အခန်း ၁၁၇၃
Vol. 98 Ch. 1173
အခန်း ၁၁၇၃ -
နဂါးအသွင်ပြောင်းရေကန် ... ။
လေထုထဲတွင် ရှုပ်ထွေးမှုများ ပျံ့နှံ့နေပြီး ရှေးဟောင်းမဟာတာအို၏ အရှိန်အဝါများသည် မြူခိုးထဲတွင် လှည့်ပတ်နေသည်။
စုရီက ခြေချင်းချိတ်ထိုင်ကာ သူ ပိုင်ဆိုင်ထားသော မဟာတာအိုစွမ်းအားအပေါ် သန့်စင်ရန်ပြင်လိုက်၏။
သူ့အတွေးများ ပြောင်းလဲသွားသည်နှင့် မဟာတာအို၏မြူခိုးများသည် လှိုင်းလုံးကြီးများ ကဲ့သို့ အရပ်မျက်နှာအားလုံးမှ စုဝေးလာသည်။
ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားအသွင် နတ်ဝိညာဉ်သန္ဓေသားသည် ဟိန်းဟောက်လျက် မဟာတာအိုဥပဒေ စည်းမျဉ်းများ ပြသလာ၏။
အရာခပ်သိမ်းဖျက်သိမ်းခြင်း၊ ဝင်စားခြင်း၊ စကြာဝဠာအလင်းနှင့် အခြားသောဥပဒေများ အသက်ဝင်လာပြီး နတ်ဝိညာဉ်သန္ဓေသား၏ စည်းချက်အတိုင်း သန့်စင်မှုစတင်သည်။
စုရီ၏ ကျင့်ကြံမှုသည် အသွင်ပြောင်းနယ်မြေ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာလိုတော့၏။
သို့သော် သူပိုင်ဆိုင်သော မဟာတာအိုစွမ်းအားသည် တဖြည်းဖြည်းချင်း တိုးတက်လာပြီဖြစ်သည်။
အင်မော်တယ်မြေသို့ မရောက်မီ မတူညီသောတာအို ဥပဒေများကို ထပ်မံကာ ပေါင်းစည်းရပေမည်။
အရာခပ်သိမ်းဖျက်သိမ်းခြင်းသည် ကံကြမ္မာမြစ်မှ ဆင်းသက်ပြီး၊ အကြောင်းရင်းနှင့် အကျိုးဆက်ကို ဖြတ်တောက်ချေ၏။
ဆိုလိုသည်မှာ အတိတ်ဘဝများ၏ တာအိုအမှတ်အသားများမှ အစားထိုးခံရခြင်းမျိုး တားဆီးပေးသည်။
ဝင်စားခြင်းဥပဒေအတွက်မူ နတ်ဘုရားများသည်ပင် ကြောက်ရွံ့စေနိုင်သော တားမြစ်တာအိုဖြစ်၏။
ယင်းကြောင့် အင်မော်တယ်လမ်းသို့ တက်ရောက်သောအခါ ၎င်းတို့ကိုအင်မော်တယ် အဆင့် ဥပဒေများအဖြစ် မြှင့်တင်ရပေမည်။
အခြားတာအိုဥပဒေများအတွက်မူ လျှို့ဝှက်ဆန်းကြယ်သော ဖရိုဖရဲနယ်မြေတွင် ပေါင်းစည်းသိမ်းဆည်းရမည်ဖြစ်၏။
ကျင့်ကြံခြင်းဟူသည် တာအိုအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ဥပဒေအားလုံးကို မူလသို့ ပြန်လည်ရောက်ရှိရန် ရှာဖွေခြင်းဖြစ်၏။
ဓားသမားသည် ဓားအားလုံး၏ စည်းလုံးညီညွတ်မှုကိုရှာဖွေပြီး ဓားတစ်လက်နှင့် ဥပဒေအားလုံးကို ချိုးဖြတ်ရပေမည်။
အစောပိုင်းကာလများတွင် မဟာတာအို စွမ်းအားကို ပိုမိုနားလည်လေ ပိုကောင်းလေပင်။ သို့သော် ကျင့်ကြံမှုတိုးလာပြီး မဟာတာအိုကို နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ အဓိက လုပ်ငန်းစဉ်မှာ ပေါင်းစည်းခြင်းဖြစ်သည်။
ရှုပ်ထွေးမှုကို ရိုးရှင်းစေခြင်း။ ဆိုလိုသည်မှာ မြစ်ချောင်းများပေါင်းစပ်ခြင်းဖြင့် ပင်လယ်ကြီး တစ်စင်း ဖြစ်လာသကဲ့သို့ ပေပင်။
ဤနေရာတွင် တစ်သားတည်းဟူသည် မဟာတာအို၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ကျင့်ကြံမှုလမ်းတလျှောက် နားလည်ထားသမျှ တာအိုများကို အင်မော်တယ်နယ်ပယ်တွင် တစ်သားတည်း ပေါင်းစပ်ရမည်ဖြစ်၏။
ထို့ကြောင့် အစောပိုင်းအဆင့်များတွင် လုံလောက်စွာ စုဆောင်းခြင်းသည် များစွာပင် အရေးပါချေပြီ။ ဤနည်းဖြင့် တစ်သားတည်း ဟူသော မူလသို့ ရောက်ရှိပေမည်။
ကောင်းကင်ဘုံနယ်ပယ်သည် နတ်ဝိညာဉ်အဆင့်တွင်စတင်ရပြီး တိမ်ပေါ် ပျံသန်းခြင်း အဆင့်တွင် အဆုံးသတ်၏။
သို့သော် အင်မော်တယ်လမ်း၌မူ အရာအားလုံးသည် အစပြုမှုအသစ်တစ်ခုသာ ဖြစ်လာသည်။ ကောင်းကင်ဘုံနယ်ပယ်တွင် နားလည်ထားခဲ့သမျှသော တာအိုဥပဒေများကို ပြန်လည်သန့်စင်ရချေ၏။
အင်မော်တယ် နယ်ပယ် အတွက်မူ ခြေလှမ်းတိုင်းသည် ဥပဒေများ၏အစပြုရာ ဖြစ်လာချေမည်။
ဤသည်မှာ အဆုံးမရှိ အမြဲတမ်း ပြန်လည်ဆန်းသစ်နေသော သံသရာတစ်ခုလို ပေပင်။ ကံမကောင်းစွာဖြင့် သမိုင်းတစ်လျှောက် စုရီကဲ့သို့ တာအိုကိုအမြင့်ဆုံးထိ ပြည့်စုံအောင် ကျင့်ကြံသူများသည် ရှားပါးလှ၏။
“ ငါ့ရဲ့ အင်မော်တယ်အုတ်မြစ်က ဝမ်ယဲ့တောင် အဲဒီတုန်းက မရခဲ့ဖူးနိုင်ဘူး သူ့ရဲ့ အရင်လမ်းကြောင်းကို ...
... ငါ ပြန်မလိုက်ဘူး ... ဒီတစ်ခါတော့ အတုမဲ့ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ကို ကိုယ်တိုင် ရှာဖွေရမယ်။ ”
ထိုစဉ်က ဝမ်ယဲ့သည် တာအိုဥပဒေများကို ကျွမ်းကျင်နားလည်ခဲ့ကာ အထွတ်အထိပ်ဆီသို့ ရောက်ရှိခဲ့၏။ သို့သော် တစ်သားတည်းအဖြစ် ပေါင်းစပ်ရာ၌ မအောင်မြင်ခဲ့ချေ။
အကြောင်းရင်းသည် ထိုသို့ မြောက်များစွာသော ဥပဒေများကို သိမ်းဆည်း ထားရန် လုံလောက်သည့် နေရာတစ်ခုကို ရှာမတွေ့ခဲ့၍ဖြစ်၏။
ထို့ကြောင့် လက်ရှိစုရီဘဝတွင် မဟာအဓိပတိနန်းတော်နှင့် ဖရိုဖရဲအာကာသ တို့ကို ဖန်တီးထားခဲ့သည်။
ဤနည်းဖြင့် အသစ်သစ်သော တာအိုဥပဒေများကို ဝင်စားခြင်းဥပဒေနှင့် အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေများက ပေါင်းစပ်ပုံသွင်းပေးနိုင်မည်။
ဝင်စားခြင်းသည် တားမြစ်ဥပဒေ တစ်ခုဖြစ်ပြီး အရာခပ်သိမ်း ဖျက်သိမ်းခြင်းသည် ထိုနည်းလည်းကောင်းပေပင်။ သို့သော် လုံလောက်မှု မရှိသေးချေ။
အခြားသောတာအို ဥပဒေတစ်ခုကို ကျွမ်းကျင်ပြီး ဝင်စားခြင်းနှင့် ထိုအရာခပ်သိမ်း ဖျက်သိမ်းခြင်းဥပဒေတို့ထံ ပေါင်းစပ်နိုင်သော် အမြင့်ဆုံးအုတ်မြစ်ကို ရရှိပေမည်။
ဝမ်ယဲ့သည် သူပိုင်ဆိုင်သော မဟာတာအိုများအားလုံးကို တစ်ခုတည်းအဖြစ် မပေါင်းစပ်နိုင်ခဲ့သော်လည်း အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့ဖူး၏။
ထိုကြိုးစားမှုတိုင်းသည် အဆုံးတွင် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများစွာကို ရရှိစေသည်။ သူ့အတွက် ကျရှုံးမှုများစွာအပေါ် ရှောင်ရှားဖို့ရန် ကူညီပေးခဲ့၏။
အမှန်တွင် ထာဝရအမှောင်တိုက်ပွဲကြီး မဖြစ်ပွားခင် ဝမ်ယဲ့သည် တာအိုဥပဒေများကို ပေါင်းစည်းရန် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သည်။
ထိုအဆင့်ကို အောင်မြင်သော် သူ့ကျင့်ကြံမှုသည်လည်း တိုးတက်လာကာ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ပေမည်။
ကံမကောင်းစွာဖြင့် သူတစ်ယောက်တည်း ကျင့်ကြံနေချိန်တွင် ရွှယ်ရှောင်ကျိနှင့်အဖွဲ့သည် ရုတ်တရက် တိုက်ခိုက်လာခဲ့သောကြောင့် သူ ကျရှုံးသွားခဲ့ရလေသည်။
ဤနည်းဖြင့် လဝက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ရှင်းယုသည် နဂါးနီသခင်နှင့် တွေ့ဆုံနေသည်။ သူ့အသွင်သည် စိုးရိမ်ပူပင်မှု အချို့ထင်ဟပ်နေကာ၊
“ သခင် ... နဂါးနက်ဈေးက လူတိုင်း မကျေနပ်ချက်တွေနဲ့ ပြည့်နှက်နေပါတယ် သူတို့ ပိတ်မိနေတဲ့အတွက် ဒီရက်ပိုင်းပြင်ပလမ်းကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ”
-ဟု သတင်းပေးပို့လိုက်သည်။
မင်္ဂလာမိုးတိမ် အင်မော်တယ်နန်းတော်၌ သွေးထွက်သံယို အစုလိုက်အပြုံလိုက်သတ်ခြင်း ဖြစ်ပွားပြီးကတည်းက နဂါးနက်ဈေးကို ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ခဲ့၏။
ဤအချိန်အတောအတွင်း ကောလာဟလများစွာပျံ့နှံ့နေပြီး အစွမ်းထက် ပုဂ္ဂိုလ်များသည် မကျေနပ်ကြချေ။
ထိုသူများထဲတွင် အမျိုးသမီးယွမ်နင်နှင့် လီစုန်ဖူကဲ့သို့သော ပုဂ္ဂိုလ်များအပြင် တာအို ကျောက်တိုင်ကိုးခုတွင် လေ့လာခဲ့ဖူးသည့် ရှေးဟောင်းဘီလူးများ ပါဝင်၏။
တစ်ဖက်တွင် ဤသို့ အလွန်အကျွံ လုပ်ဆောင်ခြင်းသည် အင်အားစုအသီးသီးပေါ် လုံးဝ စိတ်အနှောင့်အယှက် ဖြစ်စေရုံသာမက မည်သူမဆို ဆန့်ကျင်လာနိုင်၏။
“ သူတို့ကို ခဏစောင့်ခိုင်းလိုက်ပါ။ ”
နဂါးနီသခင်မှ ပေါ့ပေါ့တန်တန်ပင် တုန့်ပြန်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ် မကျေနပ်မှုတွေ အများကြီးရှိနေပြီ သူတို့စိတ်အနှောင့်အယှက် ဖြစ်စေမှာကို ဘာလို့စိုးရိမ်နေရတာလဲ ...
... နဂါးနက်စျေးမြို့က သူတို့မရှိလည်း ဆက်လက်တည်မြဲနေမှာ ပျောက်ကွယ်စရာ အကြောင်းမရှိပါဘူး။ ”
ရှင်းယုတစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။ အဆုံး၌ အံကြိတ်လိုက်ပြီး အကြောင်းအရာတစ်ခုကို ထပ်မံတင်ပြ လိုက်တော့၏။
“ သခင်၊ မင်္ဂလာမိုးတိမ်နန်းတော်မှာ ဖြစ်ပျက်ခဲ့တာ တစ်လနီးပါးရှိပြီ မမျှော်လင့်ဘဲ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ဝိညာဉ်တစ်သောင်း ...
... ဂိုဏ်းက တစ်ခုခု မှားယွင်းနေပြီကို သတိထားမိသွားလိမ့်မယ် သူတို့တွေက မေးခွန်း ထုတ်လာခဲ့ရင် ... ။ ”
“ သူတို့ လာဝံ့ရင် သတ်ပစ်လိုက်။ ”
နဂါးနီသခင်မှ သူ့စကားကို ဆုံးအောင် မစောင့်တော့ဘဲ အမိန့်ပေး ပြောကြားလိုက် လေသည်။
“ မင်းက နဂါးနက်စျေးမြို့ရဲ့ ဂုဏ်သတင်းအပေါ် ဖျက်ဆီးပစ်လိုက်လို့မရဘူး ငါ့အတွက် စည်းမျဉ်းတွေကိုလည်း ချိုးဖောက် ပေးနေစရာမလိုဘူး ...
... ဘာပဲဖြစ်ဖြစ် မင်းရဲ့မွေးစားအဖေက ဒီနေရာကိုတည်ဆောက်ခဲ့ပြီး သူ့နှလုံးသားထဲက သွေးတွေကိုလောင်းထည့်ထားခဲ့တာ။ ”
ရုတ်တရက် လက်နှစ်ဖက် နောက်ပို့ကာ စုရီက ခန်းမအတွင်း ဝင်ရောက်လာ၏။ ရှင်းယုမှ အံ့အားတကြီး လှည့်ကြည့်လိုက်သည်။
“ သခင်လေး ... မင်းလျှို့ဝှက်နယ်မြေကနေ ထွက်လာမှန်း ငါတကယ် မသိလိုက်ဘူး မကြိုဆို မိခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။ ”
နဂါးနီသခင်မှ တောင်းပန်စကားဆို၏။ ထို့နောက် ရှင်းယုထံ လှည့်ကြည့်ကာ၊
“ သွား ... ပြင်ပလမ်းကြောင်းကို ပြန်ဖွင့်ပေးလိုက်။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
သို့မှသာ ရှင်းယုသည်လည်း သက်သာရာရသွားပြီး စုရီထံ အရိုအသေပေးကာ လှည့်ထွက်သွားလေသည်။ စုရီမှ သူ့ကို ဂရုမစိုက်တော့ဘဲ၊
“ လာ ... နဂါးအသွင်ပြောင်းရေကန်ကို သွားကြရအောင် မင်းရဲ့တံဆိပ်ကို ချိုးဖျက်ဖို့ ငါကူညီပြီးရင် ထွက်သွားတော့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
လဝက်ကြာပြီးနောက် ကျင့်ကြံမှုတွင် တာအိုဥပဒေများကို လုံးဝပြီးမြောက်အောင် သန့်စင်နိုင်ခဲ့၏။ သူ့အတွက် လိုအပ်နေသည်မှာ အင်မော်တယ်အဆင့် တာအိုအဖြစ် ပြောင်းရန် အခွင့်အရေးတစ်ခုသာ ဖြစ်လေသည်။
“ စီနီယာ ငါလုံလောက်ပြီလား။ ”
နဂါးနီသခင်မှ မျက်ခုံးပင့်လိုက်၏။ ထိုစကားများကြောင့် စုရီကပြုံးရယ်ပြလိုက်ပြီး၊
“ ငါ မင်းကို သင်ပေးခဲ့တဲ့ တာအိုကျမ်းစာတွေနဲ့ လျှို့ဝှက်နည်းစနစ်တွေက မင်းကိုနဂါးအဖြစ် ပြောင်းလဲဖို့လုံလောက်တယ် အခုအချိန်မှာ ငါ ဝင်ရောက်စွက်ဖက်ဖို့တောင် မလိုတော့ပါဘူး ...
... မင်းရဲ့ကိုယ်ပိုင်ခွန်အားနဲ့ နဂါးအသွင်ပြောင်းရေကန်ထဲမှာ တံဆိပ်ကို ချိုးဖျက်ပြီး တကယ့်နဂါးအဖြစ်အသွင်ပြောင်း လိုက်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
နဂါးနီသခင်၏ ရွှေမျက်လုံးများမှာ တောက်ပလျက် စိတ်လှုပ်ရှားလာတော့သည်။ ခဏအကြာတွင် သူမမှခေါင်းငုံ့လိုက်ပြီး၊
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
-ဟု ပြောကြားလာ၏။
ထို့နောက်တွင် စုရီနှင့် နဂါးနီသခင်သည် နဂါးပုန်းတောင်နောက်ဘက်သို့ ဦးတည်လိုက် တော့သည်။
တောင်ကြီးအနောက်ဘက်တွင် တစ်နှစ်ပတ်လုံး မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး တားမြစ်စွမ်းအင်များ ပြည့်နှက်နေ၏။
နဂါးနီသခင်က တားမြစ်ဝင်္ကပါကို ဖွင့်လိုက်သောအခါ မယုံနိုင်စရာမြင်ကွင်းကြီး တစ်ခု ပေါ်လာသည်။
မြင်ကွင်းထဲ အကန့်အသတ်မဲ့ လှိုင်းများပုတ်ခတ်နေသော ရွှေသမုဒ္ဒရာကြီး တစ်စင်းထွက်ပေါ်လာ၏။ ရေမျက်နှာပြင်တွင် လျှပ်စီးများ ဖြာထွက်နေသည်။
ဤသည်မှာ နဂါးအသွင်ပြောင်း ရေကန်ပေပင်။ နဂါးနီစျေးမြို့၌ အလျှို့ဝှက်ဆုံး အခွင့်အလမ်းနှင့် အသန့်စင်ဆုံး မူလနဂါး စွမ်းအင်များ စုဝေးရာ ရေကန်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုစွမ်းအားကို နဂါးများသာလျှင် စုပ်ယူပြီး သန့်စင်နိုင်ပေမည်။ အခြားသူများမှာ ထိပင်မထိနိုင်ချေ။
“ သွား ... မင်းရဲ့အုတ်မြစ်နဲ့သာဆိုရင် တံဆိပ်ကိုချိုးဖျက်ပြီး နဂါးအဖြစ် ပြောင်းလဲ ပစ်လိုက်တော့ ... ။ ”
စုရီမှ ညွှန်ကြားလိုက်လေသည်။ နဂါးနီသခင်က ခေါင်းညိတ်ကာ မျက်လုံးများ တောက်ပလျက် ရွှေရောင်သမုဒ္ဒရာထဲသို့ ခုန်ဆင်းသွားတော့၏။
“ ဝုန်း ... ။ ”
ကြောက်စရာကောင်းလွန်းသော လျှပ်စီးများသည် နဂါးနီသခင်ကိုထိမှန်သွားပြီး အရေပြားများအက်ကွဲကာ သွေးများ ပက်ဖြန်းသွားလေသည်။
များမကြာခင် သူမ ပုံရိပ် ပျောက်ကွယ်သွားကာ ပေတစ်ထောင်ရှည်သော နဂါးနီတစ်ကောင်အဖြစ် တရွေ့ရွေ့ ပြောင်းလဲသွား၏။
ပင်လယ်အတွင်း လှိုင်းလုံးကြီးများက ထိုအသွင်ပြောင်းမှုကို အဆုံးမဲ့လှုံ့ဆော်ပေးသလို မိုးကြိုးမုန်တိုင်းများမှာ ပဲ့တင်ထပ်နေသည်။
နဂါးအသွင်ပြောင်း ရေကန်တစ်ခုလုံး ပွက်ပွက်ဆူလာကာ နဂါးပုန်းတောင်ကြီးပြင်းစွာ တုန်ခါသွားတော့၏။
နဂါးနက်ဈေးတစ်လျှောက် ကျင့်ကြံသူများမှာ တုန်လှုပ်သွားပြီး သူတို့၏ လုပ်ဆောင်ချက်များကိုပင် ရပ်တန့်လျက် ကောင်းကင်ပေါ် မော့ကြည့်ကြသည်။
ကောင်းကင်တခွင် လေနှင့်မိုးများ စုပြုံလာပြီး အရပ်မျက်နှာအားလုံးကို ဖုံးအုပ် သွားတော့၏။
နှစ်ပေါင်းများစွာတိုင်အောင် ချုပ်နှောင်ခံထားရသော နဂါးတစ်ကောင်ထံမှ ဒေါသတကြီး ဟိန်းဟောက်သံကြီး ဧရိယာအနှံ့ ပဲ့တင်ထပ်လာခဲ့သည်။
***