← Chapters

အခန်း ၉၂၈

Vol. 62 Ch. 928

အခန်း ၉၂၈

Vol. 62 Ch. 928

အပိုင်း ( ၉၂၈ ) ဝါးမြိုမယ့် တိမ်တိုက်ကြီး

[သင်သည် နိုးထမူ အဆင့် သားရဲ ‘ဝါးမြိုခြင်း တိမ်တိုက်ရဲ့ မျိုးဆက်’ ကို သတ်ဖြတ်လိုက်ပါပြီ… ]

လမ်းက အောက်ဘက်ကို ဆက်လက် ဆင်းသွားခဲ့ပြီး.. မကြာခင်မှာပဲ ချောက်ကမ်းပါးကြီးရဲ့ အောက်ခြေမှာရှိတဲ့ ကွေ့ကောက်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက် တည်ရှိနေခဲ့ပါတယ်..။ ချောက်နက်ထဲကို ပြုတ်ကျမယ့် အန္တရာယ် မရှိတော့တာကြောင့် ယာဉ်တန်းက အသက်ရှူချောင်သွားခဲ့ရပြီး အရှိန်ကို ပိုပြီးတော့မြှင့်တင်လိုက်ကြတယ်..။

ဒါပေမဲ့လည်း အခြေအနေက ပိုပြီးတော့ ဆိုးရွားနေဆဲပါပဲ..။

အခုအချိန်မှာတော့ အဝေးမှာရှိတဲ့ တောင်တန်းတွေဟာ နီးကပ်လာနေတဲ့ သားရဲအုပ်ကြီးရဲ့အောက်မှာ လုံးဝ ကွယ်ပျောက် သွားခဲ့ပါပြီ..။ အနီးဆုံးမှာရှိတဲ့ တောင်ထိပ်အချို့ကို မြင်တွေ့နေရသေးပေမဲ့.. အဲဒီတောင်တွေကလည်း စတင်ပြီး ဝေဝါးလို့ လာနေခဲ့တယ်။

သားရဲအုပ်ကြီးရဲ့ အရှေ့ကနေ ကြိုတင်ပြီး ပျံသန်းလာကြတဲ့ သားရဲတွေဟာ ပိုမို များပြားလာခဲ့ပါတယ်။သူတို့က အရှိန်နဲ့ မောင်းနှင်နေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ စက်သေနတ်စင်တွေကို ထိန်းချုပ်နေတဲ့ စစ်သားတွေကို ကိုက်ခဲဖို့အတွက်..သူတို့ရဲ့ စက်ဝိုင်းပုံစံ နှုတ်သီးကြီးတွေကို ကျယ်လောင်စွာ ဖွင့်ဟထားခဲ့ကြတယ်..။

အစပိုင်းမှာတော့ သူတို့က တစ်ကောင်ပြီးတစ်ကောင် လာခဲ့ကြတာပါ..။ယင်းနောက်မှာတော့ တစ်ပြိုင်နက်တည်း အများကြီး ပေါ်လာခဲ့ကြတယ်..။ တစ်နေရာ အရောက်မှာတော့ စက်သေနတ်မျှော်စင်တွေရဲ့ ပစ်ခတ်သံတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်..။

စစ်သားတွေဟာ ပစ်မှတ်တွေကို အချိန်မီ ရှာဖွေနိုင်ဖို့အတွက် စပေါ့တာ တွေကို အားကိုးရင်းနဲ့ စိတ်အားထက်သန်စွာ တိုက်ခိုက်နေခဲ့ကြတာပါ..။ ဝင်ရိုးစွန်းညရဲ့ ကြောက်မက်ဖွယ် မှောင်မိုက်မှုကိုတော့ အားကောင်းတဲ့ မီးမောင်းတန်းကြီးတွေက ဖြတ်သန်းဖြိုခွဲနေခဲ့ကြပြီး.. ကျည်ဆန်တွေကလည်း အနီရောင် အလင်းတန်းတွေအဖြစ် ကောင်းကင်ယံမှာ ခြယ်မှုန်း နေခဲ့ပါတယ်..။

ကောင်းကင်ထက်မှာတော့ ဆန်းကျယ်လှတဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေက ကြယ်တာရာတွေကြားထဲမှာ တောက်ပနေခဲ့ပြီး.. ဖြည်းဖြည်းချင်း အနီရောင်အဖြစ် ပြောင်းလဲ လာနေခဲ့တယ်.။

ဆန်နီ ကတော့ တစ်လောကလုံးကို ကျိန်ဆဲနေခဲ့မိတာပါ..။

ရိုင်နို ရဲ့ အတွင်းထဲမှာ ဘာမှမလုပ်နိုင်ပဲ.. စောင့်ဆိုင်းနေရတာကို စိတ်ပျက်လာတာကြောင့် ဆန်နီဟာ အပေါ်ဘက် အပေါက်ကနေတစ်ဆင့် အမိုးပေါ်ကို တက်လိုက်တယ်။သူက ရုတ်တရက်. ဖြတ်သန်းတိုက်ခတ်လာတဲ့ ပြင်းထန်တဲ့ လေပြင်းတွေရဲ့ အေးစက်တဲ့ ဒဏ်ကြောင့် ယိမ်းထိုးသွားခဲ့ရပါတယ်..။ မလှမ်းမကမ်းမှာတော့ သူတော်စင် က မတ်မတ်ရပ်နေခဲ့ပြီး အမှောင်ထုထဲကို မြှားတွေကို တစ်စင်းပြီးတစ်စင်း ပစ်ခတ်နေခဲ့တာပါ..။ မြှားတစ်စင်းချင်းစီက သက်ရှိတစ်ခုစီရဲ့ အသက်ကို နှုတ်ယူသွားခဲ့ကြပြီး.. ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေကတော့ ယာဉ်တန်းရဲ့ အနောက်က နှင်းပုံတွေထဲကို မိုးရွာသလိုမျိုး ကျဆင်း နေခဲ့ပါတယ်..။

အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးရဲ့ အမိုးပေါ်က စက်သေနတ်အိမ်ထဲမှာတော့ ဆမ်မာရာ က သူမရဲ့ ရိုင်ဖယ်သေနတ်ကို တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေခဲ့တယ်။ကောင်းကင်ပေါ်မှာတော့ စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ကျည်ဆန်တွေကြောင့် သွေးနီရောင်အလင်းတန်း ပေါက်ကွဲမှုတွေက ပစ်ခတ်မူတိုင်းမှာ ထွက်ပေါ် နေခဲ့တာပါ..။

အခြား နိုးထသူ တွေကလည်း စစ်သားတွေကို ကူညီပေးနေခဲ့ကြတာပါပဲ..။ သူတို့အားလုံးမှာ အဝေးကနေ တိုက်ခိုက်နိုင်တဲ့ မှတ်သားမှု တွေ ရှိနေခဲ့ကြပေမဲ့.. အသုံးပြုရတာတော့ ကျွမ်းကျင်မှု သိပ်မရှိကြပါဘူး..။အမှန်တကယ် ထူးဆန်းတာကတော့ ဒီယာဉ်တန်းထဲမှာ သူတော်စင် နဲ့ ဆမ်မာရာ ပြီးရင် အကောင်းဆုံး လက်ဖြောင့်စစ်သည် ဖြစ်နေတာက အိပ်စက်သူ ဖြစ်နေခဲ့ပါတယ်..။ သူ့ရဲ့ မြှားကျည်တောက် ထဲမှာတော့ အဆိပ်လူးမြှားတွေ အပြည့် ရှိနေခဲ့တယ်..။

…စိတ်ပျက်စရာ ကောင်းတာက ဆန်နီမှာ သင့်တော်တဲ့ လက်နက်တစ်ခုမှ ရှိမနေခဲ့တာပါပဲ..။ သူ့မှာ လေးတစ်စင်းပဲ ရှိတာဖြစ်ပြီး ဒါကိုလည်း လက်ရှိအချိန်မှာ သူ့ရဲ့ အရိပ် က အသုံးပြုနေခဲ့ပါတယ်..။

‘ချီးတဲ့မှပဲ…’

[ထာဝရချိန်း] က သူ့ရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီးသား ဖြစ်သလို.. [သေဆုံးခြင်း ဆန္ဒ] ကလည်း အိပ်မက်ဆိုး သတ္တဝါတွေကို ဆွဲဆောင်နေခဲ့တာကြောင့် အနီးဆုံးမှာရှိတဲ့ ကောင်တွေက သူ့ကိုသာ ဦးတည်ပြီး တိုက်ခိုက်ဖို့ ကြိုးစားနေခဲ့ကြတယ်..။ဒါ့ကြောင့် သူတို့ရဲ့ တိုက်ခိုက်မှု ပုံစံကို ခန့်မှန်းရ နည်းနည်း ပိုလွယ်ကူသွားခဲ့ရပြီး.. ကျည်ဆန်တွေကလည်း ပစ်မှတ်ကို ပိုပြီး ထိမှန်သွားခဲ့ရတာပါ..။ သူကတော့ တခြား ဘာလုပ်ရမှန်း မသိတော့ပါဘူး…။

ဒါပေမဲ့လည်း ဒါတွေအားလုံးက အဓိပ္ပာယ် လုံးဝ မရှိပေ..။

ယာဉ်တန်းအနေနဲ့ ပျံသန်းနိုင်တဲ့ သတ္တဝါတွေကို ထောင်ချီပြီး သတ်ပစ်နိုင်ကောင်း သတ်ပစ်နိုင်ပေမယ်..ဒါက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိသေးတာပါ..။ မိနစ်တိုင်းမှာ တိုက်ခိုက်လာတဲ့ သားရဲ အရေအတွက်က တိုးပွားလာနေပြီး.. စက္ကန့်တိုင်းမှာလည်း ဝါးမြိုမယ့် တိမ်တိုက်ကြီးက ပိုပိုပြီး နီးကပ်လာနေခဲ့တယ်။

မကြာခင်မှာပဲ ဒီ တိမ်တိုက်ကြီးက ချောက်ကမ်းပါးကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မှာ ဖြစ်ပြီး.. အဲ့အချိန်ကျရင်တော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးဟာ ရက်စက်ကြမ်းကြုပ်ပြီး သွေးထွက်သံယို ဖြစ်စရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ရတော့မှာပါ..။ ဆန်နီအနေနဲ့ ယာဉ်တန်းဟာ လေပေါ်မှာပျံသန်းနေတဲ့သားရဲထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး တိုက်ခိုက်နိုင်လိမ့်မယ်လို့ တစ်စက္ကန့်လေးတောင် မတွေးဝံ့ပါဘူး..။

“ငါ ဘာလို့ ဒါကို ထည့်မတွက်မိခဲ့တာလဲ… အရူး… အသုံးမကျတဲ့ အရူး”

သူက အရင်တုန်းက ပျံသန်းနိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်ကြီးတွေနဲ့ မတိုက်ခိုက်ဖူးတာ မဟုတ်ပါဘူး..။ ဒါပေမဲ့လည်း ဆန်နီ့အနေနဲ့ အခုလိုမျိုး အခြေအနေကို သေသေချာချာ ထည့်မတွက်မိခဲ့တာကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုတွေကို မပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဒါပေမဲ့ ဘယ်လို တုံ့ပြန်မှုတွေ ရှိနိုင်ဦးမှာလဲ..။ တကယ်လို့ ကောင်းကင်ကြီးကိုယ်တိုင်က သူတို့ကို ဝါးမြိုဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် လူသားတစ်ယောက်အနေနဲ့ ဘာများတတ်နိုင်ဦးမှာလဲ..။

သူ အံကိုကြိတ်ထားခဲ့တယ်..။

ဆန်နီ မြင်တွေ့နိုင်သရွေ့တော့ လွတ်မြောက်မယ့် လမ်းစ မရှိတော့ပါဘူး..။ သူတို့တွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲအုပ်ကြီးရဲ့ လမ်းကြောင်းကနေ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ကြသလို.. ကောင်းကင်ကနေ ကျဆင်းလာမယ့် ကပ်ဘေးကြီးကို ရှောင်ကွင်းနိုင်မယ့် ခိုလှုံရာ နေရာ တစ်ခုကိုလည်း ရှာမတွေ့ခဲ့ကြပါဘူး..။

စစ်သားတွေကတော့ သူတို့ရဲ့ စက်သေနတ်

တွေကို ဆက်လက် ပစ်ခတ်နေခဲ့ကြပြီး.. သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်ကို သားရဲတွေ ကျဆင်း မလာခင်မှာတင် ကြားဖြတ်တိုက်ခိုက်နိုင်ဖို့အတွက် ကြိုးစားနေကြတယ်။သူတို့က အပူရှိန်ကြောင့် အငွေ့ပျံနေတဲ့ ပြောင်းဝတွေကို ကမန်းကတန်း လွှဲယမ်းနေခဲ့ကြတာပါ..။ သူတော်စင် နဲ့ ဆမ်မာရာ တို့ကလည်း သတ်ဖြတ်ခြင်းကို ဆက်လက် လုပ်ဆောင်နေခဲ့ကြတယ်..။

ဒါပေမဲ့ ဘာအဓိပ္ပာယ်မှ မရှိပါဘူး..။

ဆန်နီဟာ ပါးစပ်ထဲမှာ ခါးသက်တဲ့ အရသာကို ခံစားရင်း အပေါ်ကို လှမ်းကြည့်လိုက်မိတယ်..။

တောင်တန်းတွေက လုံးဝကို ကွယ်ပျောက်သွားခဲ့ပါပြီ..။ သူတို့က တိမ်တိုက်ကြီးရဲ့ လှုပ်ရှားနေတဲ့ အရိပ်တွေအောက်မှာ အကုန်လုံး နစ်မြုပ်သွားခဲ့ရတာပါ..။များပြားလွန်းတဲ့ သတ္တဝါတွေက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့တာကြောင့်..ဝင်ရိုးစွန်းအလင်းတန်းရဲ့ အနီရောင်အလင်းတွေကပဲ သားရဲ အုပ်စုကြီးကို မွေးဖွားပေးလိုက်သလိုမျိုး ဖြစ်နေခဲ့တယ်..။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သားရဲအုပ်ကြီးက ချောက်ကမ်းပါးထဲကို လျှံကျလာတော့မှာ ဖြစ်ပြီး ယာဉ်တန်းပေါ်ကို ဆင်းသက်လာကြတော့မှာပါ…။

သူ့အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာကတော့ ဒီ အိပ်မက်ဆိုး သတ္တဝါတွေ ထဲက အရေအတွက် အချို့ဆိုရင် တောင်မှ လူသားတွေကို စားသောက်ရုံနဲ့ ဗိုက်ဝမှာ မဟုတ်တာပါပဲ..။ ယာဉ်တန်းထဲမှာ ရှိနေတဲ့ လူသားတွေရဲ့ အရေအတွက်က သူတို့ကို ဗိုက်ပြည့်စေ နိုင်ဖို့အတွက် အရမ်းကို နည်းပါးလွန်းနေခဲ့ပါတယ်..။

‘ကျန်တဲ့ကောင်တွေ ငတ်ပြီး သေကြစမ်း..ခွေးသားတွေ…’

ဆန်နီမှာ သင့်တော်တဲ့ လက်နက် မရှိတာကြောင့် သူ့လူတွေရဲ့ နောက်ဆုံး တိုက်ပွဲမှာ တောင်

မကူညီနိုင်ခဲ့ပါဘူး..။

ဒါပေမဲ့… အဲဒါက သူ့ရဲ့ အလုပ် မဟုတ်ပေ..။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အရေးကြီးဆုံး အလုပ်က စဉ်းစားဖို့ ဖြစ်ပေမဲ့.. ဆန်နီ အနေနဲ့ ဘာကိုမှ စဉ်းစားလို့ မရတော့ပါဘူး..။ မြေပုံရဲ့ ပုံရိပ်ကတော့ သူ့ရဲ့ စိတ်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး အမြဲတမ်း စွဲထင်နေခဲ့တာပါ..။ သူ ကြိုတင် မှတ်သားထားခဲ့တဲ့ စခန်းချစရာ နေရာတွေနဲ့ ခိုလှုံရာတွေ အားလုံးက အရမ်းကို ဝေးကွာလွန်းနေခဲ့သလို.. သူ စူးစမ်းထားခဲ့တဲ့ အဆင်ပြေတဲ့ လမ်းကြောင်းတွေ အားလုံးကလည်း အသုံးမဝင်တော့ပါဘူး..။

သူတော်စင် က ရုတ်တရက် အနောက်ကို ဆုတ်လိုက်ပြီး.. နောက်တစ်စက္ကန့်မှာတော့ သားရဲတစ်ကောင်ရဲ့ အလောင်းကြီးက ရိုင်နို ရဲ့ အမိုးပေါ်ကို ပြင်းထန်စွာ ကျဆင်းလာခဲ့ပါတယ်..။ သံချပ်ကာယာဉ်က တုန်ခါသွားခဲ့ပေမဲ့ အရှေ့ကိုတော့ အရှိန်နဲ့ ဆက်ပြီး မောင်းနှင်နေခဲ့တာပါ..။ ညှီစော်နံလှတဲ့ သွေးတစ်စက်က ဆန်နီ့ရဲ့ ခေါင်းစွပ် ပေါ်ကို လာပြီး စင်ခဲ့တယ်..။

သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သေဆုံးသွားတဲ့ သတ္တဝါကြီးရဲ့ရုပ်ဆိုးတဲ့ နှုတ်သီးကြီးကို စိုက်ကြည့်နေမိတယ်။ဒီသားရဲ ရဲ့ ရွံရှာဖွယ် အသွင်အပြင်က..အတော်လေး ဆိုးဝါးပါတယ်။

နှုတ်သီးကြီးတွေ… ဒီကြောက်မက်ဖွယ်ကောင်းပြီး ဆာလောင်နေတဲ့ နှုတ်သီးတွေက မကြာခင်မှာပဲ သူ့လူတွေရဲ့ အသားစတွေကို စားသောက်ကြတော့မှာပါ..။

ဆာလောင်နေတဲ့ နှုတ်သီးတွေ…

ရုတ်တရက်ဆိုသလိုပဲ ခေါင်းစွပ်အောက်မှာရှိတဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ ခက်ထန်တဲ့ အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့တယ်..။

ဆန်နီ လှည့်လိုက်ပြီး အပေါက်ကနေတစ်ဆင့် အောက်ကို ပြန်ဆင်းလိုက်ကာ.. သံချပ်ကာယာဉ်ရဲ့ ကြမ်းပြင်ပေါ်ကို အသံမမြည်ဘဲ ဆင်းသက်လိုက်ပါတယ်။ပြီးတာနဲ့ လူစတာ ဆီကို အပြေးအလွှား သွားခဲ့တယ်..။

‘ဘယ်မှာလဲ… ဘယ်မှာလဲ…’

မကြာခင်မှာပဲ သူ့ရဲ့ အရိပ်တွေထဲက တစ်ခုက အရှေ့ဘက် မီတာတစ်ရာလောက်အကွာမှာ ပင်မလမ်းကနေ ခွဲထွက်သွားတဲ့ ဟောင်းနွမ်းပြီး အကုန်လုံးနီးပါး ပျက်စီးနေတဲ့ လမ်းခွဲတစ်ခုကို သတိပြုမိသွားခဲ့ပါတယ်..။ ရိုင်နို ကလည်း အဲဒီနေရာကို ရောက်ခါနီး ဖြစ်နေခဲ့တာပါ။

“ဘယ်ဘက်ကို ကွေ့လိုက်”

လူစတာ ရဲ့ လက်တွေက သူ့ရဲ့ စိတ်ထက် ပိုပြီး မြန်ဆန်စွာ တုံ့ပြန်လိုက်တာကြောင့် ရိုင်နို ကို အရှိန်အဟုန်နဲ့ တန်းပြီး ကွေ့လိုက်တယ်..။ ယာဉ်တစ်ခုလုံးက တုန်ခါသွားခဲ့ရပြီး..သူ့ရဲ့ ဘီးတွေက အနည်းငယ် ကောင်းမွန်သေးတဲ့ လမ်းမကြီးပေါ်ကနေ သွေဖယ်ကာ .. ပျက်စီးနေတဲ့ လမ်းဟောင်းထဲကို ဝင်ရောက်သွားခဲ့ရပါတယ်..။

လူငယ်လေးက သူ့ရဲ့ ကပ္ပတိန်ကို လှမ်းကြည့်လိုက်မိတယ်..။

“ဆျာ ..ကျုပ်တော်တို့ ဘယ်ကို သွားနေတာလဲ”

ဆန်နီရဲ့ မျက်နှာက အနည်းငယ် ဖြူဖျော့နေခဲ့ပါတယ်..။

“…ဆာလောင်နေတဲ့ ပါးစပ်ထဲကို.”

သူ့အနေနဲ့ ထပ်ပြီး ရှင်းပြနေဖို့ မလိုတော့ပါဘူး..။ အခုအချိန်မှာ သူတို့တွေက ပျက်စီးနေတဲ့ လမ်းဟောင်းထဲကို ဝင်ရောက်လာခဲ့ကြပြီ ဖြစ်တာကြောင့် ရှေ့မှာ လမ်းကြောင်း တစ်ခုတည်းပဲ ရှိပါတော့တယ်..။အဲဒါကတော့ အရှေ့ကို ဆက်သွားဖို့ပါပဲ..။

ပြီးတော့..သူတို့ရဲ့ အရှေ့မှာတော့..

ဘယ်လိုအခြေအနေမျိုးမှာမဆို သူ အတတ်နိုင်ဆုံး ရှောင်ရှားဖို့ မျှော်လင့်ထားခဲ့တဲ့ အရာတစ်ခုက စောင့်ကြိုနေခဲ့တာပါ..။

ဟောင်းနွမ်းပြီး စွန့်ပစ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းကြီး တစ်ခုရဲ့ မှောင်မိုက်လှတဲ့ ဝင်ပေါက်ကြီးပါပဲ..။

မကြာသေးခင်ကမှ ဆန်နီအနေနဲ့ ဒီလိုနေရာမျိုးကို ဘယ်တော့မှ ခြေမချဘူးလို့ ကျိန်ဆိုထားခဲ့တာပါ..။

ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့တွေ အဲဒီနေရာကို အချိန်မီ ရောက်နိုင်ပါစေလို့သာ ဆုတောင်းနေရပါတော့တယ်…။

အပိုင်း ( ၉၂၈ ) ပြီး၏။

All Chapters