← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

Chapter 68: ပြိုင်ဘက်ကို ဖိနှိပ်ခြင်း။

ဟွမ်ပေါ်၏အမူအရာမှာ အတော်လေးကိုလေးနက်နေ၏။ ရုတ်တရက်၊ သူ အဆင့်မြင့်လက်နက်တစ်ခုကိုထုတ်၍ သူ့ခန္ဓာကိုယ်ပတ်လည်၌ ချီစွမ်းအင်အကာအကွက်တစ်ခု ဖြစ်စေလိုက်သည်။

ဤသည်မှာ မလုံလောက်သေး၊ သူ ထပ်မံ၍အကာအကွယ်မန္တန်တစ်ခုကိုပါ အသက်သွင်းလျက် ခန္ဓာကိုယ်ပတ်လည်တွင် အဝါရောင်အကာအကွယ်တစ်ခုပါ ဖြစ်ပေါ်စေ၏။ သူဟာ ပြိုင်စကတည်းက ခံစစ်အနေဖြင့် အသေချာနေရာယူထားလေသည်။

အဝါရောင်အကာအကွယ်အလွှာမှာ ထူထပ်သိပ်သည်းလာလျက် ဟွမ်ယဲ့၏ပတ်ပတ်လည်ကို ကာကွယ်ထားသည်။ တစ်ချိန်တည်းတွင်ပင် သူ၏လက်ထဲ အဆင့်မြင့်တူလက်နက်တစ်ခုပေါ်လာလျက် စုယွမ်ကို စေ့စေ့ကြည့်လာ၏။

“တော်တော်လေးကာကွယ်နေတာပဲ။”

စုယွမ် ပြောမိသွား၏။ ဤလူမှာ... ထိုမျှလောက်တောင် သရဲဘောကြောင်သည်လား။

“လာလေ၊စုယွမ်။ ငါ့ကို မင်းရဲ့အရှိန်အဝါကို ခံစားရအောင်လုပ်လေ။”

ဟွမ်ယဲ့၏လေသံမှာ စိုးရိမ်နေဟန်ပေါ်သော်ငြား စိတ်အားထက်သန်မှုလေးတစ်စွန်းတစ်စရှိနေ၏။

သူ ခံစားဖူးတယ်မဟုတ်ဘူးလား။

စုယွမ်၏အမူအရာမှာ ပျော့ပြောင်းသွားသည်။ ထို့နောက် သူ စင်မြင့်ပေါ်ရှိ ဂိုဏ်းချုပ်ကုကို တစ်ချက်ကြည့်လိုက်တော့ ဂိုဏ်းချုပ်ကုမှာ သူ့ကိုခေါင်းညိတ်ပြလာ၏။

စုယွမ်လည်း စိတ်ပေါ့သွားပြီး ပြောလိုက်သည်။

“အဲ့ဒါဆိုရင် သေချာပြင်ဆင်ထားပါ၊ ဂိုဏ်းတူအစ်ကိုဟွမ်။”

“ဓါး၊ ဆင့်ခေါ်စေ။”

စုယွမ် လက်သင်္ကေတတစ်ခုလုပ်လိုက်ရာ အမြင့်တန်းအဆင့်ရှိဓါးရှည်တစ်လက်မှာ စုယွမ်၏သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာ၏။

ဓါးရှည်မှာ အသံဖွဖွလေးထွက်နေသည်မှာ ကိုယ်ပိုင်စိတ်ဝိညာဥ်တစ်ခုရှိသည့်အလား စုယွမ်ကို တုန့်ပြန်နေလေသည်။

ဤသည်မှာ ကိုးစဥ်ကြယ်နှီးနွယ်ဓါးရှည်များထဲကတစ်လက်ပင်၊ သူကတော့ ယောင်ကွမ်းဓါးဟုအမည်ပေးထားပါ၏။

စုယွမ် ခပ်ဖွဖွပြုံးလိုက်ပြီး လက်သင်္ကေတတစ်ခုထပ်မံလုပ်လိုက်သည်။

“ဓါးရှည်ပထမပုံစံ၊ အသိစိတ်ကို ပျောက်ကွယ်စေခြင်း။”

သူ၏ဆန်းကြယ်ပကတိစွမ်းအင်များမှာ ယောင်ကွမ်းဓါးအဖို့ လောင်စာဖြစ်သွားသည့်အတိုင်း လျင်မြန်စွာ ကုန်ဆုံးသွားကြ၏။

ဘေးပတ်လည်ရှိဝိညာဉ်စွမ်းအင်တို့မှာလည်း ယောင်ကွမ်းဓါးပတ်လည်စုဝေးလာကာ ဓါး၏အရှိန်အဝါကိုပို၍သန်မာလာစေသည်။

“သွားတော့။”

“ဝှစ်။”

ယောင်ကွမ်းဓါးမှာ အထက်ကောင်းကင်သို့ မြည်ကြွေးကာ ထိုးတက်သွားပြီးနောက် ကောင်းကင်ကြယ်တစ်စင်းကြွေကျလာသည့်နှယ် လျင်မြန်စွာ အောက်သို့ပြန်ဆင်းသက်လာ၏။ ဓါးကိုယ်ထည်မှာလည်း ကွင်းပြင်တစ်ခုလုံးကြားသည့်တိုင်အောင် ဟစ်ကြွေးသံထွက်လာလေသည်။

တပည့်အများစုဟာ အဝေးရှိဓါးရှည်၏အသံကိုကြားလိုက်ကာ သူတို့စိတ်ထဲ နာကျင်မှုတစ်ရပ်ခံစားလိုက်ရသည်။ သူတို့မှာ အသိစိတ်ပင်လယ်ထဲ မီးလျှံများကိုတောင် မြင်ယောင်သွားသလိုပါပင်။ ဤသို့ဖြင့် လူတိုင်း၏အမူအရာမှာ ပြောင်းလဲသွားတော့၏။ သူတို့ဟာ စင်မြင့်၏အပြင်မှာရှိသည်လေ၊ သို့ဆိုလျှင် စင်မြင့်ထက်တွင်မူ မည်သို့ဖြစ်နေပါမည်နည်း။

ဟွမ်ယဲ့၏နှုတ်ခမ်းများဟာ တုန်ယင်နေသော်ငြား သူ၏အကြည့်များကတော့ ပိုမိုခိုင်မာလာ၏။ သူ့လက်ရှိတူ၏အရောင်မှာလည်း အဝါရောင်အလင်းတောက်ပလာလေသည်။ သူ မရှောင်တိမ်းချင်ပါပေ၊ထို့အတွက် တူကိုမြှောက်ကာ ယောင်ကွမ်းဓါးဆီသို့ ပစ်လွှတ်လိုက်၏။

ဝုန်း။

ဓါးရှည်တစ်လက်နှင့် ဧရာမတူကြီးတစ်လက်မှာ ထိပ်တိုက် တွေ့သွားကြလေပြီ။

မီးရဲရောင်ရောင်စဥ်များနှင့် မြေဝါရောင်ရောင်စဥ်များက တိုက်မိသည့်အခိုက်အတန့်လေးတွင်ပေါက်ကွဲလာ၏။ သို့သော် မြေဝါရောင်အလင်းတို့မှာ ပြိုကွဲသွားပြီး ဧရာမတူကြီးသည်ကား ဓါးရှည်ကြောင့် လွှင့်ထွက်သွားရ၏။

ဓါးရှည်ဟာ ဆက်လက်ရှေ့တိုးလာနေဆဲ။

ယောင်ကွမ်းဓါးရှည်၏အရှိန်အဟုန်သည်ကား လွန်စွာကြီးမားလှရာ အဝါရောင်အကာအကွယ်အလွှာတို့ကို တစ်စစီကျိုးပဲ့သွားစေလေသည်။

ကွဲကြေသွားသည့်အသံတစ်သံထွက်ပေါ်လာပြီး အဟန့်အတားများမှာ ချက်ချင်းပေါက်ကွဲထွက်သွားတော့သည်။

ထိုအခါတွင် ဟွမ်ယဲ့ကတော့ နေရာတွင်ပင် ဒူးထောက်လျက် သူ၏ဦးခေါင်းကို ကိုင်ထားရ၏။

ဓါးရှည်၏မြည်သံမှ ထွက်ပေါ်လာသောသက်ရောက်မှုမှာ သူ၏စိတ်ဝိညာဥ်အာရုံများကိုဝင်နှောင့်လျက် သူ့ကို မတ်တပ်မရပ်နိုင်အောင်ပင် တိုက်ခိုက်နေလေသည်။

ယောင်ကွမ်းဓါးကတော့ မရပ်တန့်၊ ရှေ့ဆက်တိုးလာကာ ဟွမ်ယဲ့၏အမြင့်တန်းအဆင့်အကာအကွယ်ဝတ်ရုံထွက်လာသော ခုခံရေးရောင်ခြည်များကို ဆက်လက်တိုက်ခိုက်နေသည်။

အကာအကွယ်ရောင်ခြည်များမှာ တုန်ခါနေလျက် ရုတ်တရက် မိန်ဖျော့သွားပြန်သည်။

သို့သော်ငြား ကံကောင်းစွာဖြင့် အမြင့်တန်းအဆင့်အကာအကွယ်ဝတ်ရုံတစ်ခုအနေဖြင့် ဆက်လက်ခုခံနိုင်နေသေး၏။

စုယွမ်လည်း လက်ဆန့်ကာ ဝေ့ယမ်းလိုက်သည်။ ယောင်ကွမ်းဓါးမှာ သူ့ဆီပြန်လာလျက် သူလည်း ပိုမိုများပြားသောဆန်းကြယ်ပကတိချီစွမ်းအင်တို့ကို ပေါင်းဖြည့်လိုက်ပေ၏။

“ဓါးရှည်၊ ဒုတိယပုံစံ၊ ဝိညာဉ်ခွဲဖြာခြင်း။”

ယောင်ကွမ်းဓါးမှာ လေထုအလယ် ဟစ်ကြွေးလာပြန်သည်။ နောက်တစ်ခိုက်တန့်တွင် ၎င်းက ပုံရိပ်ယောင်ဓါးတစ်ချောင်းဖွဲစည်းလိုက်သည်။

ဤသို့ဖြင့် ဓါးရှည်နှစ်ချောင်းမှာ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ဟွမ်ယဲ့ဆီပြေးဝင်သွားကြတော့သည်။

ဟွမ်ယဲ့၏စိတ်ဝိညာဥ်အာရုံမှာကား ယခုလေးတွင်မှ နာကျင်မှုများအဟုန်မှ လွှတ်မြောက်နိုင်သွားရာဖြစ်ရာ ယခုမှ မျက်လုံးဖွင့်မိရင်း ဓါးရှည်မှာနှစ်ချောင်းတောင် ပြေးဝင်လာသည်ကို မြင်ချိန် အမူအရာမှာ ချက်ချင်းမဲမှောင်သွားတော့သည်။

သူလည်း ဒီတစ်ကြိမ်တွင်တော့ လှုပ်ရှားကျင့်စဥ်များကိုသုံးကာ ရှောင်တိမ်းရန် လုပ်တော့၏။

ထို့အခိုက်အတန့်တွင် ဟွမ်ယဲ့မှာ စုယွမ်၏လေထုထံခြေဗလာဖြင့် လျှောက်သွားနိုင်သည့်အကွက်ကို သတိရပြီး အားကျမိသွားရသည်၊ သီအိုရီအရဆိုလျှင် ကျင့်ကြံသူများအားလုံးက ဓါးရှည်ဖြင့်သာ လေထုထံပျံသန်းနိုင်သည်ဖြစ်ရာ အနှီသူကတော့ အဘယ်ကြောင့် လေပေါ်လမ်းလျှောက်နေနိုင်ရပါနည်း။

ထို့အပြင် ဓါးရှည်ပေါ်ပျံသန်းရင်းတိုက်ခိုက်ရသည်မှာလည်း ကောင်းသည်မဟုတ်၊ အကြောင်းမှာ ဝိညာဉ်စွမ်းအင်အပိုကုန်သလို အာရုံလည်းစိုက်နေရန်လိုအပ်ပြီး လူ၏၃၆၀ဒီဂရီပတ်လည်လုံးလွတ်နေသည်ဖြစ်ရာ ခံစစ်အရဆိုလျှင်လည်း အရေးမသာပါချေ။ ထို့ကြောင့် တိုက်ခိုက်ရေးအများစုတွင် လေပေါ်တိုက်ခိုက်ရသည်မှာ အကျိုးထက် အဆိုးများလှ၏။ သို့သော်လည်း စုယွမ်၏ခြေနင်းကွက်ကတော့ ဓါးပျံမလိုလှရာ အထင်ကြီးစရာကောင်းသလို တိုက်စစ်အနေဖြင့်ဆိုလျှင် အထက်စီးမှတိုက်ခိုက်ရသည်ကအရေးသာသည်ပင်။

ဓါးရှည်များမှာ သူ့ထံတည့်တည့်ပြေးဝင်လာချေပြီ။

ဟွမ်ယဲ့လည်း ထပ်မံ၍ အကာအကွယ်မန္တန်ကိုအသက်သွင်းကာ မြေကြီးအလွှာများသူ့ရှေ့ပေါ်လာစေလိုက်သည်။

သူ ထင်ခဲ့သည်မှာ ဓါးရှည်ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ခုခံနိုင်သရွေ့ စိတ်ဝိညာဉ်အာရုံအတွက်လည်း စိုးရိမ်စရာမလိုတော့ဟု၊ သို့သော်ဟု သူ၏မြေကြီးအလွှာမှာ ဓါးရှည်ကို ဟန့်တားလိုက်သော်ငြား ဓါးရှည်၏ဝိညာဉ်ရေးရာတိုက်ခိုက်မှုကတော့ သူ၏နှစ်ထပ်ဆင့်အကွာအကွယ်များကိုဖြတ်ကာ အသိစိတ်ပင်လယ်ထဲ တိုးဝင်လာဆဲပါပင်။

ယောင်ကွမ်းဓါးရှည်မှာ သူ၏အသိစိတ်ပင်လယ်ထဲ မွှေနှောက်လို့နေပြီး ဟွမ်ယဲ့မှာ အစွမ်းကုန်အာရုံစိုက်မှုများဖြင့် မနည်းတောင့်ခံနေရချေသည်။

သို့သော်လည်း အနှီနှောင့်ယှက်မှုများမှာ သူ၏စိတ်ကို ယောင်ကွမ်းဓါးရှည်အစစ်နှင့်ပုံရိပ်ယောင်ကို မခွဲခြားနိုင်ဖြစ်သွားစေရာ သူ၏ဟန်ချက်ပျက်သွား၍ အကာအကွယ်များမှာလည်း ယောင်ကွမ်းဓါးရှည်အစစ်ထံ လစ်လပ်သွားတော့၏။

ဤသို့ဖြင့် ဓါးသွားဆီမှဟိန်းထွက်လာသော မီးစွမ်းအင်တောက်တောက်တို့မှာ အကာအကွယ်မန္တန်၏မြေကြီးအကာအကွယ်ကို တစ်စစီကျိုးပြတ်စေသွားပြီး သူ့ဝတ်ရုံစက်ဝန်းထံ တိုးဝင်လာသည်။

ဝတ်ရုံ၏အကာအကွယ်များလည်း လျင်မြန်စွာလျော့နည်းလာကာ ဝိညာဉ်စွမ်းအင်တို့မှာလည်း သုံးပုံတစ်ပုံသာကျန်တော့လေသည်။

ဟွမ်ယဲ့မှာ ထိုအချိန်မှာ အသိစိတ်ပင်လယ်၏ကသောင်းကနင်းဖြစ်မှုကို ထိန်းသိမ်းနိုင်သွားရာ ဝတ်ရုံ၏အလင်းဖျော့တော့လာသည်ကိုမြင်တော့ ဝိညာဉ်စွမ်းအင်တို့ မြန်မြန်အားဖြည့်ပေးမိ၏။

သို့သော်လည်း သူ၏ပြန်လည်ဖြည့်တင်းနှုန်းမှာ ဓါးရှည်၏တိုက်စားမှုကို လိုက်မမှီတော့သည့်အတွက် ဝတ်ရုံ၏အရှိန်အဝါမှာ ထပ်မံလျော့ကြလာရတော့သည်။

ဤတိုက်ပွဲသာအပြင်မှာ ဖြစ်လာပါမူ ဟွမ်ယဲ့မှာ စကားတစ်လုံးပင်မဆိုဘဲ ထွက်ပြေးမိလိမ့်မည်ဟုပင် တွေးမိသွား၏။

သူ့အတွက် အဘက်ဘက်မှဖိအားများမှာ အလွန်များလွန်းနေသည်လေ။

All Chapters