← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အပိုင်း (၃၇) ဂရစ် နှင့် ယူဖီမီနာတို့ တွေ့ဖို့ အကြောင်းဖန်လာပြီ

[အနီရောင်မြင်းစီးသူရဲကောင်းများ၏ သစ္စာဖောက်]

ခက်ခဲမှု : S

အက်စ်မိုဖယ်၏ လုပ်ဖောက်ကိုင်ဖက်ဟောင်း ပီအာရိုသည် ဆိုးရွားသော သစ္စာဖောက်မှုတစ်ခုကို ကျူးလွန်ခဲ့သည်။ အက်စ်မိုဖယ် ဒဏ်ရာရခဲ့ချိန်တွင် ပီအာရိုကို လက်စားချေမည်ဟု သန္နိဌာန်ချခဲ့သည်။

သို့သော်လည်း အက်စ်မိုဖယ်သည် နောက်ပိုင်းအချိန်တွင် အပြင်းဖျားခဲ့သဖြင့် အဆုံးတွင် ကိုယ်တိုင်လက်စားချေရန် လက်လျော့ခဲ့ပြီး သင့်အား သူ့ကိုယ်စား လက်စားချေပေးရန် တောင်းဆိုခဲ့သည်။

တာဝန်ရှင်းလင်းရန် အခြေအနေများ : ကပ်ဆန်ချောက်နက်ကြီးတွင် ပုန်းအောင်းနေသော ပီအာရိုကို အနိုင်ယူပါ

ဆုလာဘ် : ခေါင်းစဉ် ‘လက်စားချေခြင်း၏ ကိုယ်စားလှယ်’

* လက်စားချေခြင်း၏ ကိုယ်စားလှယ် : ‘ရက်စက်ကြမ်းကြုတ်ခြင်း’ အညွှန်းကိန်းအား ဖွင့်လှစ်လိမ့်မည်။ တိုက်ခိုက်စွမ်းအား +100။ စွမ်းရည် ‘သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒ’ ကို ဖြစ်ပေါ်စေမည်။

ပြစ်ဒဏ် : အဆင့် -2. အက်စ်မိုဖယ်၏ ယုံကြည်မှု ကျဆင်းလိမ့်မည်

အဆင့်တစ်ရာ့ကိုးဆယ်ရှိသော ယူဖီမီနာက အတိတ်အချိန်မှာ အက်စ်အဆင့်တာဝန်ကို ရှင်းခဲ့ဖူးသည့် အတွေ့အကြုံရှိဖူးသဖြင့် အက်စ်တ်အဆင့်တာဝန်ရဲ့ ကြောက်စရာကောင်းမှုကို ဘယ်သူ့ထက်မဆို နားလည်ပါသည်။

‘ပီအာရို .... ဆာဟယ်ရန်အင်ပါယာရဲ့ အသန်မာဆုံးမြင်းစီးသူရဲကောင်း’

အက်စ်မိုဖယ်က အစောကတည်းက ပီအာရိုစွမ်းအား ဘယ်လောက်ကြီးမားကြောင်း ရှင်းပြပြီးသားပါ။ ပီအာရိုရဲ့ ဓားသိုင်းကျွမ်းကျင်မှုက အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီး သူ့ရဲ့ အန္တိမနည်းစနစ် ‘ ကံတရားဖျက်ဆီးခြင်း’ ကို ထုတ်သုံးလိုက်ရင် သေခြင်းတရားကို ရှောင်လို့ မရတော့ပါဘူး။

ယူဖီမီနာက သူမ၏ စိတ်တင်းကြပ်နေမှုကို မလျော့ချနိုင်သဖြင့် မွန်းကြပ်နေပါသည်။ ဒီတာဝန်ကို ရှင်းဖို့ သုံးဆယ့်ခြောက်ရက်လုံးလုံး ပြင်ဆင်ခဲ့သော်လည်း အခုအချိန်ထိ ကြောက်ရွံ့နေဆဲပါ။

“ငါယုံကြည်ရမယ်။ ငါ လုပ်နိုင်မှာပါ။ စွမ်းရည် ဖန်သားပြင်”

ယူဖီမီနာမှာ စွမ်းရည်ကိုးခုပဲ ရှိပါသည်။ ဒါက အဆင့်တစ်ရာ့ကိုးဆယ် ကစားသမားအတွက် မယုံနိုင်စရာကောင်းလောက်အောင် နည်းပါးလွန်းသည် ဆိုသော်လည်း စွမ်းရည်ဖန်သားပြင်မှာတော့ စုစုပေါင်း စွမ်းရည်ငါးဆယ်လောက် ရှိပါသည်။ ဒီငါးဆယ်လုံးကလည်း ထိပ်တန်းအဆင့်စွမ်းရည်များ ချည်းပါပဲ။

ဒီစွမ်းရည်အားလုံးက ဒီတာဝန်ကို ရှင်းဖို့ ခြောက်ဆယ့်နှစ်ရက်လုံးလုံး တိုက်ကြီးတခုလုံးကို ပတ်ပြီး ထိပ်တန်းအဆင့်ကစားသမားများကို ရှာဖွေပြီး စုထားရသည့် စွမ်းရည်တွေပါ။ ပြီးတော့ သူတို့ရဲ့ စွမ်းရည်ကို ပုံတူကူးလိုက်တာပေါ့။

ဒါများအားလုံးက ဒီနေ့အတွက်ပဲ။

“စကြစို့”

ယူဖီမီနာက စိတ်ကို ရှင်းလင်းလိုက်ပြီး ဂူထဲကို ဝင်လိုက်ပါသည်။ ဘော့စ်မွန်းစတားထက်တောင် စွမ်းအားပိုကြီးသည့် ပီအာရိုကို တယောက်ထဲ တိုက်ခိုက်ရတော့မှာပါ။ မာနကြောင့်လား။ မဟုတ်ဘူး ဒါက ယုံကြည်မှုကြောင့်ပဲ။

သူမက ဆက်တစ်စ်ဖိုင်းန်မှာ ပထမဆုံးမော်ကွန်းဇာတ်ကောင် ပိုင်ဆိုင်သူပါ။ ဒီစွမ်းအားကြီးသည့် ဇာတ်ကောင်ကို ပုံတူကူးသူလို့ ခေါ်ပြီး တခြားလူများရဲ့ စွမ်းရည်ကို ပုံတူကူးနိုင်ပါသည်။ ဒီဇာတ်ကောင်က ဆက်တစ်စ်ဖိုင်းန်မှာ ပထမဆုံးပေါ်လာခဲ့သည့် မော်ကွန်းဇာတ်ကောင်ပေါ့။

“အက်စ်မိုဖယ်က လူတစ်ယောက်ကို လွှတ်လိုက်တာလား”

လိုဏ်ဂူရဲ့ အတွင်းဘက်အကျဆုံးက နက်ရှိုင်းသည့် အမှောင်ထုကနေ အသံတစ်သံ ထွက်ပေါ်လာပါသည်။ ဒီအချိန်မှာ အသိပေးစာ ပေါ်လာသည်။

[ထာဝရရသေ့ ပီအာရို ထွက်ပေါ်လာသည်]

[ပီအာရို၏ သတ်ဖြတ်ချင်စိတ်ကြောင့် ကြောက်ရွံ့မှု သက်ရောက်ခြင်းခံရသည်]

[ပီအာရို တပ်ဆင်ထားခဲ့သော ထောင်ချောက်ကို အသက်သွင်းလိုက်မိသည်]

ရွှတ် ရွှတ် ရွှတ်

ယူဖီမီနာ ရပ်နေသည့် နေရာကို ငါးမန်းသွားလို ချွန်ထက်နေသည့် ဆူးချွန်များနှင့် မြားများက နံရံဘေးနှစ်ဖက်ကနေ ပျံသန်းလာသည်။ တချိန်တည်းမှာပဲ ပီအာရိုကလည်း သူမ ရှေ့မှာ ပေါ်လာသည်။ ယူဖီမီနာက ပြင်ဆင်ထားသည့် စွမ်းရည်များထဲက တခုကို အလျင်အမြန် ထုတ်သုံးလိုက်သည်။

“ထာတန်”

ထာတန်က ပထမအဆင့်အစောင့်အရှောက်ဆာဘွဲ့ရသူရဲကောင်း ဆီကနေ ရထားသည့် တိုးဆောင့်သည့်နေရာမှာ အသန်မာဆုံးကာကွယ်ရေးစွမ်းရည်တခုပါ။

ကြီးမားသည့်သံမဏီဘီလူးကြီးက ပါးလွှာသည့် လေထုကနေ ထွက်ပေါ်လာပြီး ယူဖီမီနာရဲ့ သေးငယ်နူးညံ့သည့် ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ ဘီလူးကြီးရဲ့ ကာကွယ်ပေးမှုကြောင့် မြားများက ယူဖီမီနာဆီ မရောက်ဘဲ ရပ်တန့်သွားသည်။ ဒါပေမဲ့ ပီအာရိုရဲ့ ပြင်းထန်သည့် ရိုက်ချက်က ဘီလူးကြီးကို ဖောက်ထွင်းသွားပြီး ဓားက ယူဖီမီနာရဲ့ နှလုံးသားဆီကို ရောက်တော့မဲ့ အချိန်မှာ

“တန်ပြန်အတားအဆီး”

အသန်မာဆုံး တိုက်ခိုက်ခြင်းဆာဘွဲ့ရသူရဲကောင်း မီအဲရဲ့ စွမ်းရည်ကို ယူဖီမီနာ ထုတ်သုံးလိုက်သည်။

“ဟွတ်”

ပီအာရိုရဲ့ ဓားကို ယူဖီမီနာက တားဆီးလိုက်တာနှင့် ပီအာရို သွေးတပွက်အန်သွားပြီး လေထဲမှာ နောက်ပြန်သွားသည်။ တန်ပြန်အတားအဆီးကြောင့် ယူဖီမီနာ ရမဲ့ ထိခိုက်မှုက ပီအာရိုဆီ တန်ပြန်သွားခဲ့လို့ပါ။

“အတင့်ရဲလိုက်တာ”

ဉာဏ်ကောင်းသည့် ပီအာရိုက ဒဏ်ရာကို ဂရုမစိုက်ဘဲ လေထဲမှာ တပတ်လှည့်လိုက်သည်။ ယူဖီမီနာကလည်း ဒီအတိုင်း ရပ်ကြည့်မနေပါဘူး။

“တားဆီးမရသော လေမုန်တိုင်း”

ဝူး ဝူး ဝူး

ပီအာရို မြေပြင်ပေါ် ကျသွားသည့် အချိန် ပြင်းထန်သည့် မုန်တိုင်းက သူ့ကို ဖုန်းလွှမ်းသွားသည်။ ပီအာရိုကလည်း မြေပြင်ပေါ် ကျခါနီး ဖြစ်တာကြောင့် မုန်တိုင်းကို မခုခံနိုင်ဘဲ မုန်တိုင်းထဲ ပါသွားသည်။ ဒီလောက်နှင့် ပီအာရို မသေမှာကို ယူဖီမီနာ ကောင်းကောင်းသိလို့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ

“ချစ်ချစ်တောက်ပူနေသော မီးလှိုင်း။ အာဏာရှင်ဘုန်းတန်ခိုး။ သံတင်းပုတ်ရဲ့ ပေါ့ပါးမှု။ အမှောင်ထုလှံတံ။ ပျက်စီးခြင်း၏ ရှေ့ပြေးနိမိတ်”

ယူဖီမီနာမှာ ခြောက်ဆယ့်သုံးရက်လုံးလုံး စုဆောင်းထားသည့် ထိပ်တန်းအဆင့်စွမ်းရည်များ ရှိသည်။ မတူညီသည့် စွမ်းရည်ရှိသည့် သန်မာသည့် တိုက်ခိုက်မှုများကို ပီအာရိုဆီ ပစ်လွှတ်လိုက်သည်။

‘ငါအောင်မြင်ပြီလား။ မဟုတ်သေးဘူး။ အသိပေးစာ ပေါ်မလာဘူး’

ယူဖီမီနာရဲ့ ဉာဏ်ရည်အညွှန်းကိန်းက အရမ်းမြင့်ပါသည်။ သူမက အဆင့်မြင့်မှော်စွမ်းအင်ဆေးရည်များကို ပြင်ဆင်ထားပေမဲ့ ထိပ်တန်းအဆင့်စွမ်းရည်များကို အဆက်မပြတ်သုံးစွဲခဲ့တာကြောင့် မှော်စွမ်းအင် ကုန်နေပြီ။

‘ဆေးရည်ပြန်သုံးဖို့ ကြာချိန်ပြီးတဲ့ထိ စောင့်ရမယ်’

ပီအာရို အသက်ရှင်နေတုန်းပဲ။ ပြင်းထန်သည့် တန်ပြန်တိုက်ခိုက်မှုများက ကျောက်တုံးပုံကြီးထဲကနေ ထွက်ပေါ်လာပါသည်။ မှော်စွမ်းအင်က ကုန်နေလို့ ပီအာရိုနှင့် အကွာအဝေးတခု ထားရအောင် ‘ပျံသန်းမှော်’ ကို သုံးဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

သူမ ကောင်းကင်ပေါ်ကို မြောက်တက်သွားချိန်မှာ ပီအာရိုက အပျက်အစီးပုံထဲကနေ တွားသွားထွက်လာသည်။ ဒီလောက် စွမ်းရည်များ အများကြီး ထိခိုက်ခံရတာတောင် ဒဏ်ရာသိပ်မရသလိုပဲ။

“မိန်းကလေး .... ငါ မင်းရဲ့ ခွန်အားကို အသိအမှတ်ပြုလိုက်ပြီ။ ငါ အစွမ်းကုန် ထုတ်တော့မယ်”

ဝှစ်

ပီအာရို ခုန်လိုက်သည်။

ဖွတ် ဖွတ်

ပီအာရို လေထဲမှာ နှစ်ဆင့်ခုန်လိုက်တာက မသိရင် လေထဲမှာ မမြင်ရသည့် လှေကားရှိနေသလိုပဲ။ သူနှင့် ယူဖီမီနာရဲ့ အကွာအဝေးက ကျဉ်းမြောင်းသွားသည်။

“ငါ မင်းကို သေခြင်းတရား ခံစားခိုင်းမယ်”

ပီအာရိုရဲ့ ဓားကနေ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပါသည်။ ဒီစွမ်းရည်က အက်စ်မိုဖယ်ပြောသည့် ကံတရားဖျက်ဆီးခြင်း ဆိုတာ ဖြစ်မယ်။ စွမ်းရည် အသက်ဝင်လာတာနှင့် သေခြင်းတရားကို ရှောင်လွှဲလို့ မရတော့ဘူး။ သေသွားရင် ခြောက်ဆယ့်တစ်ရက်လုံးလုံး ပြင်ဆင်ထားခဲ့သည့် အရာများ အားလုံး အလကားဖြစ်သွားပြီ။

ပီအာရို နှင့် ယူဖီမီနာ ကြားက အကွာအဝေးက နီးလွန်းလို့ တစ်ယောက်နှင့် တစ်ယောက် အသက်ရှူသံကိုတောင် ကြားနေရသည်။ ဒီအချိန်မှာပဲ ဆေးရည်ကို ပြန်သုံးလို့ရပြီဆိုတော့ ဆေးရည်သုံးပြီး မှော်စွမ်းအင် ပြန်ဖြည့်လိုက်သည်။ ကံတရားဖျက်ဆီးခြင်းကို တားဆီးဖို့ မန္တန်များ အားလုံး ထုတ်သုံးလိုက်သည်။

“အိပ်မက်ဆိုးရှောင်လွှဲခြင်း”

“……!”

ယူဖီမီနာဆီကို လာနေသည့် ဓားက ရပ်တန့်သွားသည်။ ယူဖီမီနာက တံတွေးမျိုချမိလိုက်ပြီး ပီအာရိုကို စိုက်ကြည့်နေသည်။

အား

အနီရောင်တောက်ပနေသည့် ဓားက ဘာမှမရှိသည့် နေရာကို ဒါဇင်နှင့် ချီပြီး ခုတ်ပိုင်းနေသည်။ သူ့ကို ကြည့်ရတာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးအရာကို ရင်ဆိုင်တိုက်ခိုက်နေရ သလိုပဲ။

“ငါ့ဆီကို လာခဲ့။ အက်စ်မိုဖယ်”

မီးတောက်ဓားရှည်က မရပ်မနား ခုတ်ပိုင်းနေသည်။ ဒီမြင်ကွင်းက နေဝင်တော့မဲ့အချိန် ကောင်းကင်ကြီးက နီရဲနေသလိုပဲ။ ပီအာရို ပုံရိပ်ယောင်ထဲ ကျရောက်နေသည့်အချိန် စွမ်းရည်များကို သုံးဖို့ ကြိုးစားပေမဲ့ အပြောင်းအလဲတခု ဖြစ်သွားသည်။

[အချိန်တိုအတွင်း အင်အားအများအပြားသုံးစွဲခဲ့သဖြင့် သင်၏ ရုပ်ပိုင်း နှင့် စိတ်ပိုင်းတို့သည် အကန့်အသတ်သို့ ရောက်ရှိသွားသည်]

[စွမ်းရည်များကို ခဏလောက် အသုံးပြု၍ မရတော့ပါ]

[အညွှန်းကိန်းများအားလုံး ငါးဆယ်ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်]

“ဟာ ဒီလို မဖြစ်ရဘူးလဲ တာဝန်အောင်မြင်တော့မှာကို”

ကြည့်ရတာ အချိန်တိုအတွင်း စွမ်းရည်အများအပြားအသုံးပြုခဲ့လို့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းမှာ ဖိအားများသွားပုံရသည်။ ဒီလို ဖြစ်တာက ပထမဆုံးမို့ ဘာမှ ပြင်ဆင်မထားရသေးဘူး။

သူမ စိတ်ရှုပ်ထွေးနေချိန်မှာ ပီအာရိုက ပုံရိပ်ယောင်ထဲကနေ ဖြေးဖြေးချင်း လွတ်မြောက်လာသည်။

‘ဘာမှ ဆက်လုပ်လို့ မရတော့ဘူး’

ပုံတူကူးသူတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာက အားနည်းတာကြောင့် သူမရဲ့ စွမ်းရည်များကို အသုံးပြုခွင့်မရှိတော့ရင် ပီအာရိုနှင့် ရင်ဆိုင်တိုက်ခိုက်လို့ မရတော့ဘူး။ တခုပဲ ရွေးချယ်စရာ ရှိတော့သည်။ အရှုံးပေးဖို့။

“ဟူး ...”

ခြောက်ဆယ့်သုံးရက်လုံးလုံး ကြိုးစားခဲ့သမျှ အလကားပဲ။ တာဝန်ကျရှုံးသွားပြီ ဆိုတော့ အဆိုးဆုံးဆိုရင် သေတောင် သေသွားနိုင်သည်။ ယူဖီမီနာက မျက်ရည်များကို မျိုသိပ်လိုက်ပြီး ဒီနေရာကနေ ထွက်ခွာသွားလိုက်သည်။ ပီအာရို ပုံရိပ်ယောင်ကနေ လွတ်မြောက်လာသည့် အချိန် ယူဖီမီနာက ထွက်သွားခဲ့ပါပြီ။

“ကောက်ကျစ်တဲ့ အမျိုးသမီး .... ငါ ဒီနေ့ အရှက်ရမှုကို သေချာပေါက် ပြန်ဆပ်မယ်”

[တာဝန်ကျရှုံးသွားခဲ့သည်]

[အဆင့်နှစ်ခုကျသွားသည်]

[ယခုအဆင့်မှာ တစ်ရာရှစ်ဆယ့်ရှစ် ဖြစ်သည်]

[အက်စ်မိုဖယ်၏ သင့်အပေါ် ယုံကြည်မှု ကျဆင်းသွားခဲ့သည်]

ယူဖီမီနာက ပီအာရိုဆီကနေ မလွတ်မြောက်ခင်ကတည်းက ပေါ်လာသည့် အသိပေးစာများကြောင့် စိတ်ပျက်သွားသည်။ နှစ်လလုံးလုံး အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ဒီလို ရလဒ်ပဲ ရခဲ့သည်။ သူမရဲ့ စိတ်ပျက်မှုများက ဖော်မပြနိုင်လောက်အောင် ကြီးမားလွန်းသည်။

“အချိန်အကြာကြီးနေမှ ခေါင်းစဉ်အသစ်ရဖို့ အခွင့်အရေးရခဲ့တာကို ...”

ခေါင်းစဉ်ဆိုတာက များလေ ကောင်းလေပဲ။ ဒါပေမဲ့ ခေါင်းစဉ်များက ရဖို့ မလွယ်ဘူး။ ခေါင်းစဉ်အများစုကို တာဝန်များကနေ ရပေမဲ့ ဒီလို ခေါင်းစဉ်ပေးသည့် တာဝန်များက ရှားသည်။ ယူဖီမီနာလို ထိပ်တန်းအဆင့်သတ်မှတ်ချက်မှာ ပါသည့်ကစားသမားတောင် ခေါင်းစဉ်နှစ်ခုပဲ ရှိတာကိုပဲ ကြည့်လေ။

“အိုး”

ယူဖီမီနာ အရမ်းကို စိတ်ပျက်နေသည်။ သူမ ဒေါသအရမ်းထွက်နေတုန်း မီရိုကုမ္ပဏီဆီကနေ သတင်းပို့သူတစ်ယောက် ရောက်လာသည်။

“အလုပ်ကမ်းလှမ်းတာ လက်ခံမလား။ မစ်အဲရိနာ”

ပုံတူကူးသူ သဘာဝကြောင့် ယူဖီမီနာမှာ နာမည်အများကြီးရှိသည်။ အဲရိနာဆိုတာကလည်း တန်းမြင့်အဆင့်အန်ပီစီပန်းပဲဆရာဆီက ပုံတူကူးပြီး မော်ကွန်းအဆင့်အိုင်တမ် ပြုလုပ်ခဲ့တုန်းက သုံးခဲ့တဲ့ နာမည်ပေါ့။

‘ဒီနာမည်ဆို ပန်းပဲနဲ့ ပတ်သတ်တဲ့ တာဝန်ဖြစ်မယ်’

ယူဖီမီနာရဲ့ ခန့်မှန်းချက်က မှန်ပါသည်။

[တာဝန် ‘မီရိုကုမ္ပဏီနှင့် အိုင်တမ်အပြိုင်ပြုလုပ်ခြင်း ပြိုင်ပွဲ’ ကို ဖန်တီးလိုက်ပါပြီ]

[အိုင်တမ်ထုတ်လုပ်မှုပြိုင်ပွဲ]

အခက်အခဲ : မသိရှိ

ကမ္ဘာကြီးက သင့်ရဲ့ စစ်မှန်သော ရုပ်သွင်ကို မသိရှိပါ။

မီရိုကုမ္ပဏီသည် သင်၏ ပန်းပဲဆရာစွမ်းရည်အကြောင်း သတင်းစကားကြားခဲ့သဖြင့် ချဉ်းကပ်လာခဲ့သည်။

သူတို့သည် သင့်အား ဝင်စတန်တွင် ပြုလုပ်သော အိုင်တမ်ထုတ်လုပ်သည့် ပြိုင်ပွဲတွင် ပါဝင်စေချင်ကြသည်။

ပြိုင်ဘက်သည် ခန်ဟူသော မြောက်ပိုင်းတွင် ကျော်ကြားသည့် ပန်းပဲဆရာ၏ ဆက်ခံသူဖြစ်ပြီး ထိုဆက်ခံသူ၏ အလားအလာသည် တိုင်းတာ၍ မရရှိနိုင်ပါ။

တာဝန်ရှင်းလင်းရန်အခြေအနေများ : အိုင်တမ်ထုတ်လုပ်ခြင်းပြိုင်ပွဲတွင် အနိုင်ယူပါ

ဆုလာဘ် : 1,500 ရွှေ။ ခေါင်းစဉ် ‘ပြိုင်ဘက်’

* ပြိုင်ဘက် : တိုက်ပွဲဝင်စိတ်ဝိညာဉ် အညွှန်းကိန်းအား ဖွင့်လှစ်မည်။ ကံကောင်းမှု အညွှန်းကိန်းအား ဖွင့်လှစ်မည်။ စွမ်းရည် ‘အန်စာတုံးလှိမ့်ခြင်း’ အားဖန်တီးလိမ့်မည်။

ပြစ်ဒဏ် : မီရိုကုမ္ပဏီနှင့် သင်၏ ဆက်ဆံရေး အဆိုးဆုံးသို့ ရောက်ရှိသွားမည်

[တာဝန်အား လက်ခံလိုပါသလား]

‘ခေါင်းစဉ်ပေးမဲ့ တာဝန်ပဲ’

သူမ ခေါင်းစဉ်ပေးသည့် တာဝန်တခုကို ဆုံးရှုံးခဲ့ပေမဲ့ အခုတော့ အခွင့်အရေးသစ်တခု ရခဲ့ပြီ။ ကံကောင်းမှု အညွှန်းကိန်းကို ဖွင့်ပေးမဲ့ ခေါင်းစဉ်။

‘ကံကောင်းမှု၊ ဒါကို ငါ ပိုင်ဆိုင်ရမယ်’

ကံကောင်းမှု အညွှန်းကိန်းဆိုသည်မှာ အရမ်းနာမည်ကြီးပါသည်။ ကံကောင်းလေလေ ဆက်တစ်စ်ဖိုင်းန်က ပေးသည့် အကျိုးအမြတ်က မြင့်မားလေလေပါ။ လမ်းလျှောက်ရင်းတောင် ပိုက်ဆံကောက်ရတာမျိုး၊ လျှို့ဝှက်တာဝန်များ ရတနာများ ရတာမျိုးပေါ့။

ဒါကြောင့် ဒီစွမ်းရည်ကို လူအများကြီးက လိုချင်တာပေါ့။ ယူဖီမီနာလည်း လိုချင်တာပါပဲ။

‘ အံစာတုံးလှိမ့်တာ ဟမ့် ဒီစွမ်းရည်နာမည်ကိုက စိတ်ဝင်စားဖို့ ကောင်းမယ်’

ပုံတူကူးသူရဲ့ အကြီးမားဆုံးအားနည်းချက်က စွမ်းရည်နည်းနည်းပဲ ရှိတာပါ။ ဒါကြောင့် ယူဖီမီနာက စွမ်းရည်များ အများကြီး လိုချင်သည့် စိတ်ဆန္ဒ ပြင်းထန်ပါသည်။

‘ရွှေငါးထောင်ကော ဆိုတော့ .... ငါ လက်ခံသင့်ပါတယ်’

ယူဖီမီနာလို လူအတွက်တောင် ဆုလာဘ်များက ဆွဲဆောင်မှု အားကောင်းသည်။ တာဝန်တခု မအောင်မြင်ခဲ့လို့ ဒီတာဝန်ကနေ ဆုံးရှုံးသွားတာကို ပြန်ကာချင်သည်။ ဒါပေမဲ့ သူမက တာဝန်ကို လွယ်လွယ်ကူကူ လက်မခံခဲ့ဘူး။

‘ခက်ခဲမှုကို မသိရှိဆိုဘဲ’

ယူဖီမီနာက ကောက်ချတခု ချခဲ့သည်။

‘ခန်ရဲ့ ဆက်ခံသူက သူ့အဆင့်ကို ချမပြထားသည့် ပန်းပဲဆရာဇာတ်ကောင်ဖြစ်ရမယ်။ ဒါကြောင့် ခက်ခဲမှုကို ဆုံးဖြတ်လို့ မရတာ’

ဒီခန့်မှန်းချက်က ဖြစ်နိုင်ခြေရှိသည်။

‘အင်း ဒီလောက်ကြီးလဲ မစိုးရိမ်ပါဘူး’

ယူဖီမီနာ ပုံတူမကူးနိုင်သည့် ပန်းပဲဆရာစွမ်းရည် မရှိပါဘူး။ သူမသာ ပြိုင်ပွဲမှာ ပြိုင်ဘက်ရဲ့ စွမ်းရည်ကို ကူးနိုင်ရင် အဆင့်အတူတူ ယှဉ်လို့ရသည်။ ကံကောင်းရင် တာဝန်ကိုတောင် ရှင်းနိုင်မယ်။

အဆင့်တူသည့် လူနှစ်ယောက်ပြိုင်ရင် ကံအကောင်းဆုံးလူက အဆင့်ပိုမြင့်သည့် အိုင်တမ်ကို ဖန်တီးနိုင်ပြီး ဒီအချိန်မှာ ဘယ်သူနိုင်လဲ ရှင်းလင်းသွားမယ်။

‘ကံကောင်းရင် တာဝန်ကို အေးဆေးရှင်းနိုင်မှာ။ ကံမကောင်းရင်တော့ ကျရှုံးနိုင်တာပေါ့’

ဒီလို မသေချာ မရေရာသည့် တာဝန်ကို လက်ခံရမှာက စွန့်စားမှု ကြီးပါသည်။ ဆုလာဘ်များ လိုချင်လို့ ယူဖီမီနာက တာဝန်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။

“ဒီဂိမ်းကို ငါပါမယ်”

ဒီဂိမ်းကို အကြောင်းပြုပြီး ယူဖီမီနာနှင့် ဂရစ်တို့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါသည်။ အကယ်၍ ကမ္ဘာကြီးသာ သူတို့နှစ်ယောက်ရဲ့ သရုပ်မှန်ကို သိရှိခဲ့ရင် သူတို့ရဲ့ ပြိုင်ပွဲက ရေပန်းအစားဆုံး ဖြစ်လိမ့်မယ်။ မော်ကွန်းဇာတ်ကောင်နှင့် ဒဏ္ဍာရီလာဇာတ်ကောင်ကြားက ပြိုင်ပွဲ ဆွဲဆောင်မှုက သိပ်ကို ကြီးသည်မလား။

နှမျောစရာကောင်းတာက ကမ္ဘာကြီးက ဒီလူနှစ်ယောက် အကြောင်းမသိရှိတာကြောင့် လူမသိသည့် ပြိုင်ပွဲအဖြစ် မထင်မရှား ပျံ့နှံ့သွားခဲ့သည်။

All Chapters