← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁)

နာဘု

သူ ဆန်ပြုတ်တစ်ပန်းကန်လုံးကို ကုန်အောင်သောက်၊ ရေနွေးအနည်းငယ် သောက်ပြီးနောက် ပြန်လည်လဲလျောင်းလိုက်သည်။ နာဘုသည် အိစက်ညက်ညောသော ခုတင်ပေါ်တွင် လဲလျောင်းရင်း အိမ်ခေါင်မိုးတန်းများကို ငေးကြည့်နေမိသည်။ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေ၏။

မိမိ၏ဘဝသည် နာကျင်မှု၊ စိတ်ပျက်မှုတို့နှင့်အတူ အဆုံးသတ်တော့မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် ကံတရားက သူ့ကို ချောက်နက်ထဲမှ ပြန်လည်ဆွဲတင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လျှာဖျားတွင် စွဲကျန်နေသော တစ်ခါမှမစားဖူးသည့် အရသာက သူ့ကို များစွာ နှစ်သိမ့်ပေးနေ၏။ ငရဲမှ နတ်ပြည်သို့ တိုက်ရိုက်ရောက်ရှိသွားသလို ခံစားချက်မျိုးကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည်။

နွေးထွေးသော နတ်ဘုံနတ်နန်းကဲ့သို့သော အခန်းလေးထဲတွင် သူ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

ဟွာကျွင်း သမားတော်ထံ သွားကြည့်သောအခါ သူသည် ဒုတိယမြောက် နို့အုတ်ဂျုံ ဆန်ပြုတ်ပန်းကန်ကို သောက်နေဆဲဖြစ်၏။ ဟွာကျွင်း ငွေစများပါသော အိတ်ကို ရှေ့တွင် ချပေးလိုက်မှ သူ မော့ကြည့်လာသည်။

“သူဌေးမဟွာ... ဒါက...”

ဟွာကျွင်းက ပြုံးလျက် သူ၏ရှေ့တွင် ဝင်ထိုင်လိုက်၏။ “ခဏခဏ ဒုက္ခပေးနေရတာ အားနာလို့ပါ။ ဒါက ကျွန်မရဲ့ ကျေးဇူးတင်တဲ့နည်းလမ်းလေးမို့ လက်ခံပေးပါဦး”

သမားတော် အနည်းငယ် အားနာသွားဟန်ဖြင့် ပြောတော့သည်။

“ခင်ဗျား ပေးနေကျ ငွေတွေကတောင် တော်တော်များနေပါပြီ။ ဒီနေ့ဆို စားဖို့သောက်ဖို့ပါ စီစဉ်ပေးသေးတယ်။ ဒီလောက်အထိ မလိုပါဘူး။”

ဟွာကျွင်း

“ဒါက ဆေးဖိုးတင် မဟုတ်ပါဘူး။ ရှင့်ကို သိတဲ့အတိုင်းပဲ၊ ကျွန်မ မုန့်ဆိုင်က လူအဝင်အထွက် များတော့ ထိခိုက်ဒဏ်ရာရတာ၊ ဖျားနာတာတွေ ခဏခဏ ရှိတတ်တယ်။ ဒါကြောင့် အမြဲတမ်း အားကိုးနေရတာပါ”

သူမ စဉ်းစားပြီး ဆက်ပြော၏။

“ရှင်လည်း မြင်တဲ့အတိုင်းပဲ၊ ဟိုလူက တိရှိုးလူမျိုးလေ။ အခု မြို့ထဲမှာလည်း တိလူမျိုးတွေကို လိုက်ဖမ်းနေတာဆိုတော့ ဒါ တိုက်ဆိုင်မှုတစ်ခုလို့ ရှင် ထင်သလား”

သမားတော် ချက်ချင်း သဘောပေါက်သွားသည်။ “သူဌေးမဟွာ စိတ်ချပါ။ ကျွန်တော် ဘာတစ်ခွန်းမှ အပြင်ကို မပေါက်ကြားစေရပါဘူး။”

ဟွာကျွင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“သမားတော်ရဲ့ စိတ်ဓာတ်ကို ယုံကြည်လို့လည်း အမြဲ အကူအညီတောင်းရတာပါ”

သူမ စားပွဲပေါ်က အလွတ်ဖြစ်နေသော ပန်းကန်ကို ကြည့်ကာ မေးလိုက်သည်။

“ဒီဆန်ပြုတ်ကိုရော အကြိုက်တွေ့ရဲ့လား”

“အရသာရှိလိုက်တာ၊ ဒီလောက်ကောင်းတဲ့ ဆန်ပြုတ်မျိုး တစ်ခါမှ မစားဖူးဘူး။ အုတ်ဂျုံကို ဘယ်လိုချက်လို့ ဒီလောက် အိစက်နေရတာလဲ၊ နောက်ပြီး နို့ရဲ့ ညှီနံ့ကိုရော ဘယ်လိုဖျောက်ထားတာလဲ”

ဟွာကျွင်း ထရပ်ကာ ပြုံးလျက် ပြောလိုက်၏။

“ဒါက ကျွန်မတို့ဆိုင်ရဲ့ သီးသန့်လက်ရာမို့လို့ပါ။ နောက်ကျရင် ရှင့်အတွက် အိမ်ယူသွားဖို့ ထုပ်ပေးလိုက်ပါ့မယ်။ မော့ချွမ်း သမားတော်ကြီးကို မြို့ထဲ ပြန်လိုက်ပို့ပေးလိုက်ဦး”

သမားတော်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်၏။

“သူဌေးမဟွာ... ခင်ဗျားတို့ဆီမှာ သမားတော်တစ်ယောက် လိုအပ်နေသေးလား”

ဟွာကျွင်း စဉ်းစားလိုက်သည်။

“ကျွန်မတို့ရွာမှာ သမားတော် တကယ်မရှိတာ၊ ရှင်က ဒီမှာ နေချင်လို့လား”

“ကျွန်တော် ဒီမှာနေရင် နေ့တိုင်း အကြိုအပို့ လုပ်နေရတဲ့ ဒုက္ခလည်း ကင်းတာပေါ့။ မြို့ထဲမှာလည်း ကျွန်တော့်မှာ ထွေထွေထူးထူး မရှိပါဘူး။ အလုပ်ကလည်း ပုံမှန်ပါပဲ...”

ဟွာကျွင်း ဝမ်းသာအားရ ပြောတော့၏။

“ဒါဆိုရင်တော့ အတော်ပဲ၊ ကျွန်မ ရွာသူကြီးကို အိမ်တစ်လုံး ရှာပေးဖို့ ချက်ချင်း ပြောလိုက်မယ်။ မနက်ဖြန်ကစပြီး ဆေးခန်းဖွင့်လို့ ရပြီ”

“ဒါဆို ကျွန်တော် အထုပ်အပိုးတွေ သွားပြင်လိုက်ဦးမယ်။ မနက်ဖြန် မနက်မှ ပြန်လာခဲ့မယ်”

မော့ချွမ်းက သမားတော်၏ ပုခုံးကို ဖက်လိုက်ပြီး ပြော၏။

“ဒါမှပေါ့၊ အခုကစပြီး မိသားစုဝင်တွေ ဖြစ်သွားပြီဆိုတော့ ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူးဆိုတာ ပိုသိလာမှာပေါ့”

သမားတော် လည်ပင်းကို ကျုံ့လိုက်ရင်း ဖြေရှာသည်။ “ဟီးဟီး... ညီလေးမော့ ပြောတာ မှန်ပါတယ်”

အလုပ်ရှုပ်နေသော ဟွာကျွင်း ပန်းထိုးအလုပ်ရုံသို့ သွားရောက်ရာ အမျိုးသမီးတစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့ရ၏။

ဟွာကျွင်း ပြောလိုက်သည်။

“သခင်မလေးကျောက်၊ ဒီရက်ပိုင်းတော့ ဒီမှာ အောင့်အည်းပြီး နေပေးပါဦး”

ထိုသူမှာ အခြားသူမဟုတ်ပေ။ ကျောက်လုအာ ပင် ဖြစ်သည်။ သူမက ဟွာကျွင်းကို ပြုံးပြ၏။

“ကျွန်မကသာ ကျေးဇူးတင်ရမှာပါ။ တကယ်လို့ အဲဒီဓားပြတွေသာ ကျွန်မကို ဖမ်းသွားရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ လမ်းရှိတော့မှာ”

ဟွာကျွင်း

“ဒီရက်ပိုင်း ရွာထဲမှာ လျှောက်လည်လို့ ရပါတယ်။ ကျူးကျူးကို အဖော်လိုက်ခိုင်းလိုက်မယ်။ ကျွန်မတို့ရွာမှာ ရှုခင်းလှတဲ့ နေရာတွေ အများကြီးရှိတယ်”

ကျောက်လုအာ

“တခြားဟာတွေက အရေးမကြီးပါဘူး။ အရေးကြီးဆုံးက... သူဌေးမဟွာ... ကျွန်မ ရှင့်ဆိုင်က မုန့်တွေကို အရမ်းတောင့်တနေတာ။ နေ့တိုင်း ဝအောင် စားလို့ရမလား”

ခေတ်မီလှသော ထိုအရသာများကို ရှေးခေတ်လူများ မည်သို့ ခုခံနိုင်ပါမည်နည်း။ ဟွာကျွင်းက ရယ်မောကာ ပြန်ပြော၏။

“ရတာပေါ့၊ ရှင် မစားနိုင်တော့တဲ့အထိ ကျွေးဖို့ အာမခံပါတယ်”

နာဘု ပြန်နိုးလာသောအခါ ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်က မျက်နှာပေါ်သို့ ကျရောက်နေ၏။ ဘယ်လောက်ကြာကြာ သတိမေ့နေခဲ့သလဲ သူ မသိသော်လည်း လက်မောင်းမှ နာကျင်မှုမှာ မခံမရပ်နိုင်အောင် ဖြစ်နေဆဲပင်။

ရှောင်ရွီ တံခါးကို တွန်းဖွင့်ကာ လင်ဗန်းလေးကို ကိုင်ပြီး ဝင်လာ၏။

“နိုးပြီလား၊ ဆေးသောက်ရမဲ့ အချိန်ရောက်ပြီ”

ဆေးရည်တစ်ပန်းကန် သောက်ပြီးနောက် ရှောင်ရွီ ထူးဆန်းသော ပစ္စည်းအချို့ (ဆေးပြားများ)ကို ပေးလိုက်သည်။ သူ ဘာမှမမေးဘဲ မျိုချလိုက်ပြီး ရေတစ်ငုံ သောက်လိုက်၏။ သူ အားယူကာ ထထိုင်ရန် ကြိုးစားရာ ရှောင်ရွီက အမြန်ပင် ကူတွဲပေးလိုက်သည်။

“ဘာလုပ်မလို့လဲ”

သူ ခုတင်ခင်းပေါ်က သွေးကွက်များကို ညွှန်ပြကာ ပြော၏။

“ဒါတွေ အရမ်းညစ်ပတ်နေပြီ။ ကျွန်တော် သွားလျှော်လိုက်မယ်”

ရှောင်ရွီ သူ့ကို ကူညီပြီး ခုတင်ခင်းနှင့် စောင်စွပ်များကို ချွတ်ပေးရင်း ပြောလိုက်သည်။

“ရှင် စားနှင့်ပါ။ ကျွန်မ သွားလျှော်ပေးမယ်”

နာဘုက မြဲမြံစွာ ဆွဲထား၏။

“မဖြစ်ဘူး၊ ခင်ဗျားကို ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး။ ကျွန်တော့်မှာ ခင်ဗျားကို ပေးဆပ်ရမဲ့ အသက်တစ်ချောင်း ကြွေးတင်နေပြီ”

“ဘာလို့ အဲဒီလို ပြောရတာလဲ၊ ရှင်လည်း ကျွန်မကို ကယ်ခဲ့တာပဲလေ ကျွန်မသာ မရှိရင် ရှင် ဒီလို ဒဏ်ရာရမှာ မဟုတ်ဘူး”

နာဘုသည် ယိုင်တိုင်တိုင်နှင့် အောက်ထပ်သို့ ဆင်းလာသောအခါမှ မိမိသည် တည်းခိုခန်းတစ်ခုသို့ ရောက်နေမှန်း သိလိုက်ရသည်။ အောက်ထပ်တွင် ဧည့်သည်အချို့ မနက်စာ စားနေကြ၏။ ရှောင်ရွီ သူ့ကို အားလပ်သည့် စားပွဲတစ်ခုတွင် ထိုင်ခိုင်းလိုက်သည်။

“အခုတော့ ရှင် အခြေအနေ တော်တော်ကောင်းနေပါပြီ။ ဆန်ပြုတ်ချည်းပဲ စားနေဖို့ မလိုတော့ဘူး။ ဒီတည်းခိုခန်းရဲ့ မနက်စာကို မြည်းကြည့်ဖို့ အခွင့်အရေးပဲ”

သူမ နံရံဘက်ကို ညွှန်ပြ၏။

“ဘာစားချင်လဲ၊ ကျွန်မ သွားယူပေးမယ်”

နာဘု ကြည့်လိုက်ရာ နံရံတစ်လျှောက်တွင် ပြောင်လက်နေသော ငွေရောင်သေတ္တာများ (ဘူဖေးဗန်းများ) ကို တွေ့ရသော်လည်း အထဲတွင် ဘာရှိမှန်း သူ မသိပေ။

“ဒီမှာက မနက်စာကို ကိုယ့်ဘာသာကိုယ် ယူစားရတာ” ရှောင်ရွီ ရှင်းပြ၏။

“ပေါက်စီ၊ ခေါက်ဆွဲကြော်၊ နို့၊ ကြက်ဥနဲ့ ပန်ကိတ်တွေ ရှိတယ်။ ကျွန်မ သွားယူပေးမယ်”

ရှောင်ရွီ လင်ဗန်းတစ်ခုကို ယူကာ သွားထည့်ပေး၏။ သူမ ပြန်လာသောအခါ ချိုသာသောအပြုံးလေးများဖြင့် ပြောလိုက်သည်။

“ရှင် ဘာကြိုက်မှန်း မသိလို့ ဒါလေးတွေပဲ ယူလာခဲ့တယ်”

ပန်းကန်ထဲတွင် ကြက်ဥထမင်းကြော်၊ ကြက်ဥပြုတ်တစ်လုံးနှင့် နို့တစ်ခွက် ပါရှိသည်။

နာဘု အံ့သြတကြီး မေး၏။

“ဒီဆိုင်က တကယ်ပဲ အစားအစာတွေကို လူတွေ စိတ်ကြိုက် ယူစားအောင် ဒီအတိုင်း ချထားပေးတာလား”

“နေ့တိုင်းတော့ မဟုတ်ဘူး။ မနက်စာနဲ့ အဆာပြေစာ ပဲ ဒီလို ရှိတာ”

‘အဆာပြေစာ တောင် ရှိသေးတာလား’

နာဘု ပို၍ အံ့သြသွားသည်။ ၎င်းမှာ အိပ်မက်တစ်ခုလိုပင်။

ဘေးစားပွဲက ဧည့်သည်တစ်ယောက် ပြောလိုက်သည်။ “အားမန်ရဲ့ လက်ရာအတိုင်းပဲ၊ ထမင်းကြော်က မွှေးနေတာပဲ”

အဘွားကျန်း ရယ်မောကာ ဖြေ၏။

“ဆန်ကောင်းတာတင် မဟုတ်ဘူး၊ ဝက်ဆီကိုလည်း အားမန်က စေတနာ ပါပါ ထည့်တာကိုး”

နာဘုသည် မယုံနိုင်ဘဲ ခေါင်းငုံ့ကြည့်လိုက်၏။ အမှန်ပင်။ ထမင်းမှာ ဆန်ချောများဖြင့် ကြော်ထားခြင်းပင်။ နွားကျောင်းသားတစ်ဦးဖြစ်သော သူ့အတွက် ဆန်ဆိုသည်မှာ ကျောက်သံပတ္တမြားကဲ့သို့ တန်ဖိုးကြီးလှ၏၊ ဆန်ချောဆိုလျှင် ပြောနေစရာပင် မလို။

သူသည် ရွှေအိုရောင် ထမင်းစေ့များကို ငေးကြည့်နေစဉ် ရှောင်ရွီက သူ့ကို တို့လိုက်၏။

“မြန်မြန်စားလေ”

ပါးစပ်ထဲ ထည့်လိုက်သောအခါ ထမင်းက နွေးနေဆဲပင်။ ကြက်ဥနှစ်များဖြင့် ဖုံးအုပ်ထားသော ထမင်းစေ့များမှာ လျှာပေါ်တွင် ခုန်ပေါက်နေပြီး မွှေးကြိုင်လှသော ဝက်ဆီနံ့မှာ တစ်ပါးစပ်လုံး ပျံ့နှံ့သွား၏။

“ဘယ်လိုလုပ် ဒီလောက် နူးညံ့တဲ့ အစားအစာမျိုး ရှိနိုင်ရတာလဲ”

နာဘုသည် ပါးစပ်ထဲတွင် ထမင်းများရှိနေဆဲ တိုးတိုးလေး ရေရွတ်မိသည်။

“သိုးသားထက်တောင် ပိုပြီး နူးညံ့နေပါလား”

ရုတ်တရက် သူ ရပ်သွားသည်။ ထမင်းထဲတွင် ဝှက်ထားသော ဝက်အူချောင်းတုံးလေး ကို ကိုက်မိသွားခြင်း ဖြစ်သည်။ ထိုအသားအရသာက ထမင်းကြော်၏ အရသာကို အထွတ်အထိပ်သို့ ပို့ဆောင်ပေး၏။

ဘဝတစ်လျှောက်လုံး သိုးသားကိုသာ ကိုက်ခဲလာခဲ့သော လူမှာ ရုတ်တရက် မျက်ရည်များ ဝဲလာတော့သည်။

သူ့ဘာသာသူ ပြန်မေးမိ၏။

‘ဒီစစ်ပွဲက တကယ်ပဲ လိုအပ်လို့လား’

‘သူတို့က ဒီလူတွေကို ဘာနဲ့ သွားတိုက်မှာလဲ။ ချဉ်စုတ်စုတ် အမဲသားခြောက်တွေနဲ့လား။ ဒါမှမဟုတ် ဓားနဲ့လှီးမှ ပြတ်တဲ့ မာကြောတဲ့ မုန့်ပြားတွေနဲ့လား’

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မြင်သမျှအရာအားလုံးမှာ အလွန်တရာ ဇိမ်ကျလှ၏။

စစ်ပွဲသာ စတင်ခဲ့လျှင် တိလူမျိုးများသည် ဗိုက်ဝ၊ အဝတ်အစား နွေးထွေးစွာ ဝတ်ဆင်ထားသော အလယ်ပိုင်းဒေသ စစ်သားများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပေါက်စီအဖြူတစ်လုံးအတွက်တင် ထိုစစ်သားများသည် သူဌေးမဟွာအတွက် အသက်ပေး တိုက်ခိုက်ကြလိမ့်မည်မှာ အလွန်ပင် သိသာလှ၏။

အခန်း (၂၅၂)

စစ်သူကြီးလုကို ကယ်တင်ပေးပါ

နာဘု မနက်စာစားပြီးနောက် တည်းခိုခန်းထဲမှ ထွက်လာခဲ့ရာ မည်သူမျှ တားဆီးခြင်းမရှိသဖြင့် အနှောင့်အယှက်ကင်းကင်းနှင့် လျှောက်လာနိုင်ခဲ့သည်။

သူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။

‘သူ အဖမ်းခံထားရတာ မဟုတ်ဘူးလား။ ဘာလို့ ဘယ်သူမှ သူ့ကို မတားကြတာလဲ’

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အလုပ်ကိုယ်စီနှင့် ရှုပ်နေကြသော အမျိုးသား၊ အမျိုးသမီးများ၊ ဟိုဟိုဒီဒီ ဖြတ်သန်းသွားလာနေသော ကလေးများကို တွေ့ရသည်။ ဤနေရာရှိ လေထုမှာပင် တခြားနေရာများထက် ပို၍ လတ်ဆတ်နေပြီး စစ်မှန်သော ကမ္ဘာနှင့်ပင် မတူတော့ပေ။

သူ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင် နောက်ဘက်မှ ရှောင်ရွီက လှမ်းခေါ်လိုက်၏။

‘ဒါပေါ့. ငါ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး’

သူ တွေးလိုက်မိသည်။

သူ လှည့်ကြည့်ကာ ရှောင်ရွီကို မေးလိုက်သည်။

“ကျွန်တော် ဟိုဘက်ကို သွားလို့မရဘူးလား”

ရှောင်ရွီ အနည်းငယ် အံ့သြသွားဟန်ဖြင့် ပြောရှာ၏။ “ကျွန်မက ခုတင်ခင်းတွေကို ဘယ်မှာ လျှော်ရမလဲဆိုတာ လာပြောပြတာပါ”

သူမက နာဘု ဂျိုင်းကြားတွင် ညှပ်ထားသော ခုတင်ခင်းကို ညွှန်ပြလိုက်သည်။

နာဘု သဘောပေါက်သွားပြီး ပြော၏။

“ဪ... ကျွန်တော့်ကို စောင့်ကြည့်ဖို့ သူတို့လွှတ်လိုက်တာလို့ ထင်နေတာ”

ရှောင်ရွီ ခပ်ပြုံးပြုံးလေးနှင့် ပြန်ပြောသည်။

“ဘာလို့ စောင့်ကြည့်ရမှာလဲ၊၊ ရှင် ဘယ်သွားသွား ကိစ္စမရှိပါဘူး”

“ဘာလို့လဲ။ ကျွန်တော်က သူလျှိုတစ်ယောက်လေ”

ရှောင်ရွီ သူ့ကို ရွာဘက်သို့ ဦးဆောင်ခေါ်သွားရင်း ပြော၏။

“ဒါပေမဲ့ သူဌေးမဟွာက ရှင့်ကို ဘာလုပ်မယ်ဆိုတာ အခုထိ ဘာမှမပြောသေးဘူးလေ”

သူတို့သည် အိမ်နိမ့်နိမ့်လေးတစ်လုံး ရှေ့သို့ ရောက်လာကြရာ ရှောင်ရွီ ပြောလိုက်သည်။

“ဘယ်ဘက်က အခန်းမှာ ရှင် နေလို့ရပါတယ်။ အနောက်ဘက် ခြံဝင်းထဲမှာ ရေတွင်းရှိတယ်၊ အဲဒီမှာ ရေခပ်လို့ရတယ်”

နာဘု ပို၍ပင် မှင်တက်သွားရ၏။

“ကျွန်တော့်အတွက် အခန်းတစ်ခန်း စီစဉ်ပေးထားတာလား”

ထိုစဉ် ကူပါး တံခါးကို တွန်းဖွင့်ထွက်လာပြီး သူတို့နှစ်ယောက်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ၊ ရှောင်ရွီ၊ နာဘု”

ထို့နောက် သူက နာဘုကို လက်လှမ်းပြကာ ပြောလိုက်၏။

“လာလေ နာဘု၊ ငါ မင်းအတွက် အခန်းကို စစ်ဆေးပေးထားပြီးပြီ။ ဒီအခန်းက တောင်မြောက် လေဝင်လေထွက်လည်း ကောင်းတယ်၊ မနက်ခင်းဆို နေရောင်က အခန်းထဲအထိတောင် ဝင်တာ”

နာဘု မျက်မှောင်ကြုတ်လျက် ရပ်နေဆဲပင်။

“ဘာလို့ ကျွန်တော့်အတွက် အိမ်စီစဉ်ပေးရတာလဲ”

ကူပါး

“သူဌေးမဟွာက မင်းမှာ သွားစရာ နေရာမရှိမှာစိုးလို့ အထူးစီစဉ်ပေးထားတာလေ”

နာဘု

“မင်းရော၊ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ”

ကူပါးက ခေါင်းကုတ်ရင်း ပြောရှာသည်။

“ငါလည်း သွားစရာ နေရာမရှိလို့ပေါ့”

နာဘု တင်းမာစွာ ပြန်ပြောသည်။

“သူဌေးမဟွာက ငါတို့ကို ဘာလို့ လက်ခံထားရတာလဲ။ အကြောင်းပြချက်မရှိဘဲ ငါတို့ကို အိမ်တွေပါ ပေးထားတယ်ဆိုတော့ သူ့မှာ ဘာအကြံအစည်ရှိလို့လဲ”

‘ဒီလောကမှာ ဒီလောက်စေတနာကောင်းတဲ့လူ ရှိပါ့မလား၊ အကြောင်းမဲ့ သက်သက် စေတနာပြနေရင် သစ္စာဖောက် ဒါမှမဟုတ် သူခိုးပဲ ဖြစ်ရမယ်’

ကူပါး မျက်တောင်ခတ်ကာ အတည်ပေါက် ပြော၏။

“သူ ငါ့ကို အကြောင်းမဲ့ အိမ်ပေးထားတာ မဟုတ်ဘူးနော်။ ငါက သူ့အတွက် မြင်းတွေကို လေ့ကျင့်ပေးရတာ။ ငါ့ကို လစာတောင် ပေးသေးတယ်”

ထို့နောက် သူက နာဘုကို ပြန်မေးသည်။

“မင်းကော၊ မင်း ဘာအလုပ် လုပ်မှာလဲ”

“ကျွန်တော်...”

နာဘု စကားထစ်သွား၏။ သူ ဘာလုပ်နိုင်မှန်း သူကိုယ်တိုင်လည်း မသိပေ။

သူ လှည့်ထွက်ရန် ပြင်လိုက်ရင်း ပြောလိုက်သည်။ “ကျွန်တော်က သူလျှိုတစ်ယောက်ပဲ၊ နှင်ထုတ်ခံထားရတဲ့ သူလျှိုတစ်ယောက်လေ။ ဒီမှာ မနေရဲပါဘူး”

ရှောင်ရွီ သူ့ကို အမြန်တားလိုက်၏။

“ဒီအခြေအနေနဲ့ ရှင် ဘယ်ကို သွားမှာလဲ၊ ကျွန်မတို့ ရှင့်ကို ခက်ခက်ခဲခဲ ကယ်ထားရတာ၊ ရှင့်ခန္ဓာကိုယ်ကို ဒီအတိုင်း ပစ်ထားတော့မလို့လား”

“ရှောင်ရွီ၊ ခင်ဗျား မသိပါဘူး။ ကျွန်တော် ဒီမှာနေဖို့ မထိုက်တန်ဘူး။ ကျွန်တော် သူလျှိုဖြစ်ခဲ့ဖူးတာ”

ရှောင်ရွီ သူ့စကားကို ဖြတ်ပြောလိုက်၏။ “ကျွန်မက ပြည့်တန်ဆာတစ်ယောက် ဖြစ်ခဲ့တာတောင် ဘယ်သူမှ ကျွန်မကို အထင်မသေးကြဘူး”

နာဘု ဆွံ့အသွားရသည်။

“မင်း...”

ရှောင်ရွီက ခေါင်းငုံ့ကာ ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မ ရှင့်ကို လိမ်ထားတာ။ ကျွန်မ ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးတယ်”

သူမ ရုတ်တရက် မော့ကြည့်လိုက်ပြီး ဆက်ပြော၏။ “ဒါပေမဲ့ ဒီမှာ ဘယ်သူမှ ကျွန်မကို အထင်မသေးကြဘူး၊ ရှင့်ကိုလည်း အထင်သေးမှာ မဟုတ်ဘူး။ ရှင် အရင်က ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ နောက်နောင် ဒါမျိုးတွေ ထပ်မလုပ်သရွေ့ သူဌေးမဟွာ စိတ်ထဲထားမှာ မဟုတ်ပါဘူး”

“ရှင် ထွက်သွားမယ်ဆိုရင်တောင် ဒဏ်ရာတွေ ပျောက်တဲ့အထိတော့ စောင့်ပါဦး”

နာဘု ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ လောလောဆယ်တော့ ကျွန်တော် မသွားသေးပါဘူး။”

ကူပါး ဝမ်းသာအားရဖြင့် ပြော၏။

“ဒါမှပေါ့၊ အရင်ဆုံး ဒီမှာ အခြေချနေလိုက်ဦး၊ အနာဂတ်ကိစ္စတွေကိုတော့ နောက်မှ တဖြည်းဖြည်း တိုင်ပင်တာပေါ့၊ နောက်ဆုံးတော့ အမိမြေက လူတစ်ယောက် ရောက်လာပြန်ပြီ။ မော့ချွမ်းက ညဘက်မှ လာတာဆိုတော့ စကားပြောဖော်တောင် မရှိဘူး”

သူက နာဘုကို အခန်းတံခါး ဖွင့်ပေးရင်း တတွတ်တွတ် ပြောနေတော့သည်။

“အိပ်အခင်းတွေရော အားလုံးက အသစ်တွေပဲ။ မင်းအတွက် အဝတ်အစားတွေတောင် အဆင်သင့် ပြင်ထားသေးတယ်”

နာဘု အခန်းထဲကို ဝေ့ကြည့်လိုက်၏။ အခန်းက သိပ်မကျယ်သော်လည်း ခုတင်၊ စားပွဲ၊ ထိုင်ခုံ (၄)လုံးနှင့် ဗီရို စသည်ဖြင့် အစုံအလင် ရှိနေသည်။

“အိမ်သာကတော့ အိမ်နောက်ဘက်မှာ အများသုံးပေါ့။ ဒီမှာ အခန်း ၃ ခန်းရှိတာ။ အခုတော့ ငါတို့ နှစ်ယောက်ပဲ နေတာဆိုတော့ လူပြည့်ရင်တောင် မကျပ်ပါဘူး”

ကူပါး အခန်းပြတင်းပေါက်ကို ဖွင့်ပြလိုက်သည်။

“ကြည့်စမ်း၊၊ ဟိုအနောက်မှာ လယ်ကွင်းတွေနဲ့ တောင်တန်းတွေ ငါတို့ စားကျက်မြေက ရှုခင်းတွေထက်တောင် ပိုလှသေးတယ်”

နာဘု နှုတ်ခမ်းဆူလိုက်ပြီး ပြောသည်။

“အမိမြေက နေဝင်ချိန်ကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး”

ကူပါး

“မင်း အနားယူလိုက်ဦး။ ငါကတော့ အလုပ်တွေ ပြီးတာနဲ့ မူလတန်းကျောင်းကို သွားရဦးမယ်”

“မူလတန်းကျောင်းကို သွားမယ်”

နာဘု နားမလည်နိုင် ဖြစ်သွားသည်။

“အဲဒီမှာ ဘာသွားလုပ်မလို့လဲ”

“စာသွားသင်မလို့လေ၊ နေ့တိုင်း နေ့ခင်း ကလေးတွေ အိပ်တဲ့အချိန်ဆို စာသင်တန်းရှိတယ်။ သူဌေးမဟွာက ဒါကို ‘စာမတတ်သူ ပပျောက်ရေး’... ဟုတ်တယ်၊ စာမတတ်သူ ပပျောက်ရေးလို့ ခေါ်တယ်။ ဘယ်သူမဆို သွားတက်လို့ရတယ်၊ အခမဲ့ပဲ”

“ဆိုင်ဖွင့်ပြီ”

ဟွာကျွင်း မော့ချွမ်း ဝတ်ထားသော နားကြပ်ကို ဆွဲချွတ်လိုက်ပြီး သူ့နားကပ်ကာ အော်ပြောလိုက်၏။

မော့ချွမ်း၏ မျက်လုံးများ ဖုန်းပေါ်ကနေ မခွာသေးဘဲ ပြောတော့သည်။

“နေဦးလေ။ ဇာတ်သိမ်းပိုင်း ရောက်ဖို့ တစ်ပိုင်းပဲ ကျန်တော့တာ”

ဟွာရှန့် ပျော်ရွှင်စွာ ဆိုင်သို့ အရင်သွားနှင့်ပြီဖြစ်သည်။

“နင့် ညီမလေးကို အတုယူစမ်းပါဦး။ အမြဲတမ်း ဇာတ်လမ်းတွဲတွေ ကြည့်နေတော့တာပဲ”

ဟွာကျွင်း ညည်းတွားရင်း ဘေးအိမ်သို့ လျှောက်သွားသည်။

မော့ချွမ်း ဖုန်းပိတ်လိုက်ပြီး ပြောတော့၏။

“သူကတော့ လောကီကိစ္စတွေမှာပဲ နစ်မွန်းနေတုန်း ကျွန်တော်ကတော့ မတူဘူး”

“မကောင်းတော့ဘူး”

ဟွာရှန့် အော်ဟစ်ကာ ပြန်ပြေးလာသည်။ “သူတို့ပြောတာ သူတို့ပြောတာ စစ်သူကြီးလု သေတော့မယ်တဲ့”

“ဘာ”

ဟွာကျွင်းနှင့် မော့ချွမ်းတို့ နှစ်ယောက်လုံး ပြိုင်တူ အော်လိုက်မိသည်။

ဟွာကျွင်း ဆိုင်ထဲသို့ ပြေးဝင်သွားရာ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော လူတန်းကြီးကို တွေ့လိုက်ရသည်။

လီနျန် ပြောလိုက်သည်။

“သူဌေးမဟွာ၊ စိတ်မပူပါနဲ့ဦး၊ ကျွန်မတို့ အဖြစ်မှန်ကို အရင် စုံစမ်းနေတုန်းပါ”

“ဘာဖြစ်တာလဲ”

အားမောက် ရှေ့သို့တိုးလာကာ ဟွာကျွင်းကို ပြောပြသည်။

“ဒီနေ့ မြို့ထဲ အသားသွားဝယ်တော့ နေရာတိုင်းမှာ သတင်းတွေ ပျံ့နေတာ။ စစ်သူကြီးလုက ဧကရာဇ်မင်းကို စိတ်အခပ်မသင့်ဖြစ်စေလို့ ကြိမ်ဒဏ် အချက် (၄၀) အပေးခံရတယ်တဲ့”

ဟွာကျွင်း မိုးပြိုကျသွားသလို ခံစားလိုက်ရ၏။ ရှေးခေတ်တွင် ကြိမ်ဒဏ် အချက် (၄၀)ဆိုသည်မှာ သေနိုင်လောက်သည့် အခြေအနေမျိုးပင်။

ဖောက်သည်တစ်ဦး ထပ်ပြောသည်။

“ဧကရာဇ်မင်းက အရမ်းဒေါသထွက်ပြီး နန်းတွင်းသမားတော်တွေကိုလည်း ကုသခွင့်မပေးဘူးတဲ့။ စစ်သူကြီးလုကို မြေပြင်မှာ သွေးတွေချင်းချင်းနီနေတဲ့ကြားက မြည်းလှည်းနဲ့ ပြန်သယ်ခိုင်းလိုက်တာ။ လမ်းမှာ လူတွေအများကြီး ငိုနေကြတယ်”

“အဲဒီနောက် ဘာဖြစ်သေးလဲ”

ဟွာကျွင်း၏ အသံများ တုန်ရီနေ၏။

နောက်ထပ် ဖောက်သည်တစ်ဦး ပြောသည်။

“နောက်တော့ မြို့ထဲက သမားတော်အားလုံး စစ်သူကြီးအိမ်တော်ကို သွားကြပေမဲ့ ဧကရာဇ်က ကုသခွင့်မပေးဘူးဆိုပြီး အားလုံးကို ပြန်လွှတ်လိုက်တယ်တဲ့။ အခု စစ်သူကြီးက အသက်အန္တရာယ် စိုးရိမ်နေရပြီ”

“သူဌေးမဟွာ ရှင့်မှာ နည်းလမ်းရှိရင် စစ်သူကြီးကို ကယ်ပေးပါဦး”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ စားဖို့ လာတာမဟုတ်ဘူး၊ စစ်သူကြီးကို ကယ်ပေးဖို့ လာတောင်းပန်တာပါ”

ဟွာကျွင်း အားလုံးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လမ်းဘေးရှိ ဆေးဆိုင်သို့ ပြေးသွားကာ သုံးနိုင်သမျှ ဆေးဝါးအားလုံးကို ထုပ်ပိုးခိုင်းလိုက်သည်။

သူမ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေသည်ကို သူမကိုယ်တိုင်ပင် သတိမထားမိတော့ပေ။

ဆိုင်စာရေး စိုးရိမ်တကြီးနှင့် မေးရှာသည်။

“ရှင် နေကောင်းရဲ့လား၊ လူနာကို ဆေးရုံ ပို့ပေးရမလား”

ဟွာကျွင်း ခေါင်းခါပြကာ ပြောလိုက်သည်။

“ဆေးပဲ ပေးပါ”

ဆိုင်စာရေးက စေတနာနှင့် သတ်ပေးရှာသည်။

“ဒီအဖြူရောင်ဆေးထဲမှာ အတွင်းသွေးယိုတာကို ကာကွယ်ပေးတဲ့ ပေါင်ရှန်းကျီတစ်လုံး ပါတယ်နော်”

“ကျေးဇူးတင်ပါတယ်”

ဟွာကျွင်းသည် ဆေးထုပ်ကြီးကို ယူကာ ဆိုင်သို့ ပြန်ပြေးပြီး တရုတ်တိုင်းရင်းဆေးအချို့ကို ထပ်ယူလိုက်၏။

“မော့ချွမ်း”

မော့ချွမ်းသည် သူ့ဆိုင်ကယ်နှင့် လမ်းပေါ်တွင် အသင့်စောင့်နေပြီဖြစ်သည်။

သူမ ဆိုင်ကယ်နောက်တွင် ခွထိုင်လိုက်သည်နှင့် နှစ်ယောက်သား စစ်သူကြီးအိမ်တော်သို့ အရှိန်နှင့် မောင်းထွက်သွားကြတော့သည်။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးလုံး စကားတစ်ခွန်းမှ မပြောကြပေ။ ဆိုင်ကယ်မှာ အလွန်မြန်လှသဖြင့် ဟွာကျွင်းမှာ လွင့်ထွက်သွားတော့မလိုပင် ခံစားနေရ၏။

မြို့တံခါးဝတွင် သူတို့ မြင်းလှည်းတစ်စီး ပြောင်းစီးခဲ့ကြသည်။ စစ်သူကြီးအိမ်တော်သို့ ရောက်သောအခါ တံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော လူအုပ်ကြီးကို တွေ့လိုက်ရသေး၏။ သူတို့အားလုံးမှာ လုမင်လီအတွက် စိုးရိမ်နေကြသော သာမန်အရပ်သားများ ဖြစ်ကြသည်။

“ဟိုမှာ သူဌေးမဟွာ မဟုတ်လား” တစ်ယောက်က မှတ်မိသွားသည်။

“သူဌေးမဟွာ... စစ်သူကြီးလုကို ကူညီပေးပါဦးနော်”

ဟွာကျွင်း အလွန်ပင် ပူပန်နေပြီဖြစ်သည်။ သူမ ခေါင်းညိတ်ပြကာ ဘေးတံခါးဆီသို့ လျှောက်သွား၏။

တံခါးဝတွင် အစောင့်များ ရှိနေပြီး သူတို့၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်မင်း လွှတ်လိုက်သူများ ဖြစ်ဟန်တူသည်။

သူတို့ ဟွာကျွင်းကို တားလိုက်သည်။

“ခွင့်ပြုချက်မရှိဘဲ အတွင်းထဲ ဝင်ခွင့်မရှိဘူး”

တံခါးစောင့် အစေခံအိုကြီး ပြေးထွက်လာပြီး ပြောသည်။

“သခင်တို့ခင်ဗျာ သူက ပြင်ပလူ မဟုတ်ပါဘူး။ စစ်သူကြီးလုရဲ့ စေ့စပ်ထားသူ”

All Chapters