အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း ၁၇၉
မိစ္ဆာအလင်းတန်းကို ခုတ်ပိုင်းကာ ဖျက်ဆီးပြီးနောက် ကုယွမ်သည် စိတ်မအေးသေးပေ။ သူသည် သူ၏ နတ်ဘုရားစိတ်စွမ်းအားဖြင့် အပြန်အလှန် စစ်ဆေးလိုက်ပြီးနောက် ငွေရောင်ရေလွှမ်းနဂါးဓားမှတစ်ဆင့် ဓားအရှိန်အဝါကို ထုတ်လွှတ်ကာ တစ်နေရာလုံးကို စမ်းသပ်ကြည့်လိုက်သည်။ လေ့ကျင့်ခန်း၊ အိမ်ခေါင်မိုး၊ အနီးပတ်ဝန်းကျင် မိုင်ဆယ်မိုင်အထိ ထူးခြားမှုမရှိကြောင်း အတည်ပြုပြီးမှသာ သူ၏ ဓားအရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။
သို့သော်လည်း သူသည် သု၏ ဓားအရှိန်အဝါကို ခေါင်းပေါ်တွင် ဝဲပျံနေသည့် ငွေရောင်ရေလွှမ်းနဂါးဓားအတွင်း ဆက်လက်သွင်းထားကာ ကိုယ်ကိုကိုယ် အကာအကွယ်ပေးထားလိုက်သည်။ အရေးပေါ်အခြေအနေတစ်ခုခု ပေါ်ပေါက်လာပါက ချက်ချင်း တုံ့ပြန်နိုင်စေရန်ဖြစ်သည်။
ကျူးယွဲ့နှင့်ပတ်သက်၍ ကုယွမ်သည် သူမကို ပေါ့ပေါ့ပါးပါးပင် ကာကွယ်ပေးထားလိုက်သည်။ ကံကောင်းစွာဖြင့် သူမသည် ထိခိုက်မှုမရှိဘဲ အသက်ရှင်ကျန်ခဲ့သည်။
"ခုနက ဘာဖြစ်တာလဲ"
ဆရာကြီးဟယ်လင်သည် ကုယွမ်ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
သူ၏ နတ်ဘုရားစိတ်စွမ်းအားသည် လေ့ကျင့်ခန်းအတွင်းရှိ နေရာအနှံ့ကို ကြည့်လိုက်ရာ လေထုထဲတွင် ကျန်ရစ်နေသော မိစ္ဆာစွမ်းအင်၊ ဓားစွမ်းအင်နှင့် လူသတ်လိုစိတ်တို့ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် ခဏတာကပင် ဤနေရာတွင် မှော်စွမ်းအားသုံး တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူ အကြမ်းဖျင်း သိလိုက်သည်။
"ဆရာ ခုနက..."
ကုယွမ်သည် ဖြစ်ပျက်ခဲ့သမျှကို အစမှအဆုံး ပြန်ပြောပြလိုက်သည်။
မမျှော်လင့်ဘဲ ဤအကြောင်းကို ကြားပြီးနောက် ဆရာကြီးဟယ်လင်၏ မျက်နှာမှာ အနည်းငယ် မှိုင်းညို့သွားသော်လည်း အံ့ဩသည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။
ဤအဖြစ်အပျက်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပုံပင်။
"မင်းရဲ့ လက်ရှိ ဓားပညာတိုးတက်မှုက ငါထင်ထားတာထက် အတော်လေး သာလွန်နေတယ်။ ကျောက်စိမ်းရှုခင်း ထူးကဲအမြုတေဓားနည်းပဲဖြစ်ဖြစ် ရှုပ်ထွေးသော ကောင်းကင် မိစ္ဆာသတ်ဓားကျမ်းပဲဖြစ်ဖြစ် ဒီလောကမှာ ထိပ်တန်းဓားပညာတွေချည်းပဲ။ မင်းက ဒီဓားနည်းနှစ်ခုရဲ့ အနှစ်သာရကို ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်ပြီဆိုတာ သိသာတယ်။ နောက်ဆုံးတစ်ခုက ငါ့အမြင်အရဆိုရင် သတ်ဖြတ်လိုစိတ် အလွန်များပေမဲ့ ဒါဟာ ဓားပညာရဲ့ အထွတ်အထိပ်ပုံစံတစ်ခုပဲ"
ဆရာကြီးဟယ်လင်သည် ထိုကိစ္စကို ဆက်မမေးတော့ဘဲ ကုယွမ်၏ ဓားပညာအကြောင်းကိုသာ ဆက်ပြောသည်။
"ငါကတော့ မင်းကို ငါ့လမ်းစဉ်အတိုင်းပဲ လိုက်စေချင်ခဲ့တာ။ ဖြောင့်မတ်ပြီး ခမ်းနားတဲ့ ဓားပညာလမ်းစဉ်မျိုးပေါ့။ ဒါပေမဲ့ အခုတော့ မင်းကိုယ်ပိုင်လမ်းကို စတင်နေပြီဆိုတာ သိလိုက်ရတယ်။ ဒါကလည်း ကောင်းပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ လမ်းစဉ်က မတူကြဘူးလေ"
ဆရာကြီးဟယ်လင်သည် ပြတင်းပေါက်ဆီ လမ်းလျှောက်သွားပြီး အပြင်
ဘက်ကို ငေးကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
"အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောဖူးတယ်။ ငါ့ကို သင်ယူတဲ့သူတွေက အသက်ရှင်မယ်၊ ငါ့အတိုင်းပဲ ပုံတူကူးချသူတွေကတော့ သေလိမ့်မယ်တဲ့"
"ဒါရဲ့ အဓိပ္ပာယ်က လူတိုင်းရဲ့ လမ်းစဉ်က မတူညီဘူးဆိုတာပဲ။ ဒီလောကမှာ လုံးဝတူညီတဲ့ နည်းလမ်းဆိုတာ မရှိဘူး။ မင်းက ရှေးပညာရှင်တွေရဲ့ လမ်းစဉ်ကို သင်ယူနိုင်ပေမဲ့ သူတို့အတိုင်းပဲ လုံးဝတူညီနေလို့ မရဘူး"
"မင်းကိုယ်ပိုင် ဓားပညာအစပျိုးကို ဖော်ထုတ်နိုင်တာဟာ ချီးကျူးစရာကောင်းတယ်။ ငါ တကယ်ပဲ ဝမ်းသာတယ်"
ဆရာကြီးဟယ်လင်က ချီးကျူးစကားပြောလိုက်သည်။
ဂိုဏ်းကြီးတစ်ခု၏ စစ်မှန်သော အမွေဆက်ခံသူနှင့် တကယ့်ကို နက်နဲဉာဏ်ပညာရှိသော ကျင့်ကြံသူတစ်ဦးသာလျှင် ရှေးပညာရှင်တို့ တူးဖော်ထားသော လမ်းစဉ်ကို လိုက်ခြင်းက လွယ်ကူမြန်ဆန်သော်လည်း ၎င်းသည် အချုပ်အနှောင်တစ်ခုသာ ဖြစ်ကြောင်း နားလည်ကြသည်။
နောက်ဆုံးတွင် သူတို့သည် ရှေးပညာရှင်တို့၏ နယ်နိမိတ်အတွင်း ပိတ်မိနေပြီး ထိုကန့်သတ်ချက်များမှ မလွတ်မြောက်နိုင်တော့ဘဲ သူတို့ထက် မသာလွန်နိုင်တော့ပေ။ မိမိကိုယ်ပိုင်လမ်းကို ဖန်တီးမှသာလျှင် ရှေ့ဆက်တိုးတက်နိုင်မည်ပင်။
ဆရာကြီးဟယ်လင်သည် ကုယွမ်အတွက် ခမ်းနားသော လမ်းစဉ်တစ်ခုကို ရွေးချယ်ပေးချင်ခဲ့သော်လည်း ကုယွမ်က သူ၏ကိုယ်ပိုင်လမ်းကို စတင်လျှောက်လှမ်းနေပြီဖြစ်ရာ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပြီဆိုကတည်းက သူ့အတွက် တောက်ပသော အနာဂတ်ရှိနေပြီဖြစ်သည်။
သူ ခြေလှမ်းတိုင်းကို ဆက်လက်လှမ်းသွားမည်ဆိုပါက ဓားပညာ၏ အထွတ်အထိပ်ကို ရောက်ရှိအောင် အောင်မြင်မှုကြီးမားစွာ ရရှိလိမ့်မည်ပင်။
ဆရာကြီးဟယ်လင်သည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး "ဒါပေမဲ့ မင်းအနေနဲ့ ဓားစိတ်ကြည်လင်ခြင်းအဆင့်ကို ဆက်နားလည်ချင်တယ်ဆိုရင် သတိထားရမယ့် အချက်အချို့ ရှိသေးတယ်"
"ကျွန်တော့်ကို လမ်းညွှန်ပေးပါ ဆရာ"
ကုယွမ် ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဆရာကြီးဟယ်လင်သည် လျှို့ဝှက်မနေတော့ပေ။ သူသည် ဘေးတွင်ရှိနေသော ကျူးယွဲ့ကို သတိလစ်သွားအောင် ပြုလုပ်လိုက်ပြီးနောက် ဓားစိတ်ကြည်လင်ခြင်း၏ လျှို့ဝှက်ချက်များနှင့်ပတ်သက်၍ သူ နားလည်ထားသမျှ အဓိကအချက်အားလုံးကို ကုယွမ်အား ချွင်းချက်မရှိ အသေးစိတ် ပြောပြလိုက်သည်။
သူသည် ကုယွမ်ကို ဂိုဏ်းပြန်လည်ရှင်သန်ရေးအတွက် တစ်ဦးတည်းသော အခွင့်အရေးနှင့် အနာဂတ်အဖြစ် အပြည့်အဝ ယုံကြည်ထားပြီဖြစ်သည်။
သူ၏တပည့် ပိုမိုသန်မာလာရန်သာ လိုလားပြီး လျှို့ဝှက်ထားစရာ အကြောင်းမရှိတော့ပေ။
ကုယွမ်မှာလည်း ဆရာကြီးဟယ်လင်၏ ဓားပညာအတွေ့အကြုံများမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
နားမလည်နိုင်သေးသည့် အပိုင်းများ ရှိသော်လည်း နှလုံးသားထဲတွင် မှတ်သားထားကာ နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း နားလည်သွားရန် ကြိုးစားမည်ပင်။
လမ်းညွှန်ပေးပြီးနောက် ဆရာကြီးဟယ်လင်သည် ကုယွမ်အား ယခုလေးတင် ဆေးဟင်းထဲတွင် ပုန်းကွယ်နေသော မီးခိုးရောင်အငွေ့တန်းများကို ထုတ်ယူခိုင်းလိုက်သည်။
ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သောအခါ ထိုအငွေ့တန်းများကို မြင်လိုက်ရသည့် ဆရာကြီးဟယ်လင်မှာ မျက်နှာပျက်သွားပြီး အေးစက်စက် ရယ်မောလိုက်သည်။ "ခြောက်ပါးသော ရွှံ့နွံဆန်တဲ့ ယင်ပုပ်စွမ်းအင် ဟုတ်ပြီ အရမ်းကောင်းတယ်"
"နောက်ကွယ်ကလူက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့အရာကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
ဆရာကြီးဟယ်လင်သည် နားမလည်နိုင်ဖြစ်နေသော ကုယွမ်အား ရှင်းပြလိုက်
သည်။
"ဒီ ခြောက်ပါးသော ရွှံ့နွံဆန်တဲ့ ယင်ပုပ်စွမ်းအင်ဆိုတာ မြေအောက် ယင်စွမ်းအင်ကြောတွေကနေ ပေါက်ဖွားလာတဲ့ အရမ်းဆိုးယုတ်တဲ့ အရာပဲ။ သူ့ရဲ့ အဓိက အလုပ်က ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအင်ကို စားသုံးပြီး ကျင့်ကြံခြင်း အုတ်မြစ်ကို ဖျက်ဆီးပစ်ဖို့ပဲ။ သာမန်လူတွေဆိုရင်တော့ တစ်ချက်ရှူမိလိုက်တာနဲ့တင် အသက်ပျောက်နိုင်တယ်။ အဲဒီ အငွေ့တန်းကိုသာ တစ်စုံတစ်ယောက်က စားမိသွားရင်... ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင်မှ အခြေခံပျက်စီးပြီး သေခြင်းထက်ဆိုးတဲ့ ဘဝမျိုးကို ရောက်သွားလိမ့်မယ်"
ထိုသို့ ပြောဆိုနေစဉ် ဆရာကြီးဟယ်လင်၏ မျက်နှာပေါ်တွင် ရက်စက်သော အေးစက်မှုတို့ ဖုံးလွှမ်းသွားခဲ့သည်။
ကုယွမ်သည်လည်း တိတ်ဆိတ်သွားသည်။
တာအိုအခြေခံဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ ကျင့်စဉ်အစပျိုးရာ အုတ်မြစ်ဖြစ်ပြီး အနာဂတ်တွင် ရွှေအမြုတေ ဖြစ်တည်ရန်နှင့် ယင်ယန်ဝိညာဉ်များကို ပြုစုပျိုးထောင်ရန်အတွက် အခြေခံဖြစ်သည်။
တာအိုအခြေခံသာ ညစ်ညမ်းသွားပါက ကျင့်ကြံထားသမျှ တရားနှင့် နတ်ဘုရားအတတ်ပညာများအားလုံးမှာ လုံးဝ ပျက်စီးသွားလိမ့်မည်။
ကံကောင်း၍ အသက်ရှင်ကျန်ခဲ့လျှင်ပင် မသန်စွမ်းသူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဤသို့ဆိုလျှင် ဆရာကြီးဟယ်လင်၏ ဂိုဏ်းကို ပြန်လည်ရှင်သန်စေလိုသော မျှော်လင့်ချက်မှာလည်း ပြတ်တောက်သွားမည်ပင်။
ဤအမှုကို လုပ်ဆောင်သူမှာ အလွန်ရက်စက်ပြီး လျှို့ဝှက်ချက်ရှိသူဖြစ်ကာ နှစ်ဦးနှစ်ဖက်လုံးကို ပျက်စီးစေလိုသူ ဖြစ်သည်။
ကုယွမ်ကို ဖျက်ဆီးရုံသာမက ဆရာကြီးဟယ်လင်နှင့် ဂိုဏ်း၏ အနာဂတ်မျှော်လင့်ချက်ကိုပါ ထိုးနှက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ရာ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာအရ အသေအချာ ထိခိုက်စေမည့် တိုက်ခိုက်မှုတစ်ခုပင်။
ဆရာကြီးဟယ်လင်က "အားယွမ် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘယ်လိုသဘောရသလဲ" ဟု တိုက်ရိုက်မေးလိုက်သည်။
"ဆေးဘုရင်တောင်ထဲက တစ်ယောက်ယောက် လုပ်တာလို့ ကျွန်တော် သံသယရှိပါတယ်"
ကုယွမ်သည် သူ့၏ ရှေ့က သံသယကို ထုတ်ဖော်ပြောလိုက်သည်။
မိသားစုအစုအဖွဲ့ သို့မဟုတ် ဂိုဏ်း၏ စစ်မှန်သောမျိုးဆက်မှလားဆိုသည်ကိုမူ သူ အတည်မပြောနိုင်သဖြင့် မခန့်မှန်းဝံ့ပေ။
"မင်းရဲ့ သံသယက အတော်လေး ကျိုးကြောင်းဆီလျော်ပါတယ်"
ဆရာကြီးဟယ်လင်သည် ခေါင်းညိတ်လိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဓားအရှိန်အဝါတို့ တောက်ပြောင်လာသည်။
"ခုနက ပုံသဏ္ဌာန်မဲ့ ယင်မိစ္ဆာမှာ တခြား အထောက်အထားမရှိခဲ့သလို သူထုတ်လွှတ်တဲ့ နတ်ဘုရားအတတ်ပညာကလည်း ငါမှားမပြောဘူးဆိုရင် မိစ္ဆာတာအိုမှာ နာမည်ကြီးတဲ့ တိတ်ဆိတ်ခြင်း ပျက်သုဉ်းခြင်း မိစ္ဆာအလင်းတန်းပဲ။ ဒီနည်းလမ်းက ကျယ်ပြန့်လွန်းလို့ အလွယ်တကူနဲ့တော့ ဘာမှ ပြောလို့မရဘူး"
"ဘိုးဘေးကုမူက အသက်ရှင်ခြင်းနဲ့ သေခြင်းလမ်းကြောင်းကို ကျင့်ကြံနေသူပဲ။ သူက အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းကြားက ထူးခြားတဲ့ အခြေအနေမှာ ရှိနေတတ်လို့ ဒီဝဲပျံနဂါးလှေပေါ်က ကိစ္စတွေကို သတိမမူမိတာ များတယ်။ သူ့အသက်အန္တရာယ် မခြိမ်းခြောက်မချင်း ဒါမှမဟုတ် နဂါးလှေရဲ့ ဝိညာဉ်အခြေအနေ မထိခိုက်မချင်း သူက နိုးလာမှာ မဟုတ်ဘူး"
"ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်ပလူတွေ သိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ ယင်မိစ္ဆာက နဂါးလှေပေါ်ကို ဘယ်သူမှမသိအောင် ခိုးဝင်နိုင်တယ်ဆိုတာက သူက ဘိုးဘေးကုမုနဲ့ ဒီလှေပေါ်က အခြေအနေတွေကို အတော်လေး ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်ရမယ်..."
"ဒီကိစ္စကို ငါ့ဆီပဲ ထားလိုက်ပါ။ မင်း စိုးရိမ်စရာ မလိုဘူး"
ဆရာကြီးဟယ်လင်က အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ လူသတ်လိုစိတ် အရှိန်အဝါမှာ ကုယွမ်ကိုပင် ကြောက်လန့်သွားစေသည်။
"ငါ့တပည့်ကို ထိခိုက်အောင်လုပ်ဖို့လား ဘယ်သူပဲဖြစ်ဖြစ် ဘယ်အဆင့်အတန်းမှာပဲရှိရှိ ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာ"
ကုယွမ် ကျေးဇူးတင်စကား ပြောလိုက်သည်။
သူသည် ဆေးဘုရင်တောင်သို့ ဝင်ရောက်ပြီး အတွင်းစည်းတံခါး တပည့်ဖြစ်လာသော်လည်း သူ့တွင် အခြေခံအုတ်မြစ်နှင့် ဆက်သွယ်မှုများ မရှိသေးပေ။
ထို့ကြောင့် ဤကိစ္စကို ဆရာကြီးဟယ်လင်ထံ အပ်နှံခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင်။
ဆရာကြီးဟယ်လင် ထွက်ခွာသွားပြီးနောက် ကုယွမ်သည် ဘေးတွင် မူးမေ့လဲကျနေသော ကျူးယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ကျူးကျီ၏ ခန္ဓာကိုယ် ပျက်စီးသွားရာ မြေပြင်ပေါ်ရှိ ပြာပုံများကို ကြည့်ရင်း သူ၏ အကြည့်များမှာ လေးနက်နက်ရှိုင်းသွားတော့သည်။
အခန်း ၁၈၀
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုယွမ်သည် ကျူးယွဲ့ကို ပြန်နှိုးလိုက်ပြီး
"မင်းနဲ့ ကျူးကျီက ဘယ်လိုပတ်သက်ကြတာလဲ" ဟု မေးလိုက်သည်။
ကျူးယွဲ့၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့်အတူ ကြောက်ရန့်မှု အရိပ်အယောင်များ ပေါ်နေပြီး ကုယွမ်ကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်ကာ ခေါင်းငုံ့လျက် ပြန်ဖြေသည်။
"စီနီယာအစ်ကိုကို... မဟုတ်ပါဘူး လူငယ်သခင်ကို ပြန်ဖြေပါ့မယ်။ ကျူးကျီက ကျွန်မရဲ့ ဝမ်းကွဲညီမပါရှင်"
"စိတ်မပူပါနဲ့ ကျွန်တော် သူ့အတွက် လက်စားချေပေးပါ့မယ်..."
ကုယွမ်က တည်ကြည်စွာ ပြောလိုက်သည်။
ကုယွမ်၏ တည်ငြိမ်၍ လေးနက်သော အမူအရာကို မြင်သောအခါ ကျူးယွဲ့မှာ သူ၏ စကားကို တစ်စက်ကလေးမျှ မနာခံဘဲမနေရဲတော့ပေ။
"နောင်အခါ မင်းမှာ ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ဆီကို တန်းလာခဲ့ပါ"
ကုယွမ်က ဆက်ပြောသည်။
ကျူးယွဲ့၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားပြီး ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ဦးညွှတ်လိုက်သည်။
"ကျူးယွဲ့ ကျေးဇူးတင်ပါတယ် လူငယ်သခင်ကု"
ကုယွမ်၏ စကားအဓိပ္ပာယ်ကို သူမ သဘောပေါက်ပါသည်။
ရှင်းရှင်းပြောရလျှင် ကုယွမ်က ကျူးကျီကို ထောက်ထားသည့်အနေဖြင့် သူမကို စောင့်ရှောက်ပေးမည်ဟု ဆိုလိုခြင်းပင်။
ကုယွမ်၏ ကတိစကားကြောင့် သူမအနေဖြင့် အဆင်ပြေမှုများစွာ ရရှိနိုင်မည်ဖြစ်ပြီး အစေခံတပည့်အဆင့်မှ အပြင်စည်းတံခါး တပည့်အဆင့်သို့ပင် တက်လှမ်းနိုင်ဖွယ်ရှိနေသည်။
ကျူးယွဲ့မှာ ကုယွမ်ကို စိတ်ထဲမှပင် ကျေးဇူးတင်မိသည်။
ကျူးကျီမှာ ပုံသဏ္ဌာန်မဲ့ ယင်မိစ္ဆာကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကုယွမ်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။
အခြားသူတစ်ယောက်ဆိုလျှင် သူမကို လှည့်ပင် ကြည့်မည်မဟုတ်သော်လည်း ကုယွမ်က သူမကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပြီး ယခုအခါတွင်လည်း အကူအညီပေးမည်ဟု ဆိုလာသောကြောင့် ကုယွမ်၏ လုပ်ရပ်မှာ ကြင်နာသနားမှုရှိပြီး ဖြောင့်မတ်တည်ကြည်သည်ဟု ဆိုနိုင်သည်။
"အရင်အတိုင်းပဲ စီနီယာအစ်ကိုလို့ပဲ ခေါ်ပါ။ အဲဒီလိုခေါ်တာကိုပဲ ငါ ပိုသဘောကျတယ်"
ကုယွမ်က လက်ကို ဝှေ့ယမ်းကာ ပြောသည်။
"ပြီးတော့ မင်းလည်း အတော်လေး ထိတ်လန့်သွားရှာမှာပါ။ အောက်မှာပဲ သွားနားလိုက်ပါဦး။ တစ်ခုခုရှိရင် ငါ လှမ်းခေါ်လိုက်မယ်"
"ဟုတ်ကဲ့ စီနီယာအစ်ကို"
ကျူးယွဲ့ အရိုအသေပေးပြီး ထွက်ခွာသွားသည်။
"ဒုက္ခတွေ များလှချည်လား..."
ကျူးယွဲ့ ထွက်သွားပြီးနောက် ကုယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။
ယခုအခါ နီရဲသော နဂါးမသေမျိုး နန်းတော်ဖွင့်လှစ်တော့မည် ဖြစ်ရာ ၎င်းသည် ရှန်းယန်
ပြည်နယ်အတွင်းရှိ အင်အားစုများစွာကို စုစည်းစေမည်မှာ အသေအချာပင်။
ထို့အပြင် မူလမဟူရာ နတ်မိစ္ဆာဂိုဏ်းကလည်း ဆေးဘုရင်တောင်၊ ကြယ်တာရာဓားဂိုဏ်းနှင့် ဂူနတ်ဘုရားဂိုဏ်းတို့၏ နယ်မြေကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။
ထို့အပြင် ဤရုတ်တရက် ဖြစ်ပွားသော ကိစ္စရပ်က ကုယွမ်ကို စိတ်ပူပန်စေသည်။
အကြောင်းမှာ ဤကိစ္စကို စုံစမ်းရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိထားသောကြောင့်ပင်။
ပုံသဏ္ဌာန်မဲ့ ယင်မိစ္ဆာသည် ကုယွမ် သတိထားမိသွားသည်နှင့် တပြိုင်နက် အထောက်အထားများအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
နောက်ကွယ်က ကြိုးကိုင်သူမှာ အလွန်ရက်စက်ပြီး ပြတ်သားသူ ဖြစ်ကြောင်း ပြသနေသည်။ ဤလုပ်ကြံမှုမှာ အစပျိုးခြင်းသာ ဖြစ်နိုင်ပြီး နောက်ထပ် ပိုမိုဆိုးဝါးသော ကြံစည်မှုများ ဆက်တိုက် ပေါ်ပေါက်လာလိမ့်မည်။
ဆရာကြီးဟယ်လင်မှာ ဆေးဘုရင်တောင်မှ တပည့်များစွာကို ဦးဆောင်၍ နန်းတော်ကို စူးစမ်းရန် သွားရမည်ဖြစ်ရာ ကုယွမ်တို့၏ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။
ထို့ကြောင့် ဤကိစ္စကို ကုယွမ်ကိုယ်တိုင်သာ အဆုံးအဖြတ်ပေးပြီး ဖြေရှင်းရတော့မည်ပင်။
ရက်အနည်းငယ်အကြာတွင် ကုယွမ် လုပ်ကြံခံရသည့်သတင်းမှာ ဂိုဏ်းအတွင်း ပျံ့နှံ့သွားခဲ့သည်။
၎င်းကြောင့် လူများစွာက ကုယွမ်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြသည်။
အချို့က အံ့ဩကြပြီး အချို့က လေးစားကြကာ အချို့ကမူ ကျိတ်၍ ဝမ်းသာနေကြသည်။
ကုယွမ်မှာမူ တည်ငြိမ်စွာပင် နေထိုင်နေသော်လည်း လျှို့ဝှက်စွာဖြင့် အမြဲသတိရှိနေသည်။
သူနောက်ကွယ်က ကြိုးကိုင်သူသည် ခဏအတွင်း ထပ်မံလှုပ်ရှားမည်မဟုတ်ကြောင်း သူကောင်းကောင်း သိထားသည်။
ဤနေ့တွင် ကုယွမ်သည် တောင်ကုန်းတစ်ခု၏ ထိပ်တွင် တရားထိုင်နေရင်း ကမ္ဘာမြေ၏ ရေဝိညာဉ်စွမ်းအင်များကို ရှူသွင်းလျက် ရှိသည်။
ရုတ်တရက် သူ တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ကုယွမ်သည် ဝဲပျံနဂါးလှေပေါ်တွင် ရှိနေပြီး လေထဲတွင် ဝဲပျံနေသောကြောင့် ပတ်ဝန်းကျင် ရှုခင်းများကို အထင်အရှား မြင်နေရသည်။
အဝေးရှိ ယွင်မုန့်တောင်တန်းကြီးတွင် တိမ်တိုက်များနှင့် မြူခိုးများ လှည့်ပတ်နေသည်။ တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ကြီးမားသော တောင်ထိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေသည်။
ထိုနေရာများထဲမှ တစ်နေရာတွင် ကြီးမားသော အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ တန်းမတ်စွာ ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းမှာ နီရဲတောက်ပနေပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းကာ ကောင်းကင်နှင့် မြေကြီးကို ထောက်ထားသည့် တိုင်ကြီးတစ်ခုကဲ့သို့ ခမ်းနားထည်ဝါလှသည်။
အဝေးမှကြည့်သော်လည်း ကုယွမ်သည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ကြီးမားပြီး ပူပြင်းသည့် နတ်ဘုရားစွမ်းအားကို ခံစားနေရသည်။
ကုယွမ်သည် သူ၏ စိတ်ဝိညာဉ်ကို လောကဓာတ်နှင့် ရောနှောလိုက်သောအခါ ဤခံစားချက်ကို ပိုမိုနက်ရှိုင်းစွာ ခံစားလိုက်ရသည်။
ဤအလင်းတန်း ပေါ်ထွက်လာသည့်အချိန်တွင် ကမ္ဘာလောက၏ မူလစွမ်းအင်များ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။
၎င်းတို့သည် ရပ်တန့်သွားပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ နက်နဲလှသော အစွမ်းတစ်ခု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။
ကုယွမ်၏ စိတ်မှာလည်း အလွန်လေးလံလာပြီး မိုင်ရာပေါင်းများစွာ ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ပင်။
ထိုအလင်းတန်းအလယ်တွင် အရောင်အသွေးစုံလင်ပြီး တောက်ပလှသော နန်းတော်တစ်ခုမှာ ပေါ်ထွက်လာပြီး အလင်းရောင်များစွာကို ဖြာထွက်နေသည်။
ယခင်တစ်ခေါက်က ဤမြင်ကွင်းကို မြင်ခဲ့ရစဉ်က ကုယွမ်သည် အလင်းရောင် အလွန်ပြင်းထန်လှသဖြင့် မျက်စိများ ခြောက်ကပ်ပြီး မျက်ရည်ကျသည်အထိ ဖြစ်ခဲ့ရသည်။ ယခုတွင်မူ ကုယွမ်သည် ထိုမြင်ကွင်းကို တိုက်ရိုက်ကြည့်ရှုနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ဝေါင်း….
မြင့်မြတ်ပြီး ခမ်းနားလှသော နဂါးဟိန်းသံတစ်ခု ပေါ်ထွက်လာသည်။
ဤအချိန်တွင် ရှန်းယန်ပြည်နယ်တစ်ခုလုံး၊ ချင်ကျိုးပြည်နယ်နှင့် အခြားဒေသများအထိ လူသားများ၊ ကျင့်ကြံသူများ အားလုံး ကောင်းကင်ကို မော့ကြည့်ရင်း ဤအံ့မခန်းမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည်။
နန်းတော်၏ အပေါ်ဘက်တွင် အဆုံးမရှိသော တိမ်ပင်လယ်ကြီးများ စုရုံးရောက်ရှိလာပြီး မိုးချုန်းသံများနှင့်အတူ လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်ပေါ်လာသည်။
ကြီးမားသော အလင်းတန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလင်းများ စုစည်းသွားကာ နီရဲတောက်ပသော စစ်မှန်သည့် နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။
၎င်းတို့သည် ခမ်းနားတင့်တယ်ပြီး မြင့်မြတ်ကာ တိမ်တိုက်များကြားတွင် လှည့်လည်ပျံသန်းနေကြသည်။
နဂါးတစ်ကောင်ချင်းစီ၏ အကြေးခွံများ၊ ဦးချိုများ၊ လက်သည်းများနှင့် နှုတ်ခမ်းမွေးများမှာ အလွန်ပင် လက်တွေ့ဆန်လှပြီး နတ်ဘုရားရွှေစင်များဖြင့် ထုလုပ်ထားသကဲ့သို့ တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။
နောက်ဆုံးတွင် နဂါးကိုးကောင်သည် စုစည်းသွားပြီး နန်းတော်ပတ်လည်တွင် ကြီးမားသော အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းထဲမှ အကန့်အသတ်မရှိသော ဝိညာဉ်အလင်းတန်းများ ပေါ်ထွက်လာသည်။
ကုယွမ်သည် အံ့ဩတကြီးဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ၏ မျက်ဝန်းတွင် အံ့အားသင့်မှု၊ ငြူစူမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။
နဂါးမသေမျိုး နန်းတော်နောက်ဆုံးတော့ ပေါ်ထွက်လာပြီ
ကုယွမ်သည် ဤနန်းတော်အကြောင်းကို အနည်းငယ် သိရှိထားသည်။ ဤနန်းတော်မှာ နဂါးနီတာအိုဆရာဟုခေါ်သော နဂါးတံခါးအဆင့် ယန်ဝိညာဉ်ကျင့်ကြံသူတစ်ဦး၏ ဂူဖြစ်ပြီး ဝိညာဉ်ဆေးလုံးများ၊ အဖိုးတန်ရတနာများနှင့် အခွင့်အလမ်းများစွာ ပါဝင်သည်။
သိုသော် ဤသည်မှာ ကျင့်ကြံခြင်းလောကမှ လူအများစု၏ အမြင်သာ ဖြစ်သည်။
သို့သော် တိတိကျကျပြောရလျှင် ဤမသေမျိုးနန်းတော်မှာ နဂါးနီတာအိုဆရာ၏ နန်းတော်ငါးခုအနက်မှ တစ်ခုသာဖြစ်ပြီး ၎င်းမှာ အဓိကခန်းမမဟုတ်ဘဲ ဘေးတိုက်နန်းဆောင်တစ်ခုသာ ဖြစ်သည်။
ဤနန်းတော် ပွင့်လာရခြင်းမှာလည်း နဂါးနီတာအိုဆရာကိုယ်တိုင် စီစဉ်ထားခြင်းပင်။
ဤနောက်ကွယ်တွင် နဂါးနီတာအိုဆရာ၏ မည်သည့်အကြံအစည်များ ပုန်းကွယ်နေသည်ကို မည်သူမျှ မသိနိုင်ပေ။
သို့သော် သာမန်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ရှားပါးလှသော အခွင့်အရေးတစ်ခုဖြစ်သည်။ ရိုသေလေးစားပြီး စည်းကမ်းကို လိုက်နာမည်ဆိုပါက အခက်အခဲ မရှိနိုင်ရုံသာမက အကျိုးကျေးဇူးများစွာကိုပါ ရရှိနိုင်မည်ပင်။
ဤသတင်းအချက်အလက်များမှာ မက်မွန်ပွင့် နတ်သမီးချင်ဟုန်းရှောင်က ပြောပြခဲ့ခြင်းပင်။
ယခုတွင် ကုယွမ်ကိုယ်တိုင် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ သူ အနည်းငယ် တွေဝေသွားမိသည်။
"နန်းတော်ငါးခုထဲက တစ်ခုတည်းတင် ဒီလောက်တောင် ခမ်းနားကြီးကျယ်နေမှတော့... ဒီ နဂါးနီတာအိုဆရာဆိုတဲ့သူက တကယ်ပဲ နဂါးတံခါးအဆင့် ယန်ဝိညာဉ်ကျင့်ကြံသူပဲ ဖြစ်နိုင်ပါ့မလား"