အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း ၂၆၅ - ကျွမ်းကျင်သူတို့ ဒုတိယအကြိမ် အံ့အားသင့်ရခြင်း။
"ဝုန်းးးး"
အနန္တကောင်းကင်ယံထက်တွင် အနက်ရောင် တိမ်တိုက်ကြီးများ လျင်မြန်စွာ စုစည်းလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
တိမ်တိုက်များအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းများ ပေါ်ထွက်နေပြီး မိုးချုန်းသံများ ပဲ့တင်ထပ်နေသည်။
ဤလျှပ်စီးတန်းများမှာ အလွန်ထူးဆန်းလှသည်။ တစ်ခုနှင့်တစ်ခု စွမ်းအားချင်း မတူညီကြဘဲ ကောင်းကင်ဘုံကပ်ဘေးများစွာ တစ်ပြိုင်နက်တည်း ကျရောက်လာသကဲ့သို့ ဖြစ်နေသည်။
သင်္ချိုင်းမှ အပြင်သို့ ရောက်ရှိလာကြသည့် ကျွမ်းကျင်သူများမှာ ကောင်းကင်မှ အသံကြောင့် သတိပြန်ဝင်လာကြသည်။
သင်္ချိုင်းမှ ဘာကြောင့် ထွက်လာရသည်ကို မသိရှိကြသော်လည်း သင်္ချိုင်းအတွင်း၌ ရှေးဟောင်းဧကရာဇ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသူများမှာ ၎င်းတို့၏ ကျင့်ကြံခြင်းကို အထွတ်အထိပ်သို့ ရောက်အောင် ပြန်လည်ချိန်ညှိလိုက်ကြသည်
သူတို့မှာ အသက်ရှင်သန်ရန်အတွက် ကောင်းကင်ဘုံကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ရဦးမည်ဖြစ်သည်။
လင်းချန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"ဆရာကြီးနှစ်ဦး နောက်မှပဲ အသေးစိတ် ပြောပြတော့မယ်။ ကျွန်တော် ကပ်ဘေးကို ခံယူပြီးမှပဲ ပြန်လာတွေ့ပါ့မယ်။"
သူသည် စွမ်းအားလှိုင်းများဖြင့် ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ယံ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။
လင်းချန်၏ လုပ်ရပ်ကို မြေပြင်မှ ကျွမ်းကျင်သူများအားလုံးမှာ အံ့အားသင့်တကြီး ကြည့်နေကြသည်။
ဤသည်မှာ ရှေးဟောင်းဧကရာဇ်အဆင့်၏ ကပ်ဘေးဖြစ်သည်။ သာမန်လူဆိုလျှင် ကြောက်လန့်တကြား ရှိနေရမည့်အချိန်တွင် လင်းချန်မှာမူ အလွန်ပင် ပေါ့ပါးစွာဖြင့် တိမ်တိုက်အတွင်းသို့ တိုက်ရိုက် လှမ်းဝင်သွားသည်။
အချို့သော ကျွမ်းကျင်သူများမှာ အံ့အားသင့်စရာ အချက်တစ်ခုကို တွေ့ရှိသွားကြသည်။
ထိုလူမှာ ယွမ်လုံမြို့ အပြင်ဘက်တွင်ကောင်းကင်ဘုံကပ်ဘေး ကို ဖြတ်ကျော်ခဲ့သူ မဟုတ်ပါလော။
တစ်ရက်ကျော်သာ ရှိသေးသည့်အချိန်တွင် သူသည် ရှေးဟောင်းဧကရာဇ်အဆင့်သို့ တက်လှမ်းပြီး ကပ်ဘေးကို ထပ်မံခံယူနေပြီဖြစ်သည်။
ထို့အပြင် သူ့၏ ကျင့်ကြံခြင်းအရှိန်အဝါမှာ ရှေးဟောင်းဧကရာဇ်အလယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤကဲ့သို့သော တိုးတက်နှုန်းမှာ တာအိုပြည်နယ် ၃၀၀၀ ၏ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသည့် ကိစ္စဖြစ်သည်။
ယွမ်လုံနှင့် လော့ထျန်းတို့မှာလည်း ဘာပြောရမှန်းမသိအောင် တိတ်ဆိတ်သွားကြတော့သည်။
သူတို့မှာ လင်းချန်က သင်္ချိုင်းအတွင်းမှ အမွေအနှစ်ကို ရရှိခဲ့သည်ကိုသာ သိလျှင် ပို၍ပင် တုန်လှုပ်သွားကြမည်မှာ အမှန်ပင်။
လင်းချန်သည် လျှပ်စီးတန်းများ လည်ပတ်နေသော တိမ်တိုက်အတွင်းသို့ တိုးဝင်သွားသည်။
သူ၏ ခန္ဓာကိုယ် နတ်ဘုရာစွမ်းအားနှင့် အတွင်းပိုင်းကမ္ဘာငယ်တို့မှာ လျှပ်စီးတန်းများ၏ စမ်းသပ်ခြင်းကို ခံနေရသည်။
ဤသည်မှာ ယခင်က သူဖြတ်ကျော်ခဲ့သည့ ကောင်းကင်ဘုံကပ်ဘေး နှင့် အလွန်ပင် တူညီနေသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် လျှပ်စီးတန်းများထဲသို့ တိုးဝင်လိုက်သည်။
"ဒုန်းးးးး"
လျှပ်စီးတန်းများမှာ လင်းချန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိပေ။
၎င်းမှာ သူ၏ ကျင့်ကြံခြင်းကို နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးမည့် ကောင်းချီးတစ်ခုသာ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။
ကောင်းကင်ယံတွင် မိုးချုန်းသံများ ပဲ့တင်ထပ်နေပြီးလင်းချန်အပါအဝင် ရှေးဟောင်းဧကရာဇ် ကျွမ်းကျင်သူ ၁၂ ဦးကျော်တို့မှာ တစ်ပြိုင်နက်တည်း ကပ်ဘေးကို ခံယူနေကြရာ တာအိုပြည်နယ် ၃၀၀၀ အတွက်မူ အလွန်ပင် ရှားပါးလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေတော့သည်။