← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃ - ကျိလဲ့မိစ္ဆာဂိုဏ်း ပျက်သုဉ်းခြင်း။

မဟာဧကရာဇ်အဆင့်၏ လွှမ်းမိုးမှုအရှိန်အဝါသည် ကောင်းကင်ယံတစ်ခွင်တွင် မဖုံးကွယ်နိုင်ဘဲ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းသွားသည်။ ကျိလဲ့မိစ္ဆာဂိုဏ်းဘိုးဘေး စုစည်းထားသမျှ စွမ်းအားတို့မှာလည်း ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။

"ဘုန်းးးး"

အာကာသမှာ စုတ်ပြဲသွားပြီး ဟင်းလင်ပြင်တစ်ခုလုံး တုန်ခါသွားကာ မိုးခြိမ်းသံကဲ့သို့သော အသံတို့ ပဲ့တင်ထပ်နေသည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ရောင်မီးခိုးရောင် လက်ဝါးကြီး ပေါ်ပေါက်လာသည့်အခါတွင်မူ မိမိတို့ဘိုးဘေး အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြသော ကျိလဲ့မိစ္ဆာဂိုဏ်းဝင်များနှင့် ကျွမ်းကျင်သူတို့၏ နှလုံးသားများမှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်

ဤအရှိန်အဝါ... ဤစွမ်းအား... ဒါဟာ မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သူတို့ ကျိလဲ့မိစ္ဆာဂိုဏ်းသို့ လာရောက်ရန်စသူမှာ မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။ ထိုမျှမက ဤစွမ်းအားသည် မဟာဧကရာဇ်များထဲတွင်ပင် အထွတ်အထိပ်အဆင့် ဖြစ်နေသည်။

ချက်ချင်းပင် ကျိလဲ့မိစ္ဆာဂိုဏ်းဝင်များအားလုံး စိုးရိမ်တကြီး ဖြစ်သွားကြသည်။ သူတို့ ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလားဟု သံသယဝင်လာသည်။

မဟာဧကရာဇ်အဆင့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး တိုက်ခိုက်နေခြင်းဖြစ်ရာ ဘိုးဘေးအနေဖြင့် ခုခံနိုင်ပါ့မလားဟု တွေးတောနေကြသည်။

ကျိလဲ့မိစ္ဆာဂိုဏ်းသည် ချင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ စိတ်ကြိုက်ပြုမူခဲ့ပြီး အကျိုးဆက်ကို ဘယ်သောအခါမျှ ထည့်မတွက်ခဲ့ပေ။

သူတို့သည် အခြားသူများ၏ ကြောက်ရွံ့မှုကို ခံစားရသည်ဟူသည်ကိုပင် မေ့လျော့နေခဲ့သည်။ ယနေ့တွင်မူ သူတို့တစ်ချိန်က ဒုက္ခပေးခဲ့သူတို့၏ ခံစားချက်ကို ကိုယ်တိုင်ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ သေခြင်းထက်ပင် ဆိုးရွားလှသည်။

ကောင်းကင်တွင်မူ ယုံကြည်မှုအပြည့်ရှိခဲ့သော ကျိလဲ့မိစ္ဆာဂိုဏ်းဘိုးဘေးသည် မိမိကို ပစ်မှတ်ထားသည့် စွမ်းအားကြောင့် မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။

တစ်စက္ကန့်မျှပင် မတွေးတောဘဲ ဂိုဏ်းအတွင်းသို့ အမြန်ဆုံး ဆုတ်ခွာသွားသည်။

"အားလုံးပဲ ဂိုဏ်းကို ကာကွယ်ရေးအစီအရင်ကို ချက်ချင်းဖွင့်ကြ။"

ဘိုးဘေး၏ အော်ဟစ်သံကြောင့် ကျိလဲ့မိစ္ဆာဂိုဏ်းဝင်များအားလုံး သတိပြန်ဝင်လာပြီး အစီအရင်ကို အသက်သွင်းရန် ကြိုးစားကြသည်။

ဘိုးဘေးပြောသည်မှာ မှန်သည်။ အစီအရင်ကိုသာ မဖွင့်ပါက ကျိလဲ့မိစ္ဆာဂိုဏ်း ပျက်စီးတော့မည်ဖြစ်သည်။ ဤ မဟာဧကရာဇ် ကျွမ်းကျင်သူမှာ မဟာဧကရာဇ်အဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေသူဖြစ်သည်။

မည်သည့်အချိန်က သူတို့ ဤသို့သော ကျွမ်းကျင်သူကို ရန်စခဲ့မိသနည်း။ ကျိလဲ့မိစ္ဆာဂိုဏ်းမှာ ရက်စက်ကြမ်းကြုတ်သော်လည်း ချင်ပြည်နယ်အတွင်း၌သာ ဖြစ်သည်။

အခြားပြည်နယ်မှ ကျွမ်းကျင်သူများကိုမူ အမြဲတစေ ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်။ ချင်ပြည်နယ်တစ်ခုလုံးတွင် ဤသို့သော ကျွမ်းကျင်သူ မရှိခဲ့ပေ။ အရာအားလုံး ဘယ်မှာ လွဲချော်သွားသနည်း။

"ဝုန်း ဝုန်း ဝုန်း"

အသံမြည်ဟည်းသံများနှင့်အတူ ကျိလဲ့မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမအစီအရင်ကြီး ပေါ်လာသည်။ ၎င်းမှာ မဟာဧကရာဇ်အဆင့်အောက် မည်သူမျှ ဖျက်ဆီးနိုင်ဟု ဆိုထားသော အစီအရင် ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ခုခံနိုင်

လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။

အဝေးသို့ ဆုတ်ခွာသွားသော အင်အားစုများမှ ကျွမ်းကျင်သူများမှာလည်း သက်ပြင်းချလိုက်ကြသည်။ သူတို့သည် ယခုအချိန်တွင် အဝေးသို့ ရောက်နေသည်အတွက် တကယ်ပင် ကံကောင်းသည်။

သို့သော် ကျိလဲ့မိစ္ဆာဂိုဏ်း၏ အစီအရင်ကြီးသည် ထိုကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဝါးကြီးနှင့် ထိတွေ့မိသည့်အခါ...

"ဒုန်းးးး"

ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာသည်။ မဟာဧကရာဇ် အထွတ်အထိပ်အဆင့်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်ဟု ဆိုသော အစီအရင်ကြီးမှာ တစ်ခဏမျှပင် မခံဘဲ ပြိုကွဲသွားတော့သည်။

လက်ဝါးကြီးသည်လည်း ရပ်တန့်မသွားဘဲ ကျိလဲ့မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းကာ ဖိချလိုက်သည်။ ၎င်း၏ ဖိအားကြောင့် တပည့်များမှာ လှုပ်ရှား၍ပင် မရတော့ပေ။ မဟာဧကရာဇ်အဆင့်ရှိသော ဘိုးဘေးပင်လျှင် မနည်း ခုခံနေရသည်။

သူတို့၏ ကျိလဲ့မိစ္ဆာဂိုဏ်းသည် ချင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ စိုးမိုးခဲ့သည်။ တစ်နေ့တွင် ဤသို့ ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမျှ မထင်ခဲ့ပေ။ နောက်ဆုံးတွင်မူ သူတို့၏ အဆုံးသတ်မှာ လက်တစ်ဖဝါးဖြင့် အသတ်ခံလိုက်ရခြင်းသာဖြစ်သည်။

အသံများ တိတ်ဆိတ်သွားသောအခါ ကျိလဲ့မိစ္ဆာဂိုဏ်း တည်ရှိရာနေရာတွင် လက်ဝါးရာကြီးတစ်ခုသာ ကျန်ရှိတော့သည်။ အပျက်အစီးအစအနအချို့သာ ကျန်ရှိပြီး ကျိလဲ့မိစ္ဆာဂိုဏ်းဝင်အားလုံးမှာ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိဘဲ အသတ်ခံလိုက်ရသည်။

ဤအချိန်တွင်မူ မကျွတ်မလွတ်သူတို့၏ ဝိညာဉ်များ လွတ်မြောက်သွားသကဲ့သို့ ဂိုဏ်း၏ပတ်ဝန်းကျင်မှာလည်း အနည်းငယ် ကြည်လင်သွားသည်။

ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများမှာမူ စကားမပြောနိုင်အောင် ဖြစ်နေကြသည်။ ဤသည်မှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလွန်းသည်။

မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ဦးနှင့်အတူ အခြားကျွမ်းကျင်သူများစွာမှာ တစ်ပြိုင်နက်တည်း ပျက်စီးသွားခဲ့သည်။ ကျိလဲ့မိစ္ဆာဂိုဏ်းမှာလည်း စိတ်ကြိုက်ပုတ်ချလိုက်သကဲ့သို့ ပျက်စီးသွားသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။

လင်းချန်သည် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ပုပ်ဟောင်နေသော အနံ့အသက်များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ ကျေနပ်သွားသည်။

"ဒီလို အနာဆိုးမျိုးကို ဖယ်ရှားလိုက်တာပဲ ကောင်းပါတယ်။ အခုတော့ ကြည့်ရတာ ပိုကောင်းသွားပြီ။"

လင်းချန်သည် အံ့အားသင့်နေဆဲဖြစ်သော ဂေါ်ရိကို ကြည့်ကာ ပြောလိုက်သည်။

"ဒီကိစ္စ ပြီးသွားပြီ။ ကံမကုန်ရင် နောက်မှ ထပ်တွေ့ကြတာပေါ့။"

ထိုနောက် သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်တွင် ပျောက်ကွယ်သွားတော့သည်။ ယခုမူ သူ့၏ အဓိကတာဝန်ဖြစ်သည့် တာအိုပြည်နယ် ၃၀၀၀ ဆီသို့ သွားရောက်ရမည့်အချိန် ရောက်လာပြီဖြစ်သည်။

All Chapters