← Chapters

အခန်း ၁၁၇၁

Vol. 98 Ch. 1171

အခန်း ၁၁၇၁

Vol. 98 Ch. 1171

 အခန်း ၁၁၇၁ -

အားလုံးမှားနေတယ် ... ။

စုရီက လူတိုင်း၏ အကြည့်များကို လျစ်လျူရှုလျက် ပိုးထဲအင်္ကျီဝတ်ဆင်ထားသော လူထံ မော့ကြည့်ပြီး၊

“ မင်းတစ်ခုခုကို မလုပ်နိုင်တာက တခြားသူတွေ မလုပ်နိုင်တာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

 ဘီလူးအိုကြီးတစ်ခုမှာ အံ့အားသင့်သွားကြလေသည်။ အဆုံးတွင် သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်ကြ၏။

“ ဟားဟားဟား ... ။ ”

“ လူငယ်လေး ကျောက်တိုင်ကိုးချပ်ရဲ့ လျှို့ဝှက်ချက်တွေက ဘယ်လောက်အထိတောင် ခက်ခဲလဲဆိုတာ မင်းနားမလည်ဘူး။ ”

“ ဟား ဟား ဟား ... တကယ်ပဲ ဝါကြွားတတ်တဲ့ ဂျူနီယာတစ်ယောက်လား မင်း ဘယ်မိသားစုကလာတာလဲ ကောင်လေး။ ”

တစ်ဖက်လူများထံမှ လှောင်ပြောင် ရယ်မောသောအပြုအမူများကြောင့် ချင်းဝေမှ ခေါင်းရမ်းလျက်ပြုံးလိုက်မိ၏။

“ နောင်မှ ... မင်းတို့ ရယ်နိုင်မလားဆိုတာ ငါကြည့်မယ်။ ”

တစ်ဖက်တွင် ပိုးဖဲအင်္ကျီနှင့် လူသည် ချင်းဝေကိုဂရုမစိုက်တော့ဘဲ စုရီကို ကြည့်ကာ၊

“ ဒါဆို ... ဒီသခင်လေးက ဒီကျောက်တိုင်ကိုးချပ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်စွမ်းရှိလား။ ”

-ဟု မေးမြန်း၏။

သူ့ပုံစံသည် ဂျူနီယာတစ်ယောက်ကို စမ်းသပ်နေသော အကြီးအကဲတစ်ယောက်လို ပေပင်။ စုရီမှ ခေါင်းညိတ်၏။

“ ဟုတ်တယ်။ ”

လူအုပ်ကြီးမှာ သူတို့နားရွက်များကို သံသယများဝင်လာခဲ့သည်။

“ မင်း တကယ်လား။ ”

“ မယုံရင် မင်းငါနဲ့ အလောင်းအစား လုပ်ဝံ့သလား။ ”

“ ဘယ်လို အလောင်းအစားလဲ။ ”

ဘီလူးအိုကြီးများမှာ စိတ်ဝင်စားလာကြသည်။ တစ်ဖက်လူငယ်သည် မာနကြီးသော်လည်း ရဲရင့်ကြောင်း ဝန်ခံရပေမည်။

“ မင်းတို့ ဘယ်နေရာမှားသွားလဲဆိုတာ ငါထောက်ပြနိုင်ရင် ... မင်းတို့အားလုံး ငါ့ရှေ့မှာ ဦးညွှတ်ရမယ်။ ”

စုရီစကားကြောင့် ဘီလူးအိုကြီးများမှာ အံ့သြတကြီး အကြည့်ချင်းဖလှယ်ကာ ရယ်ချင် စိတ်ကို ထိန်းထားလိုက်ရ၏။

“ ကောင်းပြီ မင်း ရှုံးရင်ရော။ ”

ပိုးဖဲအင်္ကျီနှင့်လူက တွန့်ဆုတ်ခြင်းမရှိဘဲ မေးမြန်းလိုက်သည်။

“ မင်း ကြိုက်သလိုလုပ်ပါ။ ”

ဤတစ်ကြိမ်တွင် ပိုးဖဲအင်္ကျီနှင့် လူသည် ချင်းဝေထံ မကြည့်ဘဲ မနေနိုင်‌တော့ချေ။ ထိုသို့ လူငယ်တစ်ယောက်မှ ကစားချင်နေသည်ကို ခွင့်ပြုထားသည်လော။

“ အားလုံးပဲ အခုလိုမထီမဲ့မြင်ပြုမှုကို ဘေးဖယ်ထားပြီး သခင်လေးဆီကနေ နှိမ့်ချစွာ သင်ယူဖို့ အကြံပေးပါရစေ မဟုတ်ရင် အရှက်ရလိမ့်မယ်။ ”

ချင်းဝေမှ ပိုးဖဲအင်္ကျီနှင့်လူ၏ အကြည့်ကို နားလည်ထားသဖြင့်ပြုံးပြကာ ဖျောင်းဖျစကား ပြောကြားလိုက်သည်။ ထို့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

“ ဒါဆို ဘယ်လိုလဲ ဒီသခင်လေးက ငါတို့ရဲ့အမှားတွေကို တကယ်ထောက်ပြနိုင်ရင် ဘာလို့ဝန်လေးနေရမှာလဲ။ ”

သူ့စကားကို အခြားသော ဘီလူးအိုကြီးများသည်လည်း ချက်ချင်းပင် ခေါင်းညိတ်ကာသဘောတူလိုက်၏။

“ မှန်တယ် ... ဒီအဖိုးကြီးတွေ အမြင်ကို ကျယ်စေတဲ့ သခင်လေးကို တောင်းပန်ရတာ ဘာများ ခက်ခဲလို့လဲ လောင်းကြေးကို ငါ သဘောတူတယ်။ ”

“ ငါလည်း သဘောတူတယ်။ ”

လူတိုင်း စိတ်အားထက်သန်စွာ ဝင်ရောက်အတည်ပြုလာသဖြင့် ချင်းဝေက အားကိုးရာမဲ့စွာ ပါးစပ်ပိတ်လိုက်တော့၏။

“ ကောင်းပြီ ... အခုအားလုံးလည်း သဘောတူပြီဆိုတော့ သခင်လေးမြန်မြန်လာပြီး ဒီအဖိုးကြီးတွေကို အလင်းပြပါ။ ”

ပိုးဖဲအင်္ကျီနှင့်လူက ပြုံးလျက် စုရီကိုဖိတ်ခေါ်လိုက်သည်။ သူတို့အားလုံးသည် နှစ်ပေါင်း ခြောက်ဆယ်နီးပါး အချိန်ယူထားခြင်း ဖြစ်ချေ၏။

ယနေ့အလောင်းအစားသည် အမှန်ပင် ရယ်စရာကောင်းသော ဟာသတစ်ပုဒ်ပေပင်။ လူငယ်များသည် ကောင်းကင်ကြီးမည်မျှ မြင့်သည်ကို နားလည်ပုံမရချေ။

“ ကောင်းပြီ သေချာနားထောင်ပါ။ ”

စုရီက လူအုပ်အတွင်းဖြတ်သန်းကာ ကျော်ကတိုင်များထံ လျှောက်လှမ်းတော့၏။ သူ့ကို အဖိုးကြီးများမှ လမ်းဖွင့်ပေးချေပြီ။   

ထို့နောက် စုရီအကြည့်သည် သတ္တမမြောက်ကျောက်တိုင်ထံ ကျဆင်းသွား တော့သည်။

ကျောက်တိုင်တွင် ဖရိုဖရဲကမ္ဘာဦး စွမ်းအင်များနှင့် ပြည့်နှက်နေပြီး မျက်နှာပြင်၌ မရေမတွက်နိုင်သော မူလတာအိုအမိန့်ပုံစံများ ပြည့်နှက်နေ၏။

သို့သော် စုရီမှ အနီးကပ်စစ်ဆေး ကြည့်လိုက်သောအခါတွင် သဘာဝအတိုင်းပင် ထင်ရှားသော မြင်ကွင်းများအဖြစ် ပြောင်းလဲလာချေပြီ။

သာမန်အင်မော်တယ် ဘုရင်များအတွက် ဤကျောက်တိုင်မှ ရှေးဦးတာအိုအမိန့်များပေါ် ကောက်ချက်ချဖို့ရန် မလွယ်ချေ။

အတင်းအကျပ်လုပ်ဆောင်သော် စိတ်ဝိညာဉ်ကို မလွဲမသွေထိခိုက်စေပြီး ဝိညာဉ် ဖရိုဖရဲဖြစ်ကာ ပြင်းထန်သောအခြေအနေ၌ ချီသွေဖယ်မှု ဖြစ်စေနိုင်မည်။

စုရီအတွက်မူ သတ္တမမြောက် တာအိုကျောက်တိုင်ကို ရွှေရောင်တားမြစ်အလွှာ ပုံစံတစ်ခု ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရ၏။

ထိုတားမြစ်အလွှာအတွင်း တာအိုကျောက်တိုင်မှ အမိန့်များနှင့် တားမြစ် အလွှာရှိ အမိန့်များသည် လုံးဝ ပဲ့တင်ထပ်နေသည်။

သို့သော် သတိထားကြည့်လိုက်သော် ၎င်းတို့သည် သီးခြားဖြစ်တည်နေဆဲဖြစ်ချေ၏။ ပေါင်းစပ်သွားခြင်း မရှိသေးချေ။

ဆိုလိုသည်မှာ မူလတာအိုအမိန့်ပုံစံ၏ တစ်စိတ်တစ်ပိုင်းဖြင့်သာ ရွှေရောင်တားမြစ် အလွှာရှိ တာအိုအမိန့်မှာ တူညီခြင်းပေပင်။

“ ဒါက မင်းရဲ့နည်းလမ်းလား။ ”

စုရီမှ မေးလိုက်သည်။

“ ဟုတ်တယ် ... ။ ”

ပိုးဖဲအင်္ကျီဝတ် လူက ဂရုမစိုက်ဘဲ ဖြေကြားလာ၏။

“ ငါတို့ ဒီလျှို့ဝှက်ချက်တွေကို နားလည်ဖို့အတွက် နှစ်(၂၀)ကျော်ဂရုတစိုက် ကြိုးစားခဲ့ရတယ် နောက်ဆုံးမှာတော့ ဒီတားမြစ် အလွှာကို ရေးဆွဲနိုင်ခဲ့တယ် ...

... ကံမကောင်းစွာနဲ့ပဲ ဒီလောက်ပဲ တတ်နိုင်တယ် ငါတို့ရဲ့ အကန့်အသတ်ရှိတဲ့ ခွန်အားနဲ့ နောက်ထပ် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လို့ မရတော့ဘူး။ ”

ကျောက်တိုင်ကိုးတိုင်ကို နားလည်မှုရယူခြင်းသည် သင်္ချာပဟေဠိအပေါ် ဖြေရှင်းနေရသကဲ့သို့ ခက်ခဲချေ၏။ စုရီမှ ခဏမျှ စဉ်းစားပြီးနောက်၊

“ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတားမြစ်အစီရင်ဟာ အမှားတွေနဲ့ ပြည့်နေတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ထိုစကားကြောင့် ဘီလူးအိုကြီးများမှာ မျက်နှာများမည်းမှောင်သွား၏။ သူတို့အားလုံး ဒေါသထွက်နေကြချေပြီ။

ဆိုလိုသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကို သူတို့ဖြန်းတီးမိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်ချေ၏။ မည်သူမဆို ဒေါသမထွက်ဘဲ မနေနိုင်ချေ။

“ သခင်လေး ... ငါတို့ဘယ်မှားသွားလဲလို့ မေးပါရစေ။ ”

စုရီမှ ချက်ချင်း မဖြေသေးဘဲ ဝိုင်အိုးကိုထုတ်ယူပြီး တစ်ငုံသောက်လိုက်ကာ၊

“ တာအိုအပေါ် နားလည်မှု ရယူတာက အစိတ်အပိုင်းတစ်ခုကိုကြည့်ပြီး နောက်ကွယ်က ကျားတစ်ကောင်လုံးကို ပုံဖော်ခြင်းပဲ ...

... ဒီရှေးဟောင်းတာအိုအမိန့်ပုံစံတွေရဲ့ လျှို့ဝှက်ချက်တွေကို နားလည်တဲ့အခါ အဲဒီမူက အကျုံးဝင်တယ် မင်းဆွဲထားတဲ့ တားမြစ်အစီရင် ပုံစံကို ကြည့်မယ်ဆိုရင် ...

... ဒီတာအိုကျောက်တိုင်တွေရဲ့ အဓိကလျှို့ဝှက်ချက်ကို မင်းလေ့လာထားခြင်း မရှိသေးဘူးဆိုတာ ထင်ရှားတယ်။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် လက်ကိုမြှောက်ပြီး တားမြစ်အစီရင်ထံ လက်ညှိုးထိုးပြလိုက်သည်။

“ ဒါက ကောင်းကင်ဆင့်ကဲဖြစ်စဉ်က (၄၉)ပါးကို နားလည်ဖို့အတွက် ... ကောင်းကင် ဝင်္ကပါ အင်မော်တယ်ဂိုဏ်းရဲ့ ရွှေသော့ ရှစ်ချောင်း နည်းစနစ်ကို အသုံးပြုထားပြီး ...

... ကြယ်ခုနစ်ပွင့်နဲ့ နန်းတော်ကိုးပါးရဲ့ လျှို့ဝှက်ချက်တွေအပေါ် ကောက်ချက်ချခဲ့တယ် အဲဒီနည်းလမ်းက တာအိုအမိန့်တချို့ကို ကောက်ချက်ချနိုင်စေခဲ့တယ် ဒါပေမယ့် ...

... အဲဒီလိုလုပ်ခြင်းအားဖြင့် မြေပြင်ပေါ်မှာ စက်ဝိုင်းတစ်ခုဆွဲပြီး မင်းကိုယ်မင်း ပိတ်ချပစ်ခဲ့ သလိုပဲ စစ်မှန်တဲ့ ထွက်ပေါက်ကို မတွေ့ရဘူး။ ”

လူတိုင်း မျက်ခုံးပင့်ကုန်၏။ သူတို့သည် စုရီစကားများကို အလေးမထားခဲ့ချေ။ သို့သော် များမကြာခင် သံသယဝင်လာပြီး ပြန်လည် သုံးသပ်လာမိ၏။

များမကြာခင် လူတိုင်းမျက်နှာတွင် ထိတ်လန့်မှု၊ သဘောပေါက်မှု၊ အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

သူတို့၏ဝိညာဉ်များသည် စုရီ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် လုံးဝ ဖမ်းစားခံလိုက်ရ တော့၏။ အထင်သေးမှုနှင့် လျစ်လျူရှုမှုများမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်ကုန်သည်။

မဝေးလှသောနေရာတွင် ချင်းဝေသည် ဤပြောင်းလဲမှုအားလုံးကို သတိပြုမိပြီး သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤအိုမင်းနေသော မြူခိုးများသည် အဆုံး၌ဧကရာဇ်သခင်၏ စွမ်းအားကို နားလည် သွားကြချေပြီ။

“ ဒါဆို ငါနားလည်ပြီ။ ”

ရုတ်တရက် မီးခိုးရောင်ဝတ်ထားသော အဘိုးကြီးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောကြား လာခဲ့သည်။

“ ငါတို့တွေက ဒီနှစ်တွေထဲမှာ ပိတ်မိနေခဲ့တာပဲ သတ္တမမြောက်ကျောက်တိုင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အမှန်တကယ် ဖော်ထုတ်ဖို့အတွက် ...

... ဒီသခင်လေးပြောသလို အစိတ်အပိုင်းလေးတစ်ခုကို နားလည်အောင် လုပ်ရမယ် ဒါမှသာ အချက်အလက်တွေကို များပြားစွာရှာတွေ့နိုင်မယ်။ ”

ထို့နောက် သူသည် အလျင်အမြန် ရှေ့သို့ တိုးလာပြီး တာအိုကျောက်တိုင်ကို ဖုံးထားသော တားမြစ်အစီရင်ကို ဖယ်ရှားပစ်လိုက်၏။

“ ဝမ် ... ။ ”

“ ဝရူး ... ။ ”

တစ်ဆက်တည်းမှာပင် လုံးဝအသစ်တစ်ခု ဖန်တီးလိုက်သည်။ ဤတစ်ကြိမ်၌ ကျောက်တိုင် တစ်ခုလုံး ရုတ်တရက် ဟိန်းဟောက်လျက် ရွှေရောင်အလင်းတန်းများ ကောင်းကင်ပေါ် ထိုးတက်သွားချေပြီ။

တာအိုတေးသံများ ပဲ့တင်ထပ်ကာ အိပ်မက်ဆန်သော အလင်းမိုးရွာသွန်းမှုကို ဖြစ်ပေါ်လာစေတော့၏။

အနီးကပ်စစ်ဆေးကြည့်သောအခါ တာအိုကျောက်တိုင်ပေါ်ရှိ မူလတာအိုအမိန့် ပုံစံအားလုံးသည် တားမြစ်အစီရင်နှင့် လုံးဝ ကိုက်ညီစွာ အသက်ဝင်နေခဲ့သည်။

လူတိုင်းသည် ဤမြင်ကွင်းကို အံ့ဖွယ်အမှုတစ်ခုကို မြင်တွေ့နေရသကဲ့သို့ စိတ်လှုပ်ရှားစွာ ကြည့်နေမိကြ၏။

အဆုံးတွင် စုရီကို ပြန်ကြည့်လိုက်သော အခါတွင် အမြင်များ ပြောင်းလဲသွားတော့သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒုက္ခပေးနေသော ပြဿနာတစ်ခုကို စကားလုံးအနည်းငယ်ဖြင့် ဖြေရှင်းပေးခဲ့ချေ၏။

မည်သူသည် အသိအမှတ်မပြုဘဲ နေမည်နည်း။ စုရီကို ဂျူနီယာတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ပုံ၊ လှောင်ပြောင်ပြီး စနောက်ခဲ့ပုံများ ပြန်သတိရလာချိန်တွင် မျက်နှာများသည်လည်း အနည်းငယ် ရဲတက်လာကြတော့၏။

ပိုးဖဲအင်္ကျီဝတ်ထားသော လူသည် ရှက်ရွံ့စွာဖြင့် ချက်ချင်းဦးညွှတ်ကာ၊

“ ငါတို့က မျက်စိကန်းပြီး မင်းကို မထီမဲ့မြင်ပြုမိခဲ့ကြပါတယ် ... သခင်လေး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ”

-ဟု တောင်းပန်တော့၏။

“ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ”

အခြားသော ဘီလူးအိုကြီးများမှလည်း လေးစားစွာဖြင့် ဦးညွှတ်တောင်းပန်လာသည်။ သူတို့အားလုံးသည် အမှန်တကယ် ယုံကြည်ပြီး စုရီအပေါ် သံသယမရှိတော့ချေ။

သို့သော် စုရီမှ ခေါင်းခါပြီး၊

“ ဒီတားမြစ်အစီရင်က မှားနေတုန်းပဲ။ ”

-ဟု ပြောကြားလိုက်သည်။ မီးခိုးရောင်ဝတ်ရုံနှင့် အဖိုးကြီးခမျာ အံ့အားသင့် မျက်ခုံးပင့်ကာ၊

“ မှားနေတာလား ... ဒါပေမယ့် သတ္တမမြောက်ကျောက်တိုင်ရဲ့ မူလတာအို အမိန့်တွေက နိုးထလာပြီမဟုတ်လား။ ”

-ဟု နားမလည်နိုင်ဖြစ်လာသည်။ စုရီမှ အခြားသော တာအိုကျောက်တိုင် (၆)တိုင်ထံ လှည့်ကြည့်ပြီး၊

“ ဒီတာအိုကျောက်တိုင်တွေရဲ့ လျှို့ဝှက်ချက်တွေအားလုံးက မှားနေတယ် ဒီအတိုင်းဆက်သွားရင် အဌမမြောက်နဲ့ နဝမမြောက်မှာ အခက်တွေ့လိမ့်မယ်။ ”

-ဟု ဆိုလိုက်သည်။ ထို့နောက် ခဏမျှစဉ်းစားပြီး၊

“ တစ်နည်းအားဖြင့် မူလဖျက်ဆီးခြင်း တာအိုကျောက်တိုင်တွေကို နားလည်ဖို့အတွက် ကြိုးစားတဲ့အခါ အားလုံးကို ပေါင်းစပ်ပြီး နားလည်မှု ရယူသင့်တယ်။ ” 

-ဟု ရှင်းပြလိုက်သည်။

ဆိုလိုသည်မှာ မူလဖျက်ဆီးခြင်း တာအိုကျောက်တိုင်ကိုးပါး လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်အတွက် တစ်ခုချင်းစီနားလည်ရန် မကြိုးစားဘဲ ခြုံငုံစဉ်းစားရပေမည်။

ထို့နောက် ပထမဆုံးတာအို‌ ကျောက်တိုင်ဆီသို့ သွားရောက်ပြီး လက်ညှိုးနှင့် အမှားများကို ပြင်ဆင်လိုက်သည်။

အဝေးတွင် တရားထိုင်နေသော မိုကန်ချိုသည်ပင် နိုးထလာကာ စုရီလုပ်ဆောင် နေသည်များကို တိတ်တဆိတ်ကြည့်နေ၏။

များမကြာခင်မှာပင် လူတိုင်း၏ မျက်နှာအမူအရာများသည် အကူအညီမဲ့နေကာ ရှက်ရွံ့နေသည့် ကျောင်းသားများကဲ့သို့ပင် ခေါင်းငုံ့သွားကြတော့သည်။

***

All Chapters