← Chapters

အခန်း ၁၁၇၀

Vol. 98 Ch. 1170

အခန်း ၁၁၇၀

Vol. 98 Ch. 1170

အခန်း ၁၁၇၀ -

ငါ သဘောမတူဘူး။

ခုနစ်ရက်အကြာတွင် နဂါးနီသခင်သည် စုရီထံသို့ လာရောက်လည်ပတ်လေသည်။ သူမ ယင်ခင်ထက်စာသော် ပို၍ တည်ငြိမ်နေ၏။

သူမသည် စုရီထံမှ လမ်းညွှန်မှုနှင့် မေးခွန်းများအတွက် အဖြေများကို မေးမြန်းရန် လာခြင်းပေပင်။ စုရီသည် ကြိမ်ကုလားထိုင်တွင် သက်တောင့်သက်သာထိုင်ကာ မျက်လုံးများကို မှိတ်ကာ နေပူစာလှုံနေသည်။

နဂါးနီသခင်သည်လည်း ကုလားထိုင်တစ်လုံးတွင်ထိုင်ကာ မေးခွန်းများ စိတ်အားထက်သန်စွာ မေး၏။

ဤခုနစ်ရက်အတွင်း စုရီသည် အမည်ခံအင်မော်တယ်အဆင့် ကျင့်ကြံမှုကို တည်ငြိမ်အောင် တည်ဆောက်နေခြင်းပေပင်။

သူတို့၏စကားဝိုင်းကို ဖုံးကွယ်ထားခြင်းမရှိသောကြောင့် ဖန်ဟန်သည် စပ်စုချင်စိတ်ဖြင့် မဝေးလှသောနေရာတွင် ရပ်၍ နားထောင်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လှုပ်ထွေးမှုများပိုမို များပြားလာပြီး နှလုံးသားထဲ ကြောက်ရွံ့မှုကိုပင် ခံစားလာရသည်။ သူသည် လူပိန်းတစ်ယောက်သကဲ့သို့ပေပင်။

ထိုအချိင်းအရာကိုမြင်သောအခါ ချင်းဝေမှ သူ့ကိုလျင်မြန်စွာဆွဲထုတ်ကာ အာရုံများအပေါ် ကာကွယ်ပေးလျက် နိုးကြားစေလိုက်၏။

ဖန်ဟန်တစ်ယောက် သတိပြန်ရလာချိန်တွင်မူ မျက်နှာပေါ်တွင် အေးစက်သောချွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့၏။

“ အခု ပြောနေတဲ့ ... အကြောင်းအရာ တွေထဲမှာ အင်‌မော်တယ်အဆင့် လျှို့ဝှက်ချက် အများကြီး ပါဝင်နေတယ် ... မင်း မပြောနဲ့ ငါနားထောင်ရင်တောင် ငါကျင့်ကြံမှု သွေဖည်သွားလိမ့်မယ် ...

... အဆိုးဆုံးအခြေအနေမှာ ငါ့ရဲ့စိတ်အခြေအနေ ပြိုလဲသွားပြီး ငါ့ကျင့်ကြံမှု ကျဆင်းသွားလိမ့်မယ်။ ”

သူမစကားကြောင့် ဖန်ဟန်ခမျာ အံ့သြတကြီးဖြင့်၊

“ ဒါပေမယ့် စီနီယာ၊ သူက အင်မော်တယ်ပေါ်တောင် မရောက်သေးဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား ဒါဆို ဘယ်လိုလုပ် အင်‌မော်တယ်ဘုရင်တစ်ပါးအတွက် လမ်းညွှန်ပေးနိုင်ရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ နောက်မှာ မင်းနားလည်လာလိမ့်မယ်။ ”

ချင်းဝေက သိမ်မွေ့စွာ ပြန်ဖြေလိုက်၏။ ဧကရာဇ်သခင်အတွက် အင်မော်တယ်ဘုရင်၏ သံသယများကို ဖြေရှင်းရာတွင် ခက်ခဲခြင်း မရှိသည်မှာ သာမန်ပေပင်။

ထိုအချိန်တွင် အဝေးမှ စုရီသည် ကုလားထိုင်ကနေ ထရပ်လိုက်ပြီး၊

“ ဒီနေ့အတွက် ရပ်လိုက်ရအောင် ပြန်သွားပြီး ငါပြောတဲ့အတိုင်း လေ့ကျင့်ပါ။ ”

-ဟု ပြောကြားတော့၏။

“ ဟုတ်ကဲ့ ... ။ ”

နဂါးနီသခင်မှ ထရပ်ကာ ဦးညွှတ်လိုက်သည်။ သူမ၏အပြစ်ကင်းစင်သော မျက်လုံးများတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်နေချေပြီ။

ပညာရှိတစ်ယောက်နှင့် စကားစမြည်ပြောကြားခြင်းသည် ဆယ်နှစ်ခန့် စာပေဖတ်ရှုခြင်းထက် ပိုမိုတန်ဖိုးရှိ၏။

ယနေ့တွင် စုရီရှင်းပြချက်ကြောင့် မိုးတိမ်များလွင့်ပါးသကဲ့သို့ ခံစားလိုက်ရပြီး ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားသည်။

ဤကာလအတွင်း နဝမခန်းမတွင် ဖြစ်ပျက်ခဲ့သော အမှန်တရားသည်လည်း ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် အမျိုးသမီးယွမ်နင်နှင့် လီစုန်ဖူတို့သည် တိုက်ခိုက်လုနီးပါးဖြစ်သွား လေသည်။

ရှင်းယုမှ သူတို့နှစ်ဦးလုံးကို တားဆီးခဲ့သော်လည်း နဂါးနက်စျေးမြို့မှသည် ထွက်ခွာသွားပြီးနောက် သေချာပေါက် ပဋိပက္ခတစ်ခု ဖြစ်ပွားနိုင်ပေမည်။

“ ပုဟုန်သေဆုံးမှုကို ... အခု ဘာမှမပြောပေမယ့် လီစုန်ဖူက ဒီကိစ္စအပေါ် ထားလိုက်မယ်မထင်ဘူး အနာဂါတ်မှာ လျှို့ဝှက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ် ... စီနီယာ သဘောတူရင် အခုပဲ သွားသတ်လိုက်မယ်။ ”

သူမစကားသည် ပေါ့ပေါ့ပါးပါးပေပင်။ သို့သော်ချင်းဝေအတွက်မူ ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလာရ၏။ လီစုန့်ဖူသည် သူတော်စင်သခင်ပေပင်။

နဂါးနီသခင် အမြင်တွင် အလွယ်တကူ သတ်နိုင်သော ကြက်တစ်ကောင်နှင့် မခြားချေ။ စုရီမှ ခေါင်းရမ်းလိုက်သည်။

“ မလိုအပ်ဘူး ... ။ ”

ထို့နောက်တွင် နဂါးနီသခင်သည် ခေါင်းညိတ်ပြီး မြန်မြန် ထွက်သွားတော့သည်။ သူမ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် စုရီက ချင်းဝေကိုလက်ပြကာ၊

“ လာ ... ငါနဲ့အတူ တာအိုကျောက်တိုင်တောအုပ်ကို လိုက်ခဲ့။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

ချင်းဝေတစ်ယောက် မျက်ဝန်းများ တောက်ပလာပြီး ပျော်ရွှင်စွာ သဘောတူလိုက် လေသည်။

တိမ်ပင်လယ်အတွင်း ရှေးဟောင်း ဝင်္ကပါအစီရင်ကြီးသည် ရွှေရောင်အဆင်းများ တောက်ပလျက် ဖုံးအုပ်ထား၏။

ထိုဝင်္ကပါ ကန့်သတ်ချက်အစီရင်ကို ဖွင့်လှစ်လိုက်သောအခါ တိမ်ပင်လယ်အတွင်း၌ ကျောက်တိုင်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာ တစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။

လေထုအတွင်း ရှုပ်ထွေးလွန်းသော ဖရိုဖရဲစွမ်းအင်သည် မြူများအလားရစ်သိုင်းကာ ရှေးဟောင်းနှင့် သန့်ရှင်းသော လေထုကို ဖန်တီးပေးထားသည်။

ကျောက်တိုင်ကြီးများသည် ထိုမြူများအတွင်း မြင့်မားမတ်စောက်သော တောင်ကြီးကိုးခုနှင့် တူနေ၏။

ထိုကျောက်တိုင်ကိုးခုသည် အင်မော်တယ်နယ်မြေ ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့သည်ဟု ဒဏ္ဍာရီများက ဆိုထားသည်။ ကျောက်တိုင်တစ်ခုစီတွင် တာအို၏ လျှို့ဝှက် နက်နဲသော သဘောတရားများ ပါရှိ၏။

အံ့သြစရာကောင်းလောက်အောင်ပင် ကျောက်တိုင်များပေါ်ရှိ မဟာတာအိုအမိန့်များ အားလုံးသည် သက်ရှိအလား အဆက်မပြတ် သက်ဝင်ပြောင်းလဲနေသည်။

ရေစီးကြောင်း၊ မီးတောက်နှင့် ဝုန်းဒိုင်းကျဲနေသော လေပြင်းများစသည်တို့ ဖြစ်၏။

နဂါးနက်စျေးမြို့ သမိုင်းတစ်လျှောက် အင်မော်တယ်‌မြေ၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များစွာ ဤကျောက်တိုင်ကိုးတိုင်ရှေ့သို့ ဝင်ရောက်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသည်။  

လူအချို့သည် တစ်ညတည်းနှင့် ဉာဏ်အလင်းရရှိကာ မဟာတာအိုစွမ်းအားပေါ် အဆင့်သစ်တစ်ခုသို့ ယူဆောင်နိုင်၏။

သို့သော် အများစုသည် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်တိုင်များရှိ ရှေးဟောင်းတာအိုအမိန့်များသည် နားလည်ရ မလွယ်သောကြောင့် ဖြစ်၏။

ယခုတွင်လည်း ထိုတာအိုကျောက်တိုင် ကိုးတိုင်ရှေ့တွင် စင်မြင့်တစ်ခုရှိနေပြီး အဖိုးကြီး တစ်စုမှာ သတ္တမတာအိုကျောက်တိုင်ပေါ်မှ တာအိုအမိန့်များကို မှန်းဆနေကြသည်။

သူတို့ထဲမှ ဆံပင်နှင့် မုတ်ဆိတ်မွေး ဖြူဆွတ်နေသော အဘိုးကြီးသည် ဝေးလံသည့် အရပ်တွင် တစ်ယောက်တည်းထိုင်နေပြီး ကြေးဝါတစ်ချပ်ကို လက်ထဲကိုင်ထား၏။

ဤသည်မှာ လုပြည်နယ်ရှိ နတ်ဘုရားတံတိုင်း အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ မိုကန်ချိုဖြစ်သည်။

ဝင်္ကပါပညာရပ်နှင့် အဆောင်များကို ရေးထွင်းရာတွင် ကျွမ်းကျင်သောအင်မော်တယ် သခင်တစ်ပါးပေပင်။

တစ်ချိန်တည်းမှာပင် အခြားသော အကြီးအကဲများသည် ဆွေးနွေးငြင်းခုံနေကြပြီး သတ္တမမြောက် တာအိုကျောက်တိုင်ထံ စူးစမ်း လေ့လာနေကြ၏။

“ အဆင်မပြေသေးဘူး။ ”

မျက်ခုံးဖြူဖြူနှင့် ဘုန်းကြီးအိုတစ်ပါးက အကူအညီမဲ့စွာပြုံးလိုက်တော့သည်။ ကြာပန်း ကျောင်းတိုက်မှ စည်းကမ်းထိန်းသိမ်းရေး ခန်းမ အကြီးအကဲ ကျိကျန်းဖြစ်သည်။

လူအုပ်ကြီးထဲတွင် အမြင့်ဆုံးရာထူးနှင့် ကျင့်ကြံမှုရှိကာ သူ့ကိုယှဉ်နိုင်သူသည် မိုကန်ချူ တစ်ယောက်တည်းသာရှိ၏။

အခြားသူများသည်လည်း စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ပျက်နေကြ လေသည်။

“ ပထမကျောက်တိုင်ခြောက်ခုရဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ (၁၉)နှစ်သာ ကြာခဲ့တယ် ဒါပေမယ့် အခု သတ္တမမြောက် တာအိုကျောက်တိုင်က (၂၉)နှစ် ...

... ကုန်ဆုံးသွားတာတောင် ဒီလျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သေးဘူး တကယ့်ကို စိတ်ပျက်စရာပဲ။ ”

တစ်စုံတစ်ယောက်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။ ဆိုလိုသည်မှာ သူတို့၌ ဆက်လက်နေထိုင်ရန် တစ်နှစ်မျှသာ အချိန်ရှိပေတော့၏။

ထိုတစ်နှစ်အတွင်း ကျန်ရှိနေသော ကျောက်တိုင်များကို မည်သို့ဖော်ထုတ်နိုင် တော့မည်နည်း။

“ အဘိုးကြီးမိုဟာ ... အဲဒီသတ္တမ တာအိုကျောက်တိုင်ပေါ်က တာအိုအမိန့်တွေကို ဖော်ထုတ်ဖို့ ဆယ့်သုံးနှစ်ကြာတရားထိုင် နေရတယ် သူ အခုထိ နိုးမလာသေးဘူး။ ”

“ ဘာပဲဖြစ်ဖြစ် သူ နိုးလာလို့ တွက်ချက်မှုအမှားလုပ်မိရင် အကျိုးဆက်ကို မတွေးတတ်အောင် ဖြစ်သွားနိုင်တယ်။ ”

လူတိုင်း၏ အကြည့်များက မိုကန်ချူထံ ကျဆင်းသွားသည်။ မိုကန်ချူသည် မြေပေါ်တွင် ရွှံ့ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ထိုင်နေ၏။

သူတို့ထဲတွင် မိုကန်ချူသည် ကောက်ချက်ချရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြောင်း ထင်ရှားနေသည်။

အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် မိုကန်ချူသည် ကျော်ကြားသောဝင်္ကပါတာအို အင်‌မော်တယ်တစ်ပါးဖြစ်၏။

သို့သော် ယနေ့တွင် ဆယ့်သုံးနှစ်ကြာထိုင်နေခဲ့ပြီး ဖြစ်သော်လည်း သတ္တမတာအိုကျောက်တိုင်၏ လျှို့ဝှက်ချက် အပေါ် ကောက်ချက်မချနိုင်သေးချေ။

“ ငါ့အမြင်အရတော့ ... အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးတောင် အကူအညီမဲ့ သွားလိမ့်မယ် ထင်တယ်။ ”

ပိုးဖဲအင်္ကျီနှင့် အမျိုးသားတစ်ဦးမှ သက်ပြင်းချလိုက်သည်။ လူတိုင်း တိတ်ဆိတ် သွားတော့၏။ ထိုစဉ် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဘယ်သူ ပြောလဲ။ ”

လူတိုင်း အံ့အားသင့်သွားပြီး ပြန်လှည့်ကြည့်လိုက်၏။ အဝေးတစ်နေရာတွင် တိမ်ပင်လယ်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သူတို့ထံလျှောက်လှမ်း လာနေသည်ကို မြင်လိုက်ရသည်။

အမျိုးသားသည် ကျောက်စိမ်းရောင် ဝတ်လုံကိုဝတ်ဆင်လျက် လက်နှစ်ဖက်နောက်ပို့ ထားချေ၏။ အမျိုးသမီးသည် အလွန်လှပပြီး ဆွဲဆောင်မှုရှိလေသည်။ ဤသည်မှာ စုရီနှင့် ချင်းဝေတို့ပေပင်။

သို့သော် ရှင်းယုအခေါ် ဤလူအိုကြီးများအားလုံးသည် စုရီကို မသိကြချေ။ ချင်းဝေကိုသာ မှတ်မိကြ၏။

သက်ရှိအားလုံးကို အံ့အားသင့် ဆွဲမက်စေလောက်အောင် ဆွဲဆောင်မှုရှိသော ချင်းဝေကဲ့သို့ နတ်ဆိုးသူတော်စင်ကို မည်သူမျှ မသိဘဲနေရန် ခက်ခဲပေလိမ့်မည်။

“ ဒါဆို တာအိုချင်းဝေပေါ့။ ”

အဖိုးကြီးအချို့က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ပိုးဖဲအင်္ကျီဝတ်ထားသော အမျိုးသားက စုရီကိုကြည့်ကာ၊

“ ဒီကောင်လေးက မင်းရဲ့ဂျူနီယာလား ငါပြောတာနဲ့ ပတ်သက်ပြီး ပြဿနာရှိပုံရတယ် သူ လက်ခံချင်ပုံမရဘူး။ ”

-ဟု မေးမြန်းလိုက်သည်။ ချင်းဝေက ခေါင်းရမ်းလျက် သူ့အမြင်ကိုပြင်ပေးလိုက်၏။

“ မဟုတ်ဘူး ငါ့ရဲ့သခင်လေးပါ။ ”

ထိုအဖြေကြောင့် လူတိုင်း အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားလေသည်။ သူတို့အားလုံးသည် နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့သော အဖိုးကြီးများဖြစ်ချေ၏။

ချင်းဝေ၏ စကားအရ တစ်ဖက်လူတွင် နောက်ခံကောင်းကောင်းရှိရမည်ဟု နားလည် သဘောပေါက်လာခဲ့သည်။

ပိုးဖဲအင်္ကျီဝတ်ထားသော အမျိုးသားက ပြုံးပြီး လက်နှစ်ဖက်ကို အနည်းငယ်ဆုပ်ကိုင် ပြကာ၊

“ တောင်းပန်ပါတယ်၊ ငါ အရမ်း မာနကြီးလွန်းတယ် ... ဒီသခင်လေး ငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု ပြောကြားလိုက်၏။

စုရီမှ လက်ဝှေ့ယမ်းပြီး၊

“ ဒါက မာနကြီးတာမဟုတ်ဘူး မင်းပြောတာမှန်တယ် မင်းယူဆချက်အပေါ် ငါ သဘောမတူဘူး။ ”

-ဟု အတည်ပြုလိုက်၏။

ပိုးဖဲအင်္ကျီဝတ်ထားသောလူက မျက်မှောင်ကြုတ်ခဲ့သည်။ တောင်းပန်ပြီးသော်မှ ဂျူနီယာတစ်ယောက်သည် သူ့ကို မကျေမနပ် ဖြစ်နေဦးမည်ဟု မျှော်လင့်ထားပုံမရချေ။

ထို့ကြောင့် ချင်းဝေထံ တစ်ချက်ကြည့်လိုက်ကာ ပြုံးရယ်လျက် စုရီကို၊

“ ဟုတ်လား ... ဒါဆို သခင်လေး၊ မင်းမှာ တခြားအမြင်ရှိလားလို့ မေးချင်ပါတယ်။ ”

-ဟု မေးမြန်းလိုက်သည်။

လူတိုင်းက စုရီထံ လှည့်ကြည့်လာ၏။ သူတို့သည်လည်း ဤဖြစ်ရပ်အပေါ် အံ့အားသင့် နေဆဲပေပင်။ ဤဂျူနီယာတစ်ယောက်သည် သူတော်စင်အင်မော်တယ် တစ်ပါးနှင့် တိုက်ရိုက် ငြင်းခုန်ဝံ့နေသည်မှာ အဓိပ္ပါယ်မရှိချေ။

အထူးသဖြင့် သူတော်စင် အင်မော်တယ် ချင်းဝေသည် ထိုလူငယ်ကို တားဆီးခြင်း မပြုဘဲ ရပ်ကြည့်ကာ ခွင့်ပြုထားခြင်းပေပင်။

***

All Chapters