အခန်း ၉၂၆
Vol. 62 Ch. 926
အပိုင်း ( ၉၂၆ ) မုန်တိုင်းမျက်နှာစာ
ဆန်နီဟာ အဝေးမှာရှိနေတဲ့ ဝေဝါးမှုတွေကို ခနလောက် စိုက်ကြည့်နေပြီးနောက်.. ပြုပြင်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကင်မ်ကို လှမ်းကြည့်လိုက်တယ်..။ သူပေးထားတဲ့ [နတ်ဆိုးမျက်လုံး] မှတ်သားမှု က လူတစ်ယောက်ကို အဝေးအထိမြင်နိုင်အောင် လုပ်ပေးနိုင်တာ မှန်ပေမဲ့.. ဒီထက် ပိုပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ သူ့ဘေးကနေ ကမန်းကတန်း ဖြတ်သွားဖို့လုပ်နေတဲ့ ဆာဂျင် ဂီရီ ကို သူ
လှမ်းခေါ်လိုက်တယ်..။
“ဟေး.. ဆာဂျင်”
ဒီလူက ရပ်တန့်လိုက်ပြီး ကပ္ပတိန်ကို လှမ်းကြည့်လာခဲ့တယ်..။ ဆန်နီက လတ်တလောကမှအိပ်မက်ဆိုး အခိုက်အတန့် ဆီကနေ အထူးတပ်ဖွဲ့ဝင်တွေ ရရှိထားတဲ့ ကြောက်မက်ဖွယ်သတ္တဝါကြီး အပေါ်မှာ ရပ်နေခဲ့တာပါ..။
သူတို့ခေါင်းဆောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို ကျင့်သားရနေပြီ ဖြစ်တဲ့ ဆာဂျင် ကတော့ အကြောင်းရင်းကို ခန့်မှန်းဖို့တောင် အားမထုတ်တော့ပါဘူး..။
“ဟုတ်ကဲ့.. ကပ္ပတိန်”
ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးမှ
“ခင်ဗျားဆီမှာ… အဲဒါကို ဘယ်လိုခေါ်လဲ… ကြည့်တဲ့ မှန်ပြောင်း ရှိလား”
ဂီရီက ခေါင်းငြိမ့်လိုက်တယ်..။
“ရှိပါတယ် ဆရာ.. ကျွန်တော်တို့မှာ အစုံလိုက်စီရှိပါတယ်..။ယာဉ်တစ်စီးကို တစ်ခုနှုန်းပါ..။
စစ်ဘက်သုံး စံနှုန်းအတိုင်းပါပဲ..”
ဆန်နီက သူ့ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်ပါတယ်..။
“အကောင်းဆုံး တစ်ခု သွားယူခဲ့ပေးပါ”
သူ့ရဲ့ လေသံကြောင့် အနည်းငယ် ထိတ်လန့်သွားတဲ့ ဂီရီဟာ သူသယ်လာတဲ့ စောင်ထုပ်ကြီးကို တစ်ချက်ကြည့်လိုက်တယ်။ပြီးတာနဲ့.. နှင်းတွေထဲကို ပစ်ချကာ ယာဉ်တန်းရဲ့ နောက်ပိုင်းဆီကို အပြေးအလွှား သွားခဲ့ပါတယ်..။ မကြာခင်မှာပဲ သူက ခေတ်မီမှန်ပြောင်းတစ်ခုနဲ့ ပြန်ရောက်လာခဲ့ပြီး သတ္တဝါကြီးနားကို မချဉ်းကပ်ရဲတာကြောင့် ကပ္ပတိန်ဆီကိုပဲ လှမ်းပစ်ပေးလိုက်ပါတယ်..။
ဆန်နီက မှန်ပြောင်းကို ဖမ်းလိုက်ပြီး မရင်းနှီးတဲ့ ကိရိယာကို မျက်လုံးရှေ့မှာထားကာ အရှေ့ဘက်ကို လှမ်းကြည့်လိုက်တယ်..။ အစပိုင်းမှာတော့ ပုံရိပ်က ဝေဝါးပြီး မပြတ်သားပေမဲ့.. နောက်တော့ တစ်ခုခုက တိုးညှင်းစွာ မြည်လာခဲ့ပြီး အလိုအလျောက် ကြည်လင်သွားခဲ့ရပါတယ်.။
ရုတ်တရက်ဆိုသလိုပဲ အဝေးမှာရှိနေတဲ့ တောင်စောင်းတွေနဲ့ ပိုပြီးတော့ နီးကပ်သွားသလို ခံစားလိုက်ရတယ်..။ ဆန်နီက တစ်ခုချင်းစီ ရှိနေတဲ့ ကျောက်တုံးကြီးတွေနဲ့ သူတို့ကြားထဲက နှင်းပုံတွေကိုတောင် မြင်နေရတာပါ..။ သူက မှန်ပြောင်းကို ရွှေ့လိုက်ပြီး ဟင်းလင်းပြင် ဖြစ်နေတဲ့ ကောင်းကင် တစ်နေရာကို ရှာဖွေကြည့်လိုက်တယ်..။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူရဲ့ အကြည့်ကက ကောင်းကင်ကို ဖုံးကွယ်ထားတဲ့ ဝေဝါးမှုတွေပေါ်ကို ကျသွားခဲ့ပါပြီ..။
ယင်းနောက်မှာ ဆန်နီက တစ်မိနစ်လောက်.. ငြိမ်သက်စွာ ရပ်နေခဲ့တယ်။ပြီးမှ သူ့ရဲ့ လက်တွေကို အသာအယာ ချလိုက်ပါတယ်..။ သူ့ရဲ့ မျက်နှာက ငြိမ်သက်နေဆဲ ဖြစ်ပေမဲ့.. သူ့ရဲ့ မျက်လုံးတွေကတော့ တကယ့ကို အေးစက်နေခဲ့ပါပြီ။
တစ်ခုခုကို ခံစားမိသွားတဲ့ ဆာဂျင် ဂီရီက လည်ချောင်းကို ရှင်းလိုက်ပြီး
“ဆရာ… ဘာများ ဖြစ်လို့လဲ”
ကပ္ပတိန်က သူ့ကို အေးစက်လှတဲ့ မျက်လုံးတွေနဲ့ ကြည့်လာခဲ့တာကြောင့် ဆာဂျင် တုန်လှုပ်သွားခဲ့ရတယ်..။
‘ဘာဖြစ်လို့လဲ …’
ဆန်နီကိုယ်တိုင်လည်း ဒီမေးခွန်းကို စိတ်ထဲကနေ ပြန်ပြီး မေးလိုက်မိတယ်..။
သူမြင်လိုက်ရတဲ့အရာက… လွင့်စင်နေတဲ့ နှင်းမုန်တိုင်းကြီး တစ်ခု မဟုတ်ပါဘူး..။
အဲဒါက လင်းနို့နဲ့ မျှော့စပ်ထားတဲ့ ပုံစံမျိုး ရှိပြီး.. သားရေတောင်ပံတွေ.. ရှည်လျားတဲ့ လည်ပင်းနဲ့ ကြီးမားပြီး အသားစိုင်တွေ ပြည့်နေတဲ့ သားရဲ အုပ်ကြီးဖြစ်နေခဲ့တာပါ။သူတို့က စက်ဝိုင်းပုံစံ နှုတ်သီးကြီးတွေနဲ့ အကျည်းတန် သတ္တဝါတွေဖြစ်နေခဲ့ကြတယ်..။
သူက အဲလို သတ္တဝါမျိုးတွေကို ထောင်ပေါင်း.. သောင်းပေါင်းများစွာ မြင်လိုက်ရတာပါ။
ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်ထားတဲ့ ဝေဝါးတဲ့ တံတိုင်းကြီးက နှင်းမုန်တိုင်း ပြန်ရောက်လာတာကြောင့် မဟုတ်ပါဘူး..။ ဒါက ပျံသန်းနိုင်တဲ့ သားရဲအုပ်ကြီး ဖြစ်ပြီး.. အဝေးကနေ ကြည့်ရင် လိမ့်တက်လာတဲ့ မုန်တိုင်းမျက်နှာစာကြီးနဲ့ တူလောက်အောင်ကို များပြားနေခဲ့ပါတယ်။..။
အကျည်းတန်လှတဲ့ သားရဲအုပ်စုကြီးက သူတို့ရှိရာ အရပ်ဆီကို လျင်မြန်စွာ ဦးတည်ရွေ့လျားနေခဲ့တယ်..။
ရုတ်တရက် ဆန်နီ့ရဲ့ ပါးစပ်တွေ ခြောက်ကပ်သွားသလို ခံစားလိုက်ရတယ်..။ သူက ကျဉ်းမြောင်းတဲ့ လမ်းတစ်လျှောက်မှာ ရပ်ထားကြတဲ့ ယာဉ်တန်းကို လှမ်းကြည့်လိုက်မိပါတယ်။အနောက်ဘက်က.. ယာဉ်အချို့ကတော့ ပျက်စီးနေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ကြောင့် ဆက်ပြီး မရွေ့လျားနိုင်ဘဲ ပိတ်ဆို့နေခဲ့တာပါ..။
“..ဆရာ”
ဆာဂျင် ဂီရီရဲ့ စိုးရိမ်နေတဲ့ လေသံက သူ့ရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်..။ ဆန်နီက သူ့ကိုယ်သူ အာရုံစိုက်ဖို့ အတင်းအကျပ် သတိပေးလိုက်ပြီး.. စိတ်ကို လက်ရှိ အခြေအနေဆီ ပြန်ခေါ်လိုက်ပါတယ်..။
‘သေပြီ.. သေပြီ… သူတို့အားလုံး သေကုန်တော့မှာပဲ…’
သူက မှန်ပြောင်းကို ဂီရီ ဆီ ပြန်ပစ်ပေးလိုက်ရင်း.. မလိုအပ်တဲ့ အတွေးအားလုံးကို စိတ်ထဲကနေ မောင်းထုတ်ကာ အမိန့်တစ်ခု ပေးလိုက်ပါတယ်..။
“ဒီလူတွေကို အပြင်ထုတ်ပြီး ဆေးကုသရေးယာဉ်ထဲကို ရွှေ့ခိုင်းလိုက်.. တတ်နိုင်သမျှ မြန်မြန် လုပ်ကြ..။မဟုတ်ဘူး.. အဲဒါထက်ကို ပိုပြီး မြန်မြန်လုပ်မှရတယ်..”
ဂီရီ မျက်တောင်ခတ်လိုက်တယ်..။
“ဆေးကုသရေးယာဉ်ထဲကိုလား.. ဒါပေမဲ့…”
ဆန်နီ သူ့စကားကို ဖြတ်ပြောရင်း အော်ဟစ်လိုက်ပါတယ်..။
“အခုချက်ချင်း သွားလုပ်”
ဆာဂျင် တုန်လှုပ်သွားခဲ့တယ်..။ ပုံမှန်ဆိုရင် တည်ငြိမ်အေးဆေးတဲ့ ကပ္ပတိန်က အခုလိုမျိုး အော်ဟစ်တာကို သူ ပထမဆုံးအကြိမ် ကြားဖူးတာပါပဲ..။
တစ်ခုခုက ဆိုးဆိုးရွားရွား မှားယွင်းနေပြီဆိုတာကို နားလည်သွားတဲ့ ဂီရီက ပျက်စီးနေတဲ့ ယာဉ်ဆီကို အလျင်အမြန် ပြေးသွားပါတော့တယ်..။
“…မြန်မြန်.. မြန်မြန်.. ရွေ့ကြစမ်း”
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ထိတ်လန့်နေတဲ့ ဒုက္ခသည်တွေကို ဆေးကုသရေးယာဉ်ထဲကို ကမန်းကတန်း ရွှေ့ပြောင်းပေးနေကြတယ်..။ စစ်သားတွေကလည်း အပြေးအလွှား သွားလာနေကြပြီး.. လျင်မြန်စွာ ထွက်ခွာနိုင်ဖို့အတွက် ပြင်ဆင်နေခဲ့ကြတယ်..။ အထူးတပ်ဖွဲ့တွေကလည်း တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြပါပြီ..။
ဆန်နီကတော့ ဒီလို ရှုပ်ထွေးမှုတွေရဲ့ အလယ်မှာ ရှိနေခဲ့ပြီး အမိန့်တွေ ဆက်တိုက် ပေးနေခဲ့တာပါ..။
“အဆိပ်လူးကျည်တွေကို အခုချက်ချင်း အကုန် ထည့်ကြ.. ။အရန်သိမ်းထားတာတွေကို အကုန် သုံးပစ်လိုက်..။မလိုအပ်တဲ့ ကုန်စည်အားလုံးကို အပြင်ကို အကုန် ပစ်ထားခဲ့မှရမယ်။ငါတိုက
ဖြစ်နိုင်သမျှ အရှိန်အကုန် မြှင့်ဖို့ လိုအပ်တယ်..။ဆမ်မာရာ.. မင်းမှာ ကျည်ဆန်တွေ တတ်နိုင်သမျှ ဖြည့်ထားဖို့ သုံးမိနစ် အချိန်ရှိတယ်..။
လူစတာက… ရိုင်နို ကို အရှိန်ကုန် မြှင့်ဖို့အတွက် ပြင်ဆင်ထားတော့…”
‘ငါတို့ ဘယ်တော့မှ အချိန်မီမှာ မဟုတ်ဘူး… အခွင့်အရေး မရှိဘူး… လုံးဝကို မရှိတာ…’
ပျံသန်းနိုင်တဲ့ သားရဲတွေရဲ့ ကြီးမားလှတဲ့ အုပ်စုကြီးက အရမ်းကို မြန်ဆန်လွန်းနေခဲ့ပါတယ်..။ ယာဉ်တန်းက ညီညာကောင်းမွန်စွာတဲ့ လမ်းပေါ်မှာ မောင်းနှင်နေတာဆိုရင်တောင်မှ ဒီသတ္တဝါတွေရဲ့ အရှိန်ကို ဘယ်လိုမှ မီနိုင်မှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူတို့ကို တိုက်ခိုက်ဖို့ ဆိုတာကလည်း လုံးဝ မဖြစ်နိုင်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ..။ တကယ်လို့ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတွေက ယာဉ်တန်းပေါ်ကို ဆင်းသက်လာခဲ့ရင်တော့.. လူတိုင်းက စက္ကန့်ပိုင်းအတွင်းမှာတင် ဝါးမြိုခြင်း ခံကြရ ပါလိမ့်မယ်..။ ဆန်နီကတော့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေမယ်.. ဒါပေမဲ့ ကျန်တဲ့လူတွေကတော့…
လူတိုင်းက ရက်စက်ကြမ်းကြုပ်တဲ့ သေခြင်းတရားနဲ့ သေဆုံးကြရမှာပါ..။
ဒါပေမဲ့လည်း…
သားရဲအုပ်ကြီးက အရှေ့ကနေ အနောက်ကို ဦးတည်သွားနေပုံ ရပြီး.. ယာဉ်တန်းကတော့ မြောက်ဘက်ကို ဦးတည်နေတာ ဖြစ်ပါတယ်..။ တကယ်လို့ ကံကောင်းထောက်မစွာနဲ့ပဲ သူတို့တွေ သားရဲတွေရဲ့ လမ်းကြောင်းကနေ လွတ်မြောက်အောင် ပြေးနိုင်ခဲ့ရင်တော့.. သူတို့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေနိုင်ပါသေးတယ်..။
ဆန်နီ မြေပုံကို ပြုစုတုန်းက သတိမထားမိခဲ့တဲ့ ခိုလှုံရာတစ်ခုခု ရှေ့မှာ ရှိနေတာလည်း ဖြစ်နိုင်တာပါပဲ။
ဘာပဲဖြစ်ဖြစ် သူက ဒီအတိုင်း အရှုံးပေးဖို့ စိတ်ကူး မရှိပေ..။ ဘယ်လောက်ပဲ အခွင့်အရေး သေးငယ်ပါစေ.. သူက ဒီလူတွေကို ကယ်တင်ဖို့အတွက် ကြိုးစားအားထုတ်ရမယ့် တာဝန် ရှိပါတယ်..။ သူက သူတို့အားလုံးကို သူ့ရဲ့ ကွပ်ကဲမှုအောက်ကနေ ခေါ်ဆောင်လာခဲ့တာ မဟုတ်ဘူးလား..။
ဒီလူတွေအားလုံးက သူ့ရဲ့ တာဝန် ပါပဲ..။
“ရွေ့ကြစမ်းပါ”
နောက်ဆုံးတော့ ပျက်စီးသွားတဲ့ ယာဉ်ပေါ်က အရပ်သားတွေ အကုန်လုံး ထွက်ခွာနိုင်ခဲ့ကြပါပြီ..။ ဆာဂျင် ဂီရီက ဆန်နီ ဆီကို ပြေးလာခဲ့တယ်..။
“ပြီးသွားပါပြီ.. ကပ္ပတိန်.. ဒီယာဉ်ကို ဘာလုပ်ဖို့…”
သူ့ စကား မဆုံးခင်မှာပဲ ဆန်နီက ကြီးမားလှတဲ့ ယာဉ်ရဲ့ ရှေ့ဘန်ပါကို လက်နဲ့ကိုင်ပြီး.. သူ့ရဲ့ ကြွက်သားတွေကို အားစိုက်ကာ.. လမ်းအစွန်ကနေ ချောက်ထဲ ပစ်ချလိုက်ပါတယ်။
သယ်ယူပို့ဆောင်ရေးယာဉ်က မိုးကြိုးပစ်ချလိုက်သလိုမျိုး အသံကြီးနဲ့အတူ နက်မှောင်လှတဲ့ ချောက်ကမ်းပါးထဲကို ကျဆင်းသွားခဲ့ရတယ်..။ဒီကားက အရမ်းကို လေးလံလွန်းတာကြောင့် ပထမဆုံး ဆောင့်မိခဲ့တဲ့ အရှိန်ကတင် သူတို့ခြေထောက်အောက်က လမ်းမကြီးကို
တုန်ခါသွားစေခဲ့ပါတယ်..။
ဆန်နီက အံ့ဩသင့်နေတဲ့ ဆာဂျင် ကို လှမ်းကြည့်လိုက်ပြီး..
“လူတိုင်းကို အထဲဝင်ခိုင်းပြီး အင်ဂျင်တွေကို နှိုးလိုက်တော့.. မြန်မြန်လုပ်.."
လူတိုင်းက သူတို့ရဲ့ ယာဉ်တွေဆီကို အပြေးအလွှား သွားနေကြစဉ်မှာပဲ ဆန်နီက အရိပ်တွေကို ဖြတ်သန်းပြီး ရိုင်နို ရဲ့ အတွင်းထဲမှာ ပေါ်လာခဲ့တယ်..။သူက ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး.. ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ပြောလိုက်တယ်..။
“ခါးပတ်တွေ သေချာ ပတ်ထားကြ.. ခရီးက အတော်လေး ကြမ်းတမ်းလိမ့်မယ်..”
သူတို့က ဘာမေးခွန်းမှ မမေးဘဲ နားထောင်ခဲ့ကြပါတယ်..။
အထူးတပ်ဖွဲ့ဝင် အများစုက အရပ်သား ယာဉ်တွေပေါ်မှာ တာဝန်ချထားတာ ဖြစ်လို့.. ဒီနေရာမှာ လူစတာ တစ်ယောက်ပဲ ကျန်ခဲ့ပါတယ်..။ သူက ဆန်နီ အမိန့်ပေးတာနဲ့ သံချပ်ကာယာဉ်ကို မောင်းနှင်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ထိန်းချုပ်သူ နေရာမှာ ရောက်နေခဲ့ပါပြီ။
ဆန်နီက သူ့ကို အကြာကြီး မစောင့်ခိုင်းခဲ့ပါဘူး..။
“ဘာကို စောင့်နေတာလဲ.. မောင်းတော့”
ရိုင်နို က အခြားယာဉ်တွေအတွက် လမ်းရှင်းပေးရင်းနဲ့ နှင်းတွေကို ဖြတ်သန်းကာ အရှေ့ကို ဒုန်းစိုင်းမောင်းနှင်သွားခဲ့တယ်..။ ယာဉ်တန်းကလည်း တောင်ပတ်လမ်းအတိုင်း မဆင်မခြင် အရှိန်မျိုးနဲ့ နောက်ကနေ လိုက်ပါလာခဲ့ကြပါတယ်..။
ဒါပေမဲ့ အရှိန်က မလုံလောက်သေးပါဘူး..။
…သံချပ်ကာယာဉ်ရဲ့ အမိုးပေါ်မှာတော့.. သူတော်စင် က ဘာအင်အားမှ စိုက်ထုတ်စရာမလိုဘဲ သူမရဲ့ ဟန်ချက်ကို ထိန်းထားနိုင်ခဲ့တယ်..။သူမက အဲ့နေရာမှာ ရုပ်ထုတစ်ခုလို မတ်တပ်ရပ်နေပြီး..ခေါင်းကို အရှေ့ဘက်ဆီ ဖြည်းညင်းစွာ လှည့်လိုက်တယ်..။
ယင်းနောက်မှာတော့ စကားမပြောတဲ့ နတ်မိစ္ဆာ က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ.. သူမရဲ့ လေးကို တိတ်တဆိတ် မြှောက်လိုက်ပါတယ်..။
အပိုင်း ( ၉၂၆ ) ပြီး၏။