အခန်း ၁၁၆၉
Vol. 98 Ch. 1169
အခန်း ၁၁၆၉ -
နဝမမြောက် စမ်းသပ်မှုကို ကျော်ဖြတ်ခြင်း ... ။
ပုဟုန်တစ်ယောက် စုရီစကားကြောင့် ချက်ချင်းထရပ်လိုက်သည်။
“ မင်း ... ဘာလို့ မဟုတ်မမှန် စွပ်စွဲနေရတာလဲ။ ”
သူ့မျက်လုံးများသည် အေးစက်နေကာ ဒေါသမှာ ထင်ရှားနေ၏။ သူသည် မတရားခံရ သဖြင့် စိတ်ထိခိုက်နေပုံပေပင်။ စုရီမှ ထိုအမူအရာထံ ရယ်ချင်စိတ်ကို ထိန်းလျက်၊
“ အစကတော့ ... ငါဒီလို အဓိပ္ပာယ် မရှိတဲ့ကိစ္စတွေမှာ ပါဝင်အတွက် ဆန္ဒမရှိဘူး ဒါပေမယ့် မင်းက အရမ်းကောက်ကျစ်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် စုရီတစ်ယောက် ရုတ်တရက်ပျောက်ကွယ်သွား၏။ ခဏအတွင်း သူသည် ပုဟုန်ရှေ့တွင် ပေါ်လာသည်။
“ မင်း သေချင်နေတာပဲ။ ”
ပုဟုန်တစ်ယောက် မျက်ဝန်းများ မှေးစင်းလျက်ဖြင့် ကျင့်ကြံမှုကိုရုတ်ချည်းပင် အသက်သွင်းလိုက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်တော့၏။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
သို့သော် စုရီမှ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး ဝမ်းဗိုက်ထံကန်သွင်းလာသည်။ ခန္ဓာကိုယ် ကွေးညွတ်လျက်ဖြင့် နာကျင်စွာ ရှုံမဲ့သွားတော့၏။
တစ်ဆက်တည်းမှာပင် လက်ကောက်ဝတ်အရိုး အက်ကွဲသံနှင့်အတူ လက်ပြတ်သွားပြီး သူ့လက်ချောင်းများကြားမှ အနက်ရောင်ပုတီးစေ့တစ်စေ့ ကျလာချေပြီ။
“ ဝှစ် ... ။ ”
စုရီမှ ဖမ်းယူလိုက်၏။ တစ်ဖက်တွင် ဆယ်ပေအကွာသို့ လွင့်စင်ပြုတ်ကျသွားခဲ့သည့် ပုဟုန်သည် မယုံကြည်နိုင်စွာဖြင့် ထိတ်လန့် တုန်လှုပ်သွားပြီးနောက်၊
“ မင်း ဘယ်သူလဲ ... မင်းလို သေမျိုးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်တော့၏။
သို့သော် စုရီသည် သူ့မေးခွန်းကို လျစ်လျူရှုကာ အနက်ရောင် ပုတီးထံ စစ်ဆေးလျက်ဖြင့်၊
“ တကယ်ပဲ ကြက်သွေးရောင် သွေးရေခဲမြက်ကနေ သန့်စင်ထားတဲ့ ဝိညာဉ် ပုတီးစေ့ပဲ ရောင်စဉ်ငါးပါးနတ်ဆိုးပန်းဝတ်မှုန် အပေါ် ပိတ်ဆို့နိုင်တယ်။ ”
-ဟု ရေရွတ်လိုက်သည်။ သည့်နောက် ပုဟုန်ထံ ပြန်စိုက်ကြည့်ကာ၊
“ မင်းသာ ... ငါ့ကို ဒုက္ခပေးဖို့အတွက် ဒီပုတီးစေ့ကို လက်ဖဝါးထဲမှာ ဝှက်မထားခဲ့ရင် ငါ မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး။”
-ဟု ပြောကြားလိုက်၏။
ရောင်စဉ်ငါးပါး နတ်ဆိုးပန်းသည် အလွန်ရှားပါးသော အဆိပ်တစ်မျိုးဖြစ်သည်။ ဤပန်းဝတ်မှုန်ကို ဂရုတစိုက်သန့်စင်သောအခါ စိတ်ဝိညာဉ်ထံ တိုက်ခိုက်နိုင်၏။
ယင်းသည် နတ်ဆိုးတစ်ကောင် ဝင်ရောက်သိမ်းယူခြင်း ခံလိုက်ရသလိုပေပင်။ သေမျိုးများမဆိုနှင့် အင်မော်တယ်များပင် သတိ ထားမိမည် မဟုတ်ချေ။
“ မင်း နားလည်မှုလွဲနေတာပဲ ... ငါ့ကိုယ်ငါ ကာကွယ်ဖို့ ဆောင်ထားတာ။ ”
ပုဟုန်မှ ငြင်းဆန်သည်။ စုရီမှ ပြုံးလိုက်သည်။ ထိုသို့သောလှည့်စားမှုများနှင့် ငြင်းခုံရန် ပျင်းရိလွန်းချေ၏။ ထို့ကြောင့် ရှေ့သို့ ချက်ချင်းလှမ်းတက်လိုက်ကာ လက်ဖဝါးနှင့် ရိုက်သတ်ပစ်လိုက်သည်။
“ ဝှစ် ... ။ ”
“ မင်း ... ။ ”
“ အား ... ။ ”
ပုဟုန်ခမျာ ရှောင်တိမ်းရန် ကြိုးစား လိုက်သော်လည်း အသားပုံအဖြစ် ပြောင်းလဲ အဆုံးသတ်သွားတော့၏။
***
ခန်းမကြီးတစ်ခုအတွင်း အင်အားစု အသီးသီးထံမှ အကြီးအကဲများသည် ပျင်းရိစွာ စောင့်ဆိုင်းလျက် စကားပြောဆိုနေသည်။
“ ငါ မမှားရင် သခင်စုဆိုတဲ့ ... လူငယ်လေးက ကောင်းကင်စမ်းသပ်ဂူထဲကို ဝင်သွားတာ လေးနာရီနီးပါးရှိပြီ သူ့ကို အခုထိ မဖယ်ရှားရသေးဘူး မယဒ့နိုင်စရာပါပဲ။ ”
မီးခိုးရောင်ဝတ် အဖိုးကြီးတစ်ဦးမှ လှောင်ပြုံးဖြင့် အကြောင်းအရာတစ်ခုအဖြစ် စတင်ပြောကြားလိုက်၏။
ကောင်းကင်စမ်းသပ်ဂူကို စိန်ခေါ်သော သေမျိုးတစ်ယောက်အပေါ် ကောင်းမွန်သည့် အမြင်မျိုး မရှိသည်မှာ သဘာဝပေပင်။
“ တာအိုအစ်ကို မင်းယဉ်ကျေးသင့်တယ်။ ”
တစ်စုံတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။
“ အဲဒီသခင်လေးက နဂါးနက်စျေးမြို့ရဲ့ ထိပ်တန်းဧည့်သည်တစ်ယောက်ပဲ ကြယ်တာရာ သူတော်စင်အင်မော်တယ်တောင်မှ ကိုယ်တိုင် လိုက်ပို့ပေးရမယ် ...
... ဟာသတွေက အဆင်ပြေပေမယ့် မင်းရဲ့ကန့်သတ်ချက်ကိုတော့ မင်းကိုယ်တိုင် သိထားသင့်တယ်။ ”
ထိုစကားကြောင့် မီးခိုးရောင်ဝတ် အဘိုးကြီးခမျာနှလုံးသား တစ်ခုလုံး တင်းကျပ် သွားလေသည်။ သည့်စဉ် ရုတ်တရက် တာအို ခေါင်းလောင်းသံ (၉)ချက် ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံး တုန်ခါသွား၏။
“ တာအိုနတ်ခေါင်းလောင်း မြည်နေပြီ တစ်ယောက်ယောက် ကောင်းကင်စမ်းသပ်ဂူရဲ့ အဆင့်ကိုးဆင့်ကို အောင်မြင်ပြီ။ ”
အမျိုးသမီးတစ်ယောက်မှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ အခြားသူများသည်လည်း မှင်သပ်ကုန်၏။
“ ငါမမှားရင် အဲဒီလူငယ်က ပြိုင်ဘက်ကင်းပါရမီရှင် ဝမ်ကျူဖြစ်ရမယ်။ ”
“ ဟမ့် ... ငါ့ဂိုဏ်းရဲ့ ပါရမီရှင်ပုဟုန်လဲ ဖြစ်နိုင်ပါတယ်။ ”
လူအများက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်များပေးလာကြသည်။ ဓမ္မအဆုံးခေတ် ကုန်ဆုံးပြီးကတည်းက အမည်ခံအင်မော်တယ် များစွာတို့သည် ဤစျေးမြို့သို့ရောက်ရှိခဲ့၏။
သို့သော် မည်သူမျှ နဝမအဆင့်အထိ အောင်မြင်ခြင်းမရှိချေ။ ယခုမူ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်လာခဲ့ချေပြီ။ ဒဏ္ဍာရီတစ်ပုဒ်ကို သူတို့ သက်သေပြခွင့် ရရှိလာပြီဖြစ်၏။
“ ဂုဏ်ယူပါတယ် ... တာအိုမိတ်ဆွေ ဝမ်ကျူရဲ့အောင်မြင်မှုနဲ့ အမည်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို သိသိသာသာ ပြောင်းလဲစေတော့မှာ သေချာပါတယ်။ ”
အကြီးအကဲ အများအပြားသည် အမျိုးသမီးယွမ်နင်ကို ဂုဏ်ပြုစကားဆိုလိုက် ကြလေသည်။ ယွမ်နင်မှ ခေါင်းခါပြပြီး၊
“ ဒါက ဘယ်သူလဲဆိုတာ မသေချာသေးပါဘူး ငါ့ကိုစိတ်ပျက်အောင် မလုပ်ပါနဲ့။ ”
-ဟု တုန့်ပြန်လိုက်၏။
ထိုသို့ ငြင်းဆန်လိုက်သော်လည်း သူမမျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များ တောက်ပလာသည်။
တစ်ဖက်တွင် သဟဇာတခြောက်ပါး အကယ်ဒမီကျောင်း၏ အကြီးအကဲလီစုန်ဖူးမှ ပြုံးရယ်လျက်၊
“ ဟားဟားဟား ... တာအိုယွမ်နင်ပြောတာ မှန်တယ်၊ ရလဒ်ကို ရှင်းရှင်းလင်းလင်းမသိရဘူး အခုချိန် ဒီလိုပျော်ရွှင်နေတာ မမျှော်လင့်ထားတဲ့ တစ်စုံတစ်ရာဖြစ်ခဲ့ရင် လူတိုင်းအတွက် ရယ်စရာ ဖြစ်သွားလိမ့်မယ်။ ”
-ဟု အဓိပ္ပါယ်ပါပါ ဝင်ပြောလိုက်သည်။
သူ့စကားများအရ သူ့ဂိုဏ်းမှ ပုဟုန်အပေါ်တွင် မျှော်လင့်ချက်ထားကြောင်း မြင်သာချေပြီ။ ယွမ်နင်မှ လှမ်းကြည့်လိုက်၏။ သို့သော် မည်သည့် စကားကိုမျှ မဆိုခဲ့ချေ။
“ ဝမ် ... ။ ”
အချိန်များ ကုန်လွန်သွားလေသည်။ များမကြာခင်မှာပင် ခန်းမနံရံပေါ်၌ ရေဝဲကြီး ပေါ်လာကာ လူငယ်တစ်ယောက် လှမ်းထွက်လာ၏။
“ ဒါ ... ။ ”
ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရချိန်တွင်မူ လူတိုင်းအံ့အားသင့်သွား တော့သည်။ အမျိုးသမီးယွမ်နင်သည်ပင် တောင့်တင်းအေးခဲသွား၏။
ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်ကုန်သည်။ အဘယ့်ကြောင့်ဆိုသော ဤသည်မှာ စုရီဖြစ်နေသောကြောင့်ဖြစ်၏။
ဝိုင်အိုးကို လက်တစ်ဖက်ဖြင့် မော့သောက်လျက် လက်တစ်ဖက်ကို နောက်သို့ ပို့ထားချေပြီ။
သူက လူတိုင်း၏ အံ့အားသင့်နေသော အမူအရာကိုမြင်ချိန်၌ ပြုံးရယ်လျက် ခေါင်းရမ်း လိုက်တော့၏။ ဤမျှ လိုအပ်လွန်းသည်လော။ သေးငယ်သော အောင်မြင်မှုလေးပေပင်။
“ မင်း ... မင်းဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
တစ်စုံတစ်ယောက်မှ အံ့အားသင့်သွား၏။
“ ဘာလို့ ငါ မဖြစ်ရမှာလဲ။ ”
စုရီမှ မျက်ခုံးပင့်ကာ မေးလိုက်သည်။ လူတိုင်းက ပြန်မဖြေချေ။ လီစုန်ဖူတစ်ယောက် သတိဝင်လာပြီး၊
“ ဒါဆို သခင်လေးစုပေါ့။ ”
-ဟု ညည်းတွားလိုက်သည်။
“ ငါကလွဲရင် တခြားဘယ်သူ ရှိသေးလို့လဲ။ ”
“ ဒါ ... ။ ”
လူအများမှာ မယုံကြည်နိုင်သေးချေ။ စုရီတစ်ယောက် အတွင်းသို့ဝင်ရောက်သွားခဲ့ သည်မှာ လေးနာရီမျှသာ ရှိသေး၏။ မည်သူ ယုံနိုင်မည်နည်း။
စုရီက လူတိုင်းထံ လျစ်လျူရှုကာ အမျိုးသမီးယွမ်နင်ထံ လှည့်ကြည့်လျက် သတိ ရသွားပြီး၊
“ ဝမ်ကျူဆိုတဲ့လူသေသွားပြီ ပုဟုန်က သူ့ကိုအဆိပ်ခတ်ပြီး သတ်လိုက်တယ်။ ”
- ဟု အသိပေးလိုက်သည်။
စုရီအတွက် အခြားသူများအရေးကို ဝင်ရောက်စွက်ဖက်ခြင်းအပေါ် နှစ်သက်ခြင်း မရှိသော်လည်း ဤကိစ္စတွင် သူသည်လည်း ပတ်သက်နေခဲ့၏။
ယွမ်နင်တစ်ယောက် မယုံနိုင်ဟန် မျက်နှာပျက်ယွင်းလျက်ဖြင့် ရောင်ဝါများ လှုပ်ခါလာချေပြီ။ တစ်ဖက်တွင် လီစုန်ဖူခမျာ မျက်လုံးပြူးကျယ်သွားပြီး၊
“ အဓိပ္ပာယ်မရှိဘူး ... လုံးဝပဲ ငါ့တပည့်ပုဟုန်က ဝမ်ကျူကိုဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ ”
-ဟု ငြင်းဆန်တော့၏။ စုရီမှ ပြုံးလျက်၊
“ ငါက ဖြစ်စဉ်တစ်ခုကို ပြောပြနေတာ ဒီအတွက်နှုတ်ပိတ်ဖို့ ... မင်းရဲ့တပည့်ပုဟုန်က ငါ့ကိုသတ်ဖို့တောင် ကြိုးစားခဲ့သေးတယ် ဒါပေမယ့် ငါသူ့ကိုသတ်လိုက်ပါပြီ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစကားသည် လူအုပ်ကြီးကို လုံးဝ အံ့အားသင့်သွားစေ၏။ လီစုန်ဖူတစ်ယောက် မျက်လုံးများပြူးကျယ်လျက် လုံးဝမှင်သပ်သွားချေပြီ။
“ ဘယ်လောက် ရဲရင့်လိုက်လဲ။ ”
လူတိုင်းရှေ့တွင် သူ့တပည့်ကို သတ်ခဲ့ကြောင်း လူသတ်သမားတစ်ယောက်မှ ပေါ့ပေါ့ပါးပါးဝန်ခံနေ၏။
“ မင်း မယုံရင် နဂါးနက်အစောင့်တွေကို နဝမခန်းမဆီ သွားစုံစမ်းခိုင်းလို့ရတယ် ... သူတို့ မင်းကို ရှင်းပြပေးလိမ့်မယ်။ ”
စကားဆုံးသည်နှင့် စုရီမှ ယွင်နင်ရှေ့မှ လှည့်ထွက်လာခဲ့သည်။ သို့သော် လီစုန်ဖူသည် ခွင့်မပြုချေ။ ဒေါသတကြီးဖြင့်၊
“ ရပ်စမ်း ဒီကိစ္စရှင်းသွားတဲ့အထိ ထွက်သွားခွင့်မရှိဘူး။ ”
-ဟု ဟန့်တားလာတော့၏။
သူတော်စင်အင်မော်တယ်တစ်ပါး၏ ခမ်းနားသောရောင်ဝါသည် ခန်းမကြီးအတွင်း လေးလံစွာ ထွက်ပေါ်လာချေပြီ။
သို့သော် စုရီသည် ဂရုမစိုက်ခဲ့ဘဲ ခန်းမထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွား၏။
“ မင်း သေချင်နေတာပဲ။ ”
လီစုန်ဖူမှ ချက်ချင်း တိုက်ခိုက်ရန် လှုပ်ရှားလိုက်သည်။ တည်နေရာရွေ့ပြောင်းပြီး စုရီပခုံးကို လက်ဖဝါးဖြင့် ဖိချလိုက်၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် သူ့လက် မရောက်ခင်မှာပင် တစ္ဆေတစ်ကောင်လို အခြားသောပုံရိပ်တစ်ခု ပေါ်လာပြီး လက်သီးနှင့် ထိုးချလာ၏။
လီစုန်ဖူခမျာ နောက်ပြန် လွင့်စဉ်လဲကျသွားပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူဖျော့သွားတော့၏။ ဤသည်မှာ ရှင်းယုပေပင်။ သူ့မျက်လုံးများသည် ရေခဲလိုအေးစက်နေပြီး၊
“ လီစုန့်ဖူ၊ မင်း သေမင်းကို ဖိတ်ခေါ်နေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
လူတိုင်းကျောရိုးတလျှောက် အေးစက်မှု ဝင်ရောက်လာသည်။ လီစုန်ဖူမှ ချက်ချင်းထကာ မျက်နှာပျက်ယွင်းစွာဖြင့်၊
“ တာအိုရှင်းယု အထင်မလွဲပါနဲ့ ဒီကောင်လေးက ငါ့ဂိုဏ်းရဲ့ဆက်ခံသူပုဟုန်ကို သတ်ခဲ့တယ် ... အမှန်တရားကို စုံစမ်းစစ်ဆေးဖို့ သူ့ကို ဒီမှာဆက်ရှိစေချင်ရုံပါ။ ”
-ဟု ရှင်းပြလေသည်။ ရှင်းယုမှ ဂရုမစိုက်ဘဲ၊
“ သခင်လေးစုက မင်းတပည့်ကို သတ်ခဲ့ရင်တောင် ဘာဖြစ်သေးလဲ ဒါမှမဟုတ် မင်းရော သေချင်နေတာလား။ ”
-ဟု တုန့်ပြန် မေးမြန်းလိုက်တော့၏။ လူတိုင်းမျက်ခုံးပင့်လျက် ပြောစရာစကားများ ကင်းမဲ့သွားချေပြီ။
“ ဒီကိစ္စကို မင်းနဲ့ ထားခဲ့မယ်။ ”
စုရီမှ စိတ်မရှည်တော့ဘဲ ခန်းမအပြင်သို့ လှမ်းထွက်သွားတော့သည်။ ရှင်းယုတစ်ယောက် ချက်ချင်း ဦးညွှတ်ကာ၊
“ စိတ်ချပါ သခင်လေး ... ဂရုစိုက်ပါ။ ”
-ဟု နှုတ်ဆက်လိုက်၏။
ထိုမြင်ကွင်းက လီစုန်ဖူကို လေးလံသော ခံစားချက်များ ဝင်ရောက်လာစေ၏။ ယွမ်နင်ပင် တိတ်ဆိတ်နေခဲ့ချေပြီ။
***