← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း။ ၃၄၅

"ဂိုဏ်းချုပ်... မကောင်းတော့ဘူး"

ဘုန်း

ဂိုဏ်းချုပ်ခန်းမ၏ တံခါးမှာ ပြင်းထန်စွာ ပွင့်သွားပြီး စီကုံးမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်လာသည်။

"ဘာလို့ ဒီလောက် အူကြောင်ကြောင် ဖြစ်နေရတာလဲ ဒါက ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မညီဘူး"

အမြင့်ဆုံးထိုင်ခုံပေါ်ရှိ စီကုံးရွှမ်းကျီသည် မျက်မှောင်ကြုတ်ကာ မနှစ်မြို့စွာဖြင့် ဆူပူလိုက်သည်။

အကြီးအကဲမှာ ဒူးထောက်ကျသွားပြီး မျက်နှာမှာ သွေးရောင်မရှိတော့ဘဲ ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ချန်ကျီရှင်းက ဇီဝေချန်မျိုးနွယ်စု စစ်တပ်ကို ဦးဆောင်ပြီး မနေ့ည ၇ နာရီမှာပဲ စစ်ချီသွားပါပြီ။ ၅ နာရီအတွင်းမှာပဲ မိုင်ပေါင်း သိန်းချီ ဝေးကွာတဲ့ ပြည်နယ်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ဟွိုင်ပြည်နယ်ကို ရောက်လာပါပြီ"

"အခုဆိုရင်... သူတို့ တံခါးဝကိုတောင် ရောက်နေလောက်ပြီ။ ယန်လျန်မြို့က အန္တရာယ်များနေပါပြီ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး ဆူညံသွားသည်။

"ဘာ မနေ့ညကတည်းက ထွက်လာတာလား"

"သုံးရက်ကြာမှ စစ်ချီမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

စီကုံးရွှမ်းကျီသည် ထိုင်ခုံလက်တင်ခုံကို ရိုက်ချလိုက်ပြီး အံ့ဩတကြီးနှင့် ဒေါသထွက်နေသော မျက်နှာဖြင့်

"အဲဒီကောင်လေးက ငါ့ကို လှည့်စားလိုက်တာလား"

စီကုံးရွှမ်းကျီ ထပ်မမေးရသေးခင်မှာပင်…

"သတင်းပို့ပါတယ်"

အပြာရောင်ဝတ်စုံနှင့် အစေခံတစ်ဦးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခန်းမထဲသို့ ပြေးဝင်လာသည်။

"နောက်ထပ် ဘာပြန်ဖြစ်ပြန်ပြီလဲ"

စီကုံးရွှမ်းကျီသည် ဒေါသကို ထိန်းချုပ်ကာ မေးလိုက်သည်။

"ဂိုဏ်းချုပ် ယန်လျန်မြို့ ကျဆုံးသွားပါပြီ။ နယ်စပ်စောင့် စီကုံးချင်းပု အသတ်ခံလိုက်ရပြီး ယန်လျန်မြို့ရိုးမှာ ဇီဝေချန်မျိုးနွယ်စုရဲ့ အလံကို စိုက်ထူထားလိုက်ပါပြီ"

အစေခံမှာ တုန်ရီလျက် ဒူးထောက်ကာ ပြောလိုက်သည်။

"ဘာ ဒီလောက်မြန်မြန်လား"

စီကုံးရွှမ်းကျီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

အခုမှ သတင်းရတာ ဘယ်လောက်ပဲ ကြာသေးလို့လဲ။

"စောက်ကျိုးနည်း စီကုံးချင်းပုက အလုပ်မလုပ်ဘဲ နေနေတာလား။ ယန်လျန်မြို့က ဟွိုင်ပြည်နယ်ရဲ့ အရေးအကြီးဆုံး နယ်စပ်မြို့ပဲ။ မြို့စောင့် အစီအရင်ကို အကုန်အကျခံ တည်ဆောက်ထားတာ နိဗ္ဗာန နယ်ပယ်ကျင့်ကြံသူတစ်ယောက်တောင် တစ်နာရီကြာအောင် တိုက်ခိုက်မှ ဖျက်ဆီးနိုင်မှာ"

"ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျသွားရတာလဲ"

စီကုံးရွှမ်းကျီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော်လည်း မသိပါဘူး..."

အစေခံမှာ မျက်နှာပေါ်မှ ချွေးများဖြင့် တုန်ရီနေသည်။

"ငါမေးမယ် ဇီဝေချန်မျိုးနွယ်စုက စစ်သည် ဘယ်လောက် ခေါ်လာတာလဲ သူတို့ရဲ့ တိုက်ခိုက်

နိုင်စွမ်းက ဘယ်လောက်လဲ"

စီကုံးရွှမ်းကျီ ထပ်မေးရန် ပြင်သည်။

"သတင်းပို့ပါတယ် ထျန်းယုံမြို့ ကျဆုံးပါပြီ။ နယ်စပ်စောင့် စီကုံးချင်းဟွေ အသတ်ခံလိုက်ရပါပြီ"

"သတင်းပို့ပါတယ် လုံဟွေမြို့ ကျဆုံးပါပြီ နယ်စပ်စောင့် စီကုံးချင်းယန် အသတ်ခံလိုက်ရပါပြီ"

"သတင်းပို့ပါတယ် အန်းယန်မြို့ ကျဆုံးပါပြီ နယ်စပ်စောင့်..."

စီကုံးမျိုးနွယ်စုတစ်ခုလုံးမှာ လုံးဝ ရှုပ်ထွေးသွားတော့သည်။

သတင်းစကားများမှာ နှင်းပွင့်များအလား ဆက်တိုက် ရောက်ရှိလာသည်။

"သတင်းပို့ပါတယ် ပေါင်ချင်းမြို့ ကျဆုံးပါပြီ စီကုံးချင်းယွီ အသတ်ခံလိုက်ရပါပြီ..."

"ဇီဝေချန်မျိုးနွယ်စုက အခု မိုင်တစ်ထောင်အကွာမှာပဲ ရှိပါတော့တယ်... သူတို့ မကြာခင် ရောက်လာတော့မှာပါ..."

နောက်ဆုံးအစေခံ၏ စကားသံနှင့်အတူ ခန်းမထဲတွင် ဒူးထောက်နေသူများဖြင့် ပြည့်နှက်သွားသည်။

စီကုံးရွှမ်းကျီသည် သူ၏ ထိုင်ခုံပေါ်သို့ လဲကျသွားကာ သူ၏ မျက်နှာမှာ ဖြူလျော့နေသည်။ ခန်းမထဲရှိ အကြီးအကဲများမှာလည်း ဘာမှမတတ်နိုင်တော့ဘဲ ငြိမ်သက်သွားကြတော့သည်။

“ဖြစ်သွားတာတွေက အရမ်းမြန်လွန်းတယ်”

ဇီဝေချန်မျိုးနွယ်စုသည် ပြည်နယ်ပေါင်းများစွာကို လျှပ်တစ်ပြက်အတွင်း ဖြတ်ကျော်ကာ မိုင်ပေါင်းသိန်းချီသော ခရီးကို အချိန်တိုအတွင်း ချီတက်လာခဲ့သည်။

ထို့နောက် မုန်တိုင်းတစ်လုံးအလား ဟွိုင်ပြည်နယ်ရှိ မြို့ရွာအားလုံးကို လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းကာ မျိုးနွယ်စု၏ မူလဌာနေဆီသို့ တန်းတန်းမတ်မတ် ချီတက်လာသည်။

မြို့စောင့် အစီအရင်များမှာ သူတို့ကို ခဏတာပင် တားဆီးနိုင်ခြင်းမရှိပေ။

ဤမြန်နှုန်းမှာ သတင်းစကားများ ပျံ့နှံ့သည့် အရှိန်ထက်ပင် ပိုမိုမြန်ဆန်နေသည်။

ဖူး……ရ

ရုတ်တရက် စီကုံးရွှမ်းကျီမှာ သွေးအန်လိုက်သည်။

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်"

ခန်းမထဲရှိ အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ ဘေးသို့ ပြေးသွားကာ ထိန်းကိုင်လိုက်ကြသည်။

"ငါ... ငါ အဆင်ပြေပါတယ်"

စီကုံးရွှမ်းကျီမှာ အားအင်မရှိစွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ခက်ခက်ခဲခဲ ထရပ်လိုက်သည်။

"ငါမေးမယ် ဇီဝေချန်မျိုးနွယ်စုရဲ့ စစ်တပ်က ဘယ်လောက်အထိ အစွမ်းထက်နေလို့ ဒီလောက်မြန်မြန် ကျဆုံးရတာလဲ"

စီကုံးရွှမ်းကျီသည် ဒူးထောက်နေသူများကို ကြည့်ကာ မေးလိုက်သည်။

မူလက သူ၏ အစီအစဉ်မှာ ဇီဝေချန်မျိုးနွယ်စု တိုက်ခိုက်လာလျှင် ဟွိုင်ပြည်နယ်အတွင်းရှိ ကာကွယ်ရေးတပ်များဖြင့် တဖြည်းဖြည်း အားနည်းအောင် လုပ်ရန်ဖြစ်သည်။

မြို့ကျဆုံးတော့မည်ဆိုလျှင် နယ်စပ်စောင့်များကို ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် ဆုတ်ခွာခိုင်းကာ ဇီဝေချန်မျိုးနွယ်စုကို မြို့လွတ်ကြီးများသာ ပေးအပ်ရန် ရည်ရွယ်ထားခြင်းပင်။

ဇီဝေချန်မျိုးနွယ်စုမှာ ပင်ပန်းနွမ်းနယ်နေချိန်တွင် စီကုံးမျိုးနွယ်စု၏ အသင့်ပြင်ထားသော တပ်များနှင့် ရင်ဆိုင်စေရန် သူ စီစဉ်ထားခဲ့ခြင်းပင်။

သို့သော် ချန်ကျီရှင်းမှာ သူထင်ထားသည်ထက် ပိုမိုစော၍ ချီတက်လာမည်ဟု မည်သူမျှ မတွေးခဲ့မိပေ။

ဤကောင်လေးမှာ သူ့ကိုသာမက ကမ္ဘာလောကကြီးကိုပါ လှည့်စားသွားခဲ့သည်။

သူသည် ဤဖြစ်နိုင်ခြေကို တွေးဆခဲ့ဖူးသော်လည်း အလေးအနက် မထားခဲ့မိပေ။

ယခု သူ၏ စိတ်ကို အကြီးအကျယ် ရှုပ်ထွေးစေသည်မှာ မြို့စောင့် အစီအရင်များမှာ မည်သို့သောနည်းဖြင့် ဤမျှမြန်မြန် ပျက်စီးသွားရတာလဲဆိုသည့်အချက်ပင်။

နယ်စပ်စောင့်များမှာ ရွှေ့ပြောင်းခြင်းအစီအရင်ကိုပင် အသုံးမပြုနိုင်လိုက်ဘဲ လမ်းခုလတ်၌ပင် အသတ်ခံလိုက်ရသည်။

"ကျွန်တော်... ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ကြားသိရတာတော့ ဇီဝေချန်မျိုးနွယ်စုရဲ့ စစ်တပ်ထဲမှာ တူကြီးကို ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက် ရှိနေပြီး သူက မြို့စောင့် အစီအရင်တွေကို အားစိုက်ထုတ်စရာမလိုဘဲ အပိုင်းပိုင်း ဖျက်ဆီးပစ်နေတာပါ"

အပြာရောင်ဝတ်စုံနှင့် အစေခံမှာ ခေါင်းငုံ့ကာ ကြောက်ရွံ့စွာ ပြောသည်။

"ဒါဆိုရင် ငါတို့ မြို့တွေကျဆုံးပြီး နယ်စပ်စောင့်တွေ သေဆုံးနေရတာကိုတောင် ဇီဝေချန်မျိုးနွယ်စုရဲ့ အဓိက အင်အားကို မသိရသေးဘူးပေါ့"

စီကုံးရွှမ်းကျီမှာ ဒေါသကြောင့် မူးဝေလာပြီး သတိလစ်မတတ် ဖြစ်သွားသည်။

"မမေးပါနဲ့တော့"

ထိုအချိန်တွင် အသက်အရွယ်ကြီးရင့်သော အသံတစ်ခုက သက်ပြင်းချလိုက်သည်။

All Chapters