အခန်း ၉၂၇
Vol. 62 Ch. 927
အပိုင်း ( ၉၂၇ ) အချိန်နဲ့ ယှဥ်ပြိုင်ခြင်း
ရိုင်နို က အောက်ခြေတွေ မညီညာပဲကျဉ်းမြောင်းနေတဲ့ တောင်ပတ်လမ်းကြောင်းပေါ်ကနေ ချောက်ထဲကို ပြုတ်ကျမသွားခဲ့ပေ။ဒါက.. ကွေ့ကောက်တဲ့ လမ်းတွေကို တစ်မျိုးမဟုတ်တစ်မျိုး ဖြတ်ကျော်ပြီး အရှေ့ကို ဒုန်းစိုင်းမောင်းနှင်နေခဲ့ပါတယ်..။ အရှေ့မှာတော့ မှောင်မိုက်မှုကလွဲပြီး ဘာမှမရှိပါဘူး။လေးလံတဲ့ သံချပ်ကာယာဉ်ရဲ့ အမိုးပေါ်ကနေ ထွက်ပေါ်နေတဲ့ အားကောင်းတဲ့ မီးမောင်းတွေကြားထဲမှာတော့ အရည်ပျော်နေတဲ့ နှင်းတွေက လွင့်စင်သွားခဲ့ကြတယ်..။ လူစတာ ကလည်း ဒီတစ်ကြိမ်တော့ တကယ့်ကို တည်ငြိမ်ပြီး အာရုံအပြည့် စိုက်ထားပုံရနေခဲ့တယ်။ထိန်းချုပ်မောင်းနှင်တဲ့ စတီယာတိုင်ကို ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့ လက်ချောင်းတွေကတော့ ဖြူလျော်သွားတဲ့အထိ တင်းကျပ်နေခဲ့ပါပြီ..။
နောက်ဘက်က ယာဉ်တန်းကလည်း အမှီလိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ရတယ်..။ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကတော့ သံချပ်ကာယာဉ် နဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေရဲ့ ကြားထဲမှာ ညှပ်ပြီး ပါလာခဲ့ကြတာပါ။သူတို့က.. မြင့်မားတဲ့ အရှိန်နဲ့ အရှေ့ကို လိမ့်ပါလာစဉ်မှာ..အန္တရာယ်ရှိစွာနဲ့ တုန်ခါနေခဲ့ကြပါတယ်..။
ဆာဂျင် ဂီရီ နဲ့ သူ့ရဲ့ စစ်သားတွေကတော့ အဆိပ်လူးကျည်တွေကို စက်သေနတ်တွေရဲ့ ကျည်ထည့်စနစ်တွေထဲ ကမန်းကတန်း ဖြည့်သွင်းနေခဲ့ကြတယ်။လက်နက်..ပြောင်းဝတွေကို အရှေ့ဘက်ဆီ လှည့်ထားကာ မီးမောင်းတွေကိုလည်း ကောင်းကင်ယံဆီကို ချိန်ရွယ်ထားကြပါတယ်..။
မိုးကုတ်စက်ဝိုင်းကို ဖုံးကွယ်ထားတဲ့ အဖြူရောင်လိုက်ကာကြီးကတော့ ပိုပိုပြီး နီးကပ်လာခဲ့ပါပြီ..။
‘ချီးပဲ… ချီးပဲ… ချီးပဲ…’
ဆန်နီ ဟာ လူစတာ ရဲ့ နောက်မှာ မတ်တပ်ရပ်နေရင်း.. အရိပ်တွေရဲ့ မျက်လုံးတွေကတစ်ဆင့် ကမ္ဘာကြီးကို အာရုံခံကြည့်နေခဲ့တယ်.။ အရိပ်တွေက အရှေ့ဘက် အဝေးကြီးကို ကြိုတင် သွားလာနေကြကာ.. ကြီးမားတဲ့ အတားအဆီးတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခိုလှုံရာလမ်းကြောင်းတွေကို ရှာဖွေ စူးစမ်းနေခဲ့ကြပါတယ်..။
ခိုလှုံဖို့နေရာ… ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး..။
ပြီးတော့ သူတို့ကို ဝါးမြိုတော့မယ့် သားရဲအုပ်ကြီးကလည်း အရှိန်လျှင်မြန်စွာနဲ့ကို မြန်ဆန်လွန်းနေခဲ့တယ်..။
ရုတ်တရက်ဆိုသလိုပဲ သူ့ ခေါင်းက ဘေးကို ဆတ်ခနဲ လှည့်ကြည့်လိုက်တယ်..။ အရှေ့ဘက် မီတာအနည်းငယ်အကွာမှာရှိတဲ့ ကမ်းပါး ရဲ့ နက်ရှိုင်းတဲ့ အက်ကွဲကြောင်းတစ်ခုထဲကနေ.. လျင်မြန်တဲ့ အရိပ်တစ်ခုက ချဉ်းကပ်လာနေခဲ့တာပါ။ဒီအရာက ရိုင်နို ဆီကို အရှိန်အဟုန်နဲ့ တိုးဝင်လာခဲ့တယ်..။ ဆန်နီ မြင်လိုက်ရတာကတော့ သန်မာလှတဲ့ ခန္ဓာကိုယ်တစ်ခုပါပဲ။သူ့မှာ.. ရူးသွပ်မှုတွေ တောက်လောင်နေတဲ့ မျက်လုံးတစ်စုံ နဲ့ သတ္တုနဲ့ ပြုလုပ်ထားသလိုမျိုး တောက်ပနေတဲ့ လက်သည်းချွန်တွေအမြောက်အမြား ရှိနေခဲ့တယ်..။
ခြုံခိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ အိပ်မက်ဆိုး သတ္တဝါက သံချပ်ကာယာဉ်ကို ဝင်မဆောင့်ခင်မှာပဲ.. အနက်ရောင် မြှားတစ်စင်းက သူ့ရဲ့ လည်ပင်းကို စိုက်ဝင်သွားခဲ့ပါတယ်။ဒီမြားချက်က. သားရဲကြီးကို အနောက်ဘက်ဆီ လွင့်စင်သွားစေကာ ကျောက်တုံးပေါ်မှာ စိုက်ကပ်နေစေခဲ့တယ်..။ ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေတဲ့ သူတော်စင် ကတော့ စိုက်ကပ်ခံထားရတဲ့ အလောင်းကြီး ဘေးကနေ ဖြတ်ကျော်သွားစဉ်မှာပဲ [မော်ဂန်ရဲ့ စစ်ပွဲလေး] ရဲ့ လေးကြိုးကို နောက်တစ်ကြိမ် ထပ်မံ ဆွဲတင်လိုက်ပါတယ်..။
လူစတာ တုန်လှုပ်သွားခဲ့ပေမဲ့ ယာဉ်ကိုတော့ တည့်မတ်အောင် ဆက်ပြီး ထိန်းထားနိုင်ဆဲပါပဲ..။
“…ဒီတစ်ခုက အတော်လေး နီးစပ်သွားတယ်နော် ဆျာ”
ဆန်နီမှာ ပြန်ပြောဖို့ စကားလုံး မရှိခဲ့ပါဘူး..။
သူတို့တွေဟာ ရနိုင်သမျှ အရှိန်အကုန် မြှင့်ပြီး မောင်းနှင်နေရတာ မှန်ပေမဲ့.. အခုလိုမျိုး မဆင်မခြင် သွားလာနေရတာကလည်း သူ့ အန္တရာယ်နဲ့သူ ရှိနေပါတယ်..။ ခြုံခိုတိုက်ခိုက်မှုတွေကို ကြိုတင် မသိနိုင်တာကလည်း အန္တရာယ်တွေထဲက တစ်ခုပါပဲ..။
ဒါတောင်မှ သူတို့ရဲ့ အရှိန်က မလုံလောက်သေးပါဘူး။
“…ပိုပြီး မြန်မြန်မောင်း”
အခုအချိန်မှာတော့ နီးကပ်လာနေတဲ့ နှင်းမုန်တိုင်းကြီးက ထူးဆန်းပြီး သဘာဝမကျဘူးဆိုတာကို လူတိုင်း ရိပ်မိနေကြပါပြီ..။ ပျံသန်းနိုင်တဲ့ သားရဲတွေကို သူတို့ရဲ့ မျက်စိနဲ့ တိုက်ရိုက် မြင်တွေ့နိုင်ဖို့ မိနစ်အနည်းငယ်လောက် လိုသေးပေမဲ့.. ကြောက်ရွံ့မှုတွေကတော့ ယာဉ်တန်းတစ်ခုလုံးမှာ ပြန့်နှံ့နေခဲ့ပါပြီ..။ ဆန်နီ့အနေနဲ့ ဘယ်သူ့ကိုမှ အမြန်လုပ်ဖို့ အတင်းအကျပ် ပြောနေဖို့ မလိုတော့ပါဘူး..။
ဒါပေမဲ့ ဒီတိုင်း ဘာမှမပြောပဲနေတာကတော့ သူ့အတွက်တောင်မှ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းနေခဲ့ပါတယ်..။
‘သောက်ကျိုးနည်း…’
သူ့ရဲ့ စိတ်ထဲမှာတော့ တောင်တန်းတွေရဲ့ မြေပုံ ပုံရိပ်က ရှိနေခဲ့တယ်..။ဆန်နီ မြေပုံကို သေချာ လေ့လာကြည့်ရင်း လွတ်မြောက်ဖို့ လမ်းစကို အသည်းအသန် ရှာဖွေနေခဲ့ပါတယ်..။ သူက သွားရမယ့် အကောင်းဆုံး လမ်းကြောင်းကို သိထားပြီးသား ဖြစ်ပေမဲ့.. တစ်ဖက်မှာလည်း အချိန်နှောင်းသွားပြီဆိုတဲ့ စိုးရိမ်စိတ်က တဖွားဖွား ပေါ်ပေါက်နေခဲ့တယ်..။
သူက နီးကပ်လာနေတဲ့ သားရဲအုပ်ကြီးရဲ့ အရှိန်ကို အတိအကျ မသိရပေမဲ့..အဝေးမှာရှိတဲ့ ကောင်းကင်ကြီးကို..မြန်မြန်ဆန်ဆန် ဝါးမြိုနေတာကို ကြည့်ခြင်းအားဖြင့်တော့.. သူတို့တွေ လွတ်မြောက်ဖို့ အခွင့်အရေးက တကယ့်ကို နည်းပါးလှပါတယ်..။
…အရှေ့ဘက် လမ်းမပေါ်မှာတော့ လမ်းမှားနေတဲ့ အိပ်မက်ဆိုး သတ္တဝါတစ်ကောင် ပေါ်လာခဲ့တယ်..။ဒီသားရဲ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ ကြီးမားလှတဲ့ အရိပ်ကြီးတစ်ခုက အမှောင်ထုထဲကနေ ထွက်လာပြီး သူ့ဆီကို ဒုန်းစိုင်း တိုးဝင်လာခဲ့တယ်..။ ထပ်တူညီမှု ရဲ့ သန်မာတဲ့ မေးရိုးကြီးတွေက သားရဲရဲ့ လည်ပင်းကို ကိုက်ခဲလိုက်ပြီး.. အားပြင်းစွာ ခါယမ်းလိုက်ကာ ချောက်ထဲကို ပစ်ချလိုက်ပါတယ်..။
ယင်းနောက်မှာတော့ တက်ရောက်မူ အဆင့် သားရဲကြီးက အရှေ့ကို ဆက်ပြီး ပြေးသွားခဲ့တယ်။ပိုမို သေးငယ်တဲ့ ထပ်တူညီမှု သားရဲလေး ကလည်း သူ့ နောက်ကနေ လိုက်သွားခဲ့ပါတယ်..။ မကြာခင်မှာတော့ သူတို့တွေက လမ်းခွဲတစ်ခုဆီကို ရောက်ရှိလာခဲ့ကြပြီး.. ဘယ်လမ်းကို သွားရမလဲ မသေချာတာကြောင့် ရပ်တန့်နေခဲ့ကြပါတယ်..။
…ဆန်နီ ကတော့ သိနေခဲ့ပြီးသားပါ..။ သူ့ရဲ့ အရိပ်တွေက လမ်းနှစ်ခုလုံးကို စူးစမ်းလေ့လာထားပြီးသား ဖြစ်လို့ မြေပုံပေါ်က အချက်အလက်တွေကို အတည်ပြုပေးနိုင်ခဲ့ပါတယ်..။
ရိုင်နို က လမ်းခွဲဆီကို မရောက်ခင် စက္ကန့်အနည်းငယ်အလိုမှာပဲ ဆန်နီ အရှေ့ကို ကိုင်းလိုက်ပြီး လူစတာ ကို လှမ်းပြောလိုက်တယ်..။
“ညာဘက်လမ်းကို ယူလိုက်”
တကယ်လို့ ပျံသန်းနေတဲ့ သားရဲအုပ်ကြီးရဲ့ လမ်းကြောင်းကနေ လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိချင်တယ်ဆိုရင်တော့ ညာဘက်လမ်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ လမ်းကြောင်း ဖြစ်နေပါတယ်..။ ဒါပေမဲ့ ပြဿနာတစ်ခုကတော့…
မီတာအနည်းငယ် အကွာအဝေးမှာ.. လှည့်လည်သွားလာနေတဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်စုတစ်ခုရဲ့ ခန္ဓာကိုယ်တွေက လမ်းကို ပိတ်ဆို့ထားခဲ့တာပါ..။
မကြာခင်မှာပဲ လူစတာ လည်း ဒီကောင်တွေကို မြင်သွားခဲ့တယ်..။
“…ကပ္ပတိန်..ကျွန်တော်တို့…ဘာဆက်လုပ်မှာလဲ”
ဆန်နီကထိုင်ခုံရဲ့ အနောက်ကို သွားလိုက်ပြီး အရှေ့ကို ကိုင်းညွတ်လိုက်တယ်..။
“ဒီအတိုင်း ဝင်တိုက်ပြီး ဖြတ်မောင်းသွားလိုက်”
သူတို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ..။
ရိုင်နို ရဲ့ ဦးပိုင်းက ထိုးခွဲမယ့်အရာကလည်း အောက်ကို နှိမ့်ထားပြီးသားပါ..။ ဒီသားရဲတွေက အလွန်ဆုံးမှ နိုးထသူ အဆင့်တွေပဲ ဖြစ်တာကြောင့်.. အရှိန်အဟုန်နဲ့ မောင်းနှင်လာတဲ့ သံမဏိ တန်ချိန်များစွာက သူတို့ကိုစုတ်ပြတ်သတ်သွားအောင် လုပ်နိုင်မှာ သေချာပါတယ်။.. ဒီလို မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ လမ်းပေါ်ကနေ လွင့်စင်သွားအောင် ပစ်ချနိုင်မှာပါ..။
လူစတာ က တံတွေးကို မျိုချလိုက်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာကာ.. တိုက်မိမှာကို နည်းနည်းလေးမှ မရှောင်ရှားဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုး သတ္တဝါတွေဆီကို အရှိန်မြှင့်ပြီး မောင်းနှင်သွားခဲ့ပါတယ်..။အမှန်တော့ ကျဉ်းမြောင်းတဲ့ လမ်းပေါ်မှာ သားရဲတွေကို ကွေ့ဝိုက်ပြီး မောင်းနှင်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်တာပါပဲ..။
သတ္တဝါတွေအနေနဲ့ ပြန်လည် တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ…
ရိုင်နို က သားရဲတွေဆီကို ဝင်ဆောင့်မိသွားတာကြောင့် တုန်ခါသွားခဲပြီး..သူ့ရဲ့ သံချပ်ကာ လေကာမှန်ပေါ်မှာတော့ ရွံရှာဖွယ်ကောင်းတဲ့ သွေးတွေ နဲ့ စုတ်ပြတ်သတ်သွားတဲ့ အသားစိုင်တွေက ချက်ချင်းဆိုသလို ပေကြံကုန်ခဲ့ပါတယ်..။လူစတာကတော့ တစ်ချက်ကလေးမှ အရှိန်မလျော့စေဘဲ စတီယာတိုင်ကို အနည်းငယ် ပြောင်းလဲလိုက်ကာ..ယာဉ်ကို ဘေးဘက်ကို ယိမ်းမသွားအောင် ထိန်းကျောင်းလိုက်တယ်။ပြီးတာနဲ့.. အပြင်ဘက် ကင်မရာတွေကနေ ပြသနေတဲ့ မျက်နှာပြင်ဆီကို အကြည့်ကို ရွှေ့လိုက်ပါတယ်..။ ကားမှန်သုတ်တံတွေက သံချပ်ကာ မှန်ကို သန့်ရှင်းအောင် မလုပ်ပေးနိုင်မချင်းတော့ မှန်ကို ဖြတ်ပြီး မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။
ဒီနည်းလမ်းနဲ့ပဲ သားရဲအုပ်စုကြီးက သတ်ဖြတ်ခြင်း ခံလိုက်ရတာ ဒါမှမဟုတ် လမ်းပေါ်ကနေ လွင့်စင်သွားခဲ့ရတာကြောင့် ယာဉ်တန်းအတွက် လမ်းက ပွင့်သွားခဲ့ရပါတယ်..။
တစ်ကောင်ကလွဲလို့ပေါ့..။
ရိုင်နို ရဲ့ ဦးပိုင်းကို ဖက်တွယ်ထားရင်းနဲ့ သွေးထွက်သံယို ဖြစ်နေတဲ့ သားရဲကြီးက သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကို အပေါ်ကို ဆွဲတင်လိုက်ပြီး.. သန်မာလှတဲ့ လက်တစ်ဖက်ကို မြှောက်ကာ လေကာမှန်ကို ပြင်းထန်စွာ ရိုက်နှက်ဖို့ လုပ်နေခဲ့တာပါ..။
…ဒါပေမဲ့ သူ ဒီလို မလုပ်နိုင်ခင်မှာတင် သံချပ်ကာယာဉ်ရဲ့ ရှေ့မျက်နှာစာ မီးမောင်းတွေကြားထဲမှာ ခိုအောင်းနေတဲ့ အရိပ်တွေက အရှေ့ကို တိုးထွက်လာခဲ့ကြပြီး.. ထက်မြက်လှတဲ့ ဆူးချွန်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်..။အရိပ်ဆူးချွန်တွေက သတ္တဝါကြီး ကိုယ်ထဲကို ရောက်သွားခဲ့ကြပြီးတာနဲ့ အနက်ရောင် လက်တံတွေအဖြစ် ထပ်မံ ပြောင်းလဲသွားခဲ့ကြတယ်။
ခနအကြာမှာတော့ သားရဲကြီးဟာ အတွင်းပိုင်းကနေ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီး အမှောင်ထုထဲကို လွင့်စင်သွားခဲ့ပါတော့တယ်..။
“ဆက်မောင်း.."
ဆန်နီ အံကြိတ်လိုက်မိပြီး.. အနောက်ကြည့် ကင်မရာတွေထဲက တစ်ခုကနေ ဂီရီ ရဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်ရဲ့ လက်နက်တွေ ကနေ ထွက်ပေါ်လာတဲ့ မီးပွင့်တွေကို မြင်လိုက်ရတာကြောင့် တုန်လှုပ်သွားခဲ့ရတယ်..။သူ သေချာ အာရုံစိုက်ကြည့်လိုက်တဲ့အခါမှာတော့ စစ်သားတွေက သေနတ်တွေ စပြီး ပစ်ခတ်နေကြပြီဆိုတာကို သူ မြင်လိုက်ရတာပါ..။
သူတို့က ကောင်းကင်ကို ပစ်ခတ်နေခဲ့ကြပါတယ်..။
ဝါးမြိုမယ့် သားရဲအုပ်ကြီးက အနည်းငယ် ဝေးနေသေးတာ မှန်ပေမဲ့.. အုပ်စုကနေ ကွဲထွက်လာတဲ့ ပထမဆုံး သတ္တဝါကတော့ အေးစက်လှတဲ့ အမှောင်ထုထဲကနေ ယာဉ်တန်းဆီကို ပျံသန်းဆင်းသက်လာခဲ့တာပါ..။ ဒီသတ္တဝါက အရမ်းကြီး မကြီးမားလှပေမဲ့ အနီးကပ် ကြည့်ရတာတော့ ပိုပြီး ကြောက်စရာကောင်းသလို ရွံရှာဖို့လည်း ကောင်းပါတယ်..။
ကျည်ဆန်မိုးတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ဆုတ်ဖြဲသွားခဲ့ကြပြီး [ခါးသက်သော ခွက်] ရဲ့ အဆိပ်တွေကို ပေးအပ်လိုက်ကြတယ်..။ကျည်ဆန်တွေက ပျံသန်းနိုင်တဲ့ သားရဲကို သတ်ပစ်ဖို့အတွက် လုံလောက်သင့်တာ မှန်ပေမဲ့ အဆိပ်ရဲ့ အာနိသင်က ချက်ချင်း ဖြစ်ပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး..။ စစ်သားတွေက တုံ့ပြန်တာ အရမ်း နှေးကွေးသွားတာကြောင့်ပဲ ဖြစ်ဖြစ်.. ဒါမှမဟုတ် အိပ်မက်ဆိုး သတ္တဝါက အရမ်း မြန်လွန်းနေတာကြောင့်ပဲ ဖြစ်ဖြစ်.. ဘာအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ.. သူ့ရဲ့ စုတ်ပြတ်နေတဲ့ ခန္ဓာကိုယ်ကြီးက ဆက်ပြီး ကျဆင်းလာခဲ့ကာ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေထဲက တစ်စီးရဲ့ ပြတင်းပေါက်တွေဆီကို နီးကပ်လာခဲ့ပါတယ်..။
ယင်းနောက်မှာတော့ မြှားတစ်စင်းက လေထုကို ဖြတ်သန်းပြီး လျှပ်စီးလို လင်းလက်သွားခဲ့ရကာ သားရဲကြီးကို တစ်ဝက်စီ ပိုင်းဖြတ်သွားခဲ့တယ်..။ ပိုင်းဖြတ်ခံလိုက်ရတဲ့ အစိတ်အပိုင်းတွေက တောင်စောင်းနဲ့ ဆောင့်မိသွားခဲ့ကြပြီးအောက်ကို ပြုတ်ကျသွားခဲ့ကြတယ်။. မကြာခင်မှာပဲ အရှိန်နဲ့ မောင်းနှင်နေတဲ့ ယာဉ်တွေရဲ့ ဘီးတွေအောက်မှာ ရွံရှာဖွယ်ကောင်းတဲ့ ကြိတ်ခြေသံနဲ့အတူ ပျောက်ကွယ်သွားခဲ့ပါတော့တယ်..။
ဆန်နီ လေးလံစွာ သက်ပြင်းတစ်ချက်ကို လိုက်မိပြီး စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။
…ဒါပေမဲ့ အဆိုးရွားဆုံး အခြေအနေတွေက အခုမှ စတင်ရုံပဲ ရှိသေးတာပါ..။
ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး သတ္တဝါကို သတ်ဖြတ်ပြီးသွားတဲ့ နောက်မှာတောင် စက်သေနတ်တွေရဲ့ ပစ်ခတ်သံတွေက လုံးဝ ရပ်တန့်မသွားခဲ့လို့ပါပဲ..။
အပိုင်း ( ၉၂၇ ) ပြီး၏။