← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

Chapter 65

စုယွမ်လည်း လူအများက ထိပ်တန်းဆယ်ယောက်အဖြစ် သတ်မှတ်ထားသော လူများကို တွေ့ရသည်။ တစ်ယောက်ချင်းစီမှာ အားကောင်းလွန်းကာ ပြိုင်ဘက်ကို ဒါဇင်ချီအကွက်လေးမှာတင် အနိုင်ယူနေလျက် အဆင့်တစ်ခုအထိရှိနေသော ကိုယ်စီအစွမ်းပကားများကို အပြည့်အဝထုတ်ပြနေကြလေသည်။

ဤသည်များမှာ စုယွမ်ကို ဖိအားများလာစေ၏၊ထိပ်တန်းဆယ်ယောက်ဝင်နိုင်ရန်မှာ ခက်ခဲလာသလို ခံစားလာရလေသည်။

စုစုပေါင်းပါဝင်ကြသော လူ၂၈၀၏ပထမအချီမှာပြီးဆုံးသွား၏။

လူ၁၄၀မှာ ပထမအချီတွင်အဖြုတ်လိုက်ရချေပြီး ဒုတိယအချီမှာလည်း ပြန်လည်စတင်တော့သည်။

“...စုယွမ်၊ ဟွမ်ပေါ်၊ စင်ပေါ်မှာနေရာယူပေးပါ။”

“ဂိုဏ်းတူအစ်ကို၊ သွားဆော်လိုက်တော့။”

ကျိုးဝူယိုက ပြောလာသည်။

“စုယွမ်၊ သွား၊ သွား။”

“အမ်း။’

စုယွမ်မှာ ခေါင်းညိတ်ကာ အေးဆေးစွာသာ စင်ပေါ်တက်သွားလိုက်၏။

ထိုအစား အံ့သြတကြီးသံများမှာ လူအုပ်ဆီမှထွက်ပေါ်လာလေသည်။

“အဲ့ဒါ ဝိညာဉ်ရေးရာတောင်ထိပ်ရဲ့ဂိုဏ်းတူအစ်ကိုဟွမ်မလား။ သူက ထိပ်တန်းနှစ်ဆယ်ထဲဝင်မယ်ဆိုပြီးနာမည်ကြီးနေတဲ့သူလေ။ ငါတောင် သူ့ကို ထိပ်တန်းနှစ်ဆယ်အတွက် ဝိညာဉ်ကျောက်တုံး၅၀လောင်းထားသေးတယ်။”

“အဲ့ဒါက ဂိုဏ်းတူအစ်မရှောင်ရှောင်းကို ကစားခဲ့တဲ့ကောင်မလား၊ အခုတော့ သွားပြီပေါ့ကွာ။”

“ဟမ့်၊ အဲ့ကောင်က ငါ့ရဲ့ဂိုဏ်းတူအစ်မရှောင်ရှောင်းကို စော်ကားရဲတာလေ၊ အခုတော့ ပြန်ခံရတော့မယ်။”

လီရှောင်ရှောင်း၏နံဘေးရှိ ဆံပင်စုထုံးထားသောဂိုဏ်းတူညီမလေးတစ်ဦးမှာ ပြောလာသည်။

လီရှောင်ရှောင်းမှာ လက်သီးဆုပ်လိုက်မိပြီး အေးတိအေးစက်သာ နှာမှုတ်လိုက်သည်။

“ရှုံးတာကရှုံးတာပဲလေ။ နောက်တစ်ခါကျမှ ငါသူ့ကို ကိုယ်တိုင် အနိုင်ပိုင်းပြမယ်။”

ဆံပင်ကိုစုထုံးထားစော ဂိုဏ်းတူညီမမှာ သူမစကားကိုကြားတော့ သူမကို နှစ်သိမ့်ပေးလာ၏။

“ဂိုဏ်းတူအစ်မ၊ သွားမပြိုင်တော့ရင်ပိုကောင်းမယ်နော်။ သူက အစ်မထက် နည်းနည်းငယ်ပေမဲ့ အစ်မပဲ ထပ်ရှုံးလောက်မယ်ထင်တယ်။”

“နင်က ဘယ်သူ့ဘက်ကလဲ။”

လီရှောင်ရှောင်းမှာ ထိုကောင်မလေးခေါင်းကို ခေါက်လိုက်ပါ၏။

“ဟာ၊ဟာ။ ဂိုဏ်းတူအစ်မ၊ ကျွန်မမှားသွားပါတယ်။”

စုယွမ်၏မျက်နှာချင်းဆိုင်တွင်မူ ဟွမ်ပေါ်ဟုခေါ်သောထွားကျိုင်းသည့်အမျိုးသားတစ်ဦး လျှောက်လှမ်းလာ၏။

စုယွမ်မှာ ဘေးဘက်ကစင်မြင့်များကို သံသယဖြင့် လှည့်ကြည့်လိုက်မိသည်။ ဂိုဏ်းချုပ်ကုဟာ နောက်ကွယ်မှ ကြိုးကိုင်နေသည်များလား။ သို့မဟုတ်ပါလျှင် သူက ဒုတိယအချီမှာတင် ဤများအားကောင်းသောပြိုင်ဘက်ကို အဘယ်ကြောင့်တွေ့ရမည်နည်း။

တစ်ဖက်တွင် ဂိုဏ်းချုပ်ကုကလည်း မျက်မှောင်ကြုတ်သွားသည်။ သူဟာ နောက်ကွယ်မှကြိုးကိုင်နေခြင်းမရှိပါပေ၊ ဤသည်မှာ တကယ်ကို ရှင်းပြရန်ခက်သော ကံတရားကြောင့်သာ ဖြစ်သွားခြင်းဖြစ်၏။

သာလွန်တောင်ထိပ်၏စင့်မြင်ထက်တွင် ဝမ့်စစ်မင်က ပြုံးလိုက်သည်။

“နှမြောစရာပဲ။ စုယွမ်ရဲ့အားကနည်းတာမှမဟုတ်တာ။ ဟွမ်ပေါ်နဲ့တွေ့တာကစောသွားတယ်၊ အဲ့တစ်ယောက်က တော်တော်လေးမြင့်တာကို။ ဒါလည်းကောင်းပါတယ်၊ စုယွမ်မြန်မြန်ထွက်တော့ အခြားသူတွေ စုယွမ်ကိုလိုချင်မဲ့ရန်ကဝေးတာပေါ့။”

ကြည့်ရှုနေသောလူအများစုကလည်း စုယွမ်ရှုံးမည်ဟုသာ ခန့်မှန်းနေကြသည်။ ထို့ကြောင့် သူတို့က စုယွမ်၏ပွဲကိုတောင်မကြည့်တော့၊ ထိုအစား အခြားပိုစိတ်ဝင်စားဖို့ကောင်းမည့်ဘေးဘက်ကပွဲကိုသာ အာရုံစိုက်ကြတော့သည်။

ဟွမ်ပေါ်က စုယွမ်ကို စေ့စေ့ကြည့်လာပြီး ဆိုသည်။

“မင်းရဲ့ခြေနင်းကွက်ကတော့ကောင်းပါရဲ့၊ ဒါပေမဲ့ အဲ့ဒီအကွက်လေးသုံးဖို့အားအများကြီးကုန်မယ်ထင်တယ်။ ငါသာ မင်းကို တစ်ချက်ရိုက်မိတာနဲ့ မင်းသွားမှာလေ။ ပြောရရင် ငါက သေချာပေါက်ကိုနိုင်မှာပဲ။ မင်း စောစောစီးစီးအညံ့ခံလိုက်တာပိုကောင်းမယ်နော်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့။”

စုယွမ်က သူ့ကို တည်ငြိမ်စွာသာ ပြန်ကြည့်လိုက်သည်။ ယခင်ကဖတ်ခဲ့သောဟွမ်ပေါ်၏အချက်အလက်များမှာ သူ၏ခေါင်းထဲပြန်ပေါ်လာကြ၏။

အစကတော့ အနှီသူမှာ ချီစုဆောင်းခြင်းအဆင့်ခုနစ်သာရှိသေးသော်လည်း ပွဲမတိုင်မီရက်လေးအတွင်း ချီစုဆောင်းခြင်းအဆင့်ရှစ်သို့ ထိုးဖောက်နိုင်သွားတာဖြစ်သည်။ သူက ခန္ဓာကိုယ်သန့်စင်တည်ဆောက်ခြင်းကို အထူးပြုသည့်အတွက် သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ ယောင်မိစ္ဆာများကို ကိုင်တွယ်နိုင်သည်အထိ ခွန်အားကြီး၏။သူက လက်နက်အနေဖြင့် သံတူတစ်ချောင်းကိုသုံးလေပြီး ပြောစကားများအရ သူ၏တူတစ်ချက်နှင့်ပင် ယောင်မိစ္ဆာတစ်ကောင်သတ်နိုင်သည်ဟု ပြောကြသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသောဒိုင်က သူတို့နှစ်ဦးကို တည်ငြိမ်စွာကြည့်သည်။ သူတို့ နေရာကျပြီဆိုမှ ပြောလာသည်။

“ပြိုင်ပွဲစတင်ပါပြီ။”

နောက်တစ်ခိုက်တန့်တွင် ဟွမ်ပေါ်က တစ်လှမ်းချင်းလှမ်းကာ စုယွမ်ထံ ချဥ်းကပ်လာသည်။

စုယွမ်၏အမူအရာမှာ လေးနက်သွားလျက် သူ၏လက်ထဲတွင်လည်း အနိမ့်တမ်းအဆင့်လက်နက်မှာ ပြန်ပေါ်လာသည်။

စင်အောက်ရှိလီရှောင်ရှောင်းကတော့ နှုတ်ခမ်းတွန့်လိုက်၏။

“သေပြီပဲ။”

ဤတစ်ကြိမ်တွင်မူ စုယွမ်က အရင်တစ်ခေါက်ကနှင့်မတူတော့၊ ပြင်းပျလှသောဆန်းကြယ်ပကတိစွမ်းအင်တို့က ဓါးရှည်ဘေးရစ်ပတ်လာရာ ဘေးပတ်လည်တွင် သုံးရောင်ခြယ်ရောင်ခြည်တို့ပေါ်လာတော့၏။

“သွားတော့။”

စုယွမ် တီးတိုးပြောလိုက်သည်။ သုံးရောင်ခြယ်ဓါးရှည်မှာ ဟွမ်ပေါ်ထံ လျင်မြန်စွာပြေးဝင်သွားတော့၏၊ ယခုဓါး၏အဟုန်မှာကား လီရှောင်ရှောင်းသုံးခဲ့သောစိမ်းမြဓါးထက်တော့ လျော့နည်းမနေပါချေ။

ဟွမ်ပေါ်လည်း မျက်မှောင်ကြုတ်၍ တူကြီးကိုထုတ်ကာ သုံးရောင်ခြယ်ဓါးထံ ပစ်ခွင်းလိုက်၏။

ထိုအဆင့်နိမ့်ဓါးရှည်လေးမှာ သူ့လက်နက်၏ရိုက်ချက်ကို သေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ပါချေ။

ဟမ်။

ဓါးရှည်မှာ လေထုအလယ်ဖြတ်ပြေးနေရင်း အသံတစ်ခုထုတ်လွှတ်လာ၏။

သုံးရောင်ခြယ်ဓါးရှည်မှာ လှပစွာ ကွေ့သွားလျက် ရုတ်ချည်းအရှိန်မြင့်ကာ ဟွမ်ပေါ်၏လက်နက်ကို ဖိချကာ တစ်ပါးတည်း ဟွမ်ပေါ်၏မျက်နှာထံ တိုးဝှေ့လာတော့သည်။

ဟွမ်ပေါ်၏အမူအရာပြောင်းလဲသွားသည်။ သူလည်း လက်လှုပ်ရှားလိုက်ရာ အဝါရောင်အကာအကွယ်တစ်ခု သူ့အရှေ့ပေါ်လာ၏။

“ရွှီး။”

ဓါးရှည်ထံမှ အသံထပ်မံထွက်လာပြန်သည်။

ဓါးရှည်ထံမှ ထွက်ပေါ်လာသော ရှည်လျားကာစူးရှသောမြည်ဟီးသံမှာ ဟွမ်ပေါ်၏အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာတော့လေသည်။

“ဘာလဲ။’

ဟွမ်ပေါ် ကြောက်ရွံ့သွားရသည်။ သူ အနှီလူက စိတ်ဝိညာဥ်ကို တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပါချေ။

ဓါးရှည်၏အသံမှာ သူ၏အသိစိတ်ပင်လယ်အပေါ် ဆန်းကြယ်စွာ သက်ရောက်မှုရှိရာ သူ၏စိတ်ဝိညာဥ်အာရုံမှာလည်း အနည်းငယ်ပြန့်ကျဲသွားလျက် မန္တန်တို့မှာလည်း အားဖျော့သွားလေသည်။

သူ့ခန္ဓာကိုယ်အပေါ်ရှိ အကာအကွယ်မှာလည်း ချက်ချင်းပါးလွှာသွားရတော့၏။

စုယွမ် မျက်ဝန်းများ ကျဥ်းမြောင်းလိုက်သည်။ သူ မြန်မြန်ကိုပဲ ယင်းအကာအကွယ်၏အားနည်ချက်ကို မြင်သွား၏။

ဓါးရှည်ကလည်း အားနည်းချက်ကိုဝင်ဆောင့်၍ အကာအကွယ်ကို ချိုးဖြတ်စေကာ ထို့နောက် ဟွမ်ပေါ်၏လက်မောင်းထံ တိုက်ရိုက်ထိုးဝင်သွားတော့သည်။

ကြီးမားလှအင်အားကြီးမှာ ဟွမ်ပေါ်၏ခန္ဓာဆီတိုးဝင်လာလျက် ဟွမ်ပေါ်၏လက်မောင်းသားမှာ ဆန်းကြယ်ပကတိချီစွမ်းအင်များကြောင့် စုတ်ပြဲသွားပြီး သွေးများပန်းထွက်လာကာအရိုးထိတိုင်မြင်သာလှသော ဒဏ်ရာကြီးဖြစ်သွားစေတော့သည်။

ဟွမ်ပေါ်မှာ ဒဏ်ရာရသွားကာမှ သူ၏အသိစိတ်မှာ ပြန်ဝင်လာ၏။ ထိုအခါမှ သူလည်း လက်တစ်ဖက်ဖြင့် ဓါးရှည်ကိုဖမ်းဆုပ်လိုက်သည်၊ သို့သော် အနိမ့်တန်းအဆင့်သာရှိလေသော ဓါးရှည်မှာ ဟွမ်ပေါ်၏လက်ကို ထိခိုက်သွားစေလေသည်။

ဟွမ်ပေါ်မှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာကိုကြည့်ကာ အေးခဲသွားရသည်။

သူ ရှုံးသွားခဲ့လေပြီ။ ဤဒဏ်ရာသာ သူ၏နှလုံး သို့မဟုတ် လည်ပင်းတွင်ဖြစ်ပေါ်ပါက သူဟာ ပြင်းထန်စွာ ဒဏ်ရာရသွားချေမည်။

သူ့အတွက်ကတော့ ထိုဒဏ်ရာထက် စုယွမ်၏အနှီအဆင့်နိမ့်လက်နက်လေးကို ချိုးမပစ်နိုင်လိုက်သည်မှာ အကြီးမားဆုံးအရှက်ရမှုပါပေ။

“သာလွန်တောင်ထိပ်ရဲ့စုယွမ် အနိုင်ရပါတယ်။”

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိဒိုင်သူကြီးက ကြေညာလိုက်ပေသည်။

ဤစကားမှာ လူအုပ်ကြီး ကျွတ်ကျွတ်ညံသွားစေတော့သည်။ ဤပြိုင်ပွဲကို သေချာမကြည့်မိသောလူများမှာ အံ့သြတကြီးလှည့်ကြည့်လာကြသလို သေချာကြည့်မိသောလူများကတော့ ပို၍ပင်အံ့သြနေကြသည်။

ဤသည်မှာ တစ်ချက်တည်းဖြင့်အနိုင်ရသွားခြင်းပါပေ။

တကယ်ကို တစ်ချက်တည်းဖြင့်ပင်။

သို့သော်ငြား ထိုသို့ပွဲသိမ်းနိုင်လိုက်သောတပည့်မှာ သူတို့အတွက် ရင်းနှီးမနေပါချေ။

စုယွမ်၏ခွန်အားမှာ မျှော်လင့်မထားလောက်အောင် ခွန်အားကြီးလှပေ၏။

ဝေ့ဝမ်၊ စွင်းဟုန်နှင့် အခြားသူများကတောင် လှည့်ကြည့်လာလျက် စုယွမ်ကို လှည့်ကြည့်လာကြသည်။

စုယွမ်သည်ကား ကြည်ရှု့သူအားလုံး၏အာရုံစိုက်မှုဗဟိုဖြစ်လာကာ သူ၏ကျော်ကြားမှုအမှတ်မှာလည်း ထိုးတက်လာတော့၏။

All Chapters