အခန်း (၁၀၈၆)
Vol. 105 Ch. 1086
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ကံကြမ္မာမိစ္ဆာဘုရင်က မတ်တတ်ရပ်လိုက်၏။ သူ၏ မီတာသောင်းချီ ကြီးမားသည့် ဧရာမခန္ဓာကိုယ်ကြီးနှင့်အတူ မရေမတွက်နိုင်သော ရေဘဝဲလက်တံကြီးများ ရမ်းခါနေကြသည်။
"ဝုန်းးး"
ကမ္ဘာဂြိုဟ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ ဧရိယာ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာအထိ ကြီးမားသည့် ငလျင်ကြီးများ လှုပ်ခတ်လာသည်။ သမုဒ္ဒရာများ ဆူပွက်လာကာ ကမ္ဘာမြေတစ်ဝန်းလုံးကို လွှမ်းခြုံပစ်မည့် ကမ္ဘာပျက် ဆူနာမီလှိုင်းလုံးကြီးများ စတင် ရိုက်ခတ်လာတော့၏။
ကံကြမ္မာမိစ္ဆာဘုရင်က ကျယ်လောင်စွာ လှောင်ပြောင်လိုက်သည်။ "ဟားဟား... တုပိုင် ၊ နဂါးသောင်းချီရဲ့ စွမ်းအားကိုရထားရင်တောင် မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။ ငါ့ရဲ့ ဧည့်သည်မလို့ အရင်စတိုက်ဖို့ သဘောထားကြီးကြီး ခွင့်ပြုပေးလိုက်မယ်။"
တုပိုင် တွေဝေမနေချေ။ သူ၏ နဂါးတောင်ဝှေးကို ဆွဲထုတ်လိုက်ကာ အာဏာသံဖြင့် အမိန့်ပေးလိုက်သည်။ "ထွက်လာကြ။"
မျက်တောင်တစ်ခတ်အတွင်း၌ပင် တောင်ဝှေး၏ မှန်ကမ္ဘာထဲမှ နဂါးထောင်သောင်းချီတို့သည် အဆုံးအစမဲ့သည့် စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြ၏။ နဂါးသောင်းချီ၏ ပေါင်းစပ်အင်အားများက မျက်စိကျိန်းမတတ် တောက်ပနေသည့် အလင်းစက်တစ်ခုအဖြစ် စုစည်းသွားသည်။ ထို့နောက် မှန်ပြင်ထဲမှနေ၍ ပေါက်ကွဲထွက်လာ၏။
"ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးး"
နျူကလီးယားဗုံး တစ်ထောင်ထက်ပင် သာလွန်သည့် ဖျက်ဆီးအားနှင့်အတူ လွှမ်းမိုးနိုင်လွန်းသော ပေါက်ကွဲမှုကြီးသည် ကံကြမ္မာမိစ္ဆာဘုရင်ထံသို့ ပြင်းထန်စွာ ဝင်တိုက်သွားသည်။
"ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးး"
တိုက်ခိုက်မှုမှာ တည့်မတ်စွာ ထိမှန်သွား၏။ ကံကြမ္မာမိစ္ဆာဘုရင်သည် နေမင်းထက် အဆပေါင်းတစ်သောင်းမက ပိုမို တောက်ပသည့် အလင်းရောင်နှင့်အတူ ပေါက်ကွဲထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း၌ပင် သူ၏ ရုပ်ဆိုးအကျည်းတန်သော ခန္ဓာကိုယ်ကြီးသည် လောင်ကျွမ်းနေသည့် အလင်းရောင်ထဲ၌ အလုံးစုံ ပျောက်ကွယ်သွားတော့၏။
တိုက်ခိုက်မှု၏ ရိုက်ခတ်လှိုင်းကြောင့် သမုဒ္ဒရာများ ဆူပွက်သွားသည်။ မီတာထောင်ချီမြင့်သည့် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ ကမ်းရိုးတန်းများဆီသို့ အကြမ်းပတမ်း ဝင်ရောက်ရိုက်ခတ်သွား၏။ ကမ်းရိုးတန်းမှ ကီလိုမီတာ နှစ်ရာအတွင်းရှိ အရာအားလုံးတို့သည် ချက်ချင်းဆိုသလိုပင် မြေမှုန့်အဖြစ် ကြေမွသွားတော့သည်။
ယခင်က ကမ္ဘာပျက်နျူကလီးယားစစ်ပွဲများ အပြီး၌ ရှန်ဟိုင်း ၊ တိုကျို ၊ နယူးယောက် ၊ လန်ဒန်နှင့် ပဲရစ်မြို့တို့ကဲ့သို့သည့် မြို့ကြီးပြကြီးများသည် သူတို့၏ တည်ဆောက်ပုံကို တစ်နည်းနည်းဖြင့် ထိန်းသိမ်းထားနိုင်ခဲ့ကြ၏။ သို့သော် ယခုအခါ၌မူ ထိုမြင့်မားလှသည့် သံမဏိကွန်ကရစ် မြို့ကြီးများသည် ချက်ချင်းဆိုသလိုပင် မြေပြင်နှင့်တစ်သားတည်း အလုံးစုံ ပြိုကျပျက်စီးသွားတော့သည်။
တောင်တန်းများကို ညီညာသည့် လွင်ပြင်များအဖြစ် ကြိတ်ချေပစ်လိုက်ကာ လွင်ပြင်များကိုမူ ချွန်ထက်နေသည့် တောင်တန်းသစ်များအဖြစ် အကြမ်းပတမ်း တွန်းတင်ပစ်လိုက်၏။ တိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် ကမ္ဘာဂြိုဟ်၏ ပထဝီဝင်အနေအထား တစ်ခုလုံးကို ပြောင်းလဲသွားစေသည်။
ခဏအကြာ၌... မျက်စိကျိန်းမတတ် အလင်းရောင်သည် နောက်ဆုံး၌ မှေးမှိန်သွား၏။
ဖုန်မှုန့်များ ကင်းစင်သွားချိန်၌ ကံကြမ္မာမိစ္ဆာဘုရင်၏ ရေဘဝဲသဏ္ဍာန်အရိပ်ကို မြင်တွေ့လိုက်ရသည်။ အနက်ရောင်အရိပ်သည် လျင်မြန်စွာ အရောင်ပြန်ရလာကာ မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိကြောင်း ပြသနေ၏။ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။
တုပိုင် အံ့ဩဆွံ့အကာ စိုက်ကြည့်နေမိသည်။
ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုတိုက်ခိုက်မှု၌ နဂါးသောင်းချီတို့၏ ပေါင်းစပ်စွမ်းအားများ ပါဝင်နေ၏။ ထိုနဂါးများသည် သူတို့၏ အထွတ်အထိပ် အနေအထား၌ မရှိလျှင်ပင် တိုက်ခိုက်မှု၏ မူလစွမ်းအားက ဂြိုဟ်တစ်လုံးကို ဖျက်ဆီးနိုင်သည့် အတိုင်းအတာ၌ ရှိဆဲပင်။ ကံကြမ္မာမိစ္ဆာဘုရင်က မည်သို့လုပ်၍ အထိအခိုက်မရှိ ဖြစ်နေရသည်နည်း။
ဧရာမ ရေဘဝဲလက်တံကြီးများကို ဖြန့်ကျက်လိုက်ရင်း ကံကြမ္မာမိစ္ဆာဘုရင်က မောက်မာစွာ လှောင်ပြောင်လိုက်၏။ "တုပိုင်... မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူးလို့ ငါပြောသားပဲ။ မင်းရဲ့ အဖိုးတန် နဂါးတွေရဲ့ စွမ်းရည်နဲ့တောင် ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မမီသေးဘူးကွ"
"မင်း ငါ့ကို မသတ်နိုင်ဘူး။ ဒါပေမဲ့ ဒေါသထွက်အောင်တော့ လုပ်နိုင်တယ်။ လက်စားချေတဲ့ အနေနဲ့ လူသားမျိုးနွယ်ကို မျိုးသုဥ်းသည်အထိ အမြစ်ပြတ် သုတ်သင်မယ်။ကွ" ကံကြမ္မာမိစ္ဆာဘုရင်က အထက်စီးမှ ကြုံးဝါးလိုက်သည်။
"ငါက ကံကြမ္မာမိစ္ဆာဘုရင်ပဲ။ လူသားမျိုးနွယ်ကို အရင်က မကြုံဖူးတဲ့ ဟန်ပန်နဲ့ သုတ်သင်မယ်။ ကျောက်ယန်ဖိန်နဲ့ အရင် ကံကြမ္မာမိစ္ဆာဘုရင် သုံးတဲ့ နည်းလမ်းတွေက ရိုးရှင်းလွန်းပြီး စတိုင်လုံးဝ မကျဘူး။"
ရုတ်တရက် မိစ္ဆာဘုရင်က မရေမတွက်နိုင်သည့် ရေဘဝဲလက်တံကြီးများကို ဆန့်ထုတ်လိုက်၏။
သို့သော် ယခုတစ်ကြိမ်၌မူ မြေမျက်နှာပြင်ကို ဆုပ်ကိုင်လိုက်ခြင်း မဟုတ်ချေ။ ထိုအစား ရေဘဝဲလက်တံကြီးများက ဂြိုဟ်၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဆင်းသွားသည်။ ကီလိုမီတာ နှစ်ထောင်ကျော်အထိ ဆန့်ထွက်သွားကာ ကမ္ဘာ့ဗဟိုချက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပစ်လိုက်၏။
မြေအောက် အရည်ပျော်သတ္တုများ စီးဆင်းမှု ရပ်တန့်သွားသည်။ ကမ္ဘာ့ဗဟိုချက် လည်ပတ်နေမှု ရပ်တန့်သွားလေပြီ။
ဤသည်ကား စစ်မှန်ပြီး ဖျက်ဆီးအား ပြင်းထန်လှသည့် ဂြိုဟ်အဆင့် တိုက်ခိုက်မှုကြီးပင်။
ဗဟိုချက် လည်ပတ်မှု ရပ်တန့်သွားသည့်အခါ ကမ္ဘာဂြိုဟ်သည်လည်း ကိုယ်ပိုင် သံလိုက်စက်ကွင်းကို ဆုံးရှုံးသွား၏။ သဘာဝအကာအကွယ် မဲ့သွားသဖြင့် ကမ္ဘာမြေသည် ပြင်းထန်လှသော နေမုန်တိုင်းများနှင့် သေစေနိုင်သည့် အာကာသရောင်ခြည်များဒဏ်ကို ချက်ချင်း ခံစားလိုက်ရတော့သည်။ မြေမျက်နှာပြင် တစ်ခုလုံး လျင်မြန်စွာ ပူပြင်းလာကာ ကမ္ဘာမြေကို ကြောက်မက်ဖွယ် မိုက်ခရိုဝေ့ဖ် သက်ရောက်မှုကဲ့သို့ ချက်ပြုတ်ပစ်လိုက်၏။
ကမ္ဘာလုံးဆိုင်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး စတင်လေပြီ။
မရေမတွက်နိုင်သည့် လူသားတို့သည် လွှမ်းမိုးနိုင်လွန်းသော ဖိအားနှင့် ပြင်းထန်သည့် ရောင်ခြည်များကို မခံနိုင်တော့ချေ။ ခန္ဓာကိုယ်များ ပေါက်ကွဲမထွက်ခင် သူတို့၏ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ကြရ၏။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်မီးပွားများက သတ္တုပစ္စည်းတိုင်းမှ ပွင့်ထွက်လာကာ ပေါက်ကွဲသွားကြသည်။
ဖျက်ဆီးအားပြင်းထန်လှသည့် လျှပ်စီးမိုးကြိုးများက ကမ္ဘာတစ်ဝန်းလုံးကို နေရာလပ်မရွေး ရွာသွန်းချလာ၏။ စက္ကန့်အနည်းငယ်အတွင်း၌ပင် လူသောင်းချီ ၊ သိန်းချီ ၊ သန်းချီ သေဆုံးသွားလေပြီ။
ဧရာမ စွမ်းအင်အကာအကွယ်ဖြင့် ကာကွယ်ထားသည့် ထိုက်ခန်အင်ပါယာ၏ မြို့တော်မှာမူ အနည်းငယ် ပို၍ အခြေအနေကောင်း၏။ သို့သော် ဤကဲ့သို့သော ကမ္ဘာပျက် စွမ်းအင်မုန်တိုင်းကြီးကို ရင်ဆိုင်ရချိန်၌ သူတို့၏ အဆင့်မြင့်လွန်းသော အကာအကွယ်သည်လည်း လျင်မြန်စွာ စွမ်းအင် ကျဆင်းလာနေလေပြီ။ ထိုက်ခန်အင်ပါယာ မြို့တော်အတွင်း၌ ကျန်ရှိနေသည့် လူသားတိုင်းအတွက် ကြောက်မက်ဖွယ် သေမင်းတမန် ရေတွက်မှုက တရားဝင် စတင်သွားပြီ ဖြစ်သည်။
ကံကြမ္မာမိစ္ဆာဘုရင်က ယုတ်မာစွာ သရော်လိုက်၏။ "ထိုက်ခန်အင်ပါယာ မြို့တော်မှာ မင်း တပ်ဆင်ထားတဲ့ စွမ်းအင်အကာအကွယ်က သိပ်မခံတော့ဘူး။ မင်းဇနီးနဲ့ သားသမီးတွေ မကြာခင် သေတော့မယ်။"
"ဆယ်..."
"ကိုး..."
"ရှစ်..."
မြို့တော်၏ အကာအကွယ်မှာ မျက်မြင်ကိုယ်တွေ့ပင် အက်ကွဲကာ ပြိုကျလာသည်။ တစ်ကြိမ် ပျက်စီးသွားသည်နှင့်တပြိုင်နက် အတွင်း၌ ခိုလှုံနေကြသည့် သိန်းချီသောလူများ... တုပိုင်၏ မိသားစု အပါအဝင် အားလုံးသည် ချက်ချင်း သေဆုံးကြမည် ဖြစ်၏။
ကံကြမ္မာမိစ္ဆာဘုရင်က ရက်စက်စွာ ရယ်မောလိုက်သည်။ "ဟားဟား... တုပိုင် ၊ လူသားမျိုးနွယ်ကြီး အဆုံးသတ်သွားပြီ။ မင်းရဲ့ ဇနီးနဲ့ သားသမီးတွေ သေတော့မယ်။ သူတို့ကို ကယ်ဖို့ တစ်ခုခု မလုပ်တော့ဘူးလား။"
"ငါး... လေး... သုံး..."
ရေတွက်မှု အဆုံးသတ်ရန် နီးကပ်လာချိန်၌ တုပိုင်က ခေါင်းမော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ "နဂါးသောင်းချီ ပျက်သုဉ်းခြင်း..."
ထို့နောက် နဂါးတောင်ဝှေးကို လေထဲသို့ အကြမ်းပတမ်း မြှောက်တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တောင်ဝှေး၏ မှန်ပြင်ထဲမှ စိတ်ဝိညာဉ်နဂါး တစ်သောင်းနီးပါး ပေါက်ကွဲထွက်လာ၏။
"ဝုန်းးး"
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိကြသည့် ပုံရိပ်ယောင်နဂါးများသည် သန့်စင်သော စွမ်းအင် ၊ အလင်းနှင့် အရိပ်တို့ဖြင့် ဖွဲ့စည်းထားကာ တစ်ကောင်စီတိုင်းက မီတာရာချီ၍ ရှည်လျားကြ၏။ သူတို့ တိုက်ခိုက်လိုက်ချိန်၌ မိစ္ဆာဘုရင်၏ မာကျောသည့် အပြင်ဘက်ပိုင်းကို ကျော်လွန်ကာ အသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ တိုးဝင်သွားကြ၏။
ထို့နောက်... မရေမတွက်နိုင်သော စိတ်ဝိညာဉ်နဂါးများက ပေါင်းစပ်သွားကြပြီး ကံကြမ္မာမိစ္ဆာဘုရင်၏ ဗဟိုချက်အတွင်း၌ မျက်စိကျိန်းမတတ် တောက်ပသည့် နေမင်းငယ်လေးတစ်ခုအဖြစ် ဖြစ်တည်သွား၏။
မိစ္ဆာဘုရင်၏ ရုပ်ဆိုးအကျည်းတန်သော ဧရာမခန္ဓာကိုယ်ကြီးမှာ အတွင်းပိုင်းမှနေ၍ အပြင်ဘက်သို့ လင်းထိန်လာသည်။ သူ၏အသားများကလည်း ရုပ်ပျက်ဆင်းပျက် ဖောင်းပွလာ၏။
"ဝုန်းးးးးးးးးးးး"
နေမင်းငယ်လေး ပေါက်ကွဲသွားလေပြီ။ ကမ္ဘာမြေကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအင်များက ကံကြမ္မာမိစ္ဆာဘုရင်အား ထိုးဖောက်သွားသည်။ အတွင်းပိုင်းမှနေ၍ ရူးသွပ်စွာ ပေါက်ကွဲဖျက်ဆီးကာ ဆွဲဆုတ်ပစ်လိုက်၏။
"အားးးးးးးးး" ထိန်းချုပ်မရသည့် ၊ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ဖြာထွက်လာ၏။ ကံကြမ္မာ၏ ဧရာမရုပ်ဆိုးအကျည်းတန်သည့် ခန္ဓာကိုယ်ကြီးမှာ လုံးဝ ပေါက်ကွဲထွက်မတတ် အမြင့်ဆုံးအခြေအနေအထိ ဖောင်းကားလာသည်။
ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့၏။ "ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။