← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

Chapter 62: စုယွမ်၏ပထမဆုံးတိုက်ပွဲ။ သူဟာ တိုက်ပွဲအတွေ့အကြုံ ကင်းမဲ့နေပေ၏။

【ဒင်၊ ကျော်ကြားမှုအမှတ်+ 1】

သူ စင်ပေါ်သို့လမ်းလျှောက်သွားလိုက်သည့်တခဏလေးမှာတင် စနစ်မြည်သံများဟာ ခေါင်းကိုက်မတတ် ဆက်တိုက်မြည်လာ၏။ ထို့ကြောင့် သူလည်း မတတ်နိုင်တော့ဘဲ စနစ်မြည်သံကိုသာ ပိတ်ထားလိုက်ရတော့သည်။

သူ စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: ကျော်ကြားမှုမြင့်တက်နေဆဲ (3926 / 10000)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်ခြောက် (99/ 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၅ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

ဤအတောအတွင်း လောင်းကစားဝိုင်းကြောင့် သူ၏ကျော်ကြားမှုမှာ ၂၅၀၀ကျော်တိုးတက်သွားခဲ့သည်။ သူသည် ဂိုဏ်းတွင် နာမည်တစ်ခုလုပ်သွားနိုင်လုနီးနီးဖြစ်သွားခဲ့ပြီး ယခုဆိုလျှင်လည်း နောက်ထပ် အမှတ် ၃၂၃မှတ်ထပ်တိုးလာပြန်သည်။

အမှန်တိုင်းဝန်ခံရပါလျှင် ကျော်ကြားမှုအမှတ်မြင့်မားခြင်းမှာ လိုချင့်စဖွယ်ကောင်းသော်ငြား တစ်ဖက်တွင်မူ အရမ်းလူသိများမည်ကိုလည်း စိုးရွံ့ပါ၏။

ပြိုင်ပွဲမှာ လောင်းကစားဝိုင်းနှင့်မတူချေ။ လောင်းကစားဝိုင်းပြီးချိန်တွင် သူဟာ လူမြင်ကွင်းထဲမှ တခဏရှောင်တိမ်းနေလိုက်ပါက လူတို့ကလည်း သူ့ကို မေ့ပျောက်သွားကြမည်သာ။ သို့သော်ငြား ပြိုင်ပွဲတွင်သာ သူ၏ခွန်အားကိုထုတ်ပြခဲ့မိပါက သူပုန်းကွယ်လျှင်တောင် လူများက သူ့အကြောင်း သတိရဦးမည်သာဖြစ်ရာ ဤကိစ္စနှစ်ခုမှာ တကယ်ကို မတူလှပါချေ။

အဆုံးတွင်မူ ကျင့်ကြံရေးလောကမှာ ကျင့်ကြံဆင့်နှင့်ခွန်အားကိုသာ အရာအားလုံးထက် တန်ဖိုးထားသည်ပင်။

ကိစ္စများက ဤအခြေအထိရောက်လာမှတော့ သူလည်း မတိုက်ခိုက်နိုင်ဟန်ဆောင်ကာ အရှုံးပေးလိုက်ချေမည်။ ထိုသို့ဆိုပါက ဤအချင်းအရာအားလုံးက ပြေလည်သွားလိမ့်မည်သာ။ အရှုံးပေးနှလုံးပေး အေးဆေးတဲ့

ဤသို့ဖြင့်သာ တွေးရင်း သူ စင်မြင့်အစွန်းသို့ရောက်ရှိလာ၏။

အခြားတစ်ဖက်တွင်မူ အမျိုးသမီးတစ်ဦးဟာ ခြေဖျားလေးအသာထောက်လျက် စင်မြင့်ပေါ်သို့ ကြော့ရှင်းစွာ ရောက်ရှိလာခဲ့သည်။

“ဂိုဏ်းတူအစ်မရှောင်ရှောင်းပဲ နိုင်မှာသေချာတယ်။”

“အား၊ ဂိုဏ်းတူအစ်မရှောင်ရှောင်း။ ချောလိုက်တာ အားး သေပါပြီ တချက်လောက်လှည့်ကြည့်ပါ”

“သူမပဲနိုင်မှာသေချာတယ်။ သူမပဲနိုင်မှာ။ ဂိုဏ်းတူအစ်မရှောင်ရှောင်းရဲ့စိမ်းညို့လေသိုင်းမန္တန်က သာလွန်အဆင့်ကိုရောက်နေပြီ၊ ချီစုဆောင်းခြင်းအဆင့်ရှစ်ကလူကိုတောင်ယှဥ်ချနိုင်တယ်။”

အံ့သြသံများ၊ စိတ်လှုပ်တရှားရေရွတ်သံများက လူအုပ်ထဲမှထွက်ပေါ်လာ၏။

“ဟမ်၊ အဲ့ဒါလောင်းကစားဝိုင်းထောင်တဲ့ဂိုဏ်းတူညီလေးမဟုတ်ဘူးလား။ ဘာလို့သူက စင်ပေါ်မှာရှိနေတာလဲ။”

“မဖြစ်သင့်ဘူးလေ။ သူက လောင်းပွဲလည်းထောင်သေး၊ ကိုယ်တိုင်လည်းဝင်ပါသေး။ ကြောင်တောင်တောင်နဲ့ ငပေါ”

“ငါရယ် ခန့်မှန်းမန္တန်ကို လေ့ကျင့်ထားတာ။ သူ့ရဲ့အရှိန်အဝါက ချီစုဆောင်းခြင်းအဆင့်ခြောက်ပဲရှိသေးတာ။ အဲ့ဒီလောက်နဲ့လာပြိုင်ရဲသေးတယ်။ တကယ်ကို ယုံကြည်မှုရှိတာပဲ။”

စုယွမ်၏အမူအရာမှာ တည်ငြိမ်လျက်သာ စင်မြင့်ပေါ်သို့တလှမ်းချင်းတက်လာသည်။

စင်မြင့်ပေါ်တွင်မူ အပြင်ကအသံများကို မကြားရတော့ပေ။

“မန္တန်ဆိုင်ရာတောင်ထိပ်ရဲ့လီရှောင်ရှောင်းပါ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး။”

ဆန့်ကျင်ဘက်အရပ်မှ သာယာသောအသံတစ်သံကထွက်ပေါ်လာ၏။

စင်မြင့်ဘေးရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသောဒိုင်သူကြီးက စုယွမ်ကို ပြန်နှုတ်ဆက်ရန် အချက်ပြလာသည်။

စုယွမ်လည်း ချက်ချင်း ဦးညွတ်ကာ ဆိုလိုက်၏။

“သာလွန်တောင်ထိပ်ရဲ့စုယွမ်ပါ။ ကျေးဇူးပြုပြီး ညွှန်ပြပေးပါဦး။”

သူတို့နှစ်ဦးမှာ သုံးမီတာခြား၍ မျက်နှာချင်းဆိုင်ရပ်နေလျက် ဘေးနားက ဒိုင်၏အမိန့်ကိုစောင့်နေကြ၏။

ပြိုင်ပွဲကိုကြည့်ရှုနေကြသောလူအုပ်ကြီးထဲမှ စုယွမ်နှင့်နှစ်တူသူများမှာ စုယွမ်ကို စင်မြင့်ပေါ်မြင်လိုက်ရသည့်အတွက် အံ့သြနေကြ၏။

လျှိုမူဝမ်ကလည်း လူအုပ်ထဲရှိနေပြီး သူမမှာ စုယွမ်အပေါ် နက်နက်နဲနဲအမြင်ရှိရာ သေချာပေါက်ကို မှတ်မိ၏။ သူမက မျက်မှောင်ကြုံ့လျက်

“သူက ဘာလို့စင်ပေါ်မှာရှိနေတာလဲ။ အတွင်းဆောင်ပြိုင်ပွဲရဲ့အနိမ့်ဆုံးကတောင် ချီစုဆောင်းခြင်းအဆင့်ခုနစ်ရှိတာ။ စုယွမ်စင်ပေါ်ရောက်နေတာ ဘာအဓိပ္ပါယ်လဲ။”

လျှိုမူဝမ်မှာ မထိန်းနိုင်ဘဲပြောမိသွားရသည်။

လျှိုမုဝမ်၏နံဘေးရပ်နေသောယဲ့ပိဖန်ကတော့ ပုံမှန်တည်ငြိမ်နေသည့်အမူအရာမရှိတော့၊ ထိုအစား အလွန်လေးနက်နေလေသည်။

“သူက တော်တော်သန်မာတယ်။”

လျှိုမူဝမ်လည်း အံ့သြပြီး ယဲ့ပိဖန်ကို လှည့်ကြည့်လိုက်မိသည်။ ဤသည်မှာ သူမ ယဲ့ပိဖန်၏မျက်နှာထက် ထိုမျှသတိကြီးနေသောအမူအရာမျိုး ပထမဆုံး မြင်ဖူးရခြင်းပေ။

သူမ၏မျက်ဝန်းများထဲ သိချင်စိတ်များပြည့်နှက်သွားလျက် စုယွမ်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။

“အဲ့ဒါဆိုရင် ဘယ်သူနိုင်မယ်ထင်လဲ။”

လျှိုမူဝမ်က မေးလာသည်။

ယဲ့ပိဖန်ကမျက်ဝန်းများကျဥ်းမြောင်းလိုက်ရင်း ပြောလာ၏။

“သေချာပေါက် စုယွမ်ပဲပေါ့။ သူ အကွက်တစ်ကွက်ထဲနဲ့ကို နိုင်သွားလိမ့်မယ်။”

“မဖြစ်နိုင်တာ။”

လျှိုမူဝမ်မှာ မယုံနိုင်သည့်ဟန်ပင်။

အပြင်တွင်ဖြစ်ပျက်နေကြသောအရာအားလုံးမှာ စုယွမ်နှင့် ဝေးကွာနေ၏။

ဒိုင်သူကြီးက ပြောလာ၏။

“ပြိုင်ပွဲစပါပြီ။ နေရာယူပေးကြပါ။”

လီရှောင်ရှောင်း၏သွယ်လျသောကိုယ်လုံးမှာ နောက်ဆုတ်သွားလျက် သူမ၏ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတို့ဖြာထွက်လာပြီး အမြန်နှုန်းမှာလည်း မြင့်မားလာလေသည်။

ထို့နောက် လီရှောင်ရှောင်းက စိမ်းမြရောင်သိုးမွှေးယပ်တောင်တစ်ခုကို ထုတ်၍ စုယွမ်ဘက်သို့ ဦးတည် တိုက်ခတ်လာသည်။

တစ်ခဏချင်းတွင်မှာတင် တစ်ဒါဇင်ထက်များသောစိမ်းမြရောင်ဓါးသွားတို့မှာ လေအဟုန်ဖြင့် စုယွမ်ထံရောက်ရှိလာ၏။

စုယွမ်၏အကြည့်များမှာ လေးနက်သွား၏။ ပြိုင်ဘက်ဖြစ်သူမှာ လက်နက်နှင့်အတူ တစ်ဦးတည်းကိုဦးတည်သောမန္တန်မျိုးပေါင်းစပ်ကာ ထိုမှတဆင့် နေရာတစ်ခုတည်းကိုသက်ရောက်စေသောမန္တန်ကိုပါ သုံးထား၏။ ထိုမန္တန်များမှာ အမြင့်တန်းအဝါရောင်အဆင့်ရှိလေရာ စိမ်းမြဓါးသွားသုံးချက်လောက် ထိသွားလျှင်တောင် ထိပ်တန်းအဝါရောင်အဆင့်ကျင့်ကြံသူတစ်ဦးကို ရိုက်ထုတ်ရန် လုံလောက်၏။

ဤမျှအားကောင်းသော မန္တန်ဖြင့်ဆိုလျှင် စုယွမ်တစ်ယောက် ရှုံးနိမ့်ဟန်ဆောင်လျှင်လည်း မည်သူမှ သံသယဝင်ကြမည်မဟုတ်။

သို့သော်ငြား သူ နာကျင်ရမည်ကိုကြောက်သည်ဖြစ်ရာ ထိုမျှများသောဓါးသွားများဆီက ထိုးစိုက်မခံချင်ပါပေ။

“ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်။”

စုယွမ်လည်း ကိုယ်ပိုင်ဖန်တီးထားသောကျင့်စဥ်ကိုသုံးလိုက်သည်။

သူ၏ဘေးပတ်လည်တွင် ကြယ်ခုနစ်စင်းတို့အမှတ်များမှာပေါ်လာဟန်ရှိပြီး စုယွမ်ကလည်း ထိုကြယ်များအကြား ကူးသန်းနေလိုက်၏။ သူ တစ်ချက်လှုပ်ရှားတိုင်း ကြယ်စင်တို့၏တည်နေရာမှာ ပြောင်းလဲသွားရာ သူ၏ခြေလှမ်းများမှာ အများအမြင်တွင် အလွန်ဆန်းကြယ်ကာ ထူးဆန်နေတော့လေသည်။

ဤသည်မှာကား ကြယ်စွမ်းအင်တို့အသုံးပြုကာ အချိန်အာကာသကိုပင် ပြောင်းလဲနိုင်သော ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ပါပေ။

ထိုအချိန်တွင် စိမ်းမြရောင်ဓါးသွားတို့မှာ စုယွမ်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်လာ၏။

စုယွမ်မှာ မသိလိုက်ဘာသာရှောင်ရှားလျက် ခန္ဓာကိုယ်မှာလည်း ကြယ်စွမ်းအင်အသွင်ပြောင်းသွားကာ နေရာတွင်ချက်ချင်း ပျောက်ကွက်သွားကာ ထို့နောက်ချက်ချင်း နောက်တစ်နေရာတွင် ပေါ်လာရာ ချက်ချင်း ဒါဇင်ချီသောဓါးသွားများကို အေးဆေးရှောင်နိုင်သွားသည်။

စုယွမ် အံ့သြသွားသည်။

စုယွမ် ပြန်လှည်ကြည့်လိုက်တော့ ဓါးသွားတို့ စင်မြင်စွန်းရှိ အစီအရင်ကို တိုက်မိကာ ကွယ်ပျောက်သွားကြသည်။

သူ လီရှောင်ရှောင်းကိုပြန်ကြည့်လိုက်သည်၊ သူ သူမ ပို၍ လေးနက်ဟန်ရလာတာကို ကြည့်ရင်း ကြောင်တောင်တောင်ခံစားလာရ၏။

ဒီလိုပဲပြီးသွားတာလား။

စုယွမ်မှာ သူဟာ တိုက်ခိုက်ရေးအတွေ့အကြုံနည်းလွန်းသည်ဟုသာ တွေးလိုက်မိသည်၊ သူ၏မန္တန်များအပေါ် ထိန်းချုပ်မှုမှာ အကြမ်းထည်ဆန်လွန်းလျက် သူ့ဟာသူတောင် မနည်းထိန်းချုပ်နေရသည်။

သူလည်း အလေးအနက်ထားလာရတော့သည်။ ကြည့်ရသည်မှာ ရှုံးဟန်ဆောင်ခြင်းကလည်း မလွယ်သည့်ပုံ၊ သူ ပို၍လေ့ကျင့်ရန်လိုအပ်ပေပြီ။ သူဟာ တကယ်တော့ ဓါးသွားတစ်ချက်လောက်ထိပြီး ရှုံးသွားချင်ခြင်းပေ။

“ဒီဂိုဏ်းတူမောင်လေးက အားမနည်းဘူးပဲ၊ ငါအစွမ်းကုန်သုံးမှဖြစ်မယ်။”

လီရှောင်ရှောင်း တစ်ကိုယ်တည်းတွေးလိုက်မိသည်။

လီရှောင်ရှောင်းက ဒုတိယတစ်ကြိမ်ထပ်ပြီး ယပ်တောင်ကိုဝေ့လိုက်၏၊ ယပ်တောင်၏ထိပ်တွင် စိမ်းမြဓါးတို့မှာ ထွက်ပေါ်လာလျက် စုယွမ်ထံ မုန်တိုင်းအသွင် ပြေးဝင်လာကြသည်။

စုယွမ်၏အမူအရာမှာ လေးနက်သွား၏၊ သူ၏မျက်လုံးများက ဆယ့်ငါးထပ်လောက်အလွှာဖြစ်နေသော ဓါးသွားတို့ဆီ အကြည့်ရောက်သွားသည်။ သူ၏စိတ်ဝိညာဥ်အာရုံမှာ ထိုဓါးသွားတို့၏လှုပ်ရှားမှုအစီအစဥ်ကို အာရုံခံမိသွားရာ သူလည်း ထိုအခွင့်အရေးကိုဆုပ်ကိုင်ကာ ဓါးသွားတို့ ထပ်ရွေ့နိုင်မည့်နေရာကိုပါ တစ်ခါတည်းရှောင်ထားလိုက်သည်။

လီရှောင်ရှောင်းက နှုတ်ခမ်းတွန့်ကာ တစ်ချက်ပြုံးလိုက်သည်။

“ရှောင်မယ်ဆိုတာသိသားပဲ၊ ငါ့ရဲ့အထာကိုတစ်ချက်မြည်းကြည့်လိုက်။”

သူမက စိတ်ဝိညာဥ်အာရုံကို သုံးကာ ဓါးသွားတို့၏လှုပ်ရှားပုံကိုပြောင်းစေလိုက်ပုံမှာ သူမ၏ကျွမ်းကျင်လှသော မန္တန်ထိန်းချုပ်နိုင်မှုစွမ်းရည်၏သက်သေပင်။

စိမ်းမြရောင်ဓါးသွားတို့မှာ ချက်ချင်းဦးတည်ရာပြောင်းသွားကြ၏၊ ထိုသို့ပြောင်းလဲသွားပုံမှာလည်း အလွန့်အလွန်လျင်မြန်၊ ရှုပ်ထွေးလွန်းပေရာ ကြည့်ရှုသူလူအများမှာ အသက်ရှုပင်အောင့်မိသွားတော့သည်။

သို့သော် စုယွမ်ကတော့ နေရာတွင်တစ်ခုပြန်ပေါ်လာလျက် မျှော်လင့်ထားသောတိုက်ခိုက်မှုမှာ ရောက်မလာချေ။ လှပကာဆရာကျလှသောဓါးသွားတို့မှာ စုယွမ်ကိုတစ်ချက်ပင်မထိဘဲ စည်းအပြင်ကိုသာ ရောက်သွားကြလေသည်။

စုယွမ်လည်း နေရာတွင်ရပ်ပြီး ဓါးသွားတို့ အစီအရင်ကိုထိကာ ပျောက်ကွယ်သွားကြပုံကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ လီရှောင်ရှောင်းကိုလည်း ရှုပ်ထွေးသွားဟန် ပြန်ကြည့်လိုက်ချေသည်။

ဒါက ဘာကြီးလဲ။

လီရှောင်ရှောင်း မျက်မှောင်ကြုတ်မိသွားသည်။ ထိုအခါမှ သူမမှာ တစ်ဖက်လူက သူမ၏ကြိုတင်ခန့်မှန်းမှုကို ပြန်၍ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြောင်း သိသွားရ၏။ အနှီသူမှာ တိုက်ခိုက်ရေးအတွေ့အကြုံအလွန်များလောက်မည်ပေ။

အထူးသဖြင့် ထိုသို့နောက်ကို ပြန်၍ကြည့်ခြင်းက အလွန်ကို လှောင်ပြောင်နေဟန်ရပြီး သူမကို ပြန်ကြည့်လာသော အကြည့်မှာ သဘာဝကျနေလေလေ၊ သူမ ပို၍အံ့ကြိတ်မိလေလေပင် ဖြစ်လာရတော့သည်။

သောက်ကောင်

All Chapters