← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

Chapter 64: စုယွမ်၏ခွန်အား။

“အလန်းစားပဲကွ။ သူက တကယ်ကို ဂိုဏ်းတူအစ်မရှောင်ရှောင်းကို နိုင်သွားတာဟ။”

“ဒီဂိုဏ်းတူအစ်ကိုက တကယ်သန်မာတာပဲ။ သူ့ရဲ့ခြေနင်းကွက်ရောခုခံပုံကပါ အလန်းစား။”

အတွင်းဆောင်ပြိုင်ပွဲတွင်ပါဝင်ကြသော ကျင်းကြံသူများမှာ ပြီးခဲ့သည့်ပြိုင်ပွဲအား လက်ညှိုးတထိုးထိုးနှင့် ဆွေးနွေးနေကြလေသည်။

စုယွမ်ကတော့ ပြောစရာပျောက်ရှနေရ၏။

သူ စနစ်မျက်နှာပြင်ကိုကြည့်လိုက်တော့ ကျော်ကြားမှုအမှတ်က ထပ်မံ၍အမှတ်၆၀၀လောက်တက်လာပြန်ချေပြီ။

“ဂိုဏ်းတူအစ်ကိုစု၊ တကယ်ကိုမိုက်တယ်ဗျာ။”

ကျိုးဝူယိုက ဝမ်းသာတကြီးဆိုသည်။

“တကယ်မိုက်တာ၊ အရမ်းတော်တာပဲ။”

ကျန်းဝေ့ကလည်း စိတ်လှုပ်ရှားနေလေသည်။

စုယွမ်ကတော့ ထိုသူနှစ်ဦးကို စူးစိုက်ကြည့်လိုက်၏။

“အော်မနေကြနဲ့တော့။”

ထို့နောက် စုယွမ်လည်း ထောင့်ကပ်နေသည့်စုန့်ချိုက်ကိုပြန်ကြည့်လိုက်သည်။

“ငါမင်းကိုဘယ်တုန်းက စာရင်းသွင်းဖို့ပြောမိလို့လဲ။”

စုန့်ချိုက် ပြန်ဖြေလိုက်ပါ၏။

“ဂိုဏ်းတူအစ်ကို ကျွန်တော်တို့ကို အရင်တစ်ခေါက် ကျင့်ကြံရေးအကြာင်းသင်ပေးခဲ့တဲ့အချိန်တုန်းကလေ။ ကျွန်တော် အစ်ကိုကို့ ဝင်ပါမလားမေးတော့၊ အစ်ကိုက သွားစာရင်းသွင်းဖို့ ပြောတာမဟုတ်ဘူးလား။”

“ဟုတ်တယ်လေ။ ငါက မင်းအတွက်မင်း သွားသွင်းဖို့ပြော၊ ငါ့ကို သွင်းခိုင်းတာမဟုတ်ဘူးကွ။”

စုယွမ် ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က အစေခံတပည့်ပဲရှိသေးတာလေ။ ကျွန်တော်မှ အတွင်းဆောင်ပြိုင်ပွဲကိုဝင်ပါလို့မရတာ။ အဲ့ဒီတော့ ကျွန်တော်လည်း အစ်ကို့ကို စာရင်းသွင်းခိုင်းတယ်ထင်လို့။”

စုန့်ချိုက်မှာ ခေါင်းငိုက်စိုက်ကျသွား၏။

စုယွမ်မှာ စုန့်ချိုက်ကို စိုက်ကြည့်၍ သတိပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

“နောက်ကျရင်သတိထား။ငါက လူမသိသူမသိပဲနေချင်တာ၊ ကျော်ကြားရမှာ မကြိုက်ဘူး။”

ကျန်းဝေ့ ရှုပ်ထွေးသွားရသည်။

“ဂိုဏ်းတူအစ်ကို၊ မင်းက ကျော်ကြားရတာမကြိုက်ဘူးလည်းပြောသေး၊ ဘာလို့ လောင်းကစားဝိုင်းကရော ဖွင့်သေးတာလဲ။”

စုယွမ် ထပ်မံ၍စွံ့အသွားရသည်။

“ငါ ဝိညာဉ်ကျောက်တုံးလိုချင်လို့လေ၊ ဟုတ်ပြီလား။ နောက်ပြီး ဒီကိစ္စနှစ်ခုက တူလို့လား။”

ထိုအချိန် ကျိုးဝူယိုက ဝင်ပြောလာသည်။

“မင်း ဆုကြေးငွေကနေလည်း ဝိညာဉ်ကျောက်တုံးတွေရမှာပဲလေ။”

“ဟမ်။”

စုယွမ် တုံ့ဆိုင်းသွား၏။

“သူတို့က ဘယ်လောက်ပေးမှာလဲ။”

ကျိုးဝူယိုပြောလိုက်သည်။

“ပထမရတဲ့သူက အမြင့်တန်းအဆင့်ဝိညာဥ်ကျောက်တုံး၅၀ရမှာ၊ ပြောရရင် အနိမ့်တန်းအဆင့်ဝိညာဉ်ာကျောက်တုံး ၅၀၀၀၀၀လောက်ပေါ့။ ဒါ့အပြင် ဝိညာဉ်ကျောက်တုံး၃၀၀၀၀၀၀လောက်တန်တဲ့ လက်နက်ရယ်၊ ကိုယ်လိုချင်တဲ့သာလွန်အဆင့်မန္တန်တစ်ခုရယ် နောက်ပြီး အတွင်းဆောင်တပည့်ခေါင်းဆောင်ဖြစ်ဖို့ ဝင်ပြိုင်ခွင့်ရယ်၊ ပြောရရင် အများကြီးပဲ။”

“ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀၀နဲ့ ဝိညာဉ်လက်နက်လား။”

စုယွမ်မှာ အနည်းငယ် ယိမ်းယိုင်သွားရသည်။

သို့သော် သူသာ လောင်းကစားဝိုင်းမှ အနိုင်ရပါကသူ့ဝှက်ဖဲကိုတောင်ထုတ်သုံးစရာမလိုဘဲ ဝိညာဉ်ကျောက်တုံး၃၀၀၀၀၀၀တောင်ရချေပေမည်။

ဤသို့ဖြင့် စုယွမ်၏ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာသွား၏၊ သူ နောက်တစ်ချီတွင် အရှုံးပေးလိုက်တော့မည်ပင်။ သူ ယခုတစ်ပွဲကိုနိုင်သွားသော်လည်း နောက်မကျသေးသည်လေ။

ပင်မတောင်ထိပ်၏စင်မြင့်ပေါ်တွင် ဂိုဏ်းချုပ်ကုမှာ စုယွမ်နှင့်သူ့လူများအကြားစကားဝိုင်းကို ချောင်းနားထောင်နေလေ၏။ ထို့နောက် သူ အံ့သြသွားရသည်။

“ဒီကလေးစုယွမ်က နိုင်ချင်တဲ့ပုံမပေါ်ဘူးဟ။ ဒါပေမဲ့ ဘယ်လိုလုပ်လွယ်မှာလဲ။ သူက ဆန်းကြယ်ပကတိချီစွမ်းအင်ကိုကျင့်ကြံနိုင်သွားတာလေ၊ သူ့ခွန်အားက သူနဲ့အဆင့်တူတွေထက် ဆယ်ဆလောက်ပိုကြီးနေမှာကို။ နောက်ပြီး အမြင့်တန်းလက်နက်ရယ်၊ အဲ့ဒီလောက်လှတဲ့ခြေကွက်ရယ်ဆိုရင် ထိပ်တန်းဆယ်ယောက်ကတော့ အေးဆေးဝင်နိုင်တယ်။ အဲ့ဒီအချိန်ကျရင် ဝိညာဉ်ကျောက်တုံးတွေက ... “

စုယွမ်တစ်ယောက် နောက်ပွဲစဥ်ကို စောင့်ဆိုင်းနေရင်း ရုတ်တရက် သူ့အနားထဲသို့ သီးသန့်အသံလွှင့်မှုတစ်ခု ရောက်ရှိလာ၏။

“ရှောင်စု၊ ငါပါ၊ မင်းရဲ့ဂိုဏ်းတူအစ်ကိုကုလေ။”

စုယွမ် တုံ့ဆိုင်းသွားသည်။ သူ မော့ကြည့်လိုက်တော့ ကုချင်းကျူး၏ပြုံးစစအကြည့်များနှင့် ဆုံလိုက်ရသည်။

စုယွမ်လည်း ချက်ချင်း လက်ကို အရိုအသေပြုဟန်လုပ်လိုက်သည်။

“မင်း ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့ ကြိုးစားကြည့်ပါလား။ မင်းက နာမည်ကြီးလာရင် ပြဿနာတွေကိုဆွဲဆောင်မိမှာကို ကြောက်နေတာထင်တယ်။ သစ်တောထဲက အမြင့်ဆုံးသစ်ပင်က လေဒဏ်ကြောင့်ကျိုးပြတ်တတ်တယ်တဲ့၊ ဒီစကားက မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ လေဒဏ်မိုးဒဏ်ကိုမခံရဘဲ လူတစ်ယောက်က ဘယ်လိုလုပ် သက်တန့်တွေကိုမြင်နိုင်မှာလဲ။”

ဂိုဏ်းချုပ်ကုက အသံလွှင့်လာ၏။

စုယွမ် လက်မြှောက်၍ ဝိညာဉ်စွမ်းအင်ကိုသုံးကာ ရေငွေ့စက်လေးတွေ ပေါ်လာစေလိုက်၏၊ ထို့နောက်တွင်မူ သူ့လက်ထဲ သက်တန့်လေးတစ်ခုပေါ်လာတော့လေသည်။ အဓိပ္ပာယ်မှာ တွေ့လား သက်တန့် ကွကို ဖန်တီးနိုင်တယ် ဟူ၍ပင်

ဂိုဏ်းချုပ်ကုမှာ မျက်ခမ်းထောင့်များပင် တွန့်သွားရသည်။ သူ ထပ်ပြောလိုက်၏။

“မင်းသာ ထိပ်တန်းဆယ်ယောက်ထဲဝင်ရင် ငါမင်းကို ပင်မတောင်ထိပ်ရဲ့ပင်မတပည့်ဖြစ်အောင်လုပ်ပေးမယ်။ အဲ့ဒီလိုဆိုရင် အနာဂတ်မှာ မင်းငါနဲ့အတူနေရလိမ့်မယ်။ အဲ့အချိန်ကျ ငါ့နောက်ခံနဲ့ မင်းကိုဘယ်သူရန်လာစရဲတော့မှာလဲ။ မင်းက မင်းအရည်အချင်းကို တကယ်ထုတ်ပြဖို့ပဲလိုတာ။ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့် ကျင်ကြံသူက ရန်လာစတောင် ငါ လက်တစ်ချက်တည်းနဲ့ သူတို့ကို ကိုင်တွယ်လိုက်လို့ရတာပဲ။ မင်းဘာကြောက်စရာရှိသေးလဲ။”

ဂိုဏ်းချုပ်ကု၏စကားများမှာ အလွန်လွှမ်းမိုးနိုင်ကာ မိမိကိုယ်ကိုယုံကြည်မှုများလည်း ပြည့်လျှံနေ၏။ ထိုသို့သောခိုင်မာမှုမျိုးမှာ စုယွမ်ကို အနည်းငယ်တုန်လှုပ်သွားစေလေသည်။

စုယွမ်လည်း ဝေဝါးသွားရသည်။

“ဒါ့အပြင် မင်းသာ တကယ်ထိပ်တန်းဆယ်ယောက်ထဲဝင်ရင် မင်းကိုပေးမဲ့ ဝိညာဉ်ကျောက်တုံး၃သန်းကို ဆယ်ဆထပ်ပေးမယ်၊ သန်း၃၀ပေးမယ်၊ အဲ့ဒီထက်တောင်ပိုများနိုင်သေးတယ်။ မင်း သေချာစဥ်းစားသင့်တယ်နော်။”

ဂိုဏ်းချုပ်ကုမှာ ဖြောင်းဖျနေ၏။

“နောက်ပိုင်း မင်းကျော်ကြားလာလို့ အဆိုးဆုံးဖြစ်လာရင်တောင်ကွာ၊ မင်း ဂူပိတ်ကျင့်ကြံလိုက်ရုံပဲ။ ကျန်တာငါရှင်းပေးမယ်။ မင်း ဂိုဏ်းက ထွက်ပြေးရတာမျိုး ထိခိုက်ရတာမျိုးမဖြစ်စေရဘူး။”

ဂိုဏ်းချုပ်ကုမှာ စုယွမ်၏စိတ်နေစိတ်ထားနှင့်ကိုယ်ကျင့်စရိုက်ကို အကြမ်းဖျင်းမှန်းဆမိပေပြီ။ အနှီသူမှာ သတိကြီးသလောက် ပိုက်ဆံကိုတော့ မက်မောလှ၏၊ သို့သော် အမှန်တကယ်လည်း ကျော်ကြားရမည်ကို အလွန်ကြောက်နေမျိုးမဟုတ်။ ထိုသူမှာ ဝိရောဓိဆန်ဆန်ဖြင့် ထူးဆန်းလှပေသည်။

ဤစကားများကြောင့် စုယွမ်မှာ တကယ်ကို တုန်လှုပ်သွားရလေပြီ။ သူဟာ လူမသိသူမသိလေးသာနေချင်သော်ငြား ထိုသို့တစ်သက်လုံးပုန်းလျှိုးကွယ်လျှိုးနေထိုင်ပါကလည်း အရင်းအမြစ်များအတွက် စိတ်ပူရချေမည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ သူသာ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် နှစ်များစွာဖူလုံလောက်သော ဝိညာဉ်ကျောက်တုံးများရနိုင်တော့ပေမည်။

ဤသို့တွေးလိုက်ပါက ယခုတစ်ခေါက်ကျော်ကြားလိုက်ခြင်းမှာ အနာဂတ်တွင် အေးအေးချမ်းချမ်းပုန်းကွယ်ကာနေနိုင်ရန် အခြေခံအုတ်မြစ်ဖြစ်နေသည်လေ။

အဓိကအကျဆုံးအရာမှာကား ဂိုဏ်းအတွင်းနေရသည်မှာ အလွန်လုံခြုံလွန်းလှ၏။ ဂိုဏ်းချုပ်ဖြစ်သူကိုပါ ကျောထောက်နောက်ခံအဖြစ်ထားလိုက်ပါကမူ သူဟာ ကျော်ကြားလာခြင်း၏အကျိုးဆက်များကို ခံစားရတော့မည်မဟုတ်။ ထို့သို့ဆိုလျှင် အချိန်ကြာလာပါက လူတို့ကလည်း သူ့ကို မေ့ပျောက်သွားမည်သာ။

“အဟမ်း၊ အဟမ်း။ အဲ့ဒါဆိုရင် ခင်ဗျားပြောတာတည်နော်။ အနာဂတ်ကျရင် ကျွန်တော့်ကိုကာကွယ်ဖို့ ခင်ဗျားအပေါ်ပဲမှီခိုတော့မှာ။”

စုယွမ်မှာ အဝေးသို့ သီးသန့်အသံမလွှင့်နိုင်သည်မို့ တီးတိုးပြန်ပြောလိုက်ပေသည်။

“ကိစ္စမရှိဘူး။ မင်းရဲ့အရည်အချင်းကို ငါတော်တော်လေး သဘောကျနေတာ။ မင်းသာ ရွှေအမြူတေအဆင့်ကိုရောက်ရင် မင်းကို ငါ့ရဲ့တပည့်ရင်းအဖြစ်တိုးမြင့်ပေးမယ်။”

ဂိုဏ်းချုပ်ကုမှာ စိတ်နှလုံးရွှင်ပျစွာ ရယ်မောလာ၏။

စုယွမ်မှာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ ရွှေအမြူတေအဆင့်ရောက်ရန်ဆိုသည်ကား ခရီးရှည်ကြီးကျန်သေးရာ ကိစ္စများမှာ ပြောမရသေးပါချေ။

သူတို့နှစ်ဦးမှာ အပြင်ကြည့်လျှင်တော့ အဝေးတွင်ရှိနေသည်ဖြစ်ရာ စုယွမ်ဘေးရှိလူများမှာ တစ်ယာက်တည်းပြုံးနေသောစုယွမ်ကို စိတ်ရှုပ်ထွေးစွာကြည့်လာကြသည်။

စုယွမ် ခေါင်းလှည့်၍ သူတို့ကို ပြန်ကြည့်လိုက်သည်။

“မင်းတို့ငါ့ကို လောင်းထားတယ်ကြားတာ၊ ထိပ်တန်းဆယ်ယောက်လား၊ ထိပ်တန်းသုံးယောက်လား ဒါမှမဟုတ် ပထမနေရာအတွက်လား။ ဘယ်လောက်လောင်းထားတာလဲ။”

ကျိုးဝူယိုက ပြန်ဖြေသည်။

“ထိပ်တန်းဆယ်ယောက်အတွက် ဝိညာဉ်ကျောက်တုံး၃၀၀။ တစ်ဆကနေနှစ်ဆပြန်ရမှာ။”

ကျန်းဝေလည်း ဝင်ပြောလာသည်။

“ငါပိုင်သမျှရဲ့ရှစ်ရာခိုင်နှုန်းလောက်ကိုပဲ၊ ပေါက်ကြေးက တစ်ဆကနေ၂.၅ဆ။”

စုယွမ် စုန့်ချိုက်ကို ကြည့်လိုက်သည်။

စုန့်ချိုက်မှာ ခက်ခက်ခဲခဲတံတွေးမျိုချကာ ဆိုလာသည်။

“ကျွန်တော်အများကြီးလောင်းမထားပါဘူး၊ ဝိညာဉ်ကျောက်တုံး၃၀၀၀လောက်ပါပဲ။ အစ်ကို ပထမရမယ်ဆိုပြီးလောင်းထားတာ။ အဆကတော့ ၁ဆကနေ၃ဆဖြစ်မယ်။”

စုယွမ် အံ့သြသွားရသည်။

“မင်းက အဲ့ဒီလောက်ချမ်းသာတယ်လား။’

“ကျွန်တော့်မိသားစုက ကုန်သည်မိသားစုလေ။ အဲ့ဒီတော့ ပိုက်ဆံနည်းနည်းတော့ရှိပါတယ်။”

စုန့်ချိုက်မှာ မဝံ့မရဲပြန်ဖြေလာသည်။

စုယွမ် သူ့ကို တစ်ချက်စိုက်ကြည့်လိုက်မိ၏။

ထို့နောက် သူ အကုန်လုံးကို ပြောလိုက်သည်။

“မင်းတို့ ပိုက်ဆံတွေပြန်ရဖို့သာစောင့်နေကြ။”

သုံးယောက်စလုံးမှာ ကြောင်အသွားလျက် အံ့သြသွားကြသည်။ စုယွမ်မှာ ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း ၁၈၀ဒီဂရီပြောင်းလဲသွားရပါသနည်း။

ထို့နောက် စုယွမ် ပြိုင်ပွဲကို အလေးအနက်ထားကြည့်တော့သည်။ ပြိုင်ပွဲတစ်ခုချင်းဆီမှာ သူ့မျက်လုံးဝင်လာလျက် ဦးနှောက်ထဲ မှတ်သားနေလိုက်သည်။

သူ စင်ပေါ်တွင် ရင်းနှီးနေသောပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ယဲ့ပိဖန်မှာ ငါးနှစ်တာအတွေ့အကြုံရှိ အမြင့်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးနှင့် တိုက်ခိုက်နေ၏။ အနှီသူမှာ အကွက်ရေဒါဇင်လောက်ဖြင့် တစ်ဖက်လူကို အလှဲသိပ်ကာ အနိုင်ရသွားလေသည်။

လျှိုမူဝမ်ကလည်း ယှဥ်ပြိုင်ရန် စင်ပေါ်တက်လာသည်။ သူမမှာ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ရှိသော်ငြား သူမ၏လေ့ကျင့်ချိန်မှာ အလွန်နည်းပါးနေသေး၏။ ဤသို့ဖြင့် သူမမှာ ရှုံးနိမ့်သွားပြီး ပထမအချီကို နောင်တဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

သူမ စင်ပေါ်ဆင်းလာချိန် လျှိုမူဝမ်မှာ မသိလိုက်ဘာသာဖြင့် စုယွမ်ရှိရာဆီလှမ်းကြည့်မိသွားသည်။ စုယွမ်ကလည်း နှုတ်ဆက်သည့်အနေဖြင့် သူမကို ခေါင်းညိတ်ပြလာပါ၏။

လျှိုမူဝမ်မှာ နှုတ်ခမ်းများကိုအနည်းငယ်တင်းမိသွားပြီး ပြန်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမလည်း လူအုပ်ထဲပြန်ဝင်ကာ ပြိုင်ပွဲကိုသာကြည့်ရှုနေလိုက်တော့သည်။ ဤနှစ်မှာကား သူမအစွမ်းကို ပြရနိုင်ဦးမည့်နှစ်မဟုတ်ပေရာ ယှဥ်ပြိုင်ခြင်းကသာ အဓိကဟု သူမစိတ်သွင်းလိုက်ပါ၏။

All Chapters