← Chapters

အခန်း ၁၁၇၅

Vol. 98 Ch. 1175

အခန်း ၁၁၇၅

Vol. 98 Ch. 1175

အခန်း ၁၁၇၅ -

တိမ်မျှော်စင်ပွဲတော် ... ။

အနက်ရောင်ဝတ်ရုံဝတ်ထားသော လူတစ်ယောက် ပြုံးရွှင်စွာဖြင့် လျှောက်လှမ်း လာနေသည်။ ဤသည်မှာ ယွဲ့ဟောင်ဖန်းပေပင်။

ကောင်းကင်စမ်းသပ်ဂူ အတွင်း အင်မော်တယ် ကုသဆေးအတွက် စိန်ခေါ်ခဲ့သူ ဖြစ်၏။ စုရီမှ မှတ်မိသွားသည်။

ယွဲ့ဟောင်ဖန်းမှ ကျေနပ်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ၊

“ အဲဒီတုန်းက ငါ့ရှုံးနိမ့်မှုကို လုံးဝယုံကြည်ခဲ့တယ် ကောင်းကင်စမ်းသပ် ဂူကနေထွက်လာမှ မင်းဟာ နဝမစမ်းသပ်မှု အပေါ် ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ သိခဲ့ရတယ်။ ”

စုရီမှ လျစ်လျူရှုကာ၊

“ ဒါက ပြောပလောက်စရာ မရှိပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ ပြောပလောက်စရာ မရှိဘူးလား။ ”

ယွဲ့ဟောင်ဖန်းမှ မျက်လုံးများ တောက်ပသွား၏။ နဝမမြောက်စမ်းသက်မှုကို အောင်မြင်ခြင်း၊ ပုဟုန်ကို သတ်ပစ်ခြင်း စသည် တို့သည် တကယ်ပင် ကြီးကြီးမားမားပေပင်။

ထိုသတင်း ထွက်လာခဲ့သော် အမည်ခံအင်မော်တယ်အားလုံး တုန်လှုပ်သွား တော့မည်မှာ သေချာ၏။

ပုဟုန်ဟူသည် အမည်ခံအင်မော်တယ် အဆင့်တွင် ပါရမီရှင်တစ်ယောက်ပင်။ အဆင့် သတ်မှတ်ချက်၌ နိမ့်ပါးသော်မှ ထိပ်ဆုံးအဆင့်၌ ပါဝင်နေဆဲဖြစ်၏။

“တာအိုစု၊ ဒီနေ့ တိမ်သင်္ဘောနဲ့ အဖြူရောင်မြက်ခင်းပြင် ပြည်နယ်ကိုသွားဖို့ စီစဉ်ထားတာလား။ ”

စုရီက ခေါင်းညိတ်ပြသဖြင့် ရွှင်မြူးလာကာ၊

“ တိုက်ဆိုင်လိုက်တာ၊ ငါလည်း အိမ်ပြန်မို့ပါပဲ။ ”

-ဟု ပြောကြားလိုက်သည်။

သူ့မျိုးနွယ်သည် အဖြူရောင်မြက်ခင်းပြင် ပြည်နယ်၏ တိမ်နတ်ဘုရားတောင်မှ ယွဲ့မျိုးရိုး အင်မော်တယ်မိသားစုဖြစ်၏။ စုရီသည်လည်း ယင်းကို သတိရသွားလေသည်။

“ တာအိုစု ... ငါတို့ဆုံတွေ့ရတာ ကံကြမ္မာပါပဲ၊ ဒီညတိမ်မျှော်စင်မှာ အတူတူ သောက်ကြမလား။ ”

“ ဘာလို့လဲ ... ။ ”

“ ဒီည တိမ်မျှော်စင်မှာ အရမ်း စည်ကားလိမ့်မယ် အမည်ခံအင်မော်တယ် အဆင့်(၁၆)မှာရှိတဲ့ ဟွာရှင်းချန်က အဲဒီမှာ ပွဲတော်တစ်ခု ကျင်းပနေတယ် ...

... ပွဲတော်ကို တက်ရောက်လာမဲ့ လူငယ်မျိုးဆက်တွေကြားမှာ ထိပ်တန်းအမည်ခံ အင်မော်တယ် သုံးပါးလည်းပါတယ်။ ”

နှိုင်းယှဉ်ကြည့်သော် အမည်ခံ အင်မော်တယ်အဆင့် သတ်မှတ်ချက်အတွင်း ပါဝင်နေသော ပုဟုန်သည်ပင် ဟွာရှင်းချန်ထက် အများကြီးနိမ့်ကျနေချေသည်။ သို့သော် စုရီမှ ခေါင်းခါပြီး၊

“ ငါ စိတ်မဝင်စားဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ဒါဆို ငါအနားယူတော့မယ်။ ”

နှစ်ယောက်သား ခဏမျှ စကားစမြည် ပြောကြားပြီးနောက် စုရီမှနှုတ်ဆက်လိုက်ကာ ထွက်ခွာသွားတော့၏။

“ ဒါပဲ ... ကြယ်တာရာ သူတော်စင် အင်‌မော်တယ်ရဲ့ လေးစားမှုကိုရနိုင်ခဲ့တဲ့ လူငယ် တစ်ယောက်ဟာ ထူးခြားတဲ့နောက်ခံရှိရမယ် ဒီလိုပွဲမျိုးကို စိတ်မဝင်စားတာ သဘာဝပါပဲ။ ”

ယွဲ့ဟောင်ဖန်းမှ တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။ မျိုးနွယ်စုအကြီးအကဲမှ ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့၏။

ထို့ကြောင့် ပုဟုန်ကို သတ်ပစ်ခဲ့သည့်တိုင် သဟဇာတခြောက်ပါး အကယ်ဒမီမှအကြီးအကဲ လီစုန်ဖူသည် မည်သည့်အရာမျှ မလုပ်နိုင်ချေ။

နောက်ဆုံးတွင် စုရီသည် သူ့ရှေ့မှာပင် လက်နှစ်ဖက်‌နောက်ပို့ကာ ထွက်ခွာသွားခြင်းကို ကြည့်နေခဲ့ရသည်။

“ ဒီလိုလူငယ်တစ်ယောက်ကို ငါ့မိတ်ဆွေဖြစ်အောင် လုပ်ယူရင် ဘယ်လောက် ဂုဏ်ရှိလိုက်မလဲ အခု ငါ့ရဲ့အိမ်ပြန်ခရီးက အဓိပ္ပါယ်ရှိသွားပြီ ဟားဟားဟား။ ”

ယွဲ့ဟောင်ဖန်းမှ သဘောကျစွာ ရယ်မောလျက် ပြုံးပြုံးရွှင်ရွှင်နှင့်ထွက်ခွာသွား တော့၏။

ထိုအချိန်တွင် စုရီသည် သာမန် ဧည့်ခန်းတစ်ခုအတွင်း ပရိဘောဂများအားလုံး ဟောင်းနွမ်းနေသည်ကို လှည့်ပတ် ကြည့်ရှုနေခဲ့သည်။

အခန်းသည် သေးငယ်သောကြောင့် အနည်းငယ်ကျဉ်းကျပ်သည့် ခံစားချက်များပင် ရရှိလာစေ၏။ သို့သော် ဂရုမစိုက်တော့ချေ။

ကြိမ်ကုလားထိုင်ကို ထုတ်ယူကာ ပျင်းရိစွာလှဲလျောင်းလိုက်ပြီး ကောင်းကင်ဆန္ဒ ဆေးမီးဖိုကို စစ်ဆေးနေလိုက်သည်။

နဂါးနက်စျေးမှ ထွက်လာချိန်တွင် ဤဆေးအိုးအတွင်း အင်မော်တယ်ဆေးဖက်ဝင် အပင်ပေါင်းနှစ်ရာကျော် ပစ်ထည့်ခဲ့ပြီးဖြစ်၏။

ဈေးနှုန်းများအရဆိုသော် ထိုဆေးဖက်ဝင်အပင်များသည် အင်မော်တယ် ကျောက်စိမ်းတုံး တစ်သောင်းကျော်သည်။

ထို့ကြောင့် ဆေးမီးဖိုအတွင်းမှ မွှေးကြိုင်နေသော ဆေးရနံ့များသင်းပျံနေ၏။ နတ်အာရုံဖြင့် စူးစမ်းကြည့်သောအခါ မီးဖိုထဲ၌ ခရမ်းရောင်အလင်းများ ရောယှက်နေသည်။

“ ဝမ် ... ။ ”

ထိုစဉ် အလင်းများအတွင်း စာကြောင်းတစ်ကြောင်းက ပြတ်ထင်စွာဖြင့် ရုတ်ချည်းပေါ်လာခဲ့လေသည်။

“ သုံးရက်အတွင်း ရွှေရောင်ခြင်ဆီ သန့်စင်ခြင်း အင်မော်တယ် ဆေးပြားကို သန့်စင် နိုင်‌တော့မယ် အဲဒီအချိန်မှာ ငါ့အတွက် ကျလာမဲ့ ဆေးကပ်ကို ကာကွယ်ပေးပါ။ ”

စာကြောင်းကို ဖတ်ပြီးနောက် စုရီမှ ပြုံးလိုက်မိလေသည်။ အင်မော်တယ်မြေ၏ မူလ စွမ်းအင်မှ မွေးဖွားလာသော ဤကောင်လေး၌ ဝိညာဉ်အသိမှာ တိုးတက်လာချေပြီ။

“ ကြိုးစားပါ ... နောက် မင်းအတွက် ရတနာဝိညာဉ်ကို သေချာပေါက် ငါပြန်လည် ပုံဖော်ပေးမယ်။ ”

စုရီက ကောင်းကင်ဆန္ဒမီးဖိုကို ညင်သာစွာတို့ထိပြီး ပြောကြားလိုက်လေသည်။ ဤအံ့ဖွယ်ရတနာသည် ဓမ္မအဆုံးခေတ်ကြီးတွင် ကပ်ဘေးဒဏ်ကို ခံစားခဲ့ရ၏။

အဆုံးတွင် အင်မော်တယ်မြေမှ ထွက်ပြေးလွတ်မြောက် သွားခဲ့သော်ငြားလည်း ပြင်းထန်စွာ ပျက်စီးသွားရသည်။

ရတနာဝိညာဉ်ပင် မကျန်ခဲ့ချေ။ ယခု စုရီလက်တွင် အနည်းငယ် ပြန်လည်ပြီးဝိညာဉ် အသိအချို့ ရရှိလာပြီဖြစ်၏။

“ ဝမ် ... ။ ”

ကောင်းကင်ဆန္ဒမီးဖိုထဲရှိ ခရမ်းရောင် အလင်းတန်းများသည် ချက်ချင်းလှုပ်ရှားကာ စာတစ်ကြောင်း ပြန်လည်ရေးပြလာသည်။

“ ကောင်းပြီ ... ငါ့ဝိညာဉ်ကို ပြန်လည်ပုံဖော်ပေးနိုင်သရွေ့ မင်းကို ငါ့ဘိုးဘေး အဖြစ် အသိအမှတ်ပြုမယ်။ ”

သူ့စကားထဲတွင် စုရီအပေါ် ယုံကြည်မှုမရှိကြောင်း မြင်သာချေသည်။ စုရီမှ ပြုံးပြီး စကားမဆိုတော့ချေ။ ထိုစဉ် ဖန်ဟန်မှာ ပျင်းရိလာဟန်ဖြင့်၊

“ ငါ လမ်းလျှောက်ပြီး ပစ္စည်းအချို့ ဝယ်ချင်တယ်။ ”

-ဟု ပြောကြားလာ၏။

“ ဘာဝယ်မှာလဲ ။ ”

စုရီမှ မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

“ ဟမ့် ... လိုအပ်မယ်ထင်တာတွေပေါ့ ဘာဝယ်မယ်ဆိုတာ မင်းကို အကုန်တင်ပြနေရ မှာလား။ ”

စကားဆုံးသည်နှင့် ဖန်ဟန်သည် ချက်ချင်းထရပ်ကာ အပြင်သို့ လျှောက်လှမ်း သွားတော့၏။

“ မင်း ... ပိုက်ဆံလိုသေးလား။ ”

စုရီမှ ပြုံးပြီးမေးလိုက်သည်။ ဤလူငယ်လေသည် အမှန်ပင်မာနကြီးချေ၏။ ခေါင်းမာကာ ရဲရင့်လွန်းနေသည်။ သူ့ဘိုးဘေးများကို သတိရစေ၏။

“ မလိုဘူး ... ။ ”

ဖန်ဟန်က စုရီထံမှ တားဆီးခြင်း မရှိသောကြောင့် အနည်းငယ် အံ့အားသင့်ပြီး လှည့်မကြည့်ဘဲ ဆက်လက်ထွက်ခွာလာခဲ့၏။

နဂါးနက်စျေးမြို့မှ မထွက်ခွာခင် နဂါနီသခင်မှ သူ့အတွက် လက်ဆောင်အချို့ ပေးအပ်လာသည်။ ၎င်းသည် သူ့အတွက် လုံလောက်သော ငွေကြေးပမာဏဖြစ်စေ၏။

စုရီသည်လည်း ထိုအကြောင်းကို သတိရသွားသည်။ ယင်းကြောင့်စိတ်မပူတော့ဘဲ တရားထိုင်လိုက်တော့၏။

ယခုသူ့ကျင့်ကြံမှုသည် အမည်ခံ အင်မော်တယ်အဆင့် ခွန်အားနှင့်ညီမျှနေသော အသွင်ပြောင်းနယ်ပယ် ပြီးပြည့်စုံမှုပေပင်။

သူ ကျွမ်းကျင်ထားသော တာအို အားလုံးသည်လည်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေချေပြီ။

ယခု အင်‌မော်တယ်နယ်ပယ်ကို တက်ရောက်ဖို့ရန်အတွက် အခွင့်အရေးတစ်ခု စောင့်ရန်သာလိုတော့၏။ ထိုနေ့သည် မကြာမီ ရောက်ရှိလာတော့မည်ဟု ခံစားနေရသည်။

မှောင်ရီပျိုးစပြုလာသောအခါတွင် ဖန်ဟန်သည် ပျော်ရွှင်စွာဖြင့် ဆိုင်တစ်ဆိုင်မှ ထွက်လာခဲ့၏။ ဤကာလသည် သူ့အတွက် အိပ်မက်တစ်ခုလိုပေပင်။

မူလက သူသည် ဖမ်းဆီးခံရပြီး ကျွန်အဖြစ်ရောင်းစားခံရ၏။ နှလုံးသားတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်ခဲ့ရပြီး ဘဝသည် လုံးဝမှောင်မိုက်နေသည်။

သို့သော် ကံကောင်းစွာဖြင့် ထိုစုရီဆိုသူမှ အရာအားလုံးကို ပြောင်းလဲပေးသွားတော့၏။ မယုံနိုင်စရာပေပင်။

အလွန်လှပသော သူတော်စင် အင်မော်တယ်မှသည်ပင် အစ်မတစ်ယောက် ကဲ့သို့ သူ့ကိုလမ်းညွှန်ပေးခဲ့၏။

ထိုစုရီသည် အလွန်မာနကြီးပြီး ကြွားဝါခြင်းအပေါ် နှစ်သက်သော်လည်း သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

နဂါးနီသခင်ကဲ့သို့ ဒဏ္ဍာရီလာ တည်ရှိသူတစ်ယောက်ပင် လက်ဆောင်များစွာ ပေးအပ်လာသည်အထိ ထိုစုရီကြောင့် သူ့ကို အလေးအနက်ထားလာ၏။

ဤအတွေ့အကြုံများသည် နိမ့်ကျစွာ ရှင်သန်ခဲ့ရသောသူ့ကို များစွာ တက်ကြွမှုများ ပြန်ရလာစေသည်။ ယခုတွင်လည်း အဖြူရောင် မြက်ခင်းပြင်ပြည်နယ်သို့ ခရီးနှင်နေသည့် အတွက် ပို၍ယုံကြည်လာခဲ့၏။

အဖြူရောင်မြက်ခင်းပြင် ပြည်နယ်သည် နဂါးခြင်္သေ့မျိုးနွယ်စုအတွက်တစ်ချိန်က နေအိမ် ပေပင်။

“ အစ်မ ... ငါ မင်းကို ရှာတွေ့ရင် ဒီအတွေ့အကြုံတွေအားလုံး မင်းနဲ့ပြောကြမယ် အဲဒီစုရီဟာ တကယ်ကောင်းတဲ့ သူလားဆိုတာ မင်း ဘယ်လိုဆုံးဖြတ်မလဲ ငါသိချင်တယ်။”

ထိုအတွေးက ဖန်ဟန်ကို ခြေလှမ်းများ သွက်လက်လာစေ၏။ ပတ်ဝန်းကျင်၌ မီးရောင် အချို့ လင်းလက်လာသည်ကို သတိထားမိကာ၊

“ အခုဆိုရင် ... ငါထွက်လာတာ နှစ်နာရီလောက်ရှိပြီဆိုတော့ ထွက်ပြေးသွားပြီ ထင်နေမလားပဲ ဟား ဟား ဟား ... ။ ”

-ဟု ပြုံးရွှင်စွာ ရေရွတ်လိုက်တော့သည်။

“ ဝှစ် ... ။ ”

သို့သော် အပြုံးမှာ ချက်ချင်း ရပ်သွား၏။ အဘယ့်ကြောင့်ဆိုသော် ပုံရိပ်တစ်ရိပ်သည် သူ့ လမ်းကို ပိတ်ဆို့လာသောကြောင့်ပေပင်။

“ မိတ်ဆွေလေး ငါတို့ ပြန်တွေ့ကြပြီ။ ”

ဤသည်မှာ ရွှေရောင်ဝတ်ရုံ ဆင်မြန်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်၏။

“ မင်း ဘယ်သူလဲ။ ”

ဖန်ဟန်မှ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး မေးမြန်းလိုက်တော့သည်။ တစ်ဖက်လူမှ ပြုံးပြကာ၊

“ မင်း ... တိမ်သင်္ဘောပေါ် တက်လာကတည်းက ငါသတိထားမိတယ် ငါ မင်းကိုစောင့်နေခဲ့တာ ငါနဲ့လိုက်ခဲ့ပါ။ ”

-ဟု ပြောကြား၏။

တစ်ချိန်တည်းမှာပင် မျက်ဝန်းများမှာ အစိမ်းရောင်ရေဝဲကြီးအဖြစ်သို့ ပြောင်းလဲလျက် ဖန်ဟန်၏ဝိညာဉ်ထံ ညှို့ယူသွားတော့သည်။

ဖန်ဟန်တစ်ယောက် မျက်ဝန်းများ ဗလာဖြစ်သွားကာ ခေါင်းညိတ်လျက် ထိုသူထံ တိုးကပ်သွားလေသည်။ ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားက သူ့လက်သည်းကို ဖန်ဟန်ပခုံးထံ ထိုးသွင်းပြီး သွေးတစ်စက်မျှထုတ်ယူကာ ပါးစပ်ထဲထည့်လိုက်၏။

များမကြာခင် မြစိမ်းရောင်မျက်ဆန်မှာ ပျော်ရွှင်မှုအရိပ်အယောင်များ ထွက်ပေါ်လျက် လုံးဝ ပြုံးရွှင်သွားချေပြီ။

“ ဟားဟားဟား ... တကယ်ပဲ ကောင်းကင်ဘုံကနေ ငါ့ကိုစောင့်ရှောင်နေတာပဲ နဂါးခြင်္သေ့မျိုးနွယ်ရဲ့ သန့်စင်တဲ့မျိုးဆက် ဟားဟားဟား ... ။ ”

“ အကြီးအကဲ၊ ဒီကောင်လေးနဲ့အတူ တက်ရောက်လာတဲ့ လူငယ်ရဲ့နောက်ခံအပေါ် စုံစမ်းသင့်လား။ ”

ထိုစဉ် အနက်ဝတ်လူတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး မေးမြန်းလိုက်သည်။ ယင်းကြောင့် ရွှေရောင်ဝတ်အမျိုးသားမှ ပြန်လှည့်ကြည့်ကာ၊

“ ကျင့်ကြံမှုအတက်အကျ မရှိတဲ့ လူငယ်ကိုဆိုလိုတာလား၊ မလိုဘူး ... သူ့ရဲ့အရိုး အသက်အရွယ်အရ အသက်နှစ်ဆယ်ကျော် လောက်ပဲရှိသေးတယ် ...

... တိမ်သင်္ဘောပေါ်တက်တဲ့အခါ အနိမ့်ဆုံးအဆင့် အညစ်ပတ်ဆုံးအခန်းမှာပဲ တည်းခိုတယ် ... ဒါဆို ဒီလိုလူက ဘယ်လိုများ တန်ခိုးကြီးတဲ့ နောက်ခံရှိနေမှာလဲ ဒါပမေယ့် ...

... ငါ ဒီကောင်လေးကို သခင်လေးဆီ ခေါ်သွားနေတုန်းမှာ မင်း အဲဒီလူရဲ့နောက်ခံကို လိုလိုမယ်မယ် စုံစမ်းလာခဲ့ပါ ... မမေ့ပါနဲ့ သူ့ကို အသိမပေးတာက အကောင်းဆုံးပဲ ...

... မမျှော်လင့်ထားတဲ့ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ဒီတိမ်သင်္ဘောကြီးပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားပါစေ နားလည်လား။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ ... ။ ”

အနက်ဝတ်လူက အမိန့်ကို လက်ခံယူကာ ပျောက်ကွယ်သွား၏။ ရွှေရောင်ဝတ်အမျိုးသားမှ ဖန်ဟန်နှင့်အတူ ဆူညံနေသော လမ်းမပေါ်တွင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားလေသည်။

တိမ်မျှော်စင်ဟူသည် တိမ်သင်္ဘောရှိ ကိုးထပ်မြင့်သော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်၏။

ခမ်းနားပြီး ကြွယ်ဝသော ကျင့်ကြံသူမျာအတွက်သာ အထူးတည်ဆောက် ထားချေပြီ။ တိမ်မျှော်စင်အပေါ်ဆုံးထပ်တွင် ပွဲတော်တစ်ခု ကျင်းပနေ၏။

အလယ်ခုံတွင် ခရမ်းရောင်ဝတ်ရုံနှင့် ကျောက်စိမ်းသရဖူဝတ်ထားသော လူငယ်လေး တစ်ယောက် ထိုင်နေပြီး ရွှေခါးပတ်ကို ခါးမှာ အလှဆင်ထားသည်။

ထိုမျှ ပေါ့ပေါ့ပါးပါး ထိုင်နေပုံကပင် လွှမ်းမိုးမှုအရိပ်အယောင်ကို ထုတ်ဖော်ပြသ နေတော့၏။ ဤသည်မှာ ဟွာရှင်းချန်ဖြစ်သည်။

ငရဲသွေးနတ်ဆိုး အင်မော်တယ်ဂိုဏ်း၏ အမည်ခံအင်‌မော်တယ်အဆင့် ပထမတန်းစား ကျင့်ကြံသူဖြစ်သည်။

အမည်ခံအင်မော်တယ်အဆင့် သတ်မှတ်ချက်တွင် အဆင့်တစ်ဆယ့်ခြောက် နေရာတွင် ရပ်တည်နေ၏။

ကျင့်ကြံမှုသည် ကြောက်စရာကောင်းပြီး သူ့အဆင့်အတန်းသည်လည်း မြင့်မြတ်လှသည်။ ငရဲသွေးနတ်ဆိုး အင်မော်တယ်းဂိုဏ်းအတွက် အမည်ခံ အင်မော်တယ်အဆင့် သန့်ရှင်းသော သားတော်အဖြစ် အသိအမှတ် ပြုထား၏။

သူ့ပြင် အမည်ခံအင်မော်တယ်အဆင့် သတ်မှတ်ချက်အတွင်း ပါရှိနေသော အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်လည်း ရှိနေသေးသည်။

အခြားသူများမှာမူ ထင်ရှားသည့်နောက်ခံများ အသီးသီးရှိကြ၏။ ယွဲ့ဟောင်ဖေးသည်လည်း ထိုသူတို့များထဲတွင် ပါရှိလေသည်။

သူ့ထိုင်ခုံအတွက်မူ အမည်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ဝင် လူသုံးဦး၏အောက်၌ စီစဉ်ပေးထား၏။

ထိုစဉ် ခန်းမတံခါးကို စောင့်ကြပ်ပေးနေသော အစေခံတစ်ယောက်မှ တိုးညှင်းသောလေသံဖြင့် အစီရင်ခံ လာတော့သည်။

“ သခင်လေး ... အကြီးအကဲယွဲ့ ရောက်ရှိလာပါပြီ သူမှာနဂါးခြင်္သေ့မျိုးနွယ်စုက ကောင်လေးတစ်ယောက်ကိုပါ ခေါ်လာပါသေးတယ်။ ”

***

All Chapters