← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အပိုင်း (၄၀) ဗဲလ်မွန့် ယုတ်မာပြီ

အိုင်တမ်ထုတ်လုပ်သည့် ဂိမ်း စတင်ခဲ့တာ နှစ်နာရီလောက် ကြာမြင့်လာတော့ လူအုပ်ကြီးက စိတ်ဝင်စားမှု လျော့နည်းလာပါသည်။ ယူဖီမီနာက ဓားသွားကို အပြီးသတ်ပြီးသွားပြီး ဓားရိုးကို ဆက်လက်လုပ်နေချိန်မှာ ကျွန်တော်က ဓားသွားပုံကြမ်းတောင် မပြီးသေးပါဘူး။ ကျွန်တော်က သံကို မီးဆေးတာ ဆက်ပြီး လုပ်နေလိုက်ပါသည်။

ထန် ထန်

ခန်က သတ္တုကို သံညှပ်နှင့် ညှပ်ပေးတာကြောင့် ကျွန်တော် တူထုတာနှင့် ဖိုထိုးတာကို ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့သည်။

[ဒဏ္ဍာရီလာပန်းပဲဆရာ၏ သည်းခံခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။ အာရုံစူးစိုက်မှု၊ သက်လုံနှင့် ခုခံမှုတို့ တစ်နာရီအတွင်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်]

ကျွန်တော် အာရုံစူးစိုက်နေချိန်မှာ အသိပေးစာဖန်သားပြင် ပေါ်လာပါသည်။ တချိန်တည်းမှာ ကျွန်တော်ရဲ့ အာရုံစူးစိုက်နိုင်မှုများ ပိုမိုထင်ရှားပြတ်သားလာပြီး တူရိုက်ချက်များဟာ ပိုမိုအစွမ်းထက် အသေးစိတ်ကျလာခဲ့ပါသည်။

အားပေးနေသည့်အသံများ လုံးဝ တိတ်ဆိတ်သွားပါသည်။ ကျွန်တော့်ကို လူများ ထောင်ပေါင်းများစွာ ကြည့်နေကြသည်ဆိုတာကို မေ့သွားသည်။ ကူညီနေသည့် ခန်တောင်မှ မှုန်ဝါးဝါးဖြစ်သွားသည်။ ကျွန်တော့်ရဲ့ ကမ္ဘာပေါ်မှာ ကျန်နေသည့် တစ်ခုတည်းသော အရာက သံပါပဲ။

ထန် ထန်

တူနှင့် ကျွန်တော်က သီးခြားဆီ တည်ရှိနေတာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ဟာ အပြည့်အဝပေါင်းစပ်သွားပါသည်။ သံတူကို လွှဲသည့်အချိန်မှာ တူက ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလို လှုပ်ရှားနိုင်နေပါသည်။

ထန်

ဓားသွားကနေ ထွက်လာသည့် သတ္တုကို ရိုက်သည့်အသံဟာ ရှင်းလင်းပြတ်သားလွန်းလှပါသည်။ ပြီးနောက် အသိပေးစာဖန်သားပြင် ပေါ်လာခဲ့သည်။

[ဒဏ္ဍာရီလာပန်းပဲဆရာ၏အသက်ရှူသံကြောင့် သင်ထုတ်လုပ်သည့်အိုင်တမ်များ၏ ထိရောက်မှုသည် တိုးလာခဲ့သည်]

“……!”

ကျွန်တော့် စိတ်ဝိညာဉ် ကြည်လင်သွားပြီး ငြိမ်သက်နေသည့် ကမ္ဘာကြီးဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

“အဲရိနာ အဲရိနာ အဲရိနာ”

“ခန် ကြိုးစားထား”

“ဂရစ် ငါ မင်းကို ယုံတယ်နော်”

လူအုပ်ကြီးအော်နေသည့်အသံ၊ ဌက်ကလေးများ တေးသီနေသည့် အသံ၊ မြို့လယ်ခေါင်က နာရီစင်မှ ထွက်ပေါ်လာသည့်အသံနဲ တခြားတစ်ဖက်မှ အဲရိနာရဲ့ တူထုနေသည့် အသံများက ကျွန်တော့်နားထဲ အလုံးအရင်းနှင့် ဝင်ရောက်လာပါသည်။

“အာ ....”

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကမ္ဘာကြီးမှာ ဒီထက်ပိုပြီး အချိန်ကြာကြာနေချင်မိသည်။

‘ငါသာ ဒီထက် နည်းနည်း ပိုပြီးနေနိုင်ခဲ့ရင်ကွာ’

တော်တော်ဆိုးသည်။ ဒီခံစားချက်က ပထမဆုံးအကြိမ် ဂျယ်ဖာမြားများ ဖန်တီးခဲ့တုန်းကလိုပဲ။ တကယ်လို့ ကျွန်တော်သာ ပိုပြီး ဒီခံစားချက်ကို ထိန်းထားနိုင်ခဲ့ရင် ပိုကောင်းသည့် အိုင်တမ်ကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်သည်။

ကျွန်တော် နောင်တရနေသည့် အချိန်မှာ ခန်ရဲ့ တုန်လှုပ်နေသည့် အသံကို ကြားလိုက်ရသည်။

“သံက ဒီလောက် လှပတာကို တခါမှ မမြင်ခဲ့ဖူးဘူး ....”

အခု ကျွန်တော် ဓားသွားကို အပြီးသတ်ပြီးသွားပါပြီ။ ဒီလက်ရာက ဘယ်အနုပညာလက်ရာထက်မဆို ပိုပြီး လှပသည်။ ဒဏ္ဍာရီလာပန်းပဲဆရာတောင် ဒါကို မြင်ခဲ့ရင် တုန်လှုပ်မှုကြောင့် အော်ဟစ်လိုက်မိမယ်။ ကျွန်တော်က ဂျယ်ဖာမြားကို လုပ်ခဲ့တုန်းက အချိန်ထက် ပိုပြီး ထူးချွန်လာပြီပဲ။

“လှပလိုက်တာ .... အံ့ဩစရာပဲ။ ဒီလို ကူညီခွင့်ရခဲ့တယ် ဆိုတာလေးကတောင် ဂုဏ်ရှိသလို ခံစားရသည်။ ငါက ဒီနေ့အတွက် ပန်းပဲဆရာအဖြစ် မင်းဘေးမှာ ကူညီပေးဖို့ မွေးဖွားလာတာပဲ” ခန်က စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။

ဒါပေမဲ့ ကျွန်တော် ဆက်လက်တည်ငြိမ်နေခဲ့သည်။ ဒါမှ ကျန်တဲ့ အလုပ်မှာ အမှားလုပ်မိနိုင်ခြေ နည်းသွားမှာပေါ့။

“သိုလှောင်ခန်း”

ကျွန်တော် မန်းနဲထောဦးချိုကို သိုလှောင်ခန်းကနေ ထုတ်လိုက်သည်။ ဒီအိုင်တမ်ကို ပြိုင်ပွဲမတိုင်ခင်က ရွှေဆယ်ပြားတောင် ပေးပြီး ဝယ်ထားရတာ။ ကျွန်တော်က ဒီအိုင်တမ်နှင့် ဓားအိမ်လုပ်ဖို့ ကြံထားသည်။ ဓားအိမ်ဆိုတာကလည်း အခြေအနေပေါ် မူတည်ပြီး ကာကွယ်ရေးကိရိယာအဖြစ် သုံးလို့ရတာဆိုတော့ သင့်တော်သည့် အလေးချိန်နှင့် အကြမ်းခံမှုရှိရင် ပိုကောင်းတာပေါ့။ ကစားသမား တတ်နိုင်သမျှ အားအင်သုံးစွဲမှု လျော့နည်းအောင် ဓားရိုးက အတော်ကလေး ပျော့ပျောင်းရမယ်။

ရွှတ် ရွှတ်

ပထမဆုံးအနေနှင့် ဓားအိမ်ကို ဓားသွားအရှည်ပေါ် အရွယ်အစား၊ အကျယ်နှင့် ပုံပန်းသွင်ပြင်ကိုတော့ အရွယ်ရောက်ပြီးသည့် လူကြီးလက်အရွယ်အစားပေါ် မူတည်ပြီး ဒီဇိုင်းဆွဲရမယ်။ မန်းနဲထောဦးချိုမှာ အလှတမျိုးရှိသည် ဒါကြောင့် ကျွန်တော် ဘာမှထပ်မလုပ်ရင်တောင် ဒီဦးချိုက အနုပညာလက်ရာတစ်ခု ဖြစ်နေပြီ။ ဒီဇိုင်းပြီးသွားသည့်အချိန်မှာ ကျွန်တော် အော်ဟစ်သံများ ကြားခဲ့ပေမဲ့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ခဲ့သည်။

အဲရိနာက ခြေတလှမ်းဦးသွားပြီ။ ဒိုင်ကလည်း သူမ ဓားမြှောင်ကို စစ်ဆေးကြည့်ပြီး သဘောတကျကျ ဖြစ်နေသည်။

“ကောင်းလိုက်သည့် လက်ရာ။ အချိန်သုံးနာရီထဲနှင့် ဒီလို မင်သက်စရာကောင်းသည့် လက်ရာကို ဖန်တီးနိုင်တာကို အသိအမှတ်ပြုသင့်တယ်”

“ဘယ်လောက်တောင် ကောင်းလို့ ဒီလောက် မင်သက်နေတာလဲ”

“တစ်ယောက်ထဲ ကြည့်မနေနဲ့လေ။ ကျုပ်တို့ကိုလည်း ပြအုံး”

လူအုပ်ကြီးက ဒိုင်ရဲ့ အမူအရာကို မြင်တော့ သူတို့လည်း သိချင်လို့ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ရလဒ်ကို သိချင်စိတ်က အထိတ်အထိပ်ကို ရောက်နေကြပြီဖြစ်လို့ စင်မြင့်အနောက်ဘက်မှာ တပ်ဆင်ထားသည့် ဖန်သားပြင်အပေါ်ကို အဲရိနာလုပ်ထားသည့် ဓားမြှောင်အချက်အလက်များ တင်ပေးလိုက်သည်။

“ကောင်းပြီလေ ကြည့်ကြ”

ဖန်သားပြင်ပေါ်မှာ အဲရိနာရဲ့ ဓားမြှောင်ပုံ ပေါ်လာသည်။ အရမ်းချွန်ထက်ပေမဲ့ မျှခြေညီသည်။ တိုက်ခိုက်စွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်သည့် ပြိုင်ဘက်ကင်းဓားမြှောင်ပဲ။ လက်ကိုင်ကိုတော့ ကြေးဝါနှင့် ပြုလုပ်ထားပြီး လက်ကိုင်မှာ အလှအပပုံစံများ ဖော်ထားတာကြောင့် လှပသည့် အဆင်တန်ဆာလို့လည်း ပြောလို့ရသည်။

“အိုး”

“ဓားမြှောင်ကလည်း သူ့ပိုင်ရှင်အတိုင်းပဲ လှလိုက်တာကွာ။ ဒီလောက်လှတဲ့ ဓားမြှောင်ကို ကိုယ်တိုင် ကိုင်ကြည့်ချင်လိုက်တာ”

“ကြည့်ရုံတင် အားမရတော့ဘူး။ ဓားမြှောင်ကို ငါတစ်ယောက်ထဲ အပိုင်လိုချင်တယ်။ ဒါမှ ငါပဲ ကြည့်လို့ရမှာ”

လူအုပ်ကြီးက စိတ်လှုပ်ရှားနေကြသည်။ အခုအချိန်မှာ အဲရိနာအပေါ် နှစ်လိုသည့် သဘောထားများ ပြနေကြတာက အမျိုးသမီးကစားသမားများပါ ပါပါသည်။ ဓားမြှောင်ရဲ့ အသေးစိတ်အချက်အလက်များ ပေါ်လာသည်။

[ညှို့ယူဖမ်းစားနိုင်သောဓားမြှောင်]

အဆင့် : မော်ကွန်း

အကြမ်းခံမှု : 60/60 တိုက်ခိုက်စွမ်းအား : 122~127 တိုက်ခိုက်အမြန်နှုန်း : +8%

* ရန်သူကို ညှို့ယူရန် ဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်

* တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်သည့် အချိန်တွင် အကြမ်းခံမှုကို အလျင်အမြန် စားသုံးလိမ့်မည်

ပန်းပဲဆရာကောင်းတစ်ယောက်က သူ၏ အနုစိတ်သော ကျွမ်းကျင်မှုနှင့် သာလွန်သော အနုပညာအသိစိတ်ကို အသုံးပြု၍ ထုတ်လုပ်ထားသည်။

သေစေနိုင်သောအလှတရားသည် တစ်ခါတစ်ရံတွင် အခြားလူများ၏ နှလုံးသားကို ခိုးယူနိုင်သည်။

ချွန်ထက်သော ဓားသွားကြောင့် မြင့်မားသော တိုက်ခိုက်စွမ်းအား ရှိသောလည်း အားနည်းချက်မှာ အကြမ်းမခံနိုင်ပေ။

ကစားသမားကန့်သတ်ချက် : အဆင့် ၁၀၀ နှင့် အထက်။ လျင်မြန်မှု ၂၀၀ ကျော်။ ခွန်အား ၃၀ အထက်။ အလယ်အလတ်ဓားမြှောင်ကျွမ်းကျင်မှု

အကြမ်းခံမှုသည် အားနည်းချက်ဖြစ်သောလည်း အမှန်တကယ်ကို ကောင်းမွန်သည့် ဓားမြှောင် ဖြစ်သည်။ သာမန်ဓားမြှောင်များထက် သာလွန်သည့် တိုက်ခိုက်စွမ်းအား ရှိပြီး ညှို့ယူဖမ်းစားနိုင်ခြင်းဟူသော ရွေးချယ်ပိုင်ခွင့် ရှိသည်။ ညှို့ယူဖမ်းစားခြင်းသည် ပစ်မှတ်ကို သုံးစက္ကန့်အတွင်း ခုခံနိုင်စွမ်းကင်းမဲ့စေသည်။ ထို့ကြောင့် ဤဓားမြှောင်သည် လုပ်ကြံသတ်ဖြတ်သူများအတွက် အထူးသင့်လျော်သည်။

ကစားသမားများက အခိုင်အမာယုံကြည်နေကြသည်။

“အဖြေက ထွက်နေပြီပဲ။ ဒီပြိုင်ပွဲကို အဲရိနာ နိုင်ပြီ”

ဝင်စတန်မြို့ခံများတောင်မှပဲ စိတ်ပျက်မှုကို ခံစားနေရပါသည်။

“အာ .... ဒီအမျိုးသမီးက ပန်းပဲဆရာကောင်းတစ်ယောက်ပဲ။ ဂရစ်က ခန်ရဲ့ အသိအမှတ်ပြုမှုကို ခံထားရပေမဲ့ ဒီထက်ကောင်းသည့် ဓားမြှောင်ကို ဖန်တီးနိုင်ပါ့မလား”

ရက်ဘ်ဘစ်ဒ်နှင့် မီရိုကုမ္ပဏီက အခြားဝန်ထမ်းများကလည်း သူတို့နိုင်ပြီလို့ အပိုင်တွက်ထားပေမဲ့ ကျွန်တော်လည်း တုန်လှုပ်မှုမရှိသလို ခန်လည်း ကျွန်တော့်လိုပါပဲ။

ခန်က ရယ်မောလိုက်ပြီး

“ဒီကောင်မလေးက သူ့အသက်အရွယ်နှင့် မလိုက်အောင် သာလွန်တဲ့ စွမ်းရည်တချို့ရှိတာပဲ။ ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ပုံသေမပြောနိုင်ဘူးလေ ဟုတ်တယ်မလား”

ဓားအိမ်နှင့် ဓားရိုး ပြီးသွားပါပြီ။ သူတို့ကို ဓားသွားနှင့် ပေါင်းစပ်လိုက်ပြီးတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်သည်။ ကမ္ဘာပေါ်က ရုပ်ဆိုးသူတွေကို ကိုယ်စားပြုသူအနေနဲ့ ကျွန်တော်က အနိုင်ယူဖို့ကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး”

ခန် မျက်မှောင်ကြုတ်လိုက်ပြီး

“ရုပ်ဆိုးသူတွေကို ကိုယ်စားပြုတယ်လို့ ပြောလိုက်တာလား။ ဒါက ဘာသဘောလဲ။ မင်းက ပန်းပဲဖိုအတွက် ပန်းပဲဖိုကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေတာကွ”

“ .... အာ မေ့သွားလို့ တောင်းပန်ပါသည်။ ကျွန်တော်က ပန်းပဲဖိုအတွက် တိုက်ပွဲဝင်နေတာပါ”

ဓားမြှောင်က ပြီးသွားပြီ။ ဓားမြှောင်အချက်အလက်များကို စစ်ဆေးပြီးတော့ ဒိုင်ကို ဓားမြှောင်ပြလိုက်သည်။ ဒါပေမဲ့ ဒိုင်က လူအုပ်ကို စကားပြောနေပြီး ကျွန်တော့်ဓားမြှောင်ကို ကြည့်တောင် မကြည့်ဘူး။

“ဒီအဖွဲ့က လူနှစ်ယောက်တောင် ရှိပေမဲ့ အဲရိနာထက်တောင် အချိန်ပိုယူရသည်ဆိုတော့ ဂိမ်းက အစောကတည်းက ပြီးသွားပြီ”

“ဟဟဟ ဟုတ်သည်။ ယောက်ျားလေးနှစ်ယောက်က မိန်းကလေးတယောက်ကို ရင်ဆိုင်တာက ရှက်ဖို့ကောင်းပေမဲ့ ဒီလိုပဲ အဆုံးသတ်သွားပါလား”

လူအုပ်ကြီးကလည်း သဘောတူကြသည်။

ကျွန်တော်ကတော့ သူတို့အားလုံးကို လှောင်ပြောင်လိုက်သည်။

“ငါ့ရဲ့ လက်ရာကို ကြည့်ပြီး ထိတ်လန့်မှုကြောင့် နှလုံးရောဂါမဖြစ်အောင်သာ သတိထားကြစမ်းပါ”

ဒီအချိန်မှာ ဓားများ လှံများကို ကိုင်ဆောင်ထားသည့် စစ်သားများက စင်ပေါ်ကို တက်လာပြီး ကျွန်တော့်ဓားမြှောင်ကို သိမ်းသွားသည်။

“ဘာ ဘာတုန်းဟ”

ကျွန်တော် စိတ်ရှုပ်ထွေးနေတုန်း သံချပ်ကာအလေးကြီးဝတ်ထားသည့် သူရဲကောင်းက အော်လိုက်သည်။

“လွန်ခဲ့သည့်ရှစ်ရက်က ဝင်စတန်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ ဟုရိုင်အိနဲ့ အလုပ်တူတူတွဲလုပ်ခဲ့တယ်လို့ သတင်းပေးရှိတယ်။ မင်းကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး မေးမြန်းစရာ ရှိတယ်”

“ဟုရိုင်အိဆိုတာ”

ဒီလူ ဟုရိုင်အိက ‘ဝင်စတန်မြို့ခံများအတွက်’ တာဝန် အကြောင်းပြောနေတာလား။ ဒီကောင် အဖမ်းခံရပြီး တာဝန်ကျရှုံးခဲ့တာလား။

‘ဒီအသုံးမကျတဲ့ သူတောင်းစား။ မဟုတ်သေးပါဘူး ... ငါက သူနဲ့ ဘယ်လို ဆက်စပ်မိသွားတာလဲ”

ကျွန်တော် ခုခံပြောဆိုလိုက်သည်။

“ဘာပြောနေကြတာလဲ။ ဒီလူကို ကျွန်တော်မသိဘူး။ ကျွန်တော့်ကို လွှတ်ပေးပါ”

သူရဲကောင်းက ဓားကို ဆွဲထုတ်လိုက်ပြီး ကျွန်တော့်ကို ရွယ်ကာ သတိပေးလိုက်သည်။

“မခုခံဖို့ အကြံပေးချင်တယ်”

“ဟုတ်ကဲ့ ...”

ကျွန်တော် တခုခုလုပ်လိုက်ရင် ဒီသူတောင်းစားက တကယ်သတ်မှာ။ ကျွန်တော့်လည်ပင်းကို ရွယ်ထားတာ ဓားဗျ။ ကျွန်တော့်ကို စစ်သားများက လက်နက်မဲ့အောင် လုပ်လိုက်ပြီး စစ်သားများက စင်ပေါ်ကနေ အောက်ကို အတင်းဆင်းခိုင်းလိုက်သည်။

ခန်က အော်ဟစ်လိုက်သည်။

“ဘာလုပ်နေကြတာလဲ။ လူတစ်ယောက်ကို မတရားစွပ်စွဲဖမ်းဆီးလို့ မရဘူးလေ”

သူရဲကောင်းများနှင့် စစ်သားများက ခန်ကို လျစ်လျူရှုထားတော့ မီရိုကုမ္ပဏီအရာရှိများ ထိုင်နေသည့် နေရာကို ပြေးသွားပြီး လူတစ်ယောက်ကို အော်လိုက်သည်။

“ဗဲလ်မွန့်။ သူရဲဘောကြောင်တဲ့ ကောင်။ မနိုင်ဘူးဆိုတာကို သိလို့ ဒီနည်းသုံးတာပေါ့။ မင်း ဝင်စတန်ဒေသခံတွေကို မကြောက်ဘူးလား”

ဒါပေမဲ့ ခန်အော်ဟစ်နေတာက အသုံးမဝင်ပါဘူး။ သက်လတ်ပိုင်းအရွယ်လူကြီးက ခွေးဟောင်နေတာကို လျစ်လျူရှုသလိုမျိုး ဘာမှပြန်မပြောပေ။

ဒီလိုနှင့်ပဲ လက်နက်ကိုင်တပ်ဖွဲ့များက ကျွန်တော့်ကို ရဲတိုက်ဆီ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါသည်။

***

‘ဒါ မဖြစ်နိုင်ဘူး’

ရက်ဘ်ဘစ်ဒ်က ကုန်သည်လုပ်သည့် လုပ်သက်နှစ် ၂၀ အတောအတွင်း မရေမတွက်နိုင်လောက်အောင် ကောင်းမွန်သည့် ထုတ်ကုန်များကို ကိုင်တွယ်စစ်ဆေးခဲ့ဖူးပါသည်။ ဒါတောင် ဂရစ် လုပ်ထားသည့် ဓားမြှောင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ တုန်လှုပ်သွားမိသည်။

‘ဒါက သာမန်အိုင်တမ် မဟုတ်ဘူး။ အဲရိနာဓားမြှောင်ကတောင် မယှဉ်နိုင်သည့် တည်ရှိမှု။ ငါတို့တွေ .... ငါတို့ ရှုံးခဲ့တာပဲ။ ဒီကောင်လေးမှာ ဒီလောက် ထူးခြားတဲ့ ကျွမ်းကျင်မှု ရှိမယ်လို့ မမှန်းဆမိခဲ့ဘူး’

သူ့ ဘေးကပ်ရပ်မှာ ထိုင်နေသည့် ဗဲလ်မွန့်က ဒေါသထွက်နေသည့် အသံနှင့် ရေရွတ်လိုက်သည်။

“ငါတို့ ရှုံးပြီ”

ဗဲလ်မွန့်လည်း ဂရစ်ဓားမြှောင်ကို မြင်လိုက်သည့် အခိုက်အတန့်မှာ ဒီအချက်ကို သတိပြုမိသည်။ ရက်ဘ်ဘစ်ဒ်လိုပဲ သူ့မှာလည်း ပစ္စည်းကောင်းများကို ကြည့်တတ်သည့် မျက်လုံးတစုံ ရှိတယ်လေ။

ရက်ဘ်ဘစ်ဒ် ခေါင်းညိတ်ပြလိုက်ပြီး

“တောင်းပန်ပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး သတိထားမိခဲ့ရမှာ”

ဗဲလ်မွန့်ကလည်း ရွေးချယ်စရာမရှိလို့ ဒီအကြိမ်ကျရှုံးမှုအတွက် သူ့ကို ခွင့်လွှတ်ပေးလိုက်သည်။

“မင်းအမှားမဟုတ်ပါဘူး။ မင်းကလည်း အံ့ဩစရာကောင်းသည့် ပန်းပဲဆရာကို ဌားခဲ့တာပဲ။ ဒါပေမဲ့ ပြိုင်ဘက်က သန်မာလွန်းနေခဲ့တာ။ ဒီကောင်လေးက သူ့အသွင်အပြင်နဲ့ ကွာခြားတာပဲ”

ဗဲလ်မွန့်က ဂရစ်ကို မြင်လိုက်သည့် အချိန် သူတို့ နိုင်ပြီလို့ အခိုင်အမာယုံကြည်ခဲ့သည်။ သူက ဂရစ်ကို ခပ်ညံ့ညံ့ပန်းပဲဆရာလို့ ထင်တာလေ။ ဒါပေမဲ့ ရလဒ်က သိသာ ပြတ်သားလွန်းသည်။ ဒီကျရှုံးမှုအတွက် သူ ရက်ဘ်ဘစ်ဒ်ကို အပြစ်တင်လို့ မရဘူး။ ဂရစ်ကိုက အံ့ဩစရာကောင်းသည့် လူတစ်ယောက်ဖြစ်နေခဲ့တာ။

“သူက သူ့ကိုယ်သူ အမှိုက်ကောင်အဖြစ် ဟန်ဆောင်ပြီး ပြိုင်ဘက်က သူ့ကို လျှော့တွက်အောင် လုပ်ခဲ့တာ .... ဒီကောင်က တကယ့်ကို ဉာဏ်ပြေးတဲ့ ကောင်ပဲ။ ဒီပြိုင်ပွဲကို ဂရုတစိုက် ကိုယ်တွယ်ဖို့ လိုတယ်။ ငါက ဒီရလဒ်ကို ဘယ်လိုလုပ် လက်သင့်ခံ နိုင်မှာလဲ”

ဗဲလ်မွန့်က ပန်းပဲဖိုကိုပဲ လိုချင်ခဲ့တာ။ ကုန်သည်တယောက်အနေနှင့် အကျိုးအမြတ်ကို ပြိုင်ပွဲတစ်ခုကြောင့် ဘယ်လိုလုပ် လက်လျှော့ရမှာလဲ။ ဒါက လက်ခံရမဲ့ ကိစ္စမဟုတ်ဘူး။

ရက်ဘ်ဘစ်ဒ်က သူ့ကို ဖျောင်းဖြလိုက်သည်။

“ဒါပေမဲ့ အစောကြီးကတည်းက လူထုကို ပြိုင်ပွဲအလောင်းအစားအကြောင်း အသိပေးခဲ့တာပဲ။ ရလဒ်ကို ငြင်းဆန်ရင် လူထုကြီးက ဒေါသပေါက်ကွဲကြကုန်လိမ့်မယ်”

ဗဲလ်မွန့်က သူ့အသံကို မြှင့်လိုက်ပြီး

“အဓိပ္ပာယ်မရှိသည့် ကိစ္စ လျှောက်ပြောနေတာပဲ။ ငါ ပန်းပဲဖိုကို ဘယ်လိုမှ လက်မလျော့နိုင်ဘူး”

ရက်ဘ်ဘစ်ဒ်က ဗဲလ်မွန့်ကို ရပ်တန့်ဖို့ မကြိုးစားတော့ပါဘူး။ ဒီလောက် အခြေအနေဆိုးရွားနေတာကို ဒီလူ ဘာကြောင့် ဒီလောက် ယုံကြည်ချက်ရှိနေတာလဲ။ တခုခုတော့ ရှိရမယ်။

ဗဲလ်မွန့်က လူယုတ်မာအပြုံး ပြုံးလိုက်ပြီး

“ပထမအချက် လူအုပ်ကြီးက ပြိုင်ပွဲရလဒ်ကို မသိကြသေးဘူး။ ငါတို့နဲ့ မတူတာက သူတို့မှာ ပစ္စည်းကြည့်တတ်တဲ့ မျက်စိမရှိတော့ အချက်အလက်ကိုသာ မစစ်ဆေးကြည့်ရင် ဂရစ်ဓားမြှောင်အကြောင်း မသိနိုင်ဘူး။ ဆာဖီလစ်ဆန်”

ဖီလစ်ဆန်ဆိုတာက ဝင်စတန်သခင်ဘဲရန်လုန်း လက်အောက်က ဖြစ်ပြီး အခုလက်ရှိမှာတော့ ဗဲလ်မွန့်ရဲ့ အစောင့်အရှောက်ပေါ့။ ဒီအချက်က ဝင်စတန်မှာ ဗဲလ်မွန့်ရဲ့ အရေးပါမှုက ဘယ်လောက်ကြီးမားကြောင်း ပြနေသည်။

ဗဲလ်မွန့်က ဖီလစ်ဆန်ကို အမိန့်ပေးလိုက်သည်။

“သူ့ကို အရင်တခေါက်က ဖမ်းမိထားတဲ့ ဟုရိုင်အိရဲ့ အပေါင်းအပါဆိုပြီး အခုချက်ချင်း ဖမ်းလိုက်။ ပြီးတော့ သူ့ဓားမြှောင်ကို ချက်ချင်းသိမ်းလိုက်ပြီး လူအုပ်ကို ဓားမြှောင်အချက်အလက်အကြောင်း သတင်းအမှောင်ချလိုက်ပါ”

“နားလည်ပါပြီ”

ဖီလစ်ဆန်ရဲ့ စစ်သားများက စင်မြင့်ပေါ်ကို တက်လာပြီး ဂရစ်ကို အလျင်အမြန် ဖမ်းဆီးကာ ဓားမြှောင်ကို သိမ်းယူလိုက်သည်။

All Chapters