← Chapters

အခန်း ၂၉၂

Vol. 25 Ch. 292

အခန်း ၂၉၂

Vol. 25 Ch. 292

အခန်း (၂၉၂) ရေနွေးငွေ့ဘုရင် နှင့် ဗီလိန်

အပြင်ဘက်တွင် ဗီလိန်၏ တားဆီးခြင်းကို ခံလိုက်ရသော စက်ယန္တရား ဒီရေလှိုင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် တိုက်ခတ်နေခဲ့ပြီးနောက် စနစ်၏ ဖော်ပြချက်အရ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့လေ၏။

အကယ်၍ တခြားသူတစ်ယောက်သာဆိုလျှင် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားတတ်သော အရာတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့သွားခြင်းမှာ ပုံမှန်ပင် ဖြစ်ပေမည်။

သို့သော်ငြား ရဲချီယန်ကမူ ၎င်းကို မြင်တွေ့ခဲ့ရပေသည်။

ထိုဒီရေလှိုင်း မပျောက်ကွယ်သွားမီလေးတွင်ပင်။

ယင်း၏ အလယ်ဗဟိုတည့်တည့်၌ လေဟာနယ် ဝဲဂယက်တစ်ခု ထွက်ပေါ်လာခဲ့လေ၏။

၎င်းအတွင်းရှိ အရာအားလုံးက ထိုဝဲဂယက်မှတစ်ဆင့် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကာ ထူထပ်သော မြူခိုးများ၏ ဖုံးကွယ်ပေးထားမှုကြောင့် အခြားသူများအမြင်တွင် အကြောင်းပြချက်မရှိဘဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသကဲ့သို့ ထင်ရခြင်းပင် ဖြစ်ချေသည်။

ထိုဝဲဂယက်က ဘယ်နေရာကို ဦးတည်နေသနည်း။

စက်ယန္တရား ဒီရေလှိုင်းကြီး လုံးဝ ဆုတ်ခွာမသွားမီလေးတွင်။

ရဲချီယန်က ၎င်းအပေါ်၌ နေရာရွှေ့ပြောင်းအမှတ်အသား ကိုဩဒိနိတ်တစ်ခုကို ချန်ရစ်ထားခဲ့လေ၏။

သူ၏ အကြည့်များက ရေနွေးငွေ့ဘုရင်၏ ဗဟိုစက်ရုံကြီးဆီသို့ ရောက်ရှိသွားပေသည်။

ဤအခိုက်အတန့်တွင် မြို့တော်နှင့် ၎င်းအတွင်းရှိ အရာအားလုံးကို ဝါးမျိုနေသော ထိုဒီရေလှိုင်းမှာ လူအများ ရိုသေကိုင်းရှိုင်းကြသည့် ရေနွေးငွေ့ဘုရင်၏ နန်းတော်အတွင်း၌ တည်ရှိနေပေသည်။

သူတို့ကြားမှာ ဆက်စပ်မှု မရှိဘူးလို့ ပြောရမှာလား။

ဟက်ဟက်...

"ဗီလိန်"

အမိန့်ပေးလိုက်လေပြီ။

ရဲချီယန်အနေဖြင့် ဆက်လက် စောင့်ကြည့်လေ့လာနေရန် မလိုအပ်တော့ဟု ခံစားလိုက်ရချေပြီ။

ဤမှတ်တိုင်။

ဤနေရာ၊ နှစ်ရက်တာ အချိန်အတွင်း တာဝန်ပြီးမြောက်ရန်အတွက် သူ ရှာတွေ့နိုင်ခဲ့သော တစ်ခုတည်းသော နည်းလမ်းမှာ။

ယခု ဤနေရာတွင်ပင် ထို ရေနွေးငွေ့ဘုရင် ကို ဖြေရှင်းပစ်ရန်သာ ဖြစ်လေတော့သည်။

"သ... သခင်လေး"

"နောက်ဆက်ဖြစ်လာမယ့် ကိစ္စတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး"

ရဲချီယန်က နိတ်၏ ဘေးမှနေ၍ ဖြတ်လျှောက်သွားလေ၏။

ဗီလိန်၏ ဒိုင်းလွှာကြီးများမှာ လှည့်ပတ်သွားကာ ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော အစောင့်စစ်သားဆီသို့ ချိန်ရွယ်သွားချေပြီ။

"ရှေ့သို့ ချီတက်စမ်း"

တံခါးကို ဒိုင်းလွှာနှစ်ခုဖြင့် ပြင်းထန်စွာ ဝင်ဆောင့်လိုက်ရာ ဂိတ်တံခါးကို စောင့်ကြပ်နေသော စက်ယန္တရား စစ်သားမှာ ဘာတွေဖြစ်ပျက်နေမှန်းပင် မသိလိုက်ခင်မှာ ဗီလိန်၏ ဒိုင်းလွှာကြီးနှစ်ခုကြားတွင် ညပ်သွားကာ ချက်ချင်းပင် သတိလစ်မေ့မြောသွားရလေတော့သည်။

"နှစ်ရက်လုံး တာဝန်ပြီးမြောက်မယ့် နည်းလမ်းကို ရည်ရွယ်ချက်မရှိ လိုက်ရှာနေမယ့်အစား ဒီလိုလုပ်လိုက်တာက ပိုပြီး ရိုးရှင်းတိကျတယ် မဟုတ်လား"

ရှေ့ဆက်စမ်း...

စက်ရုံအတွင်း၌ အချက်ပေး ဥသြသံများ စူးရှစွာ ထွက်ပေါ်လာလေ၏။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စက်ယန္တရား အစားထိုးကိုယ်လက်အင်္ဂါများဖြင့် ပြုပြင်မွမ်းမံထားသည့် လူသားအမြောက်အမြား ပြေးထွက်လာကြပေသည်။

"ကျူးကျော်သူ၊ ကျူးကျော်သူ ရောက်နေပြီ။ ကျူးကျော်သူကို ချေမှုန်းကြ"

အသုံးမဝင်ပါချေ။

နတ်ဘုရား၏ တမန်တော် တစ်ပါးနှင့်တူသော ဖြစ်တည်မှုမျိုးကို ရင်ဆိုင်ရချိန်တွင် ဗီလိန်၏ စွမ်းရည်များက လုံလောက်မှု မရှိသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော် ဤနေရာတွင်တော့။

ပို၍ တိတိကျကျဆိုရလျှင် နှိုင်းယှဉ်ချက်အရ ပုံမှန်သာဖြစ်သော ဤအဆင့် ၈ မှတ်တိုင် အတွင်း၌။

ဗီလိန်၏ တည်ရှိမှုက။

တစ်ဖက်တစ်လမ်းမှ ကြည့်မည်ဆိုပါက အလွန်အမင်းကို စွမ်းအားကြီးမား လွှမ်းမိုးလွန်းနေပေသည်။

နတ်ဘုရား အမြုတေ ဒိုင်းလွှာကြီး နှစ်ခုက အရှေ့သို့ ဆက်လက် တွန်းတိုက်ချီတက်သွားလေ၏။

အလင်းဖောက်ထွင်းမြင်ရသော ကန့်လန့်ကာတစ်ခုနှင့် ဝင်တိုက်မိသည့် အချိန်အထိပင်။

ထိုအရာက စက်ရုံကို ကာကွယ်ပေးထားသော ရေနွေးငွေ့ ဒိုင်းလွှာ ဖြစ်လေသည်။

သို့သော်ငြားလည်း။

ဘာမျှ မဖြစ်ခဲ့ချေ။

ဒိုင်းလွှာကြီးများက ပြင်းထန်စွာ ဆောင့်တိုက်ကာ အဆက်မပြတ် ရှေ့သို့ ချီတက်သွားပေသည်။

ထိုစက်ယန္တရား မကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုများမှာ ကလိထိုးနေသကဲ့သို့သာ ဖြစ်လေ၏။

ဗီလိန်၏ ပခုံးပေါ်တွင် ရပ်နေသော ရဲချီယန်ကို နိတ်က ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိလေသည်။

"သ... သခင်လေး။ ဘာတွေ လုပ်နေတာလဲ"

သူ ဘာလုပ်နေသလဲဆိုတာက ထင်ရှားမနေဘူးလား။

"မင်းပြောနေတဲ့ ကြီးမြတ်လှတဲ့ ရေနွေးငွေ့ဘုရင် ဆိုတဲ့သူကို သွားတွေ့မလို့ပေါ့"

"ဒါပေမဲ့ ဒီလိုလုပ်စရာ မလိုပါဘူး"

သူ၏ စကားများပင် မဆုံးလိုက်ချေ၊ အဘယ်ကြောင့်ဆိုသော် ရဲချီယန်အနေဖြင့် နားထောင်ရန် ရည်ရွယ်ချက် လုံးဝမရှိသောကြောင့်ပင် ဖြစ်လေ၏။

"အခုတော့ ငါက တကယ့်ကို ဆိုးယုတ်တဲ့ ဗီလိန်ကြီး တစ်ယောက် ဖြစ်သွားပြီပဲ"

အဆက်မပြတ် ချီတက်သွားလေ၏။

မည်သူကမျှဖြစ်စေ၊ မည်သည့် တိုက်ခိုက်မှုကမျှဖြစ်စေ ဗီလိန်၏ ခြေလှမ်းများကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

ရေနွေးငွေ့ ဒိုင်းလွှာကြီးမှာ ဗီလိန်၏ ဒိုင်းလွှာများကြောင့် တစ်စစီ ရိုက်ချိုးခံလိုက်ရချိန်တွင်။

ဤစက်ရုံ၏ အလယ်ဗဟို ဧရိယာမှာ ရဲချီယန်၏ မျက်စိရှေ့တွင် အလုံးစုံ ထုတ်ဖော်ပြသလာလေတော့သည်။

နတ်ဆိုး ကတ်ပြား · မာနတရား ၏ စွမ်းရည် အသက်ဝင်လာပေပြီ။

နတ်ဘုရား၏ မျက်လုံး...

ထူထပ်သော မြူခိုးများကို ထိုးဖောက်ကြည့်ရှုလိုက်လေ၏။

သံမဏိများကို ထိုးဖောက်ကြည့်ရှုလိုက်ပေသည်။

နောက်ဆုံးတွင်တော့။

သူ မြင်တွေ့လိုက်ရချေပြီ။

ထို နေရာရွှေ့ပြောင်းအမှတ် တည်ရှိရာ နေရာတွင် မီးခိုးဖြူရောင် ရေနွေးငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသော သံချပ်ကာအထူစားများ တပ်ဆင်ထားသည့် ဖောင်းကားနေသော စက်ယန္တရားကြီးက အနီရောင် မျက်လုံးတစ်လုံးကို ဖွင့်လာခဲ့လေသည်။

ဝုန်း...

နိတ် ပြောပြခဲ့သော ပုန်ကန်သော စက်ယန္တရား များမှာ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးရှိ အပေါက်တစ်ခုအတွင်းသို့ လိမ့်ဝင်သွားကြလေ၏။

ပြာကျအောင် လောင်ကျွမ်းခြင်း... အငွေ့ပျံခြင်း... မီးစွဲလောင်မှတ်...

ရေနွေးငွေ့ တွန်းကန်သံများနှင့် ဗီလိန်၏ ဟိန်းဟောက်သံတို့မှာ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်ပေါ်နေကြပေသည်။

"ဘယ်သူလဲ"

ဧရာမ စက်ယန္တရားကြီး အတွင်းမှနေ၍ အက်ရှရှအသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။

"ရေနွေးငွေ့နဲ့ မသက်ဆိုင်တဲ့ စက်ယန္တရား တစ်ခုလား"

"ပြီးတော့ လူသားတစ်ယောက်"

"မိစ္ဆာ..."

"ရေနွေးငွေ့ မဟုတ်တဲ့အရာတွေ၊ ဖိနှိပ်စမ်း"

သံမဏိရောင် ရေနွေးငွေ့ စက်ယန္တရားကြီးက မြေပြင်ပေါ်တွင် မတ်တတ်ရပ်လာလေသည်။

ကြမ်းတမ်းသော ရေနွေးငွေ့များက အပြင်ဘက်သို့ ပြန့်နှံ့သွားချေပြီ။

၎င်း၏ လှုပ်ရှားမှုများကြောင့် မြို့တော်တစ်ခုလုံးတွင် အဆိပ်သင့် မြူခိုးများ ပိုမို ထွက်ပေါ်လာရလေတော့၏။

"ငါက ရေနွေးငွေ့ဘုရင်ပဲ"

"မိစ္ဆာ"

ဒုန်း ဒုန်း ဒုန်း...

"သေစမ်း"

၎င်းမှာ အလွန်တရာ ဧရာမကြီးမားလှပေသည်။

မီတာ တစ်ရာလား။ မီတာ နှစ်ရာလား။ မီတာ သုံးရာလား။

၎င်း၏ရှေ့တွင် ဗီလိန်မှာ ကလေးငယ်တစ်ဦးအလားပင် ဖြစ်နေလေ၏။

"ဒီခန္ဓာကိုယ်က စိတ်ကူးယဉ်မှုအားလုံးရဲ့ အဆုံးသတ်ပဲ"

"ရေနွေးငွေ့ ဖိအား၊ အမြင့်ဆုံးအမှတ်"

၎င်း၏ ခြေဖဝါးအောက်ရှိ ပြင်းထန်သော ရေနွေးငွေ့များက မီတာရာနှင့်ချီ မြင့်မားသော ဧရာမ ခန္ဓာကိုယ်ကြီးကို လေထဲသို့ တွန်းတင်လိုက်လေသည်။

၎င်း၏ လက်ထဲတွင် ပြောင်းပြန်လှည့်နေသော ဝင့်ချ် သံတူကြီးတစ်ခုက စတင် လည်ပတ်လာပေ၏။

လေထုကြီးမှာ ၎င်းကြောင့် ဖိသိပ်ခံလိုက်ရချေပြီ။

တောင်တန်းကြီးတစ်ခု ဖိချလာသည့်အလား တိုက်ခိုက်မှုကြီးက ရဲချီယန်နှင့် ဗီလိန်တို့ထံသို့ ပြင်းထန်စွာ ကျဆင်းလာလေတော့သည်။

"ဒါက အိပ်ရာနိုးစ စိတ်ကြည်မနေတာများလား၊ ဟက်..."

"ဗီလိန်၊ တားလိုက်စမ်း"

အမိန့်ပေးလိုက်လေပြီ။

ဒိုင်းလွှာနှစ်ခု ထပ်တူကျ ပေါင်းစပ်သွားလေ၏။

ဗီလိန်က သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပေသည်။

ဒိုင်းလွှာများကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်ချေပြီ။

ရေနွေးငွေ့ဘုရင်၏ တိုက်ခိုက်မှုနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။

ဆွေးမြည့်ခြင်း၊ ချော်ရည်ဒိုင်းလွှာ၊ ရေနွေးငွေ့၊ အဆိပ်အတောက်။

ကြမ်းတမ်းလှသော လှိုင်းဂယက်များကြောင့် မြို့တော်တစ်ခုလုံးရှိ လူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြရလေတော့သည်။

အောက်ဆီဂျင် ပမာဏက ပါးလွှာလာကာ မြူခိုးများထဲရှိ အဆိပ်အတောက်များက ပိုမို ပြင်းထန်လာပေသည်။

ရေနွေးငွေ့ဘုရင်၏ ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း နီရဲလာလေ၏။

"မိစ္ဆာ..."

၎င်း၏ တိုက်ခိုက်မှုမှာ တားဆီးခံလိုက်ရလေပြီ။

ဒေါသတရားနှင့် ချော်ရည်ဒိုင်းလွှာထံမှ ထွက်ပေါ်လာသော အပူချိန်မြင့်မားသည့် တန်ပြန်ထိခိုက်မှုတို့က ထပ်တူကျ ပေါင်းစပ်သွားကြချေပြီ။

"စွမ်းဆောင်ရည်မြင့်... ဖိသိပ်ထားသော ဒီဖရန်ရှယ် အင်ဂျင်၊ အသက်ဝင်စမ်း"

ပိုမို၍ ဖိသိပ်လိုက်လေ၏။

၎င်း၏ လက်ထဲရှိ ဧရာမ သံတူကြီးက ပတ်ဝန်းကျင်ရှိ စက်ယန္တရား ထုတ်ကုန်အားလုံးကို ၎င်းအတွင်းသို့ အဆုံးအစမရှိ စုပ်ယူကာ လောင်စာအဖြစ် ပြောင်းလဲပစ်လိုက်ပေသည်။

"ရေနွေးငွေ့ ဖိအား... မြင့်တက်စမ်း"

"ချေမှုန်းရေး၊ တစ်ချက်တည်းပဲ"

အဆပေါင်းများစွာ ပိုမို အစွမ်းထက်သော တိုက်ခိုက်မှုကြီးက ပြင်းထန်စွာ ဖိချလာလေတော့၏။

သို့သော် ရဲချီယန်၏ အမိန့်မှာ ယခင်အတိုင်းပင် ဖြစ်လေသည်။

"တားထားစမ်း"

ဝုန်း ဝုန်း ဝုန်း...

ဗီလိန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ညည်းတွားသံကြီး ထွက်ပေါ်လာလေ၏။

သို့သော် ၎င်းက ဤမြေပြင်ပေါ်တွင် ခိုင်မာစွာ မတ်တတ်ရပ်နေဆဲပင် ဖြစ်ပေသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာများက အက်ကွဲလာချေပြီ။

၎င်း ရပ်နေသော မြေပြင်မှာလည်း ပြိုကျလာလေ၏။

သို့တိုင်အောင် ဗီလိန်က ထိုတိုက်ခိုက်မှုကို တားဆီးထားနိုင်ဆဲပင် ဖြစ်လေတော့သည်။

"မိစ္ဆာ..."

ရေနွေးငွေ့ဘုရင်မှာ အလွန်အမင်း ဒေါသထွက်သွားရလေပြီ။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ တိုက်ခိုက်မှုမှာ ဗီလိန်၏ ကာကွယ်ရေးကို မထိုးဖောက်နိုင်ခဲ့ရုံသာမက ထိုဒိုင်းလွှာကြီး နှစ်ခုထံမှ ပြင်းထန်လှသော တန်ပြန်ထိခိုက်မှုကိုပါ ခံစားလိုက်ရသောကြောင့် ဖြစ်လေ၏။

လောင်ကျွမ်းခြင်း၊ ဆွေးမြည့်ခြင်း...

ပထမတစ်ခုက စက်ယန္တရားများအတွက် ပြဿနာ မရှိလှပေ။

သို့သော် နောက်တစ်ခုကရော။

ဆွေးမြည့်ခြင်း ဆိုသည်မှာ စက်ယန္တရားများ၏ အကြီးမားဆုံး ရန်သူပင် ဖြစ်ပေသည်။

"ခွင့်မလွှတ်နိုင်ဘူး၊ မိစ္ဆာ စက်ယန္တရား၊ ဖျက်ဆီးပစ်ရမယ်"

"လုပ်ဆောင်ချက် ချဲ့ထွင်ခြင်း၊ အသက်ဝင်စမ်း၊ ဒုတိယမြောက် ပုံစံ..."

ရေနွေးငွေ့များက ဒေါသတကြီး လှိုင်းထနေလေ၏။

မြို့တော်တစ်ခုလုံး၏ အပူချိန်မှာ အဆက်မပြတ် မြင့်တက်လာချေပြီ။

မြေပြင်ပေါ်ရှိ လူများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခံစားလိုက်ကြရလေ၏။ ရေနွေးငွေ့ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် သံချပ်ကာအသစ်များ ထွက်ပေါ်လာသည်နှင့်အမျှ ဆိုးရွားလှသော နေထိုင်မှု ပတ်ဝန်းကျင်မှာ ကိုယ်တွင်းအင်္ဂါများ ပြုပြင်မွမ်းမံထားသူများပင် ခံနိုင်ရည်ရှိရန် ခက်ခဲလောက်အောင် ပြင်းထန်လာသောကြောင့်ပင်တည်း။

နိတ်က သူ၏ လည်ပင်းကို အသည်းအသန် ဆုပ်ကိုင်ထားကာ အရှေ့ဘက်ဆီသို့ မျှော်လင့်ချက်မဲ့စွာ လှမ်းကြည့်နေမိလေသည်။

"အရှင်မင်းမြတ်! မလုပ်ပါနဲ့၊ ဆက်မလုပ်ပါနဲ့တော့။ ကျွန်တော်တို့ သေကုန်ပါလိမ့်မယ်"

သူ၏ အော်ဟစ်သံများက အဓိပ္ပာယ်မဲ့လှပေသည်။

ဤ ရေနွေးငွေ့ဘုရင် ဟု ခေါ်ဆိုနေကြသောအရာမှာ ကြင်နာတတ်သော အုပ်စိုးသူ လုံးဝ မဟုတ်ပါချေ။

၎င်းက စက်ယန္တရားတစ်ခု သက်သက်သာ ဖြစ်လေ၏။

မိမိကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာထားသော စက်ယန္တရားတစ်ခု။

စက်ယန္တရားတစ်ခုက လူသားတွေကို ဂရုစိုက်ပါ့မလား။

ဒါပေမဲ့ ရဲချီယန်ရဲ့ စက်ယန္တရားကတော့ သူ့ကို ဂရုစိုက်တာပေါ့လေ။

"ဟက်... မင်း တောင့်ခံနိုင်သေးရဲ့လား"

ရဲချီယန်က ဗီလိန်၏ ခေါင်းကို ပုတ်လိုက်ရာ ဗီလိန်က သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံဖြင့် တုံ့ပြန်လာလေ၏။

"အရမ်းကောင်းတယ်"

"ဒါဆိုရင် အဆုံးတိုင်အောင် တောင့်ခံထားစမ်း၊ မင်း ဘယ်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"တားထားစမ်း"

All Chapters