှု တစ်ခုပေါ့..။အစပိုင်းမှာတော့ သာမန်ပဲ ဖြစ်ပေမဲ့.. အဆောင်လက်ဖွဲ့ကို ဝတ်ဆင်ထားတဲ့သူက စကားမပြောသရွေ့.. သို့မဟုတ် အော်တာ.. ရယ်တာ.. ဒါမှမဟုတ် ညည်းတွားတာမျိုး အသံကို ဘယ်လိုနည်းနဲ့မှ အသုံးမပြုသရွေ့တော့ တဖြည်းဖြည်းချင်း အားကောင်းလာမှာ ဖြစ်ပါတယ်..။ တိတ်ဆိတ်မှု ကြာချိန်က ကြားဖြတ်နှောင့်ယှက်ခြင်း မရှိဖို့ လိုအပ်တာကြောင့်.. တကယ်လို့ စည်းကမ်း ပျက်ပြားသွားရင် ဖြစ်ဖြစ်.. ဒါမှမဟုတ် အဆောင်လက်ဖွဲ့ကို ပြန်ရုပ်သိမ်းလိုက်ရင် ဖြစ်ဖြစ်.. တိုးမြှင့်မှုက အစကနေ ပြန်စရပါလိမ့်မယ်..။

ဒီတိုးမြှင့်မှုမှာ အကန့်အသတ်တော့ ရှိပါတယ်..။ ဒါပေမဲ့ [မွန်းကျပ်သော အော်ဟစ်သံ] ရဲ့ အထွတ်အထိပ်အဆင့်ကို ထည့်သွင်းစဉ်းစားရင်.. ဒီ အကန့်အသတ်က အတော်လေး မြင့်မားမှာ အသေအချာပါပဲ..။

ဒါက ဆန်နီအတွက်တော့ လောလောဆယ်

သိပ်ပြီး အသုံးမဝင်လှပေ..။ ဘာလို့လဲဆိုတော့ သူက လူတွေကို အမြဲတမ်း စကားပြောနေရပြီး အမိန့်တွေ ပေးနေရလို့ပါပဲ..။ ဒါပေမဲ့ စကားမပြောနိုင်တာ ဖြစ်ဖြစ်.. ဒါမှမဟုတ် စကားမပြောဖို့ ရွေးချယ်ထားတာ ဖြစ်ဖြစ်.. အမြဲတမ်း တိတ်ဆိတ်နေတတ်တဲ့ သူတော်စင်အတွက်တော့ ဒါက လုံးဝ ပြီးပြည့်စုံတဲ့ အရာပါပဲ..။

ဒီလောက် အချိန်အကြာကြီး ကုန်လွန်သွားခဲ့ပြီးတာတောင်.. ဆန်နီအနေနဲ့ သူမက စကားမပြောနိုင်တာလား.. ဒါမှမဟုတ် မပြောချင်တာလား ဆိုတာ ခွဲခြားလို့ မရသေးပါဘူး..။

သူက တွေးတောရင်း ဒုတိယမြောက် တိုးမြှင့်မှုကို လှမ်းကြည့်လိုက်တယ်..။

[စွမ်းအားပြင်း စကားလုံး] တိုးမြှင့်မှု ဖော်ပြချက် - [ဒီအဆောင်လက်ဖွဲ့ရဲ့ အရှင်သခင် ပြောလိုက်တဲ့ စကားလုံးက အမိန့်တစ်ခု ဖြစ်ရပေမည်။ တကယ်လို့ ကြီးမားတဲ့ တိတ်ဆိတ်မှုကနေ မွေးဖွားလာတဲ့ စကားလုံး ဖြစ်လျှင်.. ဒီ စွမ်းအားပြင်း စကားလုံးကို လျစ်လျူရှုဖို့က အလွန် ခက်ခဲပါလိမ့်မည်..။ တကယ်လို့ ထိုသို့ မဟုတ်ရင်တော့ ဒါက ဘာတန်ဖိုးမှ ရှိမှာ မဟုတ်ပေ..။]

ဒီတစ်ခုကတော့ ကွာခြားပါတယ်..။ တိုးမြှင့်မှုက အလွန် စွမ်းအားပြင်းထန်ပြီး.. သူ့မှာ ပါဝင်တဲ့ ကန့်သတ်ချက်ကလည်း နည်းပါးနေခဲ့တယ်..။ ရန်သူတွေကို ဒူးထောက်ခိုင်းတာ ဖြစ်ဖြစ်.. ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ပြန်တိုက်ခိုင်းတာ ဖြစ်ဖြစ်.. ဆန်နီအနေနဲ့ ဒီလို စွမ်းရည်အတွက် အသုံးချစရာ နေရာအများကြီးကို တွေးတောမိနိုင်ပါတယ်..။ ဒါပေမဲ့ သူ့ရဲ့ အမိန့်ပေးနိုင်စွမ်းကလည်း ဝတ်ဆင်ထားတဲ့သူက အမိန့်မပေးခင်မှာ ဘယ်လောက်အထိ ကြာကြာ တိတ်ဆိတ်နေခဲ့လဲ ဆိုတဲ့အပေါ်မှာ မူတည်နေတာပါ..။

တစ်နည်း ပြောရရင်.. ဒီတိုးမြှင့်မှုက ဆန်နီအတွက် အလွန် အသုံးဝင်လှပေမဲ့.. သူတော်စင်အတွက်တော့ လုံးဝ အသုံးမဝင်တဲ့ အရာ ဖြစ်နေခဲ့တယ်..။

‘…တကယ့်ကို ရှုပ်ထွေးတဲ့ မှတ်သားမှုပဲ..’

သူက သက်ပြင်းတစ်ချက် ချရင်း စာလုံးတွေကို ဖျောက်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ပါတယ်..။

ရိုင်နိုရဲ့ ဆက်သွယ်ရေး စက်ခန်းဆီ လျှောက်သွားပြီးမှ ရေဒီယိုကနေ တပ်ကြပ် ဂီရီ ကို လှမ်းခေါ်လိုက်တယ်..။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ဆန်နီက တုံ့ပြန်မှုကို ကြားလိုက်ရပါတယ်..။

“ဟုတ်ကဲ့.. ကပ္ပတိန်..”

ဆန်နီက [ခါးသက်သော ခွက် ] ကို ဆင့်ခေါ်လိုက်ပြီး.. စက်ရဲ့ မျက်နှာပြင်ပေါ် တင်ထားကာ တွေးတောတဲ့ အကြည့်နဲ့ စိုက်ကြည့်နေမိခဲ့တယ်..။

သူ့မှာ ဒါကို အသုံးပြုဖို့အတွက် အကြံကောင်းတစ်ခု ရှိနေခဲ့ပါတယ်.။

“…အာ.. ဟုတ်တယ် တပ်ကြပ် ဂျာရီ..။ နားထောင်ပါ.. ကျွန်တော်တို့ နောက်ထပ်တစ်နေရာ ရောက်တဲ့အခါကျရင် ခင်ဗျားကို အရမ်း လှပတဲ့ ခွက်တစ်ခွက် ပေးမယ်.. ။ကျုပ်တို့ရဲ့ ကျည်ဆန်တွေ အားလုံးကို အဲဒီခွက်ထဲက အနက်ရောင်အရည်နဲ့ သေချာ သုတ်လိမ်းထားပေးပါ..”

[နှစ်သိမ့်ခြင်းပြစ်ဒဏ်] ဒါမှမဟုတ် [ရက်စက်သော မြင်ကွင်း] ရဲ့ ဓားသွားပေါ်မှာ တက်ရောက်မူ အဆင့် အဆိပ် နည်းနည်းလေး သုတ်လိမ်းထားတာက.. သူ့ရဲ့ တိုက်ပွဲ စွမ်းဆောင်ရည်အပေါ် သိပ်ပြီး သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး..။ ဘာလို့လဲဆိုတော့ သူ့ကို ဒုက္ခပေးနိုင်လောက်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေက ဒီလို အဆိပ်ပမာဏ နည်းနည်းလေးကို လုံးဝ ခုခံနိုင်စွမ်း ရှိကြလို့ပါပဲ..။

ဒီလို အဆိပ်ပမာဏ အနည်းငယ်နဲ့ သေစေနိုင်မယ့် သားရဲတွေကတော့ အောက်ခြေ အဆင့်တွေပဲ ဖြစ်တာကြောင့်.. သူတို့တွေကိုတော့ ဆန်နီအနေနဲ့ အလွယ်တကူပဲ ချေမှုန်းနိုင်ပါတယ်။

…ဒါပေမဲ့ သာမန်စစ်သားတွေအတွက်တော့ အခြေအနေက ကွာခြားပါတယ်..။ သူတို့အတွက်တော့ နိုးထမူ အဆင့် သားရဲတွေကို မပြောနဲ့.. အိပ်စက််မူ အဆင့် အိပ်မက်ဆိုး သတ္တဝါတွေကတောင် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်နေခဲ့တာပါ။

[ခါးသက်သော ခွက် ] က ဒီ အခြေအနေကို လုံးဝ ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်..။

ဆန်နီက ကြောက်စရာကောင်းအောင် ပြုံးလိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းကာ ထပ်ပြောလိုက်တယ်..။

“အိုး.. ဒါပေမဲ့ အဲဒီအရည်ကို လက်နဲ့ လုံးဝ မထိမိအောင်တော့ သေချာ လုပ်နော်..။တကယ်လို့ ခင်ဗျားရဲ့ အရေပြားပေါ်ကို တစ်စက်လေးပဲ ကျမိရင်တောင် သေသွားလိမ့်မယ်..။ တကယ့်ကို ရက်ရက်စက်စက်နဲ့ ကြောက်စရာကောင်းတဲ့ ဝေဒနာကို ခံစားပြီး သေရမှာ.. ။ဒီတော့… လက်အိတ်တွေ ဝတ်ထားရမယ်ထင်တာပဲ။.. ပိုကောင်းတာကတော့ တုတ်ရှည်ရှည် တစ်ခုခုကို သုံးကြပါ..”

အပိုင်း ( ၉၂၃ ) ပြီး၏။

All Chapters