← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

Chapter 63

အောက်ရှိကြည့်ရှုသူများမှာလည်း အံ့သြနေကြ၏။

သူတို့က ဤပွဲကို တစ်ဖက်သက်နိုင်တော့မည်ဟုထင်ထားခဲ့သော်ငြား ထိုတစ်ဖက်သက်နိုင်သူက စုယွမ်ဖြစ်မည်ဟုတော့ မထင်ထားခဲ့ကြပေ။

လီရှောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းတူမောင်လေးက ခြေသိုင်းကွက်တွေအရမ်းကောင်းတာပဲ။ ဒီအကွက်ကိုရော ဘယ်လိုရှောင်မလဲကြည့်ကြသေးတာပေါ့။”

သူမက လက်ထဲရှိ သိုးမွှေးယပ်တောင်ကို လေထုကိုပစ်၍ ပြန်ရုတ်သိမ်းလိုက်ပြီး ဓါးရှည်တစ်လက်အသွင်ပြောင်းသွားစေ၏။

ဓါးရှည်မှာ စိမ်းမြရောင်တောက်ပနေလျက် စုယွမ်ထံ အရှိန်အဟုန်ဖြင့် ပြေးလာတော့လေသည်။

စုယွမ်၏အမူအရာပြောင်းလဲသွားသည်။ ဤတိုက်ခိုက်မှုမှာ တော်တော်လေးပြင်းထန်သည်ပင်။ သူက ထိုဓါးနဲ့ထိမိသွားပါက အလွန်နာနိုင်လောက်ကြောင်း ခံစားလိုက်ရ၏။

ထို့ကြောင့် စုယွမ်လည်း ခဏလောက် တွေးလိုက်ပြီးမှ အရင်ရှောင်လိုက်မည်ဖြစ်ကြောင်း တွေးလိုက်သည်၊ သူ ထိုဓါးနှင့်တော့ အထိုးမခံချင်သည်လေ။

ဓါးမြရောင်ဓါးရှည်မှာ လျင်မြန်စွာချဥ်းကပ်လာ၏။

စုယွမ်၏ခြေထောက်အောက်တွင်လည်း ကြယ်စွမ်းအင်တို့တောက်ပလာကြသည်။

ဤသို့ဖြင့် လူတစ်ဦးနှင့်ဓါးရှည်တစ်လက်မှာ တစ်ခုကိုတစ်ခု ရှောင်ကျော်သွားကြလျက် အချင်းချင်းမထိတွေ့မိတော့ပေ။

လီရှောင်ရှောင်း သူမ၏လက်သင်္ကေတကိုပြောင်းလိုက်သည်၊ ဓါးရှည်ကလည်း ချက်ချင်းလားရာပြောင်း၍ စုယွမ်ကို ထပ်မံတိုက်ခိုက်လာ၏။ ၎င်းက စုယွမ်အနားကပ်လာသည့်အချိန်အတွင်း ရုတ်ချည်း ဓါးထိပ်မှ ဓါးလေးများစွာထွက်လာကာ စုယွမ် ရှောင်ရှားမည့်လမ်းကြောင်းကို ပိတ်ဆို့လာကြလေသည်။

စုယွမ်လည်း လေပေါ်သို့ ခြေလှမ်းလိုက်ရာ ကြယ်စင်ခုနစ်စင်းက လေထုအလယ်ပေါ်လာသည်။ စုယွမ်လည်း ထိုကြယ်တို့အပေါ်နင်း၍ အထက်သို့ တက်သွားလိုက်၏။ သူ၏ထိုလှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းတွင် နေရာပြောင်းသွားခြင်းဖြစ်ပေသည်။ သူဟာ တိုက်ခိုက်မှုအပြင်းစားကိုရှောင်လိုက်နိုင်ရုံသာမက လီရှောင်ရှောင်းထံကိုပါ အလျင်အမြန်ချဥ်းကပ်သွားတော့သည်။

ကြယ်စွမ်းအင်မှာ လေထုအလယ်လင်းလက်နေလျက်၊ အိမ်မက်ပုံပြင်ဆန်ကာ အလွန်ကို လှပနေလေသည်။ စုယွမ်မှာလည်း လေထုအလယ် အတောင်ဖြန့်ထားသော စွန်ရဲတစ်ကောင်အလား၊ လွန်စွာလွှမ်းမိုးနိုင်ကာ မျက်စိဖမ်းစားဖွယ်၊ ကျက်သရေအဟုန်ပြည့်စုံနေသော်ငြား အရှိန်အဝါမှာလည်း ကြီးမားလွန်းနေ၏။

“လှလိုက်တဲ့အကွက်။”

အပြင်ဘက်ရှိဝမ့်စစ်မင်မှာ မှတ်ချက်ပြုမိသွားသည်။

“လှတယ်ကွာ၊ တကယ်လှချက်။”

တပည့်များစွာမှာလည်း စုယွမ်အပေါ်အမြင်ပြောင်းသွားကြသည်။ ဤသို့သောအကွက်မျိုးနှင့်ဆိုလျှင် အနှီသူ ဝင်ပြိုင်ခြင်းမှာ မိမိကိုယ်ကိုယုံကြည်မှုပြင်းထန်လွန်းခြင်းမဟုတ်တော့ပါပေ။

သာလွန်တောင်ထိပ်၏စင်မြင့်ထက်တွင်မူ ဝမ့်စစ်မင်၏မျက်ဝန်းများက တောက်ပနေလေသည်။

“ဒီကလေး၊ ဒီလောက်ကောင်းတဲ့သိုင်းကွက်က ဘယ်ကသင်လာတာလဲ။ အရမ်းမိုက်တယ်ကွာ။ ဒီတစ်ကွက်နဲ့တင် ပင်မတပည့်အဖြစ်မြှင့်ပေးဖို့ တန်တယ်။”

သူ့ဘေးရှိရွှေအမြုတေအဆင့်အကြီးအကဲများကလည်း သိသိသာသာကို ကျေနပ်နေကြကာ ထောက်ခံကြောင်းပြလာကြသည်။

စုယွမ်၏ခြေလှမ်းများမှာ အလွန်မြန်ပြီး ခဏအတွင်း သူ လီရှောင်ရှောင်းအပေါ်ရောက်သွားတော့သည်။

သူ လီရှောင်ရှောင်းကို ငုံ့ကြည့်လိုက်တော့ သူမ၏အံ့သြနေသောအကြည့်များဖြင့် စုံသွား၏။

လီရှောင်ရှောင်းမှာ စုယွမ်တိုက်ခိုက်လာလျှင် ဘယ်လိုကာကွယ်ရမည်ကို တွေးတောနေရပြီပင်။ သူမ၏လက်နက်မှာ အဝေးတွင်ရှိနေသလို သူမ၏ကိုယ်ထဲချီစွမ်းအင်တို့ကလည်း ထိုအချိန်လေးအတွင်း ကုန်ခမ်းလုမတတ်ဖြစ်လာ၏၊ အချုပ်ပြောရသော် သူမမှာ အကာကွယ်မဲ့သွားရလေပြီ။

စုယွမ်ကလည်း သူမထံတိုက်ရိုက်ဆင်းသက်လာပြီး အနိမ့်တန်းအဆင့်ဓါးကိုထုတ်၍ တိုက်ခိုက်လာ၏။

စုယွမ်၏အဆင့်နိမ့်ဓါးလေးမှာ လီရှောင်ရှောင်း၏ဓါးထက် ဆယ်ဆလောက်ပိုနှေးကွေးပေသည်။လီရှောင်ရှောင်းလည်း ရှောင်တိမ်းလိုက်သော်ငြား စုယွမ်က သူမရှောင်မည့်အကွက်ကိုပါ ကြိုသိနေမည်ဟု ထင်မထားခဲ့ပေ။ ဓါးရှည်မှာ သူမထက် တစ်ကွက်စော၍ သူမ၏အကာအကွယ်ဝတ်ရုံကို တိုက်ခိုက်လာသည်။

ထိုအခိုက်အတန့်လေးတွင်ပင် လီရှောင်ရှောင်းမှာ သူမရှုံးသွားသည်ဆိုသောအချက်ကို လက်ခံလိုက်ရ၏။

သို့သော်လည်း ကိစ္စများမှာ ပြောင်းလဲသွားပြန်သည်။ သူမ၏အကာကွယ်ဝတ်ရုံမှာ ကောင်းလွန်းသောကြောင့် အနိမ့်တန်းအဆင့်ဓါးလေးမှာ ချိုးဖောက်နိုင်ဟန်မပေါ်။ ထို့ကြောင့် ဓါးလေးမှာ ပြန်ကန်ထွက်၍ စုယွမ်လက်ထဲ ပြန်ရောက်သွားရသည်။

ထိုအချိန်တွင်ပဲ လီရှောင်ရှောင်း၏လက်ထဲ စိမ်းမြရောင်ဓါးပြန်ရောက်လာချေပြီ။ လက်နက်၏အကာအကွယ်ဖြင့် လီရှောင်ရှောင်း၏ခံစစ်မှာ ပို၍အားကောင်းသွားလေ၏။ သို့သော် သူမမှာ စုယွမ်ကို မသေချာသောအမူအရာဖြင့် ကြည့်လိုက်မိသည်။

“နင်ငါ့ကို အထင်သေးနေတာလား။”

လီရှောင်ရှောင်းမှာ အံတင်းတင်းကြိတ်၍ ဆိုလိုက်မိသည်။

“ဂိုဏ်းတူအစ်မ၊ အထင်မလွဲပါနဲ့ဗျာ။ ကျွန်တော်က အခုမှဂိုဏ်းထဲဝင်တာ တစ်နှစ်ပဲရှိသေးတာ၊ အနိမ့်တန်းအဆင့်ဓါးလေးပဲရှိတာ ပုံမှန်ပဲမလား။”

စုယွမ် ပြန်ပြောလိုက်သည်။

လီရှောင်ရှောင်း၏အကြည့်များမှာ ပို၍ပြင်းထန်သွားရ၏။

“မနှစ်ကမှဂိုဏ်းထဲဝင်လာတာလား။”

စုယွမ်က ပုခုံးတွန့်ပြလာသည်။

“ဘာပြဿနာရှိလို့လဲဗျ။”

ပြဿနာက အများကြီးကိုရှိတာပင်။ အကြောင်းမှာ သူမဟာ ဂိုဏ်းထဲရောက်တာ ခုနစ်နှစ်တိုင်တိုင်တောင် ရှိနေလေပြီ။

စုယွမ်ပြောလိုက်သည်။

“ဂိုဏ်းတူအစ်မ၊ ဆက်လုပ်ရအောင်။ ဓါးရှည်မသုံးပါနဲ့လား၊ အားကအရမ်းပြင်းလွန်းတယ်လေ။ ခုနလေးက သုံးသွားတဲ့ဓါးသွားလေးတွေဆိုအဆင်ပြေတယ်၊ ကျွန်တော်လည်း အချိန်တိုင်း ရှောင်မနေနိုင်ဘူး။”

လီရှောင်ရှောင်းမှာ အေးစက်စက်သာနှာမှုတ်လျက် ယပ်တောင်တစ်ချက်ပြန်ခပ်ကာ ဓါးသွားတို့ဖြင့် ပြန်တိုက်ခိုက်တော့သည်။

စုယွမ် ဤတစ်ကြိမ်တွင်တော့ ပို၍အတွေ့အကြုံရှိသွားချေပြီ၊ သူလည်း အခွင့်အရေးယူကာ ဓါးသွားတစ်ချက်လောက်ကို သူ့ခန္ဓာပေါ်ကျသွားအောင် ကြိုးစားတော့သည်။

သေချာပေါက်ကိုပင်၊ သူ ခန္ဓာကိုယ်အစစ်ကိုတော့ မသုံးနိုင်ပါ၊ မဟုတ်ပါက အလွန်နာကျင်ရမည်လေ။ ထို့အတွက် သူ ခန္ဓာကိုယ်၏ရှေ့တွင် ဆန်းကြယ်ပကတိချီစွမ်းအင်ကို သုံးကာ အကာအကွယ်အလွှာပါးလေးလုပ်ထားလိုက်ပြီး ဓါးသွားကိုတော့ သူ၏လက်မောင်းထံရောက်အောင်လုပ်လိုက်မည်ပင်။

ထို့အပြင် သူ ဆင်းသက်လိုက်သောနေရာမှာ အစီအရင်၏အစွန်းတွင်ဖြစ်သည့်အတွက် သူသာ ဓါးသွားကြောင့် အပြင်ကို လွှင့်စင်သွားဟန်လုပ်ပါက အေးအေးဆေးဆေးဖြင့် ပြိုင်ပွဲက ထွက်သွားလို့ရမည်သာ။

ဤအကြံအစည်မှာ အမှတ်ပြည့်ပေးလို့ရချေမည်။

ဒုန်း။

ထို့နောက် သူ မျှော်လင့်ထားသောဖိအားမှာ ကျရောက်မလာရာ စုယွမ်၏အကြည့်များ လေးနက်သွားရ၏၊

စိမ်းမြဓါးသွားတို့မှာ ဆန်းကြယ်ပကတိချီစွမ်းအင်ကို ထိမိသွားသည်မှာ ခပ်ထူထူနံရံကြီးကို တိုက်မိသွားသည့်အလား၊ ထို့နောက်တွင် တစ်စစီကိုပြိုကွဲသွားကြလေသည်။

စုယွမ် မျက်လုံးပင်ပြူးသွားရသည်၊ သူ စိမ်းမြဓါးသွားတို့ကိုကြည့်၍ လီရှောင်ရှောင်းထံ တစ်ချက်ပြန်ကြည့်မိသွား၏။ သူ၏အကြည့်များထဲ အံ့သြမှုတို့အပြည့်ပါပေ။

လီရှောင်ရှောင်းမှာ စုယွမ်၏အံ့သြသွားဟန်အကြည့်ကြောင့် စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်၊ သူမမှာ ဒေါသတကြီးလှည့်ထွက်သွားကာ စင်မြင့်ပေါ်ကခုန်ဆင်းသွားတော့၏။

“ငါ အရှုံးပေးမယ်။ ဒီသခင်မကြီးကို နင့်ကို စော်ကားခွင့်မပေးနိုင်တော့ဘူး။”

လီရှောင်ရှောင်းမှာ ထွက်သွားရင်း ခပ်ကြမ်းကြမ်းလည်းပြောခဲ့သေးလေသည်။

စုယွမ် အံ့သြသွားသည်။

“ဂိုဏ်းတူအစ်မ မသွားပါနဲ့ဦး။ ကျွန်တော် ဂရုမစိုက်မိတာပါ။ အခုတစ်ခေါက် ထပ်လုပ်ရအောင်၊ ကျွန်တော်အတွေ့အကြုံရှိသွားပါပြီ။”

သို့သော်လည်း လီရှောင်ရှောင်းမှာ တခဏချင်းတွင် လူအုပ်ထဲတိုးဝင် ပျောက်ကွယ်သွားလေသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိဒိုင်သူကြီးက ကြေညာလာ၏။

“သာလွန်တောင်ထိပ်၊ စုယွမ် အနိုင်ရရှိပါတယ်။”

သူ ကြေညာပြီးနောက် စုယွမ်ထံ သီးသန့်အသံလွှတ်လိုက်သေးသည်။

“ကောင်လေး၊ မင်းမှာ အကွက်လေးတွေရှိမှန်းသိပေမဲ့ သူများကို အဲ့ဒီလောက်ကြီး သွားမစနဲ့လေ။ ဒါက ပြိုင်ပွဲလေ၊ မင်းဘက်ကတိုက်ခိုက်တယ်ဆိုတာ တကယ်တော့ ပြိုင်ဘက်ကိုပေးတဲ့ လေးစားမှုတစ်ခုပဲကို။”

စုယွမ်ကတော့ သက်ပြင်းသာချက်လိုက် တွေးမိသွားရတော့သည်။

“ကျွန်တော်မှ သူမကို အဲ့ဒီလောက်အားနည်းမယ်မထင်ထားတာကို။”

All Chapters