← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အပိုင်း (၃၃) ငါ စောင့်နေမယ် တရားမျှတမှုတမန်တော်

‘တာဝန်လုပ်ရအောင်’

ဆက်တစ်စ်ဖိုင်းန်ကို စဆော့ကတည်းက ဟုရိုအိ ကန့်သတ်တာဝန်ကို ယခုမှ ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။ စဆော့သည့်ရက်မှ စတင်၍ ဒီနေ့အထိ ယခုလို ကြီးကြီးမားမား ကံမကောင်းခဲ့ဖူးပါ။

‘မချိုးဖျက်နိုင်သော တရားမျှတမှု စွမ်းရည်ကို အသေးစိတ်မသိလို့ ခုတော့ ဒီစွမ်းရည်ကို ကောက်ချက်ချလို့ မရသေးဘူး။ ဒါပေမဲ့ သတ္တိအညွှန်းကိန်းအကြောင်း ကောလာဟလများ ကြားဖူးသည်။ ဒီအညွှန်းကိန်းက အချိန်တိုင်း တိုက်ခိုက်စွမ်းအားနှင့် ခုခံမှုကို ဆယ်မှတ်တိုးပေးသည်’

ဟုရိုင်အိ တုန်လှုပ်သွား၏။

‘ငါသာ တာဝန်အောင်ခဲ့ရင် တရားမျှတမှုတမန်တော် ခေါင်းစဉ်ကို ရမယ်။ ပြီးတော့ သတ္တိအညွှန်းကို သုံးလိုက်ရင် ပိုပြီး စွမ်းအားကြီးလာမှာဆိုတော့ ငါ အဆင့်ဝင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်’

ဟုရိုင်အိ လက်ရှိအဆင့်မှာ ၁၇၂ ဖြစ်သောကြောင့် ကစားသမားများ၏ ပျမ်းမျှအဆင့်နှင့် ယှဉ်ကြည့်ပါက မြင့်သည်ဟု ဆိုနိုင်ပြီး ရောက်လေရာအရပ်တွင် အဆင့်အတန်းမြင့်သော ကစားသမားတယောက်အဖြစ် ဆက်ဆံခံရသည်။ သို့သော် ယခုကဲ့သို့ ဆက်ဆံခြင်းခံရသည်မှာ သူက အစောဆုံးကစားသမားတယောက် ဖြစ်သောကြောင့် မဟုတ်ပေ။

တနေ့တွင် ဆယ့်ရှစ်နာရီလောက် တစ်နှစ်နီးပါးကစားခဲ့သော်လည်း ဇာတ်ကောင်အမျိုးအစားကြောင့် အဆင့် ၁၂၇ သာ ရောက်ရှိခဲ့သည်။ ဟုရိုင်အိဇာတ်ကောင်ဟာ တိုက်ခိုက်ရေး သို့မဟုတ် ထုတ်လုပ်ရေးအမျိုးအစား မဟုတ်ဘဲ ‘စကားပြောသူ’ အမျိုးအစားဖြစ်နေသည်။

စကားပြောသူ၏ လက်နက်သည် သူ၏ စကားလုံးများ ဖြစ်သည်။

တိုက်ခိုက်ရေးဇာတ်ကောင်နှင့် ထုတ်လုပ်ရေးဇာတ်ကောင်များသည် အမဲလိုက်ခြင်း သို့မဟုတ် အိုင်တမ်ပြုလုပ်ခြင်းဖြင့် လွယ်လွယ်ကူကူ အဆင့်မြှင့်တင်နိုင်သော်လည်း စကားပြောသူတွင်မူ စကားလုံးများသာရှိသောကြောင့် အားနည်းသော တိုက်ပွဲဝင်စွမ်းရည်ဖြင့် အမဲမလိုက်နိုင်သည့်အပြင် အိုင်တမ်များကိုလည်း မပြုလုပ်နိုင်ပေ။

ဟုရိုင်အိ ယခုအဆင့်သို့ ရောက်ရှိရန် အမြဲတမ်း စကားပြောခြင်းဖြင့် NPC ဆီက တာဝန်တောင်းခဲ့ရသည်။ သို့သော် ဤနည်းလမ်းက ရောက်ရှိနိုင်သည့် အကန့်အသတ်ရှိသည်။ အဆင့်မြင့်လာလေ အဆင့်နိမ့်များမှ ရရှိသော အတွေ့အကြုံမှတ်လျော့နည်းလာလေ ဖြစ်သည့်အတွက် တခြားကစားသမားများက မွန်းစတားများကို အမဲလိုက်ခြင်း သို့မဟုတ် အိုင်တမ်များကို ရောင်းချပြီး ငွေဝင်နေချိန်တွင် သူ့မှာ အသုံးမကျသော တာဝန်နှင့် နှစ်ပါးသွားနေရ၏။

ထို့ကြောင့် ဟုရိုင်အိသည် အဆင့်မြှင့်နိုင်ရန် အမဲလိုက်ခြင်းမှ ရရှိသော အမှတ်ကို အလွန်အမင်း လိုအပ်နေသည်။

သို့သော် စကားပြောသူဖြစ်သည့်အတွက် သူ အသုံးပြုနိုင်သော လက်နက်များကို အလွန်အမင်း ကန့်သတ်ထားခြင်းခံရသည့်အပြင် စကားပြောသူမှာ ဇာတ်ကောင်အားလုံးတွင် အသက်မှတ်အနိမ့်ဆုံးဖြစ်တာကြောင့် သူတို့၏ အခြေခံတိုက်ခိုက်စွမ်းရည်နှင့် စွမ်းရည်များမှာ သနားစရာကောင်းလှသည်။ ထို့ကြောင့် သူ့အတွက် အဆင့် ၁၅ မွန်းစတားတကောင်ကို ဖမ်းမိရန်ပင် ခက်ခဲလွန်း၏။

အဓိကစွမ်းရည်များမှ တခုဖြစ်သည့် ‘လျှာအမျက်ဒေါသ’ စွမ်းရည်သည် ပစ်မှတ်၏ အညွှန်းကိန်းများအားလုံးကို လျှော့ချပေးနိုင်သော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲတွင် အသုံးပြုနိုင်ရန် အကန့်အသတ်ရှိသည်။

‘ငါ့ရဲ့ အဓိကအားနည်းချက်က တိုက်ခိုက်စွမ်းအားပဲ ... ငါက ဒီအားနည်းချက်ကို သတ္တိအညွှန်းကိန်းနဲ့ ပြုပြင်လို့ ရတယ်’

တရားမျှတမှုတမန်တော်ခေါင်းစဉ်နှင့် သတ္တိအညွှန်းကိန်းရရှိရန် ဤတာဝန်ကို အောင်မြင်ရန် လိုနေ၏။ သူ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးချိန်တွင် အနောက်ဂိတ်ရှေ့တွင် ရောက်နှင့်နေပြီ။

ဂိတ်သည် ပုံမှန်ထက် တိတ်ဆိတ်လွန်းနေခြင်းမှာ ဝင်စတန်အရှင်က ဒေသခံများအား ဝင်စတန်မှ မထွက်ခွာနိုင်ရန် တားမြစ်ထားခြင်းကြောင့်ပင်။ ထို့ကြောင့် ယခုအချိန်တွင် ဂိတ်တံခါးတွင် ဒေသခံများကို မတွေ့ရဘဲ ခရီးသွားများကိုသာ မြင်နေရ၏။

“မင်းတို့ရဲ့ ကြိုးစားမှုတွေအတွက် ကျေးဇူးတင်ပါသည်”

ဟုရိုင်အိ ဂိတ်စောင့်နေသော စစ်သားများဆီသို့ ချဉ်းကပ်လိုက်ပြီး အိုင်ဒီကဒ်မထုတ်မှီ နှုတ်ဆက်လိုက်သည်။ ဝင်စတန်ဒေသခံမဟုတ်သော ရိုးရိုးခရီးသွားတယောက်သာ ဖြစ်တာကြောင့် ဟုရိုင်အိသည် ဂိတ်တံခါးကို လွယ်လွယ်ကူကူဖြတ်နိုင်သည်။

သို့သော် စစ်သားများက ဟုရိုင်အိကို ပိတ်ဆို့လိုက်သောကြောင့် ဟုရိုင်အိသည် ဤအပြုအမူမှ အန္တရာယ်အငွေ့အသက်ကို သတိပြုမိသွား၏။

‘မီရိုကုမ္ပဏီက ငါသစ္စာဖောက်တာကို သိသွားပြီ ထင်တယ်’

အခြေအနေက အရေးတကြီးဖြစ်နေပြီ။ သူ့ကို မီရိုကုမ္ပဏီက ဖမ်းမိသွားခဲ့ပါက တာဝန်ကျရှုံးမည် ဖြစ်သည်။ သို့သော် ဤတာဝန်က အခွင့်အလမ်းကြီးဖြစ်တာကြောင့် အဆုံးအရှုံးမခံနိုင်ပေ။

“ ကျွန်တော့်ကို ဘာလို့တားရတာလဲဗျ။ ပြဿနာတခုခု ရှိလို့လား”

“……”

ဟုရိုင်အိသည် သူ၏ လက်နက်ဖြစ်သော စကားလုံးများဖြင့် စစ်သားများကို လှည့်စားသော်လည်း ရရှိခဲ့သည်မှာ တိတ်ဆိတ်ခြင်းတခုသာ။ စစ်သားများသည် သူနှင့် စကားပြောရန် လျစ်လျူရှုထားကြသည်။

‘မကောင်းတော့ဘူး’

ဟုရိုင်အိ မြန်မြန်ထွက်သွားရန် ဆုံးဖြတ်ချချစဉ် သူ့အနောက်မှ ရင်းနှီးနေသာအသံအား ကြားလိုက်ရသည်။

“မင်း ဘာပဲပြောပြော စစ်သားတွေက တုံ့ပြန်မှာမဟုတ်ဘူး။ ငါ့ဆီက အချက်ပြတာကို မရမချင်း သူတို့ကို ဘာမှမပြောဖို့ ငါ မှာထားတယ်”

ဟုရိုင်အိ နှလုံးရပ်တန့်သွားသလို ခံစားလိုက်ရ၏။ သူ့အနောက်တွင် ဝင်စတန်ဒေသခံများကို သိမ်းသွင်းရန် ဌားရမ်းခဲ့သည့် မီရိုကုမ္ပဏီ၏ ထိပ်တန်းဝန်ထမ်းတယောက်ဖြစ်သော ရက်ဘ်ဘစ်ဒ်ကို မြင်လိုက်ရသည်။

ဟုရိုင်အိ ခံစားချက်ကို ဖုံးကွယ်၍ ရက်ဘ်ဘစ်ဒ်အား နှုတ်ဆက်လိုက်သည်။

“ဟာ ဒါက မစ်စတာ ရက်ဘ်ဘစ်ဒ်မလား။ ခင်ဗျား ဒီအချိန်ဆို ရုံးမှာ အလုပ်ရှုပ်နေကြလေ။ ဘယ်လိုလုပ် ဒီကို စိတ်ကူးပေါက်ပြီး ရောက်လာတာလဲ”

“ငါလဲ ခေါင်းကိုက်လာလို့ လေကောင်းလေသန့်ထွက်ရှူတာပါ”

“ဟဟ အပန်းဖြေတာကည်း အရေးကြီးတာပေါ့။ ဒါမှ အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်မှာလေ။ ကိုရက်ဘ်ဘစ်ဒ် ဘာလို့ စစ်သားတွေကို ကျွန်တော်နဲ့ စကားမပြောဖို့ မှာထားတာလဲ။ ကျွန်တော်က လူတွေနဲ့ စကားပြောရတာ ကြိုက်တာကို။ ဒီလိုလုပ်တော့ ဝမ်းနည်းတာပေါ့”

ရက်ဘ်ဘစ်ဒ်က ဟုရိုင်အိကို ပြုံး၍ ပြောလိုက်သည်။

“မစ်စတာ ဟုရိုင်အိ ကျွန်တော်တို့ရဲ့ စာချုပ်အရဆို ခင်ဗျားက ဝင်စတန်ဒေသခံများကို သိမ်းသွင်းနေရမှာ မဟုတ်လား။ ပြီးတော့ စာချုပ်ပြီးသွားရင် ကျွန်တော့်ကို လာတွေ့ရမှာလေ။ ခုတော့ နှုတ်မဆက်ဘဲ ထွက်သွားမလို့လား။ ငါ ဒီအခြေအနေကို ဘယ်လိုသဘောပေါက်ရမလဲ မသိဘူး”

ဟုရိုင်အိ အေးဆေးစွာ ရှင်းလိုက်၏။

“ကျွန်တော့်စကားလုံးများကို လက်နက်အဖြစ်သုံးဖို့က ပြိုင်ဘက်စိတ်မှာ သေးငယ်တဲ့ အားနည်းချက်ရှိရမယ်။ ဒါကြောင့် အချိန်ကောင်းကို စောင့်နေတာ။ ဝင်စတန်ရွာနားက ရှုခင်းက နာမည်ကြီးလို့ ကျွန်တော် ကြည့်ချင်နေတာပါ။ ဘာလို့ ဝင်စတန်ကနေ ထွက်သွားရမှာလဲ။ နားလည်မှုလွဲနေတာပါ”

ရက်ဘ်ဘစ်ဒ် အံ့အားသင့်သည့်အမူအရာဖြင့် ပြောလိုက်၏။

“ဒီလိုကိုး နားလည်မှုလွဲသွားတာပေါ့”

စကားပြောသူတယောက်အနေဖြင့် ဟုရိုင်အိတွင် အသက်ဝင်စွမ်းရည်ဖြစ်သည့် ‘ဖျောင်းဖျမှု’ နှင့် ‘ဆွဲဆောင်မှု’ ရှိသည်။ သူ၏ စွမ်းရည်နှစ်ခုလုံးမှာ အဆင့်အလွန်မြင့်တာကြောင့် NPC များကို ဆန္ဒရှိသလို အကွက်ရွှေ့နိုင်သည်။

“ဟုတ်သည်။ ဒါက နားလည်မှုလွဲသွားတာ။ ဒါဆို ကိုရက်ဘ်ဘစ်ဒ် စစ်သားများကို ဂိတ်တံခါးဖြတ်ခွင့်ပေးဖို့ ပြောပေးလို့ ရမလား”

ဟုရိုင်အိသည် ရက်ဘ်ဘစ်ဒ်တုံ့ပြန်မှုကိုမြင်ပြီးနောက် အောင်မြင်ပြီဟု တွက်ချက်လိုက်သည်။ သို့သော် ရက်ဘ်ဘစ်ဒ်သည် ဉာဏ်ရည်အလွန်မြင့်သော NPC ဖြစ်တာကြောင့် ဟုရိုင်အိသည် ရက်ဘ်ဘစ်ဒ်အား ကြိုးကိုင်နိုင်သည့်အဆင့်သို့ မရောက်ရှိသေးပေ။

ရက်ဘ်ဘစ်ဒ် ဝမ်းနည်းသွားသောအမူအရာ ပြုလုပ်လိုက်သည်။

“မစ္စတာဟုရိုင်အိက စကားအရမ်းအပြောကောင်းလို့ ဒေသခံတွေကို သွေးထိုးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာ။ ခုတော့ မင်းက စိတ်ပျက်စရာပဲ။ ငါ မင်းရဲ့အရည်အချင်းကို နားလည်မှုလွဲသွားတာ ဝန်ခံပါတယ်”

“… ဟမ်”

“အစီအစဉ်အရ ဒီနေ့မနက်ပဲ မီရိုကုမ္ပဏီက လက်ကမ်းကြော်ငြာ ဖြန့်ခဲ့တယ်။ အခုအချိန်က ဒေသခံများရဲ့ စိတ်က ရှုပ်ထွေးနေမှာဆိုတော့ ဒီအချိန်က သွေးထိုးဖို့ အကောင်းဆုံးအချိန်ပဲ။ အခုဆိုရင် သူတို့စိတ်များက မီရိုကုမ္ပဏီဘက်ကို ပါချင်ချင်ဖြစ်နေပြီ။ ဒါပေမဲ့ မင်းက ဒီအခြေအနေကိုတောင် အသုံးချဖို့ အရည်အချင်းမရှိတာသာ မဟုတ်ရင် ….. မင်း ငါ့ကို သစ္စာဖောက်လိုက်တာပဲ”

ရက်ဘ်ဘစ်ဒ်၏ သိမ်းဌက်တကောင်ကဲ့သို့ စူးရှနေသောအကြည့်များကြောင့် ဟုရိုင်အိမှာ တောင်ဖြင့်ဖိခံရသလို ဖိအားခံစားနေရသည်။ ထိုအခိုက်အတန့်တွင် ဟုရိုင်အိ နားလည်သွားသည်။

“ရက်ဘ်ဘစ်ဒ် မင်း ငါ့ရဲ့ သစ္စာဖောက်မှာကို ကြိုပြီးခန့်မှန်းခဲ့တာမလား။ ငါက စစ်သားများကို စကားပြောပြီး လှည့်စား ထွက်ပြေးမှာစိုးလို့ ငါနဲ့ စကားပြောခွင့် ပိတ်ပင်ထားတာပဲ”

ရက်ဘ်ဘစ် ခေါင်းကို ခါယမ်းလိုက်သည်။

“ငါ့ဘဝမှာ လူအများကြီးတွေ့ပြီးပြီ။ ဒါပေမဲ့ ခုချိန်ထိ လူတယောက်ကိုမှ ငါ ယုံကြည်ခဲ့တာ မရှိဘူး။ မင်းကို အလုပ်စအပ်ကတည်းက မင်း သစ္စာဖောက်မှာဆိုတဲ့ အဆိုးဆုံးအခြေအနေကို တွက်ချက်ခဲ့ပြီးသားပဲ။ အခုတော့ ဒီကိုလာ။ မင်းကို ဖမ်းဆီးထားမယ်။ မင်းက ဒေသခံတွေကို သိမ်းသွင်းရမဲ့အစား သူတို့နဲ့ ပူးပေါင်းခဲ့တယ်။ ငါ မင်းကို မြို့စားစတိုင်းနဲ့ တွေ့ခွင့်မပေးနိုင်ဘူး”

ရက်ဘ်ဘစ်ဒ် အချက်ပြလိုက်သည်နှင့် စစ်သားများက ဟုရိုင်အိဆီ ပြေးလာကြသည်။

‘ဒါအဆုံးသတ်ပဲလား။ ငါ့တိုက်ခိုက်စွမ်းရည်က မကောင်းတော့ မလွတ်နိုင်ဘူး။ ငါတော့ ထောင်ချောက်မိပြီး တာဝန်ကျရှုံးတော့မယ်။ မရဘူး .... ငါ အရှုံးမပေးနိုင်ဘူး’

နောက်တခါ ဒီလို ကန့်သတ်တာဝန်ကို ရနိုင်မလား မသေချာသောကြောင့် ဤအခွင့်အရေးအား လက်လွှတ်မခံရန် ကံကြမ္မာက တီးတိုးပြောနေသည်။

‘လက်လျှော့မဲ့အကြောင်း မေ့လိုက်တော့။ ဒီအကျပ်အတည်းကနေ လွတ်မြောက်ဖို့ ဂိမ်းကနေ ထွက်ပြီး သေသေချာချာစဉ်းစားမယ်’

ဟုရိုင်အိ ဆုံးဖြတ်ချက်တခု ချပြီးနောက်တွင် ဂိမ်းမှ ထွက်လိုက်သည်။ တာဝန်လုပ်နေသည့် ကာလအလယ်တွင် ဂိမ်းမှ ထွက်ခွာရန် မဖြစ်နိုင်သော်လည်း နေရာမှာ အများပိုင်ဖြစ်သောကြောင့် ဟုရိုင်အိက ဂိမ်းမှထွက်လို့ရမည်ဟု ယုံကြည်သည်။ ရွာအလယ်ဖြစ်နေသောကြောင့် ကစားသမားများက အခြေအနေကို အကဲခတ်နေကြသည်။

နေရာသည် အများပိုင်ဖြစ်သောကြောင့် ဟုရိုင်အိက ဂိမ်းမှထွက်လို့ရမည်ဟု ယုံကြည်သည်။

“လော့ဂ်အောက်”

[ယခုအချိန်တွင် ဂိမ်းမှ ထွက်ခွာ၍ မရနိုင်ပါ]

“ဘာတုန်း ....”

ဟုရိုင်အိ မမျှော်လင့်ထားသည့် အသိပေးစာပေါ်လာသောကြောင့် အံ့အားသင့်သွား၏။

“မင်း အေးအေးဆေးဆေး အဖမ်းခံလိုက်ပါ”

“အား”

ဂိမ်းမှ ထွက်ခွာမှု ကျရှုံးပြီးနောက် ဟုရိုင်အိအား စစ်သားများက ဖမ်းဆီးချုပ်နှောင်လိုက်လေသည်။

ရက်ဘ်ဘစ်ဒ် သံသယရှိစွာ ပြောလိုက်သည်။

“လော့ဂ်အောက်။ ဒီစကားလုံးက မသေမျိုးတွေကို ဆန်းကြယ်တဲ့ နေရာဆီ ခေါ်ဆောင်သွားနိုင်တဲ့ ဆန်းကြယ်မှော်မန္တန်ပဲ။ ငါတို့က ဒီစွမ်းအားကို ကိုင်တွယ်တာ မင်း နားမလည်ဘူးလား”

NPC များသည် ကစားသမားများနှင့် ၎င်းတို့ကြား ကွာခြားချက်ကို သတိပြုမိသည်။ ထို့ကြောင့် ရက်ဘ်ဘစ်ဒ်သည် ဟုရိုင်အိအား အရှင်ထားရန် ဆုံးဖြတ်လိုက်သည်။ ဟုရိုင်အိအား သတ်ဖြတ်ပါက တခြားနေရာတခုတွင် ပြန်လည်ရှင်သန်နိုင်သဖြင့် ထောင်ချထားရန် ရက်ဘ်ဘစ်ဒ် ဆုံးဖြတ်လိုက်၏။

ရက်ဘ်ဘစ် စစ်သားများအား ညွှန်ကြားလိုက်၏။

“သူကို ရဲတိုက်မှာ အကျဉ်းချထားလိုက်ချေ။ သခင်ကို သူ့ကို အနီးကပ် စောင့်ကြည့်ထားဖို့ပါ ပြောလိုက်အုံး”

“ဒ ဒါ ....”

တနှစ်လုံးမှာ ပထမရခဲ့သည့် ကန့်သတ်တာဝန်က ဒီလိုဘဲ ကျရှုံးတော့မည်လား။ ဟုရိုင်အိ ငရဲကျသလို ခံစားနေရစဉ် အသိပေးစာ ပေါ်လာသည်။

[‘ဝင်စတန်ဒေသခံများအတွက်’ တာဝန်အေသည် ‘စောင့်ဆိုင်းပါ’ တာဝန်အက်စ် အဆင့်သို့ ပြောင်းလဲသွားသည်]

[စောင့်ဆိုင်းပါ]

ခက်ခဲမှု : S

ရက်ဘ်ဘစ်ဒ်၏ လှည့်ကွက်ကြောင့် သင်သည် ဝင်စတန်အရှင်နှင့် မီရိုကုမ္ပဏီ၏ မကောင်းသည့်လုပ်ရပ်များအကြောင်း မြို့စားစတိုင်းအား သတင်းပို့ရန် ကျရှုံးခဲ့သည်။ ကံကောင်းစွာဖြင့် မျှော်လင့်ချက် ရှိနေသေးသည်။

ဝင်စတန်ရဲတိုက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။ အေးစက်၍ မသန့်ရှင်းသောနေရာ၌ အမှောင်ထုထဲတွင် နေထိုင်ကာ အဆုံးအထိ ဆက်လက်ရှင်သန်နေရမည်။ သင်သည် ဆာလောင်မှုနှင့် ငတ်မွတ်သည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါက တရားမျှတမှုတမန်တော်သည် သင့်အား အသေအချာ လာရောက်ကယ်ဆယ်လိမ့်မည်။

တာဝန်ရှင်းလင်းရန် အခြေအနေများ : အစစ်အမှန်နာရီ ငါးဆယ်ကြာ လော့ဂ်အောက်မထွက်ပါနှင့်

* အန္တရာယ်အလွန်များသော တာဝန်ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်ကြီးသူများနှင့် အားနည်းသောကလေးသူငယ်များ တာဝန်ကို လက်လျော့လိုက်ပါ။

[တာဝန်ကို လက်ခံချင်ပါသလား]

‘ဒါက ဘယ်လိုအမျိုးအစားတာဝန်မျိုးလဲ’

မရင်းနှီးသော အခြေအနေကြောင့် ဟုရိုင်အိ စိတ်တင်းကြပ်လာပြီး ရှုပ်ထွေးလာနေသည်။

‘ဂိမ်းအချိန်မဟုတ်ပဲ အစစ်အမှန်အချိန်ငါးဆယ်နာရီတောင် ငါ လော့ဂ်အောက် လုပ်လို့မရဘူးပေါ့။ ဒီ အဓိပ္ပာယ်မရှိတဲ့ ကိစ္စက ဘာလဲ’

ဟုရိုင်အိသည် သူ့ရဲ့အစစ်အမှန်ကိုယ်ခန္ဓာကြံ့ခိုင်မှုအပေါ် ယုံကြည်ချက်ရှိသည်။ သူ၏ ဆက်တစ်စ်ဖိုင်းန်ကို အလွန်ဆုံးဆော့နိုင်သည့်အချိန်မှာ နာရီနှစ်ဆယ်ဖြစ်၏။

ဆက်တစ်စ်ဖိုင်းန်စနစ်သည် ကစားသမားများကို ဂိမ်းဆော့ချိန် နာရီနှစ်ဆယ်သာ ခွင့်ပြုပေးထားသည်။ အချိန်လွန်သည်နှင့် ကစားသမားကို အတင်းအကြပ် လော့ဂ်အောက်လုပ်၍ ဂိမ်းပြန်ဆော့ချိန် ခြောက်နာရီ တားမြစ်လိုက်သည်။

အက်စ်အေဂရုသည် ဂိမ်းဆော့ချိန်နာရီနှစ်ဆယ်ကျော်ပါက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထား၏။

‘ဒါဆို ဒီလို နာရီငါးဆယ်နေရမဲ့ တာဝန်က ဘာလို့ရှိနေတာလဲ။ ပြီးတော့ အပိတ်ခံရပြီး စောင့်နေရအုံးမှာ။ အစစ်အမှန်နာရီကို ဂိမ်းအချိန်နှင့်တွက်ကြည့်ရင် ရှစ်ရက်နှင့် ရှစ်နာရီ။ ဒီတချိန်လုံးကြီး ဘာမှမလုပ်ဘဲနေရရင် ငါ ရူးသွားနိုင်တယ်’

ဒီတာဝန်က အန္တရာယ်များပေမဲ့ အခွင့်အလမ်းလည်း မြင့်လာသည်။

‘အေအဆင့်ကန့်သတ်တာဝန်က အက်စ်အဆင့်ဖြစ်သွားပြီ။ ဒီလို အခွင့်အရေးကြီးကို ငါ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ’

ဟုရိုင်အိသည် တာဝန်လက်ခံရန် ဆုံးဖြတ်လိုက်၏။

“ငါ လက်လျှော့မှာ မဟုတ်ဘူး”

[နောက်ဆုံးအကြိမ် သတိပေးချက်ဖြစ်သည်။ တာဝန်ကို ဆက်လုပ်ရန် သေချာ ဆုံးဖြတ်ပြီးပါပြီလား]

“ပြီးပြီ”

[တာဝန်ကို လက်ခံလိုက်သည်]

[စောင့်ဆိုင်းပါ]

ခက်ခဲမှု : S

ရက်ဘ်ဘစ်ဒ်၏ လှည့်ကွက်ကြောင့် သင်သည် ဝင်စတန်အရှင်နှင့် မီရိုကုမ္ပဏီ၏ မကောင်းသည့်လုပ်ရပ်များအကြောင်း မြို့စားစတိုင်းအား သတင်းပို့ရန် ကျရှုံးခဲ့သည်။ ကံကောင်းစွာဖြင့် မျှော်လင့်ချက် ရှိနေသေးသည်။

ဝင်စတန်ရဲတိုက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။ အေးစက်၍ မသန့်ရှင်းသောနေရာ၌ အမှောင်ထုထဲတွင် နေထိုင်ကာ အဆုံးအထိ ဆက်လက်ရှင်သန်နေရမည်။ သင်သည် ဆာလောင်မှုနှင့် ငတ်မွတ်သည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါက တရားမျှတမှုတမန်တော်သည် သင့်အား သေချာပေါက် လာရောက်ကယ်ဆယ်လိမ့်မည်။

တာဝန်ရှင်းလင်းရန် အခြေအနေများ : အစစ်အမှန်နာရီ ငါးဆယ်ကြာ လော့ဂ်အောက်မထွက်ပါနှင့်

* အန္တရာယ်အလွန်များသော တာဝန်ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်ကြီးသူများနှင့် အားနည်းသောကလေးသူငယ်များ တာဝန်ကို လက်လျော့လိုက်ပါ။

* တာဝန် လက်ခံလိုက်သည်နှင့် စနစ်သည် သင်၏ ခန္ဓာကိုယ်အခြေအနေကို စောင့်ကြည့်နေမည်။ ထိခိုက်မှုဆိုးရွားသည်ကို ခံစားမိပါက စနစ်သည် သင့်ကို အတင်းအကြပ်လော့ဂ်အောက်လုပ်မည်။

* အတင်းအကြပ်လော့ဂ်အောက်လုပ်ပြီးပါက အက်စ်အေဂရုမှ သင့်အိမ်သို့ ဆေးဝန်ထမ်းစေလွှတ်မည်။

* သင် တာဝန်အား အောင်မြင်၍ လော့ဂ်အောက်ထွက်လိုက်ပါက အက်စ်အေဂရုမှ သင့်အိမ်သို့ ဆေးဝန်ထမ်းစေလွှတ်ကာ ကျန်းမာရေးအခြေအနေ စစ်ဆေးခိုင်းမည်။

* တာဝန်အောင်မြင်ရန် ဆက်တစ်စ်ဖိုင်းန်အချိန် နာရီနှစ်ရာကြာမြင့်မည်။ ဂိမ်းကမ္ဘာနှင့် အချိန်အတန်ကြာ ချိတ်ဆက်ထား၍ အစစ်အမှန်နှင့် ပုံရိပ်ယောင် ရောထွေးနိုင်သည်။ ကျေးဇူးပြု၍ နောက်ဆုံးအချိန်ထိ လက်မလျှော့ဘဲ ခိုင်မာသောစိတ်ဓာတ်အား ပြသပါ။

ဆုလာဘ် : ‘တရားမျှတမှုတမန်တော်အဖော်မွန်’။ ‘အခက်အခဲများကို ကျော်လွှားနိုင်သူ’ ခေါင်းစဉ်။

* တရားမျှတမှုတမန်တော်အဖော်မွန် : ‘သတ္တိ’ အညွှန်းကိန်းအား ဖွင့်လှစ်လိုက်မည်။ တရားမျှတမှုတမန်တော်နှင့် အတူရှိချိန်တွင် အညွှန်းကိန်းအားလုံး နှစ်ဆယ်ရာခိုင်နှုန်း တိုးသွားမည်။ ‘မချိုးဖျက်နိုင်သော တရားမျှတမှု’ စွမ်းရည်အား ပြုလုပ်ပေးမည်။ ‘တရားမျှတမှုအတွက် အနစ်နာခံခြင်း’ စွမ်းရည်အား ဖန်တီးပေးမည်။

* အခက်အခဲများကို ကျော်လွှားနိုင်သူ : ‘အနိုင်မခံ အရှုံးမပေး’ အညွှန်းကိန်းအား ဖွင့်လှစ်လိုက်မည်။ ‘ခိုင်မာသောစိတ်ဓာတ်’ စွမ်းရည်အား ဖန်တီးလိုက်သည်။

ကျရှုံးမှု : ပြစ်ဒဏ်မရှိပါ။

[ဂိမ်းဖန်အိမ်အား အိပ်စက်ခြင်းပုံစံသို့ ပြောင်းလဲလိုက်သည်]

[အပြင်မှ ဂိမ်းဖန်အိမ်အား ပါဝါပိတ်ရန် မဖြစ်နိုင်တော့ပါ]

[ ရှော့ သို့မဟုတ် ဂိမ်းဖန်အိမ်အား ပိတ်ရန် ကြိုးစားမှုများရှိပါက အက်စ်အေဂရုမှ သင့်ဂိမ်းဖန်အိမ်ကို ကာကွယ်ရန် လူများစေလွှတ်မည်]

[သင့်အား ချီးကျူးပါသည်။ ကံကောင်းပါစေ]

“ငါတော့ ဗီအိုင်ပီဖောက်သည်လို ခံစားနေရသည်”

သတိပေးစာများ ဖတ်ပြီးနောက် ဟုရိုင်အိ စိတ်ကျေနပ်သွားသည်။

‘မစိုးရိမ်နဲ့။ ဒါက နာရီနှစ်ဆယ်လေးပဲ’

အက်စ်အေဂရု၏ စေ့စပ်မှုကို ယုံကြည်တာကြောင့် ဟုရိုင်အိ စိုးရိမ်မှုများ ပပျောက်သွားပြီး ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။

‘ငါ စောင့်နေမယ်။ တရားမျှတမှုတမန်တော်။ မင်းသာ ငါ့ကို ကယ်ပေးရင် မင်းက NPC ဖြစ်နေရင်တောင်မှ ငါ မင်းအပေါ် သစ္စာရှိမယ်’

ဟုရိုင်အိနှင့် အမည်မသိတရားမျှတမှုတမန်တော်တို့ မတွေ့ဆုံမှီ ဟုရိုင်အိ သစ္စာဆိုခဲ့၏။

All Chapters