← Chapters

အခန်း ၁၁၆၈

Vol. 98 Ch. 1168

အခန်း ၁၁၆၈

Vol. 98 Ch. 1168

အခန်း ၁၁၆၈ -

တရားခံ ... ။

အဋ္ဌမခန်းမတွင် ယွဲ့ဟောင်ဖန်းသည် အနက်ရောင်ဝတ်ရုံနှင့် မျက်နှာအသွင်အပြင်မှာ အေးစက်မာကျောစွာ တရားထိုင်နေ၏။

အရည်အချင်းအရ အင်မော်တယ် မိသားစုတွင် မွေးဖွားလာသူဖြစ်ပြီး ဓားတာအို၌ ထူးချွန်ချေပြီ။

သို့သော် အဋ္ဌမမြောက် စမ်းသပ်မှုကို နှစ်ကြိမ်ဆက်တိုက် ကျရှုံးခဲ့သဖြင့် သူ့အဆင့်မှာ ခန်းမထောင့်ရှိ ကျောက်တိုင်ပေါ်တွင် (၃၉၃)၌ ရပ်နေသည်။

ဤအဆင့်သတ်မှတ်ချက်သည် မြင့်မားခြင်း မရှိသော်လည်း နိမ့်ကျခြင်းသည်လည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်များစွာက အမည်ခံ အင်မော်တယ် နယ်ပယ် အနည်းငယ်သည်သာ ဤရှစ်ထပ်မြောက် ခန်းမသို့ ရောက်ရှိနိုင်ခဲ့ကြသည်။

“ ဟမ့် ... တစ်ယောက်ယောက် ငါ့နောက်ကနေ လိုက်လာတာလား။ ”

ယွဲ့ဟောင်ဖန်းခမျာ အံ့အားသင့်သွားသည်။ သူ ခုနစ်ထပ်မြောက်အဆင့်ကို ကျော်ဖြတ်ချိန်၌ သူ့အဆင့်သတ်မှတ်ချက်မှာ (၃၉၂)ဖြစ်၏။

ယခုချက်ချင်း (၃၉၃) ဖြစ်သွား၏။ ထိုအချိန်တွင် ကျောက်စိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက် ဝင်လာသည်။

သူ့ခန္ဓာကိုယ်တွင် ကျင့်ကြံမှု အတက်အကျမရှိချေ။ ဤသည်မှာ စုရီဖြစ်၏။ စုရီက ခြေချင်းချိတ်ထိုင်နေသော လူငယ်ထံ လှမ်းကြည့်လိုက်သည်။ ထိုနောက် ဆက်သွားရန် ပြင်လိုက်တော့၏။

“ ခဏနေပါဦး။ ”

ယွဲ့ဟောင်ဖန်းမှ ချက်ချင်းတားလိုက်သည်။

“ ဘာကိစ္စလဲ။ ”

စုရီက မျက်ခုံးပင့်ကာ မေးလိုက်တော့၏။ ယွဲ့ဟောင်ဖန်းမှ ထရပ်လာကာ ပြုံးရယ်လျက်၊

“ ငါ့နာမည်က ယွဲ့ဟောင်ဖန်းပါ၊ အဖြူရောင်ပြည်နယ် နတ်တိမ်တောင်ရဲ့က ယွဲ့မျိုးနွယ်ပဲ မင်းနာမည်မေးလို့ရမလား။ ”

အဖြူရောင်ပြည်နယ် နတ်တိမ်တောင်မှ ယွဲ့မိသားစုမှာ ကျော်ကြားသောအင်မော်တယ် မိသားစုဖြစ်သည်။

ယွဲ့ဟောင်ဖန်းသည် ယွဲ့မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်ပြီး ယွဲ့မျိုးဆက်တွင် တောက်ပနေသည့် ကြယ်တစ်ပွင့်ဖြစ်၏။

အသက်သုံးရာ့ဆယ်နှစ်သာ ရှိသေးသော်လည်း အင်မော်တယ်နယ်ပယ်ကို ခြေချထားနိုင်သည်။

သို့သော် ကံမကောင်းစွာဖြင့် စုရီသည် သူ့အကြောင်းကိုမကြားဖူးဘဲ သဘာဝအတိုင်း စိတ်ဝင်စားခြင်းလည်း မရှိချေ။

“ စုရီ ... ။ ”

“ ဟမ့် ... အရမ်းကောင်းတယ် ငါမင်းနဲ့ ပြိုင်ပွဲတစ်ခု လုပ်ချင်တယ်။ ”

“ ဘာအတွက်လဲ။ ”

စုရီက အံ့သြသွား၏။ ယွဲ့ဟောင်ဖန်းမှ အခန်းအတွင်းကို လှည့်ပတ်ကြည့်ပြီးနောက်၊

“ ဒီမှာ ငါတို့ရဲ့ အစွမ်းအစပေါ်မူတည်ပြီး အနိုင်ရသူကိုဆုံးဖြတ်မယ် ရှုံးတဲ့လူ ကုသဆေး ပေးရမယ် ဘယ်လိုလဲ။ ”

“ မင်းမှာ ကုသဆေး လိုအပ်နေတာလား။ ”

စုရီက မေးမြန်းလိုက်သည်။ ယွဲ့ဟောင်ဖန်းတစ်ယောက် မျက်နှာပျက်ယွင့်း သွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့်၊

“ ဟုတ်တယ် ... ။ ”

-ဟု ဝန်ခံလိုက်၏။

“ ရိုးသားတယ် ။ ”

စုရီမှ ပြန်လည်မှတ်ချက်ပေးကာ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလျက်၊

“ ငါတို့ တွေ့ဆုံခဲ့တာ ကံကြမ္မာကြောင့်ပဲ၊ ဒါယူလိုက်ပါ။ ”

-ဟု ကမ်းပေးလိုက်သည်။ ယွဲ့ဟောင်ဖန်းမှ အံ့အားသင့်သွားပြီး မကျေမနပ်ဖြင့်၊

“ ငါက ငါ့မျိုးနွယ်ရဲ့ ဂုဏ်သတင်းကို စွန့်လွှတ်မယ့်သူ မဟုတ်ဘူး ဒီလိုမျိုးအလာကား ပေးတာကို ငါ ဘယ်တော့မှ လက်မခံဘူး။ ”

“ မင်းမှာ မာနရှိတယ် ... ။ ”

“ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့ ငါ့မှာဆေးဖက်ဝင်အပင်တွေ မရှိတော့ပေမယ့် ရတနာတစ်ခုတော့ရှိတယ် မင်းအနိုင်ရရင် အဲဒီရတနာကို ငါပေးမယ်။ ”

“ ဝှစ် ... ။ ”

ထို့နောက် စကားဆုံးသည်နှင့် သူ့လက်ဖဝါးကို လှန်လိုက်သောအခါတွင် ခုနစ်လက်မရှည်သော ခရမ်းရောင် ဓားတစ်လက်ပေါ်လာ၏။

၎င်းသည် ထူးခြားသော အရည်အသွေးရှိသည့် ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားလေသည်။ စုရီမှ တစ်ချက်ကြည့်လိုက် ပြီးနောက် မျက်နှာလွှဲလိုက်ကာ၊

“ ကောင်းပြီ ... ။ ”

-ဟု တုန့်ပြန်လိုက်၏။ ရွယ်ဟောင်ဖန်းက ပြုံးရယ်ပြီး၊

“ ဟားဟားဟား ... ကောင်းတယ် ဒါက ငါတို့လို လူငယ်မျိုးဆက်တွေမှာ ရှိနေသင့်တဲ့ စိတ်ဓာတ်မျိုးပဲ ဒီဆုံးဖြတ်ချက်အပေါ်မှာ ...

... အခြေခံပြီး အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ မင်းကိုငါ့ရဲ့မိတ်ဆွေအဖြစ် မှတ်ယူလိုက်ပြီ။ ”

“ ဒါဆို စလိုက်ရအောင် ... ငါအလျင်လိုနေတယ်။ ”

“ အလျင်လိုနေတာလား ... ။ ”

ယွဲ့ဟောင်ဖန်းက တစ်ခုခု ပြောတော့မယောင် မျက်မှောင်ကြုတ်လိုက်၏။ စုရီမှ ခွင့်မပြုဘဲ ရှေ့သို့တိုးလာပြီး လက်ဖဝါးဖြင့် ဖိလိုက်လေသည်။

“ ဟမ့် ... ။ ”

ရွယ်ဟောင်ဖန်း၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားတော့၏။ သူသည် အဆင့်ရှစ်သို့ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သောကြောင့် သာမန်အားဖြင့် ပါရမီရှင်ပေပင်။

အင်မော်တယ်မြေ၏ ပြိုင်ဘက်ကင်း ပါရမီရှင်များကဲ့သို့ ထူးချွန်ခြင်းမရှိသော်လည်း ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ် ခံထားရဆဲဖြစ်သည်။

သို့သော် စုရီ၏ ပေါ့ပေါ့တန်တန် လက်ဖဝါးတစ်ချက်ကို ရင်ဆိုင်ရသောအခါတွင် အန္တရာယ်အငွေ့အသက်များ ပြင်းပြင်းထန်ထန် ခံစားလာရ၏။

“ ချိုးဖြတ် ... ။ ”

တွန့်ဆုတ်ခြင်းမရှိဘဲ လက်များကို လေထဲဝှေ့ယမ်းပစ်သည်။ တန်ခိုးရှင်တစ်ပါးမှ အိုးကြီးတစ်လုံးကို ပင့်မလိုက်သလိုပေပင်။

“ ဝူး ... ။ ”

အလင်းနှင့် ဥပဒေစည်းမျဉ်းများမှာ တဟုန်ထိုးမြင့်တက်လာကာ လက်ဖဝါးကို တားဆီးရန် ကြိုးစားတော့သည်။

“ ဘန်း ... ။ ”

သို့သော် ရထားတစ်စင်းကို ရပ်တန့်ရန် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ချက်ချင်းကြေမွသွား၏။

ရွယ်ဟောင်ဖန်းတစ်ယောက် နောက်ပြန် လွင့်သွားပြီးနံရံနှင့် ပြင်းပြင်းထန်ထန် ဝင်တိုက် မိသွားလေသည်။ ခန်းမတစ်ခုလုံး တုန်ခါသွား၏။

ခန္ဓာကိုယ် ပြိုကွဲသွားပြီး ဆံပင်များ ရှုပ်ပွလျက် လုံးဝအံ့အားသင့်သွားလေသည်။ လက်ဖဝါးတစ်ချက်ပင် သူ မတားဆီးနိုင်ချေ။ စုရီက ဆေးပုလင်းကို ပစ်ပေးလိုက်ပြီး၊

“ ချေးငွေလို့ မှတ်ယူလိုက်။ ”

-ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။ ယွဲ့ဟောင်ဖန်းမှ မျက်နှာအမူအရာ မသေချာ မရေရာဖြစ်သွားတော့၏။ ခဏအကြာတွင် ရှက်ရွံ့စွာဖြင့် သူ့ကိုယ်သူ ကျိန်ဆဲသည်။

“ သေစမ်း ... ဒါက အရမ်း ရှက်စရာကောင်းတာပဲ ဘယ်လိုလုပ်ပြီး ဒါကို တိုက်ပွဲလိုခေါ်မှာလဲ ... ။ ”

အဋ္ဌ​မမြောက် စမ်းသပ်မှုတွင် တံခါးစောင့် ခြောက်ယောက်ရှိပြီး တစ်ယောက်ချင်းစီသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ထို့ပြင် ဝိညာဉ်ကို တုန်လှုပ်စေသော မိုးခြိမ်းသံများ၊ သွေးနီရောင်မြူခိုး၊ လှုပ်ရှားမှုနှင့် အမြန်နှုန်းကို ကန့်သတ်ထားသော စည်းမျဉ်းများ စသည်တို့ရှိသည်။

အကြောက်စရာအကောင်းဆုံးသည် စိန်ခေါ်သူထက်နှစ်ဆသန်မာသော ကာကွယ်သူ ခြောက်ယောက်ပေပင်။ ထို့ကြောင့်စုရီသည်ပင် ကြီးမားသောခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရ၏။

ကာကွယ်သူ တစ်ကောင်ချင်းစီကို သတ်ဖို့ရန်အတွက် နာရီဝက်နီးပါး အချိန်ပေးခဲ့ ရလေသည်။ သူ့တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး ဒဏ်ရာများ ပြည့်နှက်လာ၏။

ကျင့်ကြံမှုများ ကုန်ဆုံးလာသည်အထိ ပေပင်။ ယင်းက စုရီကို မကြုံစဖူး စိတ်လှုပ်ရှားမှု ခံစားလာရစေသည်။

တိုက်ပွဲများသည် စိတ်လှုပ်ရှားစရာ ကောင်းပြီး အရည်အချင်းအားလုံးကို ထုတ်ဖော် ပြသခဲ့ရ၏။

“ နောက်ဆုံးတော့ ဒီစမ်းသပ်ကွင်းက ဇွဲ၊ ဝိညာဉ်၊ ဉာဏ်ပညာနဲ့ ကိုယ်ပိုင်အလားအလာ အပေါ် စမ်းသပ်တာပဲ ...

... အဲဒီကာကွယ်သူတွေက ရယ်စရာ ကောင်းလောက်အောင် အစွမ်းထက်တယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာတော့ စည်းမျဉ်းနဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေပါ၊ ဝိညာဉ်အသိနဲ့ စွမ်းအင်တွေ ချို့တဲ့နေကြတယ်။ ”

စမ်းသပ်ကွင်းအတွင်း မိုးရေစက်များအဖြစ် ပြောင်းလဲသွားသော အလင်းမှုန်များကိုစုပ်ယူပြီး သန့်စင်နေလိုက်သည်။

တိုက်ပွဲအတွင်း အလားအလာကို ရှင်းရှင်းလင်းလင်းခံစားရကာ ကျင့်ကြံမှုသည် သိသိသာသာ တိုးတက်လာချေပြီ။

ပထမအဆင့်မှ အဋ္ဌမအဆင့်အထိ နှစ်နာရီသာ ကြာမြင့်ခဲ့သော်လည်း အဆင့်တိုင်း သူ ရရှိခဲ့သော အသိအမြင်များမှာ များစွာ အကျိုးရှိချေ၏။

ပြင်ပကမ္ဘာတွင် ထိုသို့သော အောင်မြင်မှု ရရှိရန် မဖြစ်နိုင်ချေ။ များမကြာမီ စုရီပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ယွဲ့ဟောင်ဖန်းသည်လည်း အံ့အားသင့်နေ၏။ နာရီဝက်ကုန်လွန်ပြီးသည့်တိုင် စုရီမှပြန်မလာ​ခဲ့ချေ။ အဋ္ဌမအဆင့်ကို ကျော်ဖြတ်သွားကြောင်း သေချာနေသည်။

“ ဒီကောင်က နတ်ကျောက်စိမ်း မြင့်မြတ်မြေက ... ဝမ်ကျူနီးပါး ကြောက်စရာ ကောင်းတယ် ဒါပေမယ့် ဘာလို့ ဒီလောက် ...

... မယုံနိုင်စရာ ကောင်းတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ အမည်ကို ငါတစ်ခါမှ မကြားဖူးရတာလဲ။ ”

ယွဲ့ဟောင်ဖန်းမှ အံ့အားတကြီး ရေရွတ်လိုက်သည်။ ရုတ်တရက် စုရီထံပါးမှ လက်ဖဝါးတစ်ချက်တည်းနှင့် နှိမ်နင်းခဲ့သော မြင်ကွင်းကို ပြန်လည်သတိရလာ၏။

“ သူ့မှာ တိမ်ပေါ်ပျံသန်းခြင်းအဆင့် နိယာမကိုပဲသုံးနိုင်တယ် ဒါက အင်မော်တယ် လမ်းကိုတောင် မရောက်သေးတာ ဖြစ်နိုင်မလား။ ”

ဤတစ်ကြိမ်တွင် ယွဲ့ဟောင်ဖန်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ဝိညာဉ်မှာ ဗလာဖြစ်သွားတော့၏။

သူသည် သေမျိုးတစ်ယောက်ထံတွင် လက်ဖဝါးတစ်ချက်တည်းနှင့် ရှုံးနိမ့်ခြင်းလော။ လုံးဝ မယုံနိုင်စရာပေပင်။

အချိန်အတော်ကြာပြီးနောက် စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး စုရီမှ ထားခဲ့သော ဆေးပုလင်းကို ငုံ့ကြည့်ကာ၊

“ ဒီကောင်က ယုံကြည်စိတ်ချရ လောက်ပါတယ်။ ”

-ဟု ဆိုကာ သောက်သုံးလိုက်တော့၏။

***

ကောင်းကင်စမ်းသပ်ဂူ နဝမခန်းမ။ ရုတ်တရက် လေဟာနယ် တုန်ခါလာပြီး နံရံတွင် ဝဲဂယက်တစ်ခုပေါ်လာကာ စုရီရောက်ရှိလာ၏။

အခန်းထဲတွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် စုရီကို အံ့အားသင့်စွာ မော့ကြည့်လာသည်။

နဝမခန်းမကို တစ်စုံတစ်ယောက် ရောက်ရှိလာသည့်အပေါ် သူသည်လည်းယုံနိုင်ပုံ မရသေးချေ။

စုရီက ထိုလူငယ်ကို စိတ်မဝင်စားဘဲ မျက်နှာလွှဲတော့မည့်အချိန်တွင် ခန်းမအတွင်း သေဆုံးနေသော အလောင်းတစ်လောင်းကို သတိထားမိလိုက်သည်။

ကျောက်စိမ်းဝတ်ရုံနှင့် ဆံပင်များ ရှုပ်ပွနေကာ ခန္ဓာကိုယ်တွင် သွေးများပေကျံ နေ၏။ အသက်ဓာတ်သည် ကြာမြင့်စွာတည်း ကုန်ဆုံးသွားပုံရသည်။

“ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ”

အနက်ရောင်ဝတ်ရုံနှင့် လူငယ်က စုရီအကြည့်ဦးတည်ရာကို သတိထားမိသွားကာ ချက်ချင်းရှင်းပြလာသည်။

“ ဒီလူက ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်ပါ ... စိတ်ခွန်အားချို့ယွင်းမှုကြောင့် သူ့နှလုံးသားကို နတ်ဆိုးဝင်ပူးခံရပြီး သေဆုံးသွားတာပါ။ ”

“ သူက ဘယ်သူလဲ။ ”

“ နတ်ကျောက်စိမ်း မြင့်မြတ်မြေရဲ့ ပါရမီဝမ်ကျူပါ နဝမမြောက်အဆင့်ကိုချိုးဖျက်ဖို့ ကြိုးစားတုန်းမှာ ရှုံးနိမ့်မှုများစွာကို ကြုံတွေ့ခဲ့ရပါတယ် ...

... သူ့စိတ်ဝိညာဉ်ထဲကို ကောင်းကင် နတ်ဆိုးမီးလျှံရဲ့ ကျူးကျော်မှုခံခဲ့ရပြီး အဆုံးမှာ သေဆုံးသွားရတာပါ။ ”

“ မင်း .... ဘာကိစ္စ ငါ့ကို ရှင်းပြနေရတာလဲ။ ”

အနက်ဝတ်လူငယ်၏ အမည်မှာ သဟာဇာတခြောက်ပါး အကယ်ဒမီမှ ပုဟုန် ဖြစ်လေသည်။

“ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို သူတို့ကိုယ်သူတို့ ရှင်းပြဖို့ ခက်ခဲနေပါလိမ့်မယ် ဝမ်ကျူက ထွန်းတောက်လာတဲ့ ကြယ်ပွင့် တစ်ပွင့်ဖြစ်ပြီး ...

... အမည်ခံ အင်မော်တယ်အဆင့် သတ်မှတ်ချက်မှာတောင် ငါ့ထက် မြင့်မားတဲ့ အဆင့်မှာ ရှိနေတယ် ...

... သူ အခု ဒီစမ်းသပ်ဂူထဲမှာ သေဆုံးသွားခဲ့ရပြီး ငါလည်း အဲဒီမှာ ရှိနေတယ် ဘယ်သူ သံသယမဝင်ဘဲနေမှာလဲ။ ”

ပုဟုန်မှ သက်ပြင်းချကာ ပြောကြားလာ၏။ ထို့နောက် ပြုံးလျက် စုရီထံ မော့ကြည့်ပြီး၊

“ ကံကောင်းထောက်မစွာနဲ့ ... အခု မင်းဒီကိုရောက်လာတော့ ငါ့အတွက် သက်သေ ဖြစ်နိုင်တယ် မဟုတ်လား။ ”

-ဟု တောင်းဆိုလိုက်သည်။ စုရီမှ စကားမဆိုတော့ဘဲ ပြန်လှည့်ပြီး ဝမ်ကျူ၏ အလောင်းရှေ့သို့ လျှောက်လှမ်းသွား၏။

အချိန်အတော်ကြာ စစ်ဆေးကြည့်လျက် သက်ပြင်းချကာ၊

“ ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်လဲ။ ”

-ဟု ရေရွတ်လိုက်သည်။ ထိုစကားကို ကြားချိန်တွင် ပုဟန်မှ စိတ်သက်သာရာရပြီး သက်ပြင်းချ၏။

“ ဟုတ်တယ် တကယ့်ကို နှမြောစရာပဲ စိတ်ဝိညာဉ် ပျက်စီးသွားပြီဆိုရင် ဘယ်သူမှ မကယ်တင်နိုင်ပါဘူး ...

... ဒါက နဝမမြောက် စမ်းသပ်မှုရဲ့ ကြောက်စရာကောင်းတဲ့ ရလာဒ်ပဲ ဒီအဆင့်မှာ ကောင်းကင်နတ်ဆိုးမီးလျှံလိုမျိုး ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေရှိတယ် ...

... တစ်ကြိမ် ကျူးကျော်ဝင်ရောက်ခြင်း ခံရရုံနဲ့ နတ်ဆိုးတစ်ကောင် ဝင်ပူးနေလာသလိုပဲ ချီသွေဖည်မှု အလွယ်တကူ ဖြစ်စေနိုင်တယ်။”

ထိုသုံးသပ်ချက်ကြောင့် စုရီတစ်ယောက် ထူးဆန်းသောအမူအရာဖြင့် ပုဟုန်ထံပြန်ကြည့် လိုက်သည်။

“ စိတ်မကောင်းစရာပဲ သူ ... ချီသွေဖည်မှုကြောင့် သေခဲ့တာ မဟုတ်ဘူး။ ”

“ မင်း ... ဘာကိုဆိုလိုတာလဲ။ ”

“ ငါ မမှားဘူးဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်မှာ ပြဿနာရှိနေနိုင်ပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်ပေါ် ပျက်စီးသွားစေတဲ့အရာက ... ရောင်စဉ်ငါးပါး နတ်ဆိုးပန်းလို့ခေါ်တဲ့ အဆိပ်တစ်မျိုးပဲ။ ”

***

All Chapters