← Chapters

အခန်း ၁၁၇၄

Vol. 98 Ch. 1174

အခန်း ၁၁၇၄

Vol. 98 Ch. 1174

အခန်း ၁၁၇၄ -

တိမ်သင်္ဘော ...။

နဂါးအသွင်ပြောင်းရေကန်ရှိ မိုးကြိုးမုန်တိုင်းများ တဖြည်းဖြည်းငြိမ်သက် လာပြီးနောက် လှိုင်းများတိတ်ဆိတ်သွား၏။

နဂါးအသွင်ပြောင်း ရေကန်အတွင်းမှ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော ဆံပင် ရှည်များ ပွထနေသည့် အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။

သူမထံမှ ကမ္ဘာကြီးကို မျှော်ကြည့်ကာ သက်ရှိအားလုံးအပေါ် လွှမ်းမိုးမှုအရှိန်အဝါများ ထုတ်ဖော်ပြသနေ၏။

ဤသည်မှာ စစ်မှန်သော နဂါး၏တန်ခိုးတော်ဖြစ်သည်။ ဟင်းလင်းပြင်ကို တုန်လှုပ်စေပြီး အရာအားလုံးမှေးမှိန်သွား၏။

အထူးသဖြင့် ရွှေရောင်မျက်လုံးများမှ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ နတ်မီးလျှံများသည် ထိုးဖောက်ဝင်ရောက်ပြီး ဝိညာဉ်ကို ဆွဲဆောင်နေခဲ့၏။

သူမခန္ဓာကိုယ်အတွင်းရှိ နဂါးနီမျိုးဆက်သွေးသည် အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံမှုနှင့် ညီမျှသည်။

ထို့ကြောင့်ပင် သူမ၏ မျိုးဆက်သွေး စွမ်းအားကို မွေးစားဖခင်မှ နဂါးသွေးသံကြိုးဖြင့် တံဆိပ်ခတ်ပြီး ဓမ္မအဆုံးခေတ် ကပ်ဘေးကြီးမှ လွတ်မြောက်စေခဲ့ခြင်းဖြစ်၏။

ယခုမူ စုရီကျေးဇူးကြောင့် ထိုတံဆိပ်ကို ချိုးဖျက်ကာ နဂါးအသွင်ပြောင်းရေကန်ထဲတွင် မိုးကြိုးတစ်သောင်းဖြင့် သန့်စင်ကာ နဂါးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။

ထိုသို့နဂါးအဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်မှာ ကာလတလျှောက် ဖြစ်ပေါ်ခဲ့ဖူးသော မည်သည့် အသွင်ပြောင်းမှု ဖြစ်စဉ်ထက်မဆို သာလွန် ကောင်းမွန်နေ၏။

နဂါးနီသခင်မှ ရောင်ဝါကို ရုတ်သိမ်းလျက် မြေပြင်ပေါ်တွင် ရိုသေစွာဦးချပြီး စုရီထံ ဦးညွှတ် နေခဲ့သည်။

“ ဒီဂျူနီယာကို ဉာဏ်အလင်းပေးပြီး နဂါးအဖြစ်ပြောင်းလဲဖို့ အခွင့်အရေးပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ”

“ ကံကြမ္မာဟာ ဖုံးကွယ်ထားတဲ့ ကောင်းချီးတစ်ခု ဖြစ်နိုင်တယ် အခုကစပြီး သတ္တဝါအားလုံးဟာ မင်းရဲ့နဂါးအဖြစ် ပြောင်းလဲနိုင်မှုကို သိကုန်ကြလိမ့်မယ် ...

... အင်မော်တယ် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ တန်ခိုးကြီးသတ္တဝါတွေအားလုံး အမြင်မှာ မင်းက ရှားပါးတဲ့ ရတနာတစ်ပါးပဲ။ ”

“ ဒီဂျူနီယာ နားလည်ပါတယ်။ ”

“ မင်းကို တချို့အရာတွေ သဘောတူဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးတယ် အခု ပြောလို့ ရပြီလား။ ”

“ ဟုတ်ကဲ့ နားထောင်နေပါတယ်။ ”

“ ပထမအချက်က လာမယ့်နှစ်တွေမှာ အသွင်ပြောင်းဖို့ အခွင့်အရေးမရှိရင် နဂါးနက် ဈေးမြို့ကနေ မထွက်ပါနဲ့ ... ။ ”

နဂါးနီသခင်မှ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ ဒီဂျူနီယာက စီနီယာရဲ့ သွန်သင်ချက်တွေကို သေချာပေါက် နာခံ ပါလိမ့်မယ်။ ”

-ဟု ကတိပေးလိုက်သည်။

“ ဒုတိယအချက်ကတော့ ရန်ငြိုးတွေကို ဖြေရှင်းဖို့ အရှေ့ပင်လယ်ကို တစ်ချိန်ချိန်မှာ ငါ သွားရလိမ့်မယ် မင်းငါနဲ့အတူ လိုက်ရမယ်။ ”

ဝမ်ယဲ့သည် အရှေ့ပင်လယ်ရှိ အဓိကအင်အားစုကြီးလေးခုနှင့် ရန်သူဖြစ်ခဲ့၏။ ၎င်းတို့မှာ အဇူရာအင်မော်တယ်နန်းတော်၊ အင်မော်တယ်ကျွန်းနှင့် မိုးကြိုးကျောင်းတိုက်တို့ ဖြစ်‌လေသည်။

ထာဝရညတိုက်ပွဲ၌ ထိုအင်အားစုကြီး လေးခုမှ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူလေးဦး အထိပါဝင်လာခဲ့သည်။

သုံးဦးကို သူ သတ်ပြီး ဖြစ်သော်လည်း ကျန်တစ်ယောက်သည် ထွက်ပြေးလွတ်မြောက် သွားချေပြီ။ ထိုသူသည် အဇူရာနန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်ပြီး နတ်ဆိုးဧကရာဇ် ငါးပါးအနက် တစ်ပါးအဖြစ် လူသိများ၏။

အမည်မှာ ဧကရာဇ် ရှစ်ကောင်ပေပင်။ ထိုသူသည် ယနေ့အထိ အသက်ရှင်နေကြောင်း ချင်ဝေထံမှ သိရှိထား၏။ သဘာဝအတိုင်း လွှတ်ထားရန်ဆန္ဒမရှိချေ။

အရှေ့ပင်လယ်သည် ကျယ်ပြောပြီး အန္တရာယ်များသော နေရာတစ်ခုပေပင်။ သူမကို ခေါ်ဆောင်ခြင်းသည် အရှေ့ပင်လယ်ပြင်ကို စိုးမိုးနိုင်သော နဂါးများ၏စွမ်းအားကို အသုံးချလို၍ဖြစ်၏။

ဤနည်းဖြင့် ထိုနတ်ဆိုးအိုကြီးကို ရှာဖွေရာတွင်များစွာ အထောက်အကူရချေမည်။ နဂါနီသခင်မှ တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ စီနီယာက ဆန္ဒရှိရင် ငြင်းမှာမဟုတ်ပါဘူး။ ”

-ဟု ပြောကြားလိုက်သည်။

စုရီမှ အနည်းငယ်ခေါင်းညိတ်ပြီး ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူကာ သူမထံကမ်းပေး၏။

“ ဒါက တတိယအသွင်ပြောင်းအတွက် ပြင်ဆင်ရမယ့်အရာတွေ အများကြီးကို ရေးမှတ် ပေးထားတယ် မှတ်ထားပါ ... အတင်းအကျပ် မလုပ်ပါနဲ့ အချိန်မကျသေးရင် အတင်းအကျပ် ရယူတာထက် စောင့်တာ ပိုကောင်းတယ် ...

... မဟုတ်ရင် ဒီဘဝမှာ တတိယအသွင်ပြောင်းမှုရဖို့ မျှော်လင့်ချက် မရှိတော့မှာကို စိုးရိမ်မိတယ်။ ”

“ ဒီဂျူနီယာက ... စီနီယာရဲ့ မျှော်လင့်ချက်တွေကို လုံးဝ စိတ်မပျက် စေရပါဘူး။ ”

ထိုနေ့တွင် နဂါးနက်ဈေးမှ ပြင်ပကမ္ဘာသို့ လမ်းကြောင်းပြန်၍ ဖွင့်လှစ်ပေးခဲ့၏။ သို့မှသာ နက်နဂါးဈေးရှိ လူတိုင်း သက်ပြင်း ချနိုင်ကြတော့သည်။

ထိုနေ့မှာပင် စုရီ၊ ချင်းဝေနှင့် ဖန်ဟန်တို့သုံးဦးသည် အတူတကွ ပြန်လည် ထွက်ခွာသွားကြသည်။

ထွက်ခွာခြင်းမပြုမီ ရှင်းယုက စုရီအတွက်လက်ဆောင်အဖြစ် အင်မော်တယ် ဆေးပင်ငါးမျိုး လက်ဆောင်ပေးခဲ့၏။

နဂါနီသခင်မှလည်း ကျေးဇူးတင်ကြောင်း ဖော်ပြရန် စုရီအတွက် သိုလှောင်အိတ်တစ်လုံး ပြင်ဆင်ပေးခဲ့သည်။

သိုလှောင်အိတ်ထဲ၌ အင်မော်တယ် ကျောက်စိမ်းတုံး (၁၀၀,၀၀၀)၊ ဆေးအမျိုးအစား ရာပေါင်းများစွာနှင့် ကုသရေးဆေး အစုံအလင် ပါရှိချေ၏။

သည့်ပြင် ချင်းဝေနှင့် ဖန်ဟန်အတွက် လက်ဆောင်များကိုလည်း ပြင်ဆင်ပေးသည်။ သူတော်စင် အင်မော်တယ်အဖြစ် ကမ္ဘာကြီးအနှံ့ လှည့်လည်ဖူးသော ချင်းဝေအတွက်ပင်လျှင် ထိုလက်ဆောင်မှာ မက်မောဖွယ်ပေပင်။

“ အရင်ဆုံး မင်းရဲ့ဆရာ အင်မော်တယ်ဘုရင်လျိုယွင်ရဲ့ အခြေအနေကို သွားစုံစမ်းပါ သူ့အတွက် အကူအညီလိုအပ်ရင် ပိုင်လူပြည်နယ်ကိုလာခဲ့ ... ဒီဆက်သွယ်ရေး တံဆိပ်ကိုယူထား ငါ့ကိုရှာဖို့လွယ်လိမ့်မယ်။ ”

နဂါးနက်စျေးမှ ထွက်လာပြီးနောက် စုရီကချင်းဝေကို နှုတ်ဆက်ကာ ဖန်ဟန်နှင့် အတူ ထွက်ခွာရန်ပြင်၏။

“ ဂရုစိုက်ပါ သခင်လေး ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ ”

စုရီက ပြုံးပြီး လှည့်ထွက်သွားတော့သည်။ သူတို့နှစ်ဦးပုံရိပ်များ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေလျက်မှ ချင်းဝေတစ်ယောက် လှည့်ထွက်လာခဲ့သည်။

သုံးရက်အကြာတွင် ရှင်း(ကြယ်)ပြည်နယ် ကူးတို့သင်္ဘောဆိပ်တစ်ခုထံ စုရီတို့နှစ်ယောက် ရောက်ရှိလာတော့၏။

လေထုအလယ် မျောနေသော ရတနာသင်္ဘောတစ်စင်းဟာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာနေ၏။

သင်္ဘောကြီးသည် မြို့ငယ်လေး တစ်မြို့အလားကြီမားကာ လမ်းမကြီးများနှင့် အဆောက်အအုံများကို မျက်နှာချင်းဆိုင် တည်ဆောက်ပေးထားသည်။

ဤသည်မှာ အင်မော်တယ်မြေ၏ နာမည်ကြီး တိမ်ပျံသင်္ဘောပေပင်။ တိမ်သင်္ဘော တစ်စင်းသည် ခရီးသည်ပေါင်း (၁၀၀,၀၀၀)ကို သယ်ဆောင်နိုင်ပြီး တစ်နေ့ကို လီ(၈၀,၀၀၀) ခရီးပေါက်၏။

လမ်းတလျှောက် ကူးတို့မြို့ပေါင်း အများအပြားကို ဖြတ်သန်းသွားလာချေမည်။ ကျင့်ကြံသူအများစုအတွက် တိမ်သင်္ဘောနှင့် ခရီးသွားခြင်းသည် စိတ်ကျေနပ်စရာ အကောင်းဆုံးဖြစ်ချေ၏။

သင်္ဘောပေါ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ ကုန်သွယ်ရေးဆိုင်များနှင့် လောင်းကစားရုံများ ပါရှိသည်။ ခရီးတလျှောက် မည်သည့်အခါမျှ ပျင်းရိမည်မဟုတ်ချေ။

ထို့ပြင် တိမ်သင်္ဘောများသည် ကမ္ဘာတစ်ဝှမ်းမှ ကျင့်ကြံသူများကို စုရုံးစေပြီး ဒေသအသီးသီးမှ ကုန်ပစ္စည်းများကို ဝယ်ယူ နိုင်စေသည်။

မတူညီသော ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုများကိုပင် တွေ့ကြုံခံစားနိုင်စေ၏။ အရေးကြီးဆုံးမှာ တိမ်သင်္ဘောဖြင့် ခရီးသွားခြင်း အတွက် မျှော်လင့်မထားသော အန္တရာယ်များကို လျော့ချပေးသည်။

အကြောင်းရင်းမှာ ရိုးရှင်းလေသည်။ တိမ်သင်္ဘောကဲ့သို့ ကြီးမားသောရတနာအပေါ် အဆင့်မြင့် အင်မော်တယ် အစီရင်များဖြင့် ဖုံးအုပ်ထားပြီး ထိပ်တန်းအင်အားစုတစ်ခုမှ ကျောထောက်နောက်ခံပြုပေးထား၏။

ထို့ကြောင့် သာမန်အင်မော်တယ်များ စိတ်ကူးမယဉ်ဝံ့အောင် ဖြစ်သွားစေလေသည်။ အရေးကြီးဆုံးမှာ ဗလာနယ်ပယ် အစောင့်များ ပါရှိနေခြင်းဖြစ်၏။

တစ်ခါတစ်ရံတွင် သူတော်စင် အင်‌မော်တယ်များပင် ကိုယ်တိုင်စောင့်ရှောက် ပေးနေတတ်သည်။

ယင်းကြောင့် ပုံမှန်အခြေအနေများတွင် မည်သူမျှ တိမ်သင်္ဘောကို လိုချင်လောက်အောင် မိုက်မဲမည်မဟုတ်ချေ။

လက်ရှိ ကူတို့ဆိပ်ကမ်းမြို့မှာ အဖြူရောင်တိမ်တိုက် အင်မော်တယ်မြို့ဖြစ်ပြီး အပြင်တွင် ဆိုက်ကပ်နေသော တိမ်သင်္ဘောကို ရှင်းပြည်နယ်ရှိ ဝမ်ချုံးအင်မော်တယ်ဂိုဏ်းမှ ပိုင်ဆိုင်ချေပြီ။

သင်္ဘောကိုယ်ထည်တွင် ဝမ်ချုံးအင်မော်တယ်ဂိုဏ်း၏ ထင်ရှားလှသော အမှတ်အသားပါရှိသည်။

စုရီသည် သူနှင့် ဖန်ဟန်အတွက် လက်မှတ်များဝယ်ယူရန် အင်မော်တယ် ကျောက်တုံးနှစ်ထောင်ကို အသုံးပြုခဲ့၏။

ဤနည်းအားဖြင့် ကြယ်နှင့် လရောင်အောက်တွင် ခရီးနှင်ကာ နွမ်းနယ်မှုကို ရှောင်ရှားနိုင်ချေပြီ။ အားလပ်ချိန်များတွင်လည်း ကျင့်ကြံခြင်းအတွက် အာရုံစိုက်နိုင်၏။

“ လက်မှတ်တစ်စောင်ကို အင်မော်တယ်ကျောက်တုံး တစ်ထောင်လား အရမ်းစျေးကြီးတယ်။ ”

ဖန်ဟန်မှ တိုးတိုးလေးပြောလိုက်သည်။ စုရီကပြုံးလျက်၊

“ ရှင်းပြည်နယ်ကနေ အဖြူရောင် မြက်ခင်းပြင်ပြည်နယ်အထိ ပြည်နယ်သုံးခုကို ဖြတ်သန်းသွားလာရမယ် လမ်းတစ်လျှောက် မြို့ပေါင်း(၂၉)မြို့ရှိပြီး ခရီးသည် (၁၀၀,၀၀၀)ကို တင်ဆောင်နိုင်တာကြောင့် ...

... အနည်းဆုံး အင်မော်တယ် ကျောက်စိမ်းတုံး(၂)သန်းရရှိလိမ့်မယ် ဒါပေမယ့် လမ်းတလျှောက်မှာ အခွန်ပေးဆောင်ရမယ် ...

... ဥပမာ ကူးတို့ဆိပ်မြို့တိုင်းမှာရှိတဲ့ ဒေသခံအင်အားစုတွေကို အခွန်ငွေပေးဆောင် ရပြီး ကြုံတွေ့ရမယ့် အန္တရာယ်တွေအတွက် ဖြေရှင်းပေးဖို့ အစောင့်တွေငှားရမယ် ...

... ပြီးတော့ တိမ်သင်္ဘောတစ်စင်း ပျံသန်းမှုအတွက် တစ်နေ့ကို အင်မော်တယ် ကျောက်စိမ်း(၈၀၀၀) လောင်မြိုက်ရတယ် ဒါကြောင့် ဝင်ငွေရဲ့(၂၀%)လောက်သာ သူတို့အတွက် ကျန်နိုင်ပါလိမ့်မယ်။”

ထိုတွက်ချက်ပြမှုကြောင့် ဖန်ဟန်ခမျာ စကားမပြောတော့ဘဲ တိတ်ဆိတ်သွားတော့၏။ ‌ငွေရှာရန် မလွယ်ကူကြောင်း သိရှိသွားချေပြီ။

“ ဟေး ... ဟားဟားဟား ... အချိန်တိုအတွင်းမှာ မင်းနဲ့ပြန်တွေ့ရမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး ... ဒါက ငါတို့ကံကြမ္မာပဲ မဟုတ်လား။ ”

ရုတ်တရက် ရင်းနှီးနေသောပုံရိပ်က ရယ်မောလျက် စုရီထံသို့ လျှောက်လှမ်းလာနေ သည်ကို မြင်လိုက်ရချေပြီ။

***

( အဖြူရောင် မြက်ခင်းပြင်ပြည်နယ်= ပိုင်လုပြည်နယ်။ ရှင်းပြည်နယ် = ကြယ်ပြည်နယ်။ )

All Chapters