← Chapters

နတ်ဆိုးများ စုစည်းမိခြင်း

Vol. 004 Ch. 173

နတ်ဆိုးများ စုစည်းမိခြင်း

Vol. 004 Ch. 173

ထိုနေရာတွင် တစ်စစီဖြစ်နေသည့် ကျောက်တုံးများကို ထိန်းချုပ်ထားသည့် အားတစ်ခု ရှိနေပြီး ပေ၁၀၀၀ခန့် ကျယ်သော ထိုနေရာကို အပျက်အစီး ကြယ်နယ်မြေဟု နာမည် ပေးထားကြသည်။

ထိုနေရာကို သေဆုံးခြင်းနယ်မြေ ဟုလည်း သတ်မှတ် ထားကြသည်။ ထိုနေရာကို စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်နေသူများက ဖြတ်သွားလျှင် တောင်မှ ၁၀ယောက်တွင် အနည်းငယ်သာ အောင်မြင်နိုင်၏။

သို့သော်လည်း တစ်ယောက်ယောက်က အပျက်အစီး ကြယ်နယ်မြေကို အတင်း ဖြတ်သန်းရန် ကြိုးစားလျှင် ၁၀ယောက် ဖြတ်ပါက ၁၀ယောက်လုံး သေဆုံး သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်လည်း အပျက်အစီး ကြယ်နယ်မြေကို နတ်ဆိုးပင်လယ်၏ အန္တရာယ် အများဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် များစွာသော ကျင့်ကြံသူများက ထိုနေရာသို့ သွားရန် လက်လျှော့ လိုက်ကြ၏။ အထဲသို့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လျှင် တောင်မှ အပြင်သို့ ပြန်ထွက်လာနိုင်သူ မရှိခဲ့ဘူးပေ။

အဆင့်၅ နိုင်ငံကတောင်မှ အပျက်အစီး ကြယ်နယ်မြေမှ အခြေအနေကို စစ်ဆေးကြည့်ရန် အတွက် ကျင့်ကြံသူများကို လွှတ်ရန်အတွက် ခက်ခဲလှသည်။ အထဲတွင် မည်သည့်အရာများ ရှိနေသလဲ ဆိုတာကိုလည်း မည်သူမှ မသိကြသည့်အတွက် ကျင့်ကြံသူများက အထဲသို့ ကြိုးစားပန်းစားဖြင့် ကြိုးစားပန်းစားဖြင့် ဝင်ခဲ့ပြီးမှ မည်သည့်အရာကိုမှ မတွေ့လျှင် သူတို့အတွက် တန်မည် မဟုတ်ပေ။

အချိန်များက ကြာလာသောအခါ တဖြည်းဖြည်းနှင့် အထဲသို့ ဝင်ချင်သည့် ကျင့်ကြံသူများသည် နည်းသထက် နည်းလာသည်။

သို့သော်လည်း ထိုအခြေအနေကို လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းခန့်က ပြောင်းလဲ ပစ်ခဲ့၏။ အဆင့်၆ ဆုဇခုနိုင်ငံမှ အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်သည် ဤနေရာသို့ ရောက်လာပြီး များပြားလှသော ကျင့်ကြံသူများကို စိန်ခေါ်၍ တိုက်ခိုက်ခဲ့သည်။ မည်သူကမှ သူ့အား မယှဉ်နိုင်ခဲ့ချေ။ နောက်ဆုံး၌ သူက အပျက်အစီး ကြယ်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားပြီးနောက် သူ့အကြောင်းကို မည်သူကမှ မကြားရတော့ချေ။

၁၀နှစ် ကြာပြီးနောက်တွင် ဆုဇုခုမှ များပြားလှသော အစွမ်းထက် ကျင့်ကြံသူများကို လွှတ်ပြီး အပျက်အစီး ကြယ်နယ်မြေကို အစီအရင်များဖြင့် ပိတ်ခဲ့သည်။ သူတို့က အပျက်အစီး ကြယ်နယ်မြေထဲသို့ ဝင်ရဲသည့် မည်သူ့ကိုမဆို ညှာတာခြင်းမရှိ သတ်ပစ်မည်ဟု ကြေညာခဲ့သည်။

နောက်ဆုံးတွင် ထိုနေရာက ကန့်သတ်နယ်မြေ တစ်ခု ဖြစ်လာခဲ့၏။ ထိုနှစ်များကို ကျော်လွန်ပြီး နောက်တွင် ကျင့်ကြံသူများ၏ ရင်ထဲမှ ကြောက်လန့်မှုများက သေဆုံး သွားသော်လည်း ထိုနေရာနှင့် ကီလိုမီတာ တစ်သောင်း အတွင်းတွင် မည်သည့် ကျင့်ကြံသူမှ မရှိကြသေးချေ။

သည်နေ့တွင်တော့ အပျက်အစီး ကြယ်နယ်မြေ၏ အပြင်ဘက် မှောင်နေသော တောင်ကြားတစ်ခုတွင် ကြီးမားသော ဝဲကတော့ကြီးတစ်ခု ပေါ်လာသည်။ ထိုဝဲကတော့ကြီးသည် ဆက်လက် ကြီးထွားနေပြီး မြေပြင်ပေါ်တွင် ရှင်းလင်းနေသည့် နေရာတစ်ခု ဖြစ်ပေါ်လာစေသည်။ ထိုနေရာတွင် ရှေးဟောင်း ရွှေ့ပြောင်းရေး အစီအရင်တစ်ခု ရှိနေပြီး တောက်ပ လာသည်။ အစီအရင်က တဖြည်းဖြည်း ပိုမိုတောက်ပနေပြီး အစီအရင်အတွင်းတွင် ပုံရိပ်၃ခုပေါ်လာသည်။

ဝမ်လင်းသည် ရွှေ့ပြောင်းရေး အစီအရင်ထဲတွင် ပေါ်လာသည်နှင့် ပထမဆုံး မြင်သည့်အရာသည် ပတ်ပတ်လည်တွင် ကျောက်တုံးများ မျောနေသည့် စက်ဝိုင်းသဏ္ဌာန် နေရာတစ်ခုကို ဖြစ်သည်။

ဝမ်ချင်းယွဲ့သည် ဤနေရာသို့ ပထမဦးဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ သူက အပျက်အစီး ကြယ်နယ်မြေကို ကြည့်ကာ သူ၏မျက်လုံးများက တောက်ပသွားပြီး သွမ့်မူကျိအား မေးလိုက်သည်… “ဒီနေရာက အပျက်အစီးကြယ်နယ်မြေလား…”

သွမ့်မူကျိသည် နောင်တ အကြည့်များဖြင့် ငေးကြည့်နေပြီး အချိန် တော်တော်ကြာမှ သူက ပြန်ဖြေလိုက်သည်… “ဟုတ်တယ်… ဒီနေရာပဲ… နှစ်၁၀၀၀ ကြာပြီးတာတောင်မှ ဘာမှ မပြောင်းလဲသေးဘူး…”

အရောင် တောက်နေသည့် မျက်လုံးနှင့် ဝမ်ချင်းယွဲ့က နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ပြောလိုက်သည်… “လွန်ခဲ့တဲ့ နှစ်၁၀၀၀၀က ဒီနယ်မြေထဲမှာ ဆုဇခုရဲ့ နံပါတ်၁ ကျင့်ကြံသူ ပျောက်သွားတယ်လို့ ပြောကြတယ်… ဒီနေရာက ဘယ်လောက်တောင် ထူးဆန်းတဲ့ နေရာလဲ ဆိုတာကို ငါ သိချင်နေပြီ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး သွမ့်မူကျိအား ပြောလိုက်သည်… “စီနီယာပြောတဲ့ နေရာက ဒီအပျက်အစီး ကြယ်နယ်မြေ ထဲမှာလား…”

သွမ့်မူကျိက ခေါင်းညိတ်ပြီး အပျက်အစီး ကြယ်နယ်မြေကို ကြည့်လိုက်သည်။

“ဒီနယ်မြေထဲမှာ ကျိုးပဲ့နေတဲ့ ကျောက်တုံးတွေကို ထူးဆန်းတဲ့ အားတစ်ခုက ထိန်းထားတယ်… မင်းက အထဲကို ဝင်တာနဲ့ အဲဒီ ထူးဆန်းတဲ့အားက မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားလိမ့်မယ်… အဲဒီအချိန်ရောက်ရင် လေထဲမှာ မျောနေတဲ့ ကျောက်တုံးတွေက မင်းနဲ့တူတဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးလိမ့်မယ်… အဲဒီကိုယ်ပွားက မင်းထက်လည်း အဆင့် တစ်ဆင့် မြင့်နေလိမ့်မယ်… မင်းရဲ့ ကျင့်ကြံခြင်းကို နှိမ့်ချထားလည်း အသုံးဝင်မှာ မဟုတ်ဘူး… ကိုယ်ပွား ပေါ်လာတာနဲ့ မင်းက ကိုယ်ပွားကို အနိုင်ယူပြီး ပေ၅၀၀ ခရီးဆက်နိုင်မယ် … မင်းက ပေ၅၀၀ကျော်တာနဲ့ နောက်ထပ် ကိုယ်ပွား၂ခု ပေါ်လာလိမ့်မယ်… သူတို့ကို အနိုင်ယူပြီး သွားရင်တော့ မင်းက အပျက်အစီး ကြယ်နယ်မြေကို ဖြတ်သန်းနိုင်ပြီ…”

ဝမ်လင်းက ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သွမ့်မူကျိက ဝမ်လင်း၏ အတွေးများကို သိနေသည့်အလား ပြောလိုက်သည်… “မင်းက ကျောက်တုံးတွေကို ရှောင်နိုင်လည်း ကိုယ်ပွားကတော့ ပေါ်လာမှာပဲ…”

ဝမ်လင်းသည် ဘာမှ ထပ်မပြောတော့ဘဲ အပျက်အစီး ကြယ်နယ်မြေကိုသာ စိုက်ကြည့် နေတော့သည်။

ဝမ်ချင်းယွဲ့သည် တောက်ပနေသော မျက်လုံးများဖြင့် အပျက်အစီး ကြယ်နယ်မြေအား ကြည့်ပြီး ပြောလိုက်သည်… “အဲဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းတဲ့ နယ်မြေလား… ဟုတ်၊ မဟုတ် ငါကိုယ်တိုင် သွားပြီး စစ်ဆေးကြည့်မယ်…”

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး အပျက်အစီး ကြယ်နယ်မြေ၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ အထဲသို့ ခြေလှမ်းလိုက်၏။

ဝမ်လင်းက သေချာ ဂရုတစိုက် ကြည့်နေလေသည်။ ဝမ်ချင်းယွဲ့ ဝင်သွားသည့် အချိန်တွင် ကျောက်တုံး တချို့က စုစည်းလာပြီး ခရမ်းရောင် လျှပ်စီး ပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်သည်။ ခရမ်းရောင် လျှပ်စီးပိုက်ကွန် အတွင်းတွင် ဝမ်ချင်းယွဲ့နှင့် တထေရာတည်း တူညီသော ကိုယ်ပွားတစ်ခု ထွက်ပေါ်လာသည်။

သူတို့၏ မျက်နှာများပေါ်မှ အပြုံးကအစ တူညီနေသည်။ ကိုယ်ပွားက ပေါ်လာသည်နှင့် ဝမ်ချင်းယွဲ့ဆီသို့ ချက်ချင်း ပြေးထွက် သွားပြီးနောက် သူတို့၂ယောက် ရှိသည့်နေရာတွင် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

သွမ့်မူကျိက နှာခေါင်း ရှုံ့လိုက်သည်… “သူ မကြာခင် ပြန်ထွက် လာလိမ့်မယ်… မင်းဆိုရင်ရော မင်းထက် တစ်ဆင့်မြင့်နေတဲ့ ကိုယ်ပွားကို ဘယ်လို တိုက်ခိုက်မလဲ…”

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ရုတ်တရက် မေးလိုက်သည်… “စီနီယာတို့ရော အရင်တစ်ခေါက်က ဘယ်လိုဝင်ကြလဲ…”

သွမ့်မူကျိက ရွှေ့ပြောင်းရေး အစီအရင်ကို ညွှန်ပြပြီး ပြောလိုက်သည်… “အဲဒါနဲ့ ဖြတ်တာ… အရင်တစ်ခေါက်က ငါတို့မှာ ရွှေ့ပြောင်းရေး အစီအရင် ပညာရှင်တစ်ယောက် ပါလာတယ်… အရင်တစ်ခေါက်က ဒီအပျက်အစီး ကြယ်နယ်မြေထဲကနေ အထဲကို ဝင်ဖို့အတွက် ရွှေ့ပြောင်းရေး အစီအရင် ဖန်တီးတဲ့ နည်းလမ်းတစ်ခုကို ရခဲ့တယ်… ဒါပေမဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံးသုံးမှ ဝင်လို့ရလိမ့်မယ်…”

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်… “အပျက်အစီး ကြယ်နယ်မြေထဲမှာ ဘာတွေရှိတာလဲ…”

“ကောင်းပြီလေ … ငါတို့လည်း ဒီကို ရောက်နေပြီဆိုတော့ မင်းကို ပြောပြဖို့အတွက် အဆင်ပြေပါပြီ … ငါတို့ တွေ့ခဲ့ရတဲ့ မှတ်တမ်းတွေအရ ဒီအပျက်အစီး ကြယ်နယ်မြေထဲမှာ ရှေးဟောင်း နတ်ဘုရားရဲ့အလောင်း ရှိနေတယ်…”

ဝမ်လင်းက အံ့ဩ မှင်တက်သွား၏… “ရှေးဟောင်း နတ်ဘုရားလား…”

“ရှေးဟောင်း နတ်ဘုရားက ရှေးဟောင်း အာကာသ ကျင့်ကြံသူတွေနဲ့ တူညီတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိတယ်… ပြောရမယ်ဆိုရင် တချို့ မှတ်တမ်းတွေထဲမှာ ရှေးဟောင်း အာကာသ ကျင့်ကြံသူတွေထက် ပိုပြီးတော့တောင် အစွမ်းထက်တယ်လို့ ဖော်ပြထားတယ်…”

သွမ့်မူကျိ ပြောလို့ ပြီးသည့် အချိန်တွင် အနက်ရောင် ဝတ်စုံနှင့် အဘိုးအို တစ်ယောက်က သွမ့်မူကျိ၏ဘေးနားသို့ ရောက်လာသည်။

ထိုအဘိုးအိုက လက်ထဲတွင် ဖုန်ခါတံတစ်ခုကို ကိုင်းထားပြီး ဝမ်လင်းအား ခင်မင်ရင်းနှီးသည့် အကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်… “ကောင်လေး… ရှေးဟောင်း နတ်ဘုရားရဲ့ စွမ်းအားက ငါတို့ တွေးထားထက်ကို အများကြီး အစွမ်းထက်တယ် … ရှေးဟောင်း နတ်ဘုရားတွေ အသက်ရှင်လျက် ရှိနေတဲ့အချိန်က ရှေးဟောင်း ကျင့်ကြံခြင်း လောကထက် ပိုပြီး စောတယ်လို့တောင် ပြောလို့ရတယ်…”

ဝမ်လင်း၏ အပြင်ဘက် အမူအရာက တည်ငြိမ် နေသော်လည်း သူ့စိတ်ထဲတွင်မူ အလွန် သတိထားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့အား ရင်းနှီးဖော်ရွေစွာ ပြုံးပြသည့် အဘိုးအိုသည် သွမ့်မူကျိ၏ ကျင့်ကြံခြင်း အဆင့်ထက်ပင် မြင့်သည်ဟု ခံစားရသည်။

အဘိုးအိုက ပြောလို့ဆုံးသည်နှင့် ပြုံးလိုက်ကာ လက်ထဲမှ ဖုန်ခါတံကို ဝှေ့ယမ်း လိုက်သည်။ သို့သော်လည်း သူ၏အပြုံးတွင် တစ်ခုခုကို ကြံစည်ထားသည့် အရိပ်အယောင် တစ်ခု ပါဝင်နေသည်။

ဝမ်လင်းက တစ်ချိန်လုံး သတိထားနေသည့် အတွက် အဘိုးအိုက ဖုန်ခါတံကို ဝှေ့ယမ်း လိုက်သည်နှင့် သူက အန္တရာယ်ကို ခံစားမိလိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် လက်ကလည်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သိုလှောင်အိတ်ထဲမှ အဆောင် စာရွက်များ ထွက်ပေါ် လာသည်။ ထိုအဆောင် စာရွက်များ အားလုံးသည် အကာအကွယ် အမျိုးအစားများ ဖြစ်သည်။

အက်ကွဲသံများ ဆက်တိုက် ထွက်လာပြီး အဆောင် စာရွက်များအားလုံး တစ်စစီ ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် သွမ့်မူကျိက ဝမ်လင်းနှင့် အဘိုးအို၏ ကြားထဲသို့ ရောက်လာသည့် အပြင် အနက်ရောင် အလင်းအကာအကွယ် တစ်ခုကလည်း ပေါ်လာပြီး ဖုန်ခါတံ၏ တိုက်ခိုက်မှု အားလုံးကို တားဆီး ထားလိုက်၏။ ထို့နောက် သွမ့်မူကျိက လေးနက်သည့် အမူအရာဖြင့် အဘိုးအိုအား ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်… “ရှေးဟောင်း အင်ပါယာ… ဒီကလေးက တတိယနယ်မြေကို ဖြတ်သန်းတဲ့ နေရာမှာ အလွန် အရေးပါတယ်… စိတ်ရူးပေါက်တိုင်း လျှောက်လုပ်မနေနဲ့…”

ရှေးဟောင်း အင်ပါယာသည် ထိုစကားကို ကြားပြီးနောက် သူက မည်သည့် လှုပ်ရှားမှုကိုမျှ ဆက်မလုပ်သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ် သွား၏။ သူက တည်ငြိမ်စွာဖြင့် သွမ့်မူကျိအား မေးလိုက်သည်… “သေချာလား…”

သွမ့်မူကျိက ခေါင်းညိတ်ပြီး ဖြေလိုက်သည်… “သူက သေဆုံးခြင်းမန္တန် တတ်တယ်…”

ရှေးဟောင်း အင်ပါယာသည် ဝမ်လင်းအား ကြည့်ကာ ဘေးဘက်သို့ လျှောက်သွား လိုက်ပြီး သူတို့နှင့် ပေ၃၀ အကွာခန့်တွင် ရပ်၍ အပျက်အစီး ကြယ်နယ်မြေအား စိုက်ကြည့်လိုက်သည်။

ဝမ်လင်း၏ မျက်နှာ အမူအရာက သုန်မှုန်နေ၏။ စိတ်ထဲတွင်လည်း “ဒီရှေးဟောင်း အင်ပါယာက အရူးပဲ… တစ်ဖက်ကတော့ ခင်မင်သလို ပြောပြီး ချက်ချင်းပဲ သူ့ရဲ့နောက်ထပ် မျက်နှာတစ်ခုကို ထုတ်ပြပြီး ငါ့လာတိုက်တယ်…” ဟု တွေးလိုက်သည်။

သွမ့်မူကျိသည် ဝမ်လင်း၏ဘေးတွင် ရပ်ပြီး အသံထုတ်လွှတ်ခြင်းဖြင့် ပြောလိုက်သည်… “သူက ကွမ်လန်… ဒါပေမဲ့ ငါတို့ အားလုံးကတော့ သူ့ကို ရှေးဟောင်း အင်ပါယာလို့ ခေါ်တယ်… သူက အရမ်းလည်း အစွမ်းထက်တယ် ... ငါ တောင်မှ သူ့ကို နိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး … သူက မှန်ကန်တဲ့လူလို ဟန်ဆောင်တတ်ပေမဲ့ တကယ်တော့ အရမ်း ရက်စက်တဲ့ကောင် … သူက အရူးလိုပဲ လူတွေ အများကြီးကို သတ်ခဲ့ပြီးပြီ … သူက နတ်ဆိုးပင်လယ်မှာ အရမ်း ကျော်ကြားတဲ့ လူတစ်ယောက်ပဲ…”

ဝမ်လင်းကတော့ သုန်မှုန်နေသည့် မျက်နှာထားဖြင့် ရှေးဟောင်း အင်ပါယာနှင့် ဝမ်ချင်းယွဲ့ကို ကြည့်လိုက်သည်။

သူ့စိတ်ထဲတွင် ရှေးဟောင်း အင်ပါယာက အရူးလိုလူ တစ်ယောက်ဖြစ်ပြီး ဝမ်ချင်းယွဲ့က ကမူးရှူးထိုး သမား တစ်ယောက် ဖြစ်၏။ သွမ့်မူကျိ တစ်ယောက်သာလျှင် သာမန် ဖြစ်သည်။

ရုတ်တရက် သွမ့်မူကျိ၏ အမူအရာက အနည်းငယ်‌ ပြောင်းလဲသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်… “နောက်တစ်ယောက် ရောက်လာပြီ…”

ကောင်းကင်၏ အစွန်းတစ်ဖက်တွင် နဂါးလှေတစ်စီး လာနေသည်။ လှေပေါ်တွင် ခန့်ညားသော လူကြီးတစ်ယောက် ရှိနေပြီး သူ၏မျက်နှာတွင် ရက်စက်တတ်သည့် အမူအရာ တချို့ကို ဖော်ပြထား၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရွှေချည်ဖြင့် ပန်းထိုးထားသည့် အနီရောင် အဝတ်အစားကို ဝတ်ဆင်ထား၏။ သူ့နောက်ရှိ ရှည်လျားပြီး နက်မှောင်သော ဆံကေသာကလည်း လေထဲတွင် လွင့်နေလေသည်။

သူ့ဘေးတွင် လူတစ်ယောက် ရပ်နေသည်။ ထိုလူက အသက်၂၀ခန့်သာ ရှိသေးသည့် လူငယ်တစ်ယောက် ဖြစ်သည်။ နဂါးလှေက နီးကပ်လာသောအခါ အနီရောင်ဝတ် လူကြီးက ခုန်ချလိုက်ရာ လူငယ်သည်လည်း သူ့နောက်မှ ခုန်ဆင်းလာ၏။

ဝမ်လင်းသည် အနီရောင်ဝတ်နှင့် လူကြီးအား ကြည့်လိုက်သည်။ ထိုလူကြီးထံမှ အေးစက်သော အော်ရာတစ်ခုကို ခံစားမိသည်။ ထိုအေးစက်မှုသည့် သူ၏အရိုးထဲထိ တိုင်အောင် စိတ်သွားသကဲ့သို့ ခံစားရစေသည်။

အနီရောင်ဝတ် လူကြီးက မြေပေါ်သို့ ခြေကျသည်နှင့် ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ သူ၏မျက်လုံးက အပျက်အစီး ကြယ်နယ်မြေ အတွင်းမှ ဝမ်ချင်းယွဲ့ထံသို့ ရောက်သွားပြီးနောက် ဝမ်လင်းဆီသို့ ရောက်လာသည်။ ထို့နောက် သွမ့်မူကျိကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်… “လူတွေ စည်နေပါလား…”

သွမ့်မူကျိက ရယ်မောပြီး ပြောလိုက်သည်… “လိုအင် ၆မျိုး နတ်ဆိုးသခင် … မင်းကို မတွေ့တာ နှစ်၁၀၀ပဲ ရှိသေးတယ်… မင်းရဲ့ကျင့်ကြံခြင်း အဆင့်က အများကြီး တိုးတက်လာတာပဲ…”

ပြောပြီးသည်နှင့် သူက လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ အသံထုတ်လွှတ်ခြင်းဖြင့် ထပ်ပြောလိုက်သည်။ ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်က အံ့ဩသွားပြီး ဝမ်လင်းအား ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်… “ကောင်လေး … မင်းက တတိယ နယ်မြေကို ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ရင် ငါ … ရှုလီချင်းက မင်းရဲ့ လုံခြုံမှုအတွက် ကတိပေးနိုင်တယ်…”

ရှုလီချင်း၏စကား ဆုံးသွားသည့် အချိန်တွင် သူ့နောက်မှ လူငယ်၏မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး ဝမ်လင်းကို ကြည့်နေသည့် သူ့အကြည့်တွင် ရန်လိုသည့် အရိပ်အယောင်များ ပါလာသည်။

ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ပြောလိုက်သည် … “အများကြီး ကျေးဇူးတင်ပါတယ်…”

ရှုလီချင်းက သူ့အကြည့်ကို ရုပ်သိမ်းပြီး သွမ့်မူကျိကို ပြောလိုက်သည်… “နောက်ဆုံး တစ်ယောက်က ခါးကုန်းကြီးမုန့် ဟုတ်တယ်မလား … ငါ ကြားတာတော့ လွန်ခဲ့တဲ့ နှစ်၃၀၀လောက်က လူ့ဘီလူး နတ်ဆိုးကလန်ကို အပြစ်တစ်ခု ကျူးလွန်ခဲ့လို့ သူ့ကို တိုက်ပွဲဝင် မိစ္ဆာ၁၀ကောင်ရဲ့ လိုက်လံ တိုက်ခိုက်ခြင်းကို ခံနေရတယ်တဲ့… သူ အခု အသက်ရှင် သေးလား ဒါမှမဟုတ် သေသွားပြီးလားတောင် ငါ မသိဘူး…”

***

All Chapters