← Chapters

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း ၉၂၅

Vol. 62 Ch. 925

အပိုင်း ( ၉၂၅ ) တိုးညည်းသံ

ဆန်နီက ပျက်စီးသွားတဲ့ ယာဉ်ဆီကို လျှောက်သွားရင်းနဲ့ အတွေးနက်နေခဲ့ပါတယ်..။ တကယ်လို့ နှင်းမုန်တိုင်းက အမှန်တကယ် ပြန်ရောက်လာတာဆိုရင်တော့.. ယာဉ်တန်းအတွက် အခြေအနေတွေက တကယ့ကို ဆိုးရွားသွားတော့မှာပါ..။

​ဒါပေါ့ နှင်းမုန်တိုင်းက လှည့်လည်သွားလာနေတဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်စုတွေရဲ့ အမြင်အာရုံကနေ သူတို့ကို ဖုံးကွယ်ပေးနိုင်မှာ မှန်ပေမဲ့.. တစ်ဖက်မှာလည်း သားရဲတွေကို ခြေရာခံပြီး မြေပုံကို အမြဲတမ်း အဆင့်မြှင့်တင်နေရတဲ့ သူ့ရဲ့ စွမ်းရည်ကလည်း လုံးဝ ပျက်ဆီသွားမှာပါ..။ ဆန်နီ နဲ့ သူ့ရဲ့ အရိပ်တွေက ဝန်ရိုးစွန်းညရဲ့ မှောင်မိုက်မှုကို ဖြတ်သန်းပြီး မြင်နိုင်ကြပေမဲ့.. လွင့်စင်နေတဲ့ နှင်းတွေရဲ့ ပိတ်ဆို့ထားတဲ့ တံတိုင်းကြီးကိုတော့ ဖြတ်ပြီး မမြင်နိုင်ကြပါဘူး..။

ဒါ့အပြင် သာမန်မောင်းနှင်သူတွေအနေနဲ့လည်း သူတို့ရဲ့ ယာဉ်တွေကို လမ်းပေါ်မှာ တည့်တည့်မတ်မတ် ရှိနေအောင် ထိန်းကျောင်းဖို့ ပိုပြီးတော့ ခက်ခဲလာကြပါလိမ့်မယ်..။ ယာဉ်တွေကလည်း ပိုပြီးတော့ ဝန်ပိလာကြမှာပါ..။

သူက နှင်းမုန်တိုင်းထဲမှာပဲ ဆက်ပြီး မောင်းနှင်ဖို့ စွန့်စားရမှာလား.. ဒါမှမဟုတ် မုန်တိုင်းစဲ သွားတဲ့အထိ စောင့်ဆိုင်းဖို့ နေရာတစ်ခု ရှာဖွေရမှာလား..။ ဆန်နီက အခုလို အန္တရာယ်များတဲ့ အခြေအနေမျိုးမှာ ယုံကြည်စိတ်ချရမှုမရှိတဲ့ လမ်းဟောင်းတွေပေါ် ဖြတ်သန်းသွားလာရမယ့် အတွေးကို မနှစ်သက်သလို.. တစ်နေရာတည်းမှာ ရပ်တန့်နေပြီး အခြေအနေတွေ ဆိုးရွားလာတဲ့အခါ လွတ်မြောက်ဖို့ လမ်းမရှိမှာကိုလည်း သဘောမကျပါဘူး။သူက မျက်မမြင်ကြွက်တစ်ကောင်လို လိုဏ်ဂူတစ်ခုထဲမှာ ပုန်းအောင်းနေရမယ့် အကြံဉာဏ်ကို မကြိုက်ပေ..။

‘ဖေလိုးမ နှင်းမုန်တိုင်း… ဖေလိုးမ ကားအစုတ်တွေ… အဲ့ကားတွေက ဘာလို့ ရိုင်နို လိုမျိုး မဖြစ်နိုင်ကြတာလဲ’

ဒါပေါ့… ဒါက နှိုင်းယှဉ်ဖို့ မတရားတဲ့ အရာတစ်ခုပါပဲ..။ သူ့ရဲ့ ရိုင်နို က အဆင့်မြင့် စစ်ဘက်ဆိုင်ရာ သံချပ်ကာယာဉ် ဖြစ်ပြီး.. သာမန်အရပ်သား ယာဉ်တွေကတော့ အရပ်သားယာဉ် သက်သက်ပါ..။ သူတို့ထဲက အချို့ဆိုရင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ကမန်းကတန်း ပြုပြင်ပြောင်းလဲထားတာ ဖြစ်လို့ လူတင်ဆောင်ဖို့အတွက်တောင် အနိုင်နိုင် ဖြစ်နေခဲ့ပါတယ်..။

သူတို့တွေ ရွေ့လျားနိုင်နေတာကိုက တကယ့်ကို အံ့ဩစရာ ဖြစ်ရပ်တစ်ခု​ ဖြစ်နေခဲ့ပါပြီ။

ဆန်နီဟာ လက်ရှိ ကြန့်ကြာမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဆီ ချဉ်းကပ်ရင်း လမ်းပေါ်မှာ လှဲလျောင်းပြီး အရှေ့ဘက်ကို စိုက်ကြည့်နေတဲ့ သားရဲကြီးရဲ့ ခန္ဓာကိုယ်ကို ကွေ့ဝိုက်ပြီး လျှောက်သွားခဲ့ရတယ်..။ ကြီးမားတဲ့ သားရဲကြီးက ကောင်းကင်ယံကို ဘယ်လောက်အထိ အာရုံစိုက်နေလဲဆိုရင်.. ချဉ်းကပ်လာတဲ့ နှင်းမုန်တိုင်းကိုတောင် အာရုံခံမိနေပုံ ရပါတယ်..။ နှင်းမှုန်တွေကတော့ သူ့ရဲ့ ကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေပေါ်ကို ကျရောက်နေခဲ့တယ်။

ပိုမို သေးငယ်တဲ့ ထပ်တူညီမှု သားရဲ

ဘလက်ကီ.. ဒါမှမဟုတ် ဒီနိုးထသူ သားရဲကို ဘယ်လိုပဲ ခေါ်ခေါ်.. အဲဒီကောင်လေးကလည်း ဒီနေရာမှာ ရှိနေခဲ့ပြီး သားရဲကြီး ကို မှီထားခဲ့ပါတယ်..။ သူက သားရဲကြီး သွားတဲ့ နေရာတိုင်း ကို လိုက်သွားတတ်ပေမဲ့.. သားရဲကြီး ကတော့ သူ့ရဲ့ တည်ရှိမှုကို လျစ်လျူရှုထားတာက များပါတယ်..။

‘ခွေးမသားတွေ… ငါ့ကို လမ်းဖယ်ပေးရင် သေသွားမှာမို့လို့လား..။ငါက မင်းတို့ သခင်တွေရဲ့ သခင်ဆိုတာရော သိကြလား.. ။နည်းနည်းလောက် လေးစားမူ ရှိစမ်းပါ…’

ဆန်နီ ခေါင်းကို ခါယမ်းရင်း ယာဉ်ဆီကို ရောက်ရှိသွားခဲ့တယ်..။ ဆမ်မာရာ.. ကင်မ် နဲ့ ချီတင် တို့ကတော့ ဒီနေရာမှာ ရောက်နှင့်နေကြပြီ ဖြစ်ပြီး.. သုန်မုန်တဲ့ မျက်နှာအမူအရာတွေနဲ့ စစ်ဆေးမှုတွေကို ပြုလုပ်နေကြပါတယ်..။

သူကတော့ ဒီအမူအရာတွေကို သဘောမကျပါဘူး..။

“အခြေအနေ ဘယ်လိုရှိလဲ”

ဆမ်မာရာက သူ့ကို မျက်မှောင်ကျုတ်ပြီး လှမ်းကြည့်လိုက်တယ်..။

“ကပ္ပတိန်.. ဒီတစ်ကြိမ်တော့ တကယ် ပြင်းထန်တယ်.. ။လျှပ်စစ်ဗဟိုချက်မှာ လျှပ်စီးပတ်လမ်း လွန်ကဲမှု ဖြစ်သွားပြီး ပင်မဘက်ထရီက ကျန်တဲ့ စနစ်တွေနဲ့ ပြတ်တောက်သွားခဲ့တာ။.. ပုံမှန်ဆိုရင် ဒါက သိပ်ပြီး ဒုက္ခမများပေမဲ့.. ဒီယာဉ်က အရန်ဘက်ထရီရော.. အရန်သိုလှောင်ကိရိယာ နှစ်ခုလုံးကို ဆုံးရှုံးထားပြီးသား ဖြစ်နေတယ်..။ အဲဒီမှာ… အရည်ပျော်သွားတဲ့ ကြိုးတွေ အများကြီးပဲ.. ချီတင်က အချို့ကို ပြန်ပြင်နိုင်ပေမဲ့ အခြား အစိတ်အပိုင်းတွေကိုတော့ အသစ်လဲရလိမ့်မယ်..”

ဆန်နီက သူမပြောတဲ့ စကားလုံး အတော်များများကို နားမလည်ပေမဲ့.. တစ်ဖက်မှာလည်း နားလည်ဖို့ မလိုပါဘူး..။ ဒါက ကျွမ်းကျင်သူတွေကို အလုပ်ခန့်ထားရတဲ့ အဓိက အကြောင်းပြချက်ပါပဲ..။

သူက အလုပ်တွေကို ခွဲဝေပေးရတာကို တကယ့်ကို သဘောကျလာခဲ့ပါ။

“ဒါဆို… ဒီယာဉ်ကို ပြန်ပြီး ရွေ့လျားနိုင်အောင် လုပ်ဖို့ ဘယ်လောက်အထိ ကြာမလဲ”

ဆမ်မာရာက ကင်မ်နဲ့ ချီတင်ကို ကြည့်လိုက်ပြီး ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်..။

“ကျွန်မတို့ မြန်မြန် လုပ်မယ်ဆိုရင်တောင် မိနစ် တစ်ရာ့နှစ်ဆယ်လောက် ကြာမယ်..”

ဆန်နီ မျက်လုံးတွေကို ခနလောက် ပိတ်လိုက်မိတယ်..။

မိနစ် တစ်ရာ့နှစ်ဆယ်… ဒါက မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပေမဲ့.. အချိန်က တကယ့်ကို ကပ်သီးကပ်သတ် ဖြစ်နေခဲ့တာပါ..။ အနီးဆုံးမှာ ရှိနေတဲ့ သားရဲအုပ်ကြီးကို ကျော်ဖြတ်မောင်းနှင်ဖို့ အတွက် ဒီလောက် ကြန့်ကြာမှုကိုတော့ ခွင့်ပြုနိုင်ပေမဲ့.. ဒီထက် ပိုလို့တော့ မရပါဘူး..။ တကယ်လို့ သူက ယာဉ်တန်းကို မိနစ် တစ်ရာ့နှစ်ဆယ်လောက် ရပ်တန့်ခွင့်ပြုလိုက်ရင် နောက်ရက်တွေမှာ အမှားအယွင်း ဖြစ်ပေါ်ဖို့ နေရာ လုံးဝ ရှိတော့မှာ မဟုတ်ပေ..။

သူက ဒီလိုမျိုး စွန့်စားနိုင်ပါ့မလား..။ ဒါမှမဟုတ် ဒီယာဉ်ကို စွန့်ပစ်လိုက်ပြီး လူတွေကို ကျန်ရှိနေတဲ့ ယာဉ်တွေပေါ်ကို ပြောင်းရွှေ့ပေးရမလား..။ အဲလို လုပ်လိုက်ရင်တော့ ရုန်းကန်နေရတဲ့ ယာဉ်တွေပေါ်မှာ ဝန်ပိသွားစေမှာ ဖြစ်ပြီး.. ကျန်တဲ့

ယာဥ်တွေပါ ထပ်ပြီး ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ပိုပြီးတော့ ကြီးမားစေမှာ ဖြစ်ပါတယ်..။

‘ချီးတဲ့မှပဲ.. ရဲတိုက်အရှင်သခင် နဲ့ အချိန်ခနလေး တိုက်ခိုက်ခဲ့ရတဲ့ အချိန်ကာလတွေမှာလည်း

နစ်ဖီက ဒီလို သောက်ရေးမပါတာတွေကို ဖြေရှင်းပေးခဲ့ရသေးတာလား …’

ရူးသွပ်နေတဲ့ အိပ်စက်သူ ငါးရာကို သွေးသံတရဲရဲ တော်လှန်ရေးတစ်ခု နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်နေတဲ့ စစ်ပွဲတစ်ခုဆီကို ဦးဆောင်ခေါ်သွားရတာက.. သူ ထင်ထားတာထက် နည်းနည်း ပိုပြီး ခက်ခဲမယ့်ပုံပါပဲ..။

‘လူရာပေါင်းများစွာကို တာဝန်ယူရတာက ဘာမှ မပျော်စရာ မကောင်းဘူး…’

အုပ်စိုးသူတွေ အားလုံးက ဘာဖြစ်လို့ တစ်မျိုးမဟုတ် တစ်မျိုး ရူးသွပ် နေကြတာလဲဆိုတာကို ဆန်နီ တဖြည်းဖြည်းချင်း နားလည်လာခဲ့ပါပြီ..။

သူ သက်ပြင်းချလိုက်တယ်..။

“မင်းတို့ကို မိနစ် တစ်ရာ့တစ်ဆယ် ပေးမယ်..။ တကယ်လို့ အဲဒီအချိန်အထိ မပြီးသေးရင်တော့ ငါတို့တွေ ဒုက္ခသည်တွေကို အခြားယာဉ်တွေပေါ် တင်ပြီး ဒီတစ်ခုကို စွန့်ပစ်ခဲ့ကြမယ်..။ လောလောဆယ်တော့ မင်းတို့ တတ်နိုင်တာကို လုပ်ကြပါ.. ။ဂီရီ က ခရီးသည်တွေ အအေးဒဏ် မခံရအောင် သေချာ လုပ်ပေးလိမ့်မယ်..”

အဲဒီနောက်ပိုင်းမှာ လုပ်စရာ အများကြီး မရှိတော့တာကြောင့် ဆန်နီ ဘေးဖယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားတွေ အလုပ်ရှုပ်နေကြစဉ်မှာတော့ သူက အရိပ်တွေထဲမှာ ရပ်နေခဲ့ပါတယ်..။ သူက ရိုင်နို ရဲ့ နွေးထွေးတဲ့ အတွင်းပိုင်းထဲကို ပြန်သွားဖို့ တွေးလိုက်ပေမဲ့ စိတ်ပြောင်းသွားခဲ့တယ်..။ သူက ယာဉ်ထဲမှာ အချိန်အတော်ကြာ ပိတ်မိနေခဲ့တာကြောင့်.. အေးစက်တဲ့ လေကောင်းလေသန့် နည်းနည်းလောက် ရတာက.. ကြိုဆိုရမယ့် ပြောင်းလဲမှုတစ်ခုပါပဲ..။

ပျက်စီးသွားတဲ့ ယာဉ်အတွင်းထဲက ဒုက္ခသည်တွေကတော့.. စစ်သားတွေ သယ်ဆောင်ရလွယ်ကူတဲ့ အပူပေးစက်တစ်ခု ယူလာပေးပြီးနောက်မှာ သိပ်ပြီး စိတ်ဓာတ်မကျ ကြတော့ပေ..။ အိပ်စက်သူ ကလည်း အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်..။ သူ့ရဲ့ ခေါင်းလောင်း မှတ်သားမှု က အမှောင်ထုကို မောင်းထုတ်ပေးနေခဲ့ပြီး.. အရပ်သားတွေရဲ့ ကြောက်ရွံ့မှုကို ရင်ဆိုင်နိုင်အောင် ကူညီပေးနေခဲ့တယ်..။

အိပ်စက်သူ အကြောင်း ပြောရရင်တော့…

‘လောလောဆယ်တော့ ငါတို့မှာ ကူးစက်ခံရသူတွေ ထပ်ပြီး မရှိတော့ဘူး.. ။ဒါက ဆေးကုသရေးယာဉ်က အလွတ်ဖြစ်နေတယ်လို့ ဆိုလိုတာပဲ… ။တကယ်လို့ ပြုပြင်မှုတွေက အဆင်မပြေခဲ့ရင် ခရီးသည်တွေကို အဲ့နေရာမှာ ပြန်ပြီး နေရာချပေးလို့ ရနိုင်တယ်..။ ဒါက ကောင်းမွန်တဲ့ ယာယီဖြေရှင်းချက်တစ်ခု ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က အခိုက်အတန့် ရဲ့ ကူးစက်မှုကို ခံရတဲ့အခါကျရင်တော့ ပြဿနာ ရှိလာမှာ …’

သူ့ရဲ့ အတွေးတွေက သားရဲကြီးရဲ့ ရုတ်တရက် တိုးညည်းသံတစ်ခုကြောင့် ကြားဖြတ်နှောင့်ယှက်ခြင်း ခံလိုက်ရပါတယ်..။ ကြီးမားတဲ့ သားရဲကြီးရဲ့ အရွယ်အစားကို ထည့်သွင်းစဉ်းစားရင်.. သူ့ရဲ့ ညည်းတွားသံက လူတစ်ယောက်ကို အရိုးထဲအထိ တုန်ခါသွားစေပြီး.. လျစ်လျူရှုဖို့ မလွယ်ကူလှပါဘူး..။

ဆန်နီ တစ်ဖက်လှည့်ပြီး ထပ်တူညီမှုကို မျက်မှောင်ကျုတ်ကာ စိုက်ကြည့်လိုက်တယ်..။

“သူလား… သူမလား… ဘာပဲဖြစ်ဖြစ်.. အဲ့ကောင်က ဘာဖြစ်နေတာလဲ”

သားရဲကြီး ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နှုတ်သီးက လှုပ်နေခဲ့ပြီး.. ထိတ်လန့်စရာကောင်းတဲ့ အစွယ်တွေကို ဖော်ပြနေခဲ့ပါတယ်..။ သူက လမ်းပေါ်မှာ လှဲလျောင်းနေဆဲ ဖြစ်ပြီး အရှေ့ဘက် ကောင်းကင်ယံကို စိုက်ကြည့်နေခဲ့တယ်..။ ထပ်တူညီမှုက…တစ်ခုခုကို စိုးရိမ်နေတဲ့ပုံပါပဲ..။

သူ့ရဲ့ ဘေးမှာ ရှိနေတဲ့ သားရဲငယ်လေး ကလည်း ပျာပျာသလဲ ဖြစ်နေခဲ့တယ်..။ ဒါပေမဲ့ ဒီငနဲက အကြောင်းရင်းကို နားမလည်ပဲ သားရဲကြီးရဲ့နောက်ကနေ ရိုးရိုးရှင်းရှင်းပဲ လိုက်လုပ်နေပုံ ရပါတယ်..။ ဆန်နီရဲ့ မျက်မှောင်ကျုတ်မှုက ပိုပြီးတော့ လေးနက်လာခဲ့တယ်..။

‘…ဒါက မကောင်းတဲ့ လက္ခဏာပဲ’

သူက သားရဲကြီး ဆီကို လျှောက်သွားလိုက်ပြီး အခြေအနေကို ကောင်းကောင်း မြင်နိုင်မယ့် နေရာတစ်ခု ရဖို့အတွက် သူ့ရဲ့ အပေါ်ကို တက်ဖို့ ကြိုးစားလိုက်တယ်..။

“မလှုပ်နဲ့နော်..ခွေးသားလေး”

သတ္တဝါရဲ့ ပုခုံးပေါ်ကို ရောက်ရှိသွားတဲ့အချိန်မှာတော့ သူက အရှေ့ဘက်ကို လှမ်းကြည့်လိုက်တယ်..။သူက သားရဲကြီးမြင်တာကိုပဲ မြင်လိုက်ရတာပါ။

နှင်းမုန်တိုင်းရဲ့ ပိတ်ဆို့မှုက ပိုပြီးတော့ နီးကပ်လာခဲ့ပြီ ဖြစ်သလို.. မိုးကုတ်စက်ဝိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေကြားထဲမှာ မြင်တွေ့နိုင်သမျှ အနည်းငယ်သော အစိတ်အပိုင်းတွေကတော့… အခုအချိန်မှာ နှင်းမုန်တိုင်းရဲ့ ဖုံးကွယ်ခြင်းကို ခံထားရပါပြီ..။ ဒါပေမဲ့ ဆန်နီက တခြား ဘာကိုမှ သတိမထားမိပါဘူး..။

‘ဒီကောင်က နှင်းတွေကို မကြိုက်လို့လား’

တစ်ဖက်မှာလည်း ဒီ နှင်းမုန်တိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး..။ အဲဒါက ဝင်းတား လို့ ခေါ်တဲ့ တိုက်တန် ကြောင့် ဖြစ်ပေါ်လာရတာပါ..။ ဆန်နီ သိထားသလောက်တော့ တိုက်တန်က လက်ရှိအချိန်မှာ မြောက်ဘက် အဝေးတစ်နေရာမှာ သူတော်စင် တိုင်းရစ် ရဲ့ နှိမ်နင်းခြင်းကို ခံနေရတာ ဖြစ်ပါတယ်..။

ဒါကြောင့်ပဲ နှင်းမုန်တိုင်းက ရောက်လာလိုက်.. ပြန်ပျောက်သွားလိုက် ဖြစ်နေခဲ့ရပြီး.. လက်ရှိ တိုက်ပွဲမှာ ဘယ်သူက အသာစီးရနေလဲဆိုတာကို အရိပ်အမြွက် ပြသနေခဲ့တာပါ..။

ကောင်းကင် ဒီရေ ရဲ့ စွမ်းရည်ကလည်း လေပြင်းတွေနဲ့ မုန်တိုင်းတွေကို ထိန်းချုပ်ရတာ ဖြစ်တာကြောင့်.. တိုက်တန်ရဲ့ စွမ်းအားတွေကို တိုက်ရိုက် မတုံ့ပြန်နိုင်ရင်တောင်မှ.. အနည်းဆုံးတော့ သူ့ရဲ့ အခွင့်အာဏာကို စိန်ခေါ်နိုင်စွမ်း ရှိပါတယ်..။

ဘာပဲဖြစ်ဖြစ် ဝင်းတား သားရဲ က ဒီယာဉ်တန်းရဲ့ အနီးအနားမှာ ရှိမနေနိုင်ပါဘူး..။

ဒါဆို ဘာလို့လဲ…

ရုတ်တရက် ဆန်နီရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။

သူက အေးစက်မှောင်မိုက်နေတဲ့ ကောင်းကင်ယံကို ဖုံးကွယ်ထားတဲ့ ဝေဝါးမှုတွေကို အနီးကပ် သေချာ ကြည့်လိုက်တဲ့အခါမှာတော့..

တကယ်ကို စိုးရိမ်စရာကောင်းတဲ့ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပါတယ်.။

တကယ့် နှင်းမုန်တိုင်း တစ်ခုရော ဟုတ်ရဲ့လား..

အပိုင်း ( ၉၂၅ ) ပြီး၏။

All Chapters