← Chapters

အခန်း ၂၈၁

Vol. 25 Ch. 281

အခန်း ၂၈၁

Vol. 25 Ch. 281

အခန်း (၂၈၁)

ဆယ်ရက်မြောက်နှင့် ဆယ့်တစ်ရက်မြောက် နေ့ရက်များ။

ထိုချော်ရည်နတ်ဘုရား၏ တမန်တော်ဘက်မှ လမ်းပြက ရဲချီယန်၏ သတင်းကို ဖြန့်ဝေလိုက်ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ သို့တည်းမဟုတ် ထိုအိုအေစစ်အတွင်း ပုန်းအောင်းနေကြသော မကောင်းဆိုးဝါးများက အခြားသူများနှင့် ဆက်သွယ်လိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ချေရှိသည်။

မည်သို့ပင်ဖြစ်စေ ရဲချီယန်၏ ဆယ်ပွဲနှင့် ဆယ့်တစ်ပွဲမြောက် ဆက်တိုက်အနိုင်ရရှိမည့် စမ်းသပ်မှုများ စတင်သည့်အခါ ထူးဆန်းသော စည်းမျဉ်းများမရှိဘဲ ပြိုင်ဘက်နှစ်ဦးစလုံးက ၎င်းတို့၏ ဆင့်ခေါ်ထားသော သားရဲများကိုသာ စေလွှတ်လိုက်ကြပြီး သူတို့ကိုယ်တိုင်မူ အောက်ဘက်တွင်သာ နေရစ်ခဲ့ကြလေ၏။

သူတို့က အရှုံးပေးရန် ရွေးချယ်ခဲ့ကြသဖြင့် ရဲချီယန်ကလည်း သူတို့၏ အသက်ကို နုတ်ယူရန် စိတ်မဝင်စားတော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်နှစ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ချေပြီ။

ယနေ့သည် ဤကြယ်အမြုတေ စစ်တလင်း၏ နောက်ဆုံးတိုက်ပွဲဖြစ်သလို ဆယ့်နှစ်ကြိမ်မြောက် စမ်းသပ်မှုများ၏ နောက်ဆုံးနေ့လည်း ဖြစ်နေလေသည်။

ရဲချီယန်သည် ကိုဩဒိနိတ်များကို လိုက်၍ ဤနောက်ဆုံးတိုက်ပွဲအတွက် စစ်တလင်းသို့ စောစီးစွာ ရောက်ရှိလာခဲ့၏။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဤနောက်ဆုံးစမ်းသပ်မှု၏ နေရာသည် သူ ဤကမ္ဘာသို့ ပထမဆုံးရောက်ရှိလာသောနေ့က သူ၏ရထား ရပ်နားခဲ့သော နေရာအတိအကျပင် ဖြစ်နေလေတော့သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုလား၊ ဒါမှမဟုတ်..."

မွန်းလွဲ တစ်နာရီတိတိတွင် လူငယ်လမ်းပြလေးက အချိန်မီ ထွက်ပေါ်လာခဲ့သည်။ လမ်းပြက ရဲချီယန်၏ ရထားတံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်သော်လည်း ယခင်နှင့်မတူဘဲ ယခုအခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်၌ ရှုပ်ထွေးမှုများ ပြည့်နှက်နေလေ၏။

"မစ္စတာရဲ... ဒီနေ့က ခင်ဗျားရဲ့ ဆယ့်နှစ်ကြိမ်မြောက် စမ်းသပ်မှုပါ... ဒါပေမဲ့..."

လမ်းပြ၏ ထူးဆန်းသော အမူအရာကြောင့် ရဲချီယန်က ချက်ချင်း သဘောပေါက်သွားကာ ဤဆယ့်နှစ်ကြိမ်မြောက် စမ်းသပ်မှုတွင် ပြောင်းလဲမှုအသစ်တစ်ခု ဖြစ်ပေါ်နေပုံရကြောင်း သိလိုက်လေသည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

"...ဒါပေမဲ့ အခုချိန်မှာ ဒီလိုမဖြစ်သင့်ဘူးလေ၊ စစ်တလင်းက မြင့်တက်မလာသေးဘူး၊ မဟုတ်ဘူး... တိတိကျကျပြောရရင် ဒီသဲကန္တာရတစ်ခုလုံးက စမ်းသပ်မှုနယ်ပယ်ထဲကို ရောက်သွားပြီ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"စည်းမျဉ်းတွေ မရှိ၊ စစ်တလင်းမရှိဘဲနဲ့ စမ်းသပ်မှုက စတင်နေပြီလား"

ရဲချီယန်၏ မျက်နှာပေါ်တွင် တည်ငြိမ်သောအပြုံးတစ်ခု ခိုတွဲသွား၏။ ဤအရာက တကယ်ကိုပင်...

ဝုန်း... ရထားပေါ်ရှိ အီဗ်က သူ့ကို သတိပေးချက်တစ်ခု ပေးပို့လာလေသည်။

ရဲချီယန်က မှန်ပြောင်းကို ထုတ်ယူကာ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ သဲခုံများပေါ်တွင် ရေတွက်၍မရနိုင်သော ကျောက်တုံးလူသားများက အရပ်မျက်နှာစုံမှ သူ၏ရထားဆီသို့ ဦးတည်လာနေကြသည်ကို မြင်လိုက်ရပေသည်။

"ဒင် ဒင် ဒင်... ဆယ့်နှစ်ကြိမ်မြောက် စမ်းသပ်မှု၊ ကျောက်တုံးစစ်ပွဲ"

"ချော်ရည်နတ်ဘုရား၏ ပထမမြောက် တမန်တော်၏ သားကို သင်သတ်ဖြတ်ခဲ့သောကြောင့် ချော်ရည်နတ်ဘုရား၏ ပထမမြောက် တမန်တော်က ၎င်း၏မျိုးဆက်အတွက် လက်စားချေရန် ကြယ်အမြုတေ စစ်တလင်းအတွင်းသို့ ကျောက်တုံးလူသားတပ်ဖွဲ့ကို စေလွှတ်ခွင့်ရရှိရန် ရထားဒင်္ဂါးများကို အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်ခဲ့သည်"

"သင်သည် နတ်ဆိုး ကတ်ပြားကို ပိုင်ဆိုင်ထားသည်။ သင်၏ ဆိုးယုတ်သောအလင်းက နတ်ဘုရားများကို ကြောက်ရွံ့စေ၏"

"မိုက်မဲလှသော နတ်ဘုရားတုများက သင့်ကို ဤနေရာတွင် ပိတ်လှောင်ထားရန် ကြိုးစားနေကြသလား။ ၎င်းတို့ကို ချေမှုန်းပစ်လိုက်ပါ"

"ဤအရာက သင့်အတွက် စစ်မှန်သော ဆယ့်နှစ်ကြိမ်မြောက် စမ်းသပ်မှုနှင့် ထိုက်တန်ပေသည်"

"တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူသားပဲ... တစ်နေ့နေ့ နေရောင်ခြည်သရဖူ နယ်မြေမှာ ငါတို့ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်... မရဏလောကရဲ့ ပန်းပွင့်၊ ပလူတိုသခင်မ အဲရစ်မှ"

ရထားဒင်္ဂါးများက ဤနေရာတွင်လည်း မည်သည့်အရာကိုမဆို ဝယ်ယူနိုင်စွမ်းရှိနေသည်ကိုး။

"ဒါက ကျူရှင်းထူ အရင်ကပြောဖူးတဲ့ ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေကို နတ်ဘုရားတွေက တိုက်ခိုက်တယ်ဆိုတဲ့အထဲမှာ ပါဝင်နေမလား"

"ဒီလိုပဲ ဖြစ်ရမယ်"

"ဟွန်း... ဒါက တကယ်ကို တော်တော်များတာပဲ"

မြေကြီးတစ်ခုလုံး တုန်ခါနေလေ၏။ ယင်းမှာ အတူတကွ ပြေးလွှားလာနေကြသော များပြားလှသည့် ကျောက်တုံးလူသားများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုပင် ဖြစ်သည်။

ကောင်းကင်ယံကြီး မှိုင်းညို့နေကာ မျက်ရည်နီ မိုးစက်များ ရွာသွန်းနေချေပြီ။

ဤအရာက စမ်းသပ်မှုတစ်ခုဖြစ်သလို စစ်ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။

ရဲချီယန်က ပြုံးလိုက်ကာ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ အပြည့်ဖြင့် နေရာတွင် ရပ်နေဆဲဖြစ်သော လမ်းပြကို ကြည့်လိုက်၏။

"စမ်းသပ်မှု ပြီးဆုံးသွားရင် ငါ ဒီဘူတာကနေ ထွက်သွားတော့မယ်၊ နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့တဲ့အခါ လနှလုံးသား စစ်တလင်းမှာ ဖြစ်လိမ့်မယ်"

"ဒီစမ်းသပ်မှုကို ခင်ဗျား တကယ်ပဲ ပြီးမြောက်အောင် လုပ်နိုင်ပါ့မလား"

လူငယ်လမ်းပြလေးသည် မည်မျှလောက် များပြားသော အကြိမ်အရေအတွက်အထိ ဤသံသယထဲသို့ ကျရောက်ခဲ့ရသနည်းဆိုသည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။

၎င်း၏ရှေ့မှ လူသားလေးသည် အရေအတွက် မသိရသော ကျောက်တုံးလူသားတပ်ဖွဲ့များ၏ ဝန်းရံပိတ်ဆို့မှုအောက်တွင် ဤပြီးမြောက်ရန် မဖြစ်နိုင်လုနီးပါးရှိသော စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါမည်လော။

ဤအရာက... ဘယ်လိုလုပ်ပြီး ပြီးမြောက်နိုင်မှာလဲ။ သူ စိတ်ကူးပင် မယဉ်နိုင်သလို စိတ်ကူးယဉ်ရန်အတွက် နေရာပင် မရှိတော့ချေ။

"ဘယ်သူ သိနိုင်မှာလဲ" ရဲချီယန်က ပြန်ဖြေလိုက်လေသည်။ "ဒါပေမဲ့ အကျိုးအပဲ့ ကျောက်တုံးလေးတွေနဲ့ စစ်ပွဲစလိုက်ရုံနဲ့ ငါ့ကို ဒီနေရာမှာ ထာဝရ နေစေချင်နေတာလား"

"သူတို့က ထိုက်တန်မှုမရှိဘူး"

သူက လက်ဖျစ်ကို ဖွဖွလေး တီးလိုက်သည့်အခါ ရထားအပြင်ဘက်တွင် ဗီလိန် ထွက်ပေါ်လာလေ၏။

ရဲချီယန်က လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။ နတ်ဆိုး ကတ်ပြားများဖြစ်သော ဖြားယောင်းသွေးဆောင်ခြင်း၊ မာနတရား၊ ကြိုတင်သတိပေးသူ၊ မျက်ရည်နီ၊ လောဘတကြီး စားသောက်ခြင်းတို့ အားလုံးက ရဲချီယန်၏နောက်ကွယ်တွင် စက်ဝိုင်းပုံသဏ္ဌာန် ဖန်တီးကာ ဖြည်းညင်းစွာ လည်ပတ်နေကြလေတော့သည်။

ဆိုးယုတ်သောအလင်းက သူ၏ကိုယ်ပေါ်သို့ လျှို့ဝှက်ဆန်းကြယ်မှု အငွေ့အသက်တစ်ခုကို ပေါင်းထည့်ပေးလိုက်ချေပြီ။

ခဏတာ စဉ်းစားပြီးနောက်တွင် သူသည် ကပ်ဘေး ကတ်ပြား - စက်ယန္တရား အကျပ်အတည်းကို ဆင့်ခေါ်လိုက်ကာ နတ်ဆိုးများနှင့်အတူ ယှဉ်တွဲထားရှိလိုက်လေသည်။

လမ်းပြသည် သူ့ကို ငေးမောစွာ စိုက်ကြည့်နေပြီးနောက် အချိန်အတော်ကြာမှ ရဲချီယန်ကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။

"တိုက်ပွဲမှာ အကြီးအကျယ် အောင်မြင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်" သူက စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် နေရာမှ ပျောက်ကွယ်သွားလေ၏။ လမ်းပြက ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ တစ်ဝက်သာဖြစ်နေလျှင်တောင်မှ ၎င်း၏ အဖိုးတန်ဆုံးရတနာကို ရဲချီယန်ထံသို့ အပ်နှံထားပြီးဖြစ်ပေသည်။

ဝုန်း... မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ဖျောက်... မိုးစတင်ရွာသွန်းလာခဲ့ပြီဖြစ်သည်။

ရဲချီယန်သည် ရထားထဲမှ ထွက်လာကာ ခေါင်မိုးပေါ်သို့ တက်လာခဲ့၏။

မျက်ရည်နီ နတ်ဆိုးက ကောင်းကင်မှ ကျဆင်းလာသော မျက်ရည်နီ မိုးစက်များရန်မှ သူ့ကို ကာကွယ်ပေးရန် အနီရောင် ထီးတစ်လက်ကို ကိုင်ဆောင်ပေးထားလေသည်။

လူသားတစ်ဦးနှင့် ခွဲခြား၍မရနိုင်သော စက်ယန္တရား အိမ်စေမလေးက သူ၏ဘေးတွင် ပြုံးလျက် ရပ်နေကာ သူမ၏ သခင်ထံမှ အမိန့်များကို စောင့်ဆိုင်းနေပေ၏။

ရဲချီယန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အီဘိုနီကို မြှင့်ကာ အရှေ့တည့်တည့်မှ အမြန်ဆုံး ပြေးလာနေသော ကျောက်တုံးလူသားကို ချိန်ရွယ်လိုက်သည်။

အနက်နှင့် အဖြူ အရောင်နှစ်မျိုးစပ် ပေါက်ကွဲစေတတ်သော ကျည်ဆန်များက သေနတ်ပြောင်းဝတွင် စုစည်းလာသည်။ မောင်းတံကို ညှစ်လိုက်သည်နှင့် ကျည်ဆန်က ပြေးထွက်သွားလေတော့၏။

ဒိုင်း... ထိုကျောက်တုံးလူသားမှာ ထိမှန်သွားသည်နှင့် တစ်စစီ ကြေမွသွားလေသည်။ ဤအရာက ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ပင်။

လောဘတကြီး စားသောက်ခြင်း နတ်ဆိုးက ၎င်း၏ အစွမ်းထက်ဆုံး အသွင်အပြင်ကို ပထမဆုံးအကြိမ်အဖြစ် ပြသလိုက်ချေပြီ။

ထိုစဉ်က သူ ဝါးမျိုခဲ့သော RUN ကုမ္ပဏီ သူဌေး၏ စက်ယန္တရား တပ်ဖွဲ့ကို အသွင်ပြောင်းကာ တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်လေ၏။ ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က စစ်တူရွင်းကြီးကို ကိုင်ဆောင်ကာ ဗီလိန်နှင့် ယှဉ်လျက် အရှေ့ဆုံးတွင် ရပ်နေပေသည်။

ကျီးကန်းနတ်ဆိုး အမွှာက လေထဲတွင် ဝဲပျံနေပြီး မကြာသေးမီကမှ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြီးမြောက်ထားသော သိမ်းငှက်ကို ခေါ်ဆောင်လာကာ အမဲလိုက်နဂါးရန် အသင့်ဖြစ်နေကြသည်။

အီဗ်က လက်နက်တပ်ဆင်သည့် နေရာလွတ်များ အားလုံးကို ဖွင့်လှစ်လိုက်၏။ ၃၆၀ ဒီဂရီ၊ မျက်ကွယ်မရှိသော အခြေအနေဖြင့် ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ချိန်ရွယ်ထားလေသည်။

တကယ်တော့ သူက ဝိုင်းရံခံထားရသူဖြစ်သည်။ သို့သော်... တကယ်ပဲ သူက ဝိုင်းရံခံထားရတာလား။

ရဲချီယန်က လက်ကိုမြှောက်ကာ လေဟာနယ်ကို ဆုပ်ကိုင်လိုက်ချိန်တွင် မြင့်မားသော ကောင်းကင်ယံထက်မှ မိုးတိမ်များကြားမှ စက်ယန္တရား နဂါးကြီး၏ ဟိန်းဟောက်သံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားလေတော့၏။

"စမ်းသပ်မှု... ဟွန်း၊ ပိုမိုက်တဲ့စကားလေး စဉ်းစားလိုက်ဦးမယ်... အဟမ်း"

ရဲချီယန်က လည်ချောင်းရှင်းလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "အခု မင်းတို့က စိန်ခေါ်သူတွေပဲ"

မျက်ရည်နီ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းလာသည့် အခိုက်အတန့်တွင် စစ်ပွဲက အမှန်တကယ် စတင်သွားလေပြီ။

မိုးရေစက်များနှင့် ထိတွေ့မိသော ကျောက်တုံးလူသားများအားလုံးက ဤအခိုက်အတန့်အတွက် ၎င်းတို့၏ နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရ၏။ ဝမ်းနည်းပူဆွေးမှု... သေဆုံးခြင်း... စူးရှအော်ဟစ်သံ... မျှော်လင့်ချက်မဲ့မှု... အမျိုးမျိုးသော ခံစားချက်များက ရောယှက်နေပေသည်။

သူတို့၏ ခြေလှမ်းများ နှေးကွေးသွားကာ သူတို့၏ အသိစိတ်များက ခုခံနေကြလေသည်။ သို့သော် အမဲလိုက်နဂါး မုဒ်ကို ဖွင့်လှစ်ထားသော စက်ယန္တရား နဂါးကြီးက အမဲလိုက်နဂါး ဒုံးကျည်ဆယ့်နှစ်ခုကို ပစ်ချလိုက်ချိန်တွင် စစ်ပွဲ၏ စစ်မှန်သော ရက်စက်ကြမ်းကြုတ်မှုက ထုတ်ဖော်ပြသလာလေတော့၏။

နတ်ဆိုးများနှင့် စက်ယန္တရားများ။ သူတို့ကသာ စမ်းသပ်မှုဟု အမည်ရသော ဤစစ်တလင်း၏ စစ်မှန်သော ကြီးစိုးသူများ ဖြစ်ကြပေသည်။

ရဲချီယန်က အမှန်တရားနှင့် အတုအယောင် စာအုပ်၏ ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်ပြီး တိကျသော သက်ရှိတစ်ခု ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေ၏။

ကျောက်တုံးလူသားများနှင့် ဖွဲ့စည်းထားသော ဤတပ်ဖွဲ့ကိုသာ စေလွှတ်ခြင်းက ကတ်ပြား အစီအစဉ် ပိုင်ရှင်ကို နတ်ဘုရားတစ်ပါးက ဝန်းရံပိတ်ဆို့ခြင်းဟု သတ်မှတ်မည်ဆိုလျှင် ထိုအရာက... အနည်းငယ် ရိုးရှင်းလွန်းနေပေလိမ့်မည်။

"တမန်တော်၊ မင်း ဘယ်မှာလဲ" ထိုချော်ရည်နတ်ဘုရား၏ ပထမမြောက် တမန်တော်။ သူတို့၏သား သေဆုံးသွားသောကြောင့် သူတို့ ဤနေရာတွင် ထွက်ပေါ်လာမည်လော။

All Chapters