← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

Chapter 66: အရှိန်အဝါဖြင့် ယှဥ်ပြိုင်ခြင်း။

စုယွမ်လည်း ပွဲကြည့်စင်ဆီပြန်သွားလိုက်သည်။

သူ စနစ်မျက်နှာပြင်ကို ဖွင့်၍ တစ်ချက်ပြန်ကြည့်လိုက်သည်။ သူ၏ကျော်ကြားမှုအမှတ်မှာ ၆၃၀၀ထိတိုင်မြင့်တက်သွားရချေပြီ။

ဤသည်မှာ အမှတ်နှစ်ထောင်နီးပါးတစ်ခါတည်း ထိုးတက်သွားခြင်းပါပေ။

ယခုဆိုလျှင် သူက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် ကျော်ကြားသင့်သလောက်ကျော်ကြားနေပြီဟုပြော၍ရ၏။

စုယွမ် အတော်လေးကျေနပ်သွားရသည်။ နောက်တစ်ပွဲတွင် သူသာ ပိုပြီး အကွက်လေးထုတ်ပြလိုက်ပါက ကျော်ကြားမှုအမှတ်များပို၍ရချေပြီ။ အစကတော့ သူ အမှတ်တစ်သောင်းရရန်မှာ ခက်ခဲလိမ့်မည်ဟုထင်ထားခဲ့တာဖြစ်သည်၊ သို့သော် ယခုတွင်တော့ သူ ထင်ထားသလောက်ခက်ခဲမနေပါချေ။ သို့သော်လည်း နောက်တစ်ဆင့်ကတော့ ခက်ချေလိမ့်မည်။

ဤတစ်ကြိမ်ပြီးသွားလျှင်တော့ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် ထိုကျော်ကြားမှုဒဏ်ကို ခံရဦးချေမည်။

စုယွမ်မှာ မတ်တပ်ရပ်နေရင်း သာလွန်တောင်ထိပ်ဘက်မှ တပည့်တစ်ဦးလျှောက်လာတာကိုမြင်လိုက်ရ၏၊ ၎င်းမှာ ဝေ့ဝမ်ပါပေ။

စုယွမ် အရိုအသေပြုဟန် လက်သီးဆုပ်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုဝေ့။”

“ဂိုဏ်းတူညီလေးစု၊ မင်းကတကယ်ကို လူတိုင်းကိုအံ့သြသွားစေခဲ့တာပဲ။”

ဝေ့ဝမ်က ဆိုလာသည်။

စုယွမ်လည်း ရှက်ရွံ့စွာသာ ပြုံးလိုက်၏။

“ကျွန်တော်က အစ်ကိုကိုမှီဖို့ အဝေးကြီးလိုပါသေးတယ်၊ ဂိုဏ်းတူအစ်ကို။”

ဝေ့ဝမ်က အလေးအနက်ဆိုလာ၏။

“ဒီအတွင်းတပည့်ပြိုင်ပွဲက အရမ်းအရေးပါပြီး တောင်ထိပ်တိုင်းက စိတ်ဝင်စားနေကြတာ။ ငါတော့ မင်းနဲ့ငါနှစ်ယောက်လုံး ထိပ်ဆုံးဆယ်ယောက်ဝင်စေချင်တယ်။”

“ဒါတော့ သေချာပေါက်ဖြစ်ရမှာပေါ့။”

စုယွမ် ပြန်ပြောလိုက်သည်။

“ငါမင်းကို အခြေအနေတွေကို ရှင်းပြချင်လို့။”

ဝေ့ဝမ်က ဆိုသည်။

“မင်းကတော့ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီရက်လေးအတွင်းမှာကို တောင်ထိပ်တိုင်းကရွှေအမြူတေအဆင့်အကြီးအကဲတွေက သူတို့ရဲ့တပည့်တွေကို အထူးတလယ် လေ့ကျင့်ပေးထားကြတာ။”

“ဒါကြောင့်ပဲ၊ ငါလည်း အဲ့ဒီအခွင့်အရေးကိုရခဲ့တယ်။ အခုဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းအဆင့်ကိုးမှာရှိနေပြီ၊ နောက်ပြီး ငါ့မှာ အဆင့်မြင့်လက်နက်၊ အကာအကွယ်ဝတ်ရုံတွေနဲ့ လျှို့ဝှက်အကွက်လေးတွေလည်းရှိနေပြီ။ အရင်ကနဲ့ယှဥ်ရင် တိုက်ခိုက်နိုင်စွမ်းက အများကြီးတိုးတက်လာတာ။ ငါတော့ အခြားထိပ်တန်းတပည့်တွေလည်း ငါ့လိုပဲလေ့ကျင့်ခံရမယ်လို့ထင်တယ်။ ပြောရရင် ထိပ်တန်းဆယ်ယောက်နဲ့အယောက်နှစ်ဆယ်ကြားက ကွာဟချက်က တကယ်ကိုကြီးတယ်လေ။”

ဝေ့ဝမ် ရုတ်တရက် ပြုံးလိုက်သည်။

“အဲ့ဒီလိုတွေးလိုက်ရင် ငါမင်းကို လောင်းကစားဝိုင်းဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပဲ။ ဒီလိုတွေဖြစ်လာမယ်လို့ ငါထင်မထားခဲ့ဘူး။”

စုယွမ်မှာ ထပ်ခါတလဲလဲသာ ခေါင်းခါပြလိုက်သည်။

“ကျွန်တော်က လောင်းစကားဝိုင်းဖွင့်တာမဟုတ်ပါဘူးဗျာ၊ သူများလုပ်ချင်တာကို စီစဥ်ပေးရုံပါပဲ။”

“ဟားဟား၊ ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်းကိုငါကျေးဇူးတင်ချင်တုန်းပဲ။ နောက်ပြီး သတိလည်းပေးချင်လို့လေ။ ဥပမာ ဆေးဝါးဆိုင်ရာတောင်ထိပ်ရဲ့စွင်းဟုန်၊နတ်ဘုရားအာရုံတောင်ထိပ်ရဲ့ယန်မုန့်ထင်၊ လက်နက်ရေးရာတောင်ထိပ်ရဲ့လန်စစ်ရှန်၊ မိုးကြိုးတောင်ထိပ်ရဲ့လိုင်ယိုချင်း၊ ဝိညာဉ်ရေးရာတောင်ထိပ်ရဲ့ထောင်မင်ဝမ်၊ဟွမ်ယဲ့၊ ဟယ့်လျန်ယွီတို့ပဲ။ သူတို့အကုန်လုံးက မလွယ်တဲ့သူတွေပဲ။”

သူ အများကြီးပြောလိုက်၏။

“ဟုတ်လား၊ သူတို့က ဂိုဏ်းတူအစ်ကိုဝေ့ကတောင် သတိထားရတာလား။”

ဝေ့ဝမ် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ ဝိညာဉ်ရေးရာတောင်ထိပ်၏ထိပ်တန်းသုံးဦးလျှောက်လာတာကို တွေ့လိုက်ရပေသည်။

ဟွမ်ယဲ့က စုယွမ်ကို အပေါ်အောက်စေ့စေ့ကြည့်ကာ ပြောလာသည်။

“ကောင်လေး၊ မင်း အားနည်းနည်းတော့ရှိပါရဲ့။ ဒါပေမဲ့လေ နည်းနည်းလောက်ပဲ၊သိလား။ ကျင့်ကြံဆင့်နဲ့တင် မင်းနဲ့ငါကြားကွာဟချက်က အဆုံးမရှိတဲ့ချောက်နက်လိုပဲ။”

သူ ပြောရင်း ရုတ်တရက် ချီစုဆောင်းခြင်းအဆင့်ကိုး၏အရှိန်အဝါကို လွှတ်လိုက်ကာ စုယွမ်ကို ဖိနှိပ်ရန်ကြံရွယ်လာသည်။

ဝေ့ဝမ်မှာ မျက်မှောင်ကြုတ်သွားပြီး စုယွမ်ရှေ့ဝင်ကာရန်လုပ်သည်၊ သို့သော် သူ့ကို ဟယ့်လျန်ယွီနှင့်ထောင်မင်ဝမ်တို့က တားလာကြ၏။

ဝေ့ဝမ်မှာ မျက်နှာပျက်သွားရသည်။

“မင်းတို့ဘာလုပ်နေတာလဲ။ ဒီလိုအပြင်မှာရန်စလို့ရကြေးလား။”

သူ့မှာ စုယွမ်ကို ပြိုင်ပွဲမဝင်ခင် စိတ်ဓါတ်ပျက်ပြားသွားမည်စိုးရာ စိုးရိမ်တကြီးလှည့်ကြည့်လိုက်မိသည်။

သို့သော်ငြား အံ့သြစရာက စုယွမ်မှာ မည်သည့် မူမမှန်တာမှပြမလာချေ၊ ချီစုဆောင်းခြင်းအဆင့်ကိုး၏အရှိန်အဝါအပေါ် မည်သည့်တုံ့ပြန်မှုမှမရှိပေ။

အဆင့်တစ်ခုအတွင်းတွင်ပင် အလွှာတစ်ခုနှစ်ခုကွာခြားခြင်းကတောင် ခွန်အားအရာမှ အလွန်ကွာခြားလွန်းနေပြီဖြစ်သည်။ ချီစုဆောင်းခြင်းအဆင့်ကိုးနှင့်ခြောက်၏ကွာဟချက်ဆိုပါက ထည့်ပြောစရာမလို၊ ထို့အပြင် ဝိညာဉ်ရေးရာတောင်ထိပ်မှာ ချီစွမ်းအင်ကိုထိန်းချုပ်ရာတွင် ပိုတော်လေရာ ကွာဟချက်က ပို၍သိသာနေမှာပင်။

ဤမျှနီးကပ်နေသောအကွာအဝေး၊ ထို့အပြင် အရှိန်အဝါကိုပြင်းပြင်းထန်ထန်ဖြင့် လူတစ်ဦးတည်းဆီသာ ဦးတည်လွှတ်ထားသော်ငြား စုယွမ်ကတော့ တည်ငြိမ်နေဆဲသာ။

ဟွမ်ယဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ စုယွမ်မှာ သူလွှတ်လိုက်သမျှ အရှိန်အဝါများကိုစုပ်ယူနေသောအဆုံးမဲ့တွင်းကြီးအတိုင်းခံစားနေရ၏။

ဟွမ်ယဲ့မယုံချင်သေးပါပေ။ သူ၏မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး ဝိညာဉ်စွမ်းအင်သုံး၍ပင် အရှိန်အဝါကို ပိုကြီးစေလိုက်သည်။

စုယွမ်ကတော့ ရယ်ချင်သလိုသာခံစားနေရသည်။ သူ့ကို သေသည်အထိသတ်ပစ်ချင်နေသလိုမျိုး စိုက်ကြည့်နေသည့်ဟွမ်ယဲ့၏မျက်နှာမှာ သူ့ကိုဘာမှမခံစားစေရပေ။ ဆန့်ကျင်ဘက်အားဖြင့် သူက ထိုလူ၏အရှိန်အဝါမှတဆင့် သူ၏ကျင့်စဥ်များကိုတောင် တိတ်တဆိတ်လေ့လာနေသေးသည်။

သို့သော် အလွန်ရိုးရှင်းသောနိယာမတစ်ခုပါပင်၊ ကောင်းကင်နှင့်မြေကြီးအတွင်းနေရာတစ်ခုတွင် ဖိအားတစ်ရပ်ဖန်တီးရန် လူတစ်ဦး၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကိုထုတ်လွှတ်လိုက်ပါက တစ်ဖက်လူ၏ခွန်အားကသာ ထုတ်လွှတ်သူ၏ဝိညာဉ်စွမ်းအင်ခွန်အားနှင့်ကွာခြားနေလျှင် အားနည်းသူမှာ ဝိညာဉ်စွမ်းအင်ရော စိတ်ဝိညာဥ်အာရုံပါ ထိခိုက်ခံစားရလေ့ရှိသည်။

စုယွမ်လည်း သူ၏ကိုယ်ပိုင်အရှိန်အဝါကို လွှင့်လိုက်ပါ၏။

တစ်ခဏချင်းတွင်း ကောင်းကင်နှင့်မြေကြီးအတွင်းရှိမီးချီစွမ်းအင်တို့မှာ စုယွမ်၏စိတ်ဝိညာဥ်အာရုံထိန်းချုပ်မှုကြောင့် ရွေ့လျားလာရသည်။ ဘေးပတ်လည်ဆယ်မီတာရှိချီစွမ်းအင်အားလုံးမှာ ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ စုယွမ်ထံပြေးဝင်လာကြသည်။ စုယွမ်လည်း စိတ်ဝိညာဥ်အာရုံကိုသုံး၍ ထိုရရှိလာသောကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်တို့ဖြင့် ဟွမ်ယဲ့ကိုဖိနှိပ်လိုက်၏။

သို့သော်ငြား ကောင်းကင်နှင့်မြေကြီးထံမှတိုက်ရိုက်ရရှိလာသောချီစွမ်းအင်တို့မှာ ဖိနှိပ်ရုံဖြင့် ပြီးသွားသည်အထိ မရိုးရှင်းပါပေ။

ဟွမ်ယဲ့မှာ ရုတ်တရက်နေရာတွင်ရပ်ရင်း မီးတောင်ကြီးတစ်ခုက သူ့ရှေ့ကျရောက်လာသလိုခံစားလိုက်ရသည်။

သူ၏အမြင်၌ အရှေ့ရှိစုယွမ်မှာ မီးချော်ရည်များအဖြစ် ကူးပြောင်းသွားကြသည်။ ထိုချော်ရည်များမှ မီးလျှံတံများမှာ တဖြည်းဖြည်းရွှေ့လျားလာလျက် သူ့ထံပြေးဝင်လာသည်မှာ သူ့တစ်ကိုယ်လုံး ပြာကျသွားရတော့မည်ဟုပင် ခံစားလာရသည်။ သူဂုဏ်ယူခဲ့သောဝိညာဉ်စွမ်းအင်နှင့်ကိုယ်ခန္ဓာမှာမူ မီးတံလျှပ်တို့အရှေ့တွင် အရေးမပါသောစက္ကူတစ်ရွက်အလားဖြစ်သွားခဲ့ရသည်။

“အား။”

ဟွမ်ယဲ့မှာ မနေနိုင်တော့ဘဲ အော်မိသွားရလျက် နောက်သို့ ဆုတ်ပြေးမိတော့သည်။

ထိုအချိန်တွင် သူ့အရှေ့တွင်ရှိနေသော မီးပင်လယ်မှာ ပျောက်ကွယ်သွားသလို မီးတောင်ကြီးကလည်း ပျောက်ကွယ်လျက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာလည်း လောင်ကျွမ်းမနေသလို မည်သည့်ဒဏ်ရာမှလည်းရှိမနေပါချေ။ သို့သော်ငြား သူ၏နှဖူး၊မျက်နှာနှင့်ကျောကုန်းတစ်ခုလုံးမှာမူ ချွေးများဖြင့်ချွဲချွဲနစ်နေချေပြီ။

အနီးအနားရှိတပည့်များမှာ ဤမြင်ကွင်းကိုကြည့်ရင်း အံ့သြသွားကြရသည်။

ဟယ့်လျန်ယွီက ဟွမ်ယဲ့ကို ကြည့်ရင်းမေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ဟွမ်ယဲ့၏နှုတ်ခမ်းများမှာ တုန်ယင်နေလေသည်။ သူ မြင်ခဲ့သည်များကို ပြောပြလိုက်ချင်သော်ငြား ထိုတစ်ခဏတွင် မည်သို့ စကားစရမည်ပင်မသိတော့။ သူ အရှေ့ရှိတည်ငြိမ်နေသောစုယွမ်ကိုသာ ကြည့်လိုက်သည်၊ အနှီသူမှာ ပုံမှန်တည်ငြိမ်အေးဆေးနေဆဲသာ။

စုယွမ် သူ့ကို ညင်ညင်သာသာပြုံးပြလိုက်သည်။ သို့သော် ဟွမ်ယဲ့၏အမြင်တွင်မူ ထိုအပြုံးမှာ သူ့ကို ပိတ်လှောင်လိုက်သလိုပင်။

All Chapters