အခန်း ၁၅၁
Vol. 15 Ch. 151
အခန်း (၁၅၁) - ကိစ္စပြီးဆုံး၍ ပြန်လည်ထွက်ခွာခြင်း
"သခင်လေးဝူ ကျွန်မတို့ ဒီနေရာမှာ နေလာတာ ကြာပြီ၊ မင်ဧကရာဇ်ဆီကိုလည်း လက်ဆောင်တွေ အများကြီး ပေးပြီးပြီ၊ ဘာလို့ ကိစ္စတွေကိုတရားဝင် လာမဆွေးနွေးကြတာလဲ"
တာရာဝမ်ကျိအာ၏ မေးခွန်းကို ဝူကျိရှန်းက အနည်းငယ်မျှ ပြုံးလိုက်ပြီး
"ကျင်းမင်းသားက အထက်အမိန့်ကို စောင့်ဆိုင်းနေတာလေ၊ အထက်က သတင်းကို စောင့်နေတာပေါ့" ဟုသာ ပြန်ပြောလိုက်၏။
စစ်ရေးကြီးကြပ်မှူး ကောင်းနောက်ဆုံးအကြိမ် လက်ဆောင်လာပေးပြီးကတည်းက သူသည်မကြာခနဆိုသလိုရောက်လာတတ်ပြီး အဖိုးတန်လက်ဆောင်များစွာကို ဆောင်ယူလာခဲ့၏။
လက်ဆောင်များအပြင် လူအများအပြားကိုလည်း ခေါ်လာတတ်သေးပြီးထိုလူများမှာကျင်းမင်းသားက စေလွှတ်လိုက်သောစစ်သည်များမဟုတ်ဘဲ အစေခံများ၊ နို့ထိန်းများ၊ စားဖိုမှူးများနှင့် အိမ်တော်ထိန်းများ ဖြစ်ကြပြီး အုလုမျိုးနွယ်စုမှ မင်းမျိုးမင်းနွယ်များကို ဝန်ဆောင်မှုပေးရန် ဖြစ်သည်ဟု ဆို၏။
လက်ဆောင်များနှင့်လူများရောက်လာသော်လည်း ကျင်းမင်းသားကိုယ်တိုင် လာရောက်ခြင်းမရှိသလို တရားဝင်ကိစ္စများကိုလည်း ဆွေးနွေးခြင်း မရှိပေ။ ဧည့်သည်ကဲ့သို့သာ ဆက်ဆံပြီး စားနပ်ရိက္ခာများကို ဆက်လက် ပံ့ပိုးပေးနေသော်လည်း မင်စစ်တပ်ကနောက်ပြန်ဆုတ်သွားခြင်း မရှိသေးချေ။
တကယ်တမ်းတွင် ဝူကျိရှန်းကထိုအခြေအနေကို ကြိုတင်ခန့်မှန်းပြီး ဖြစ်၏။ ကျင်းမင်းသားမှာ ရာထူးအာဏာကြီးမားသော်လည်း အုလုမျိုးနွယ်စုတို့ အလုံးအရင်းဖြင့် လာရောက်အညံ့ခံခြင်းကဲ့သို့ ကြီးမားသောကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
အုလုမျိုးနွယ်စု၏ အင်အားမှာ အလွန်နည်းပါးပြီး စစ်ရေးအရ အရေးပါမှု မရှိသော်လည်း မင်အင်ပါယာ၏ ရပ်တည်ချက်ကို ပြသရန်အတွက် နိုင်ငံရေးအရ အရေးပါသော သင်္ကေတတစ်ခုဖြစ်ပေသည်။ ထိုကိစ္စကို ကျူးယွမ်ကျန်းကိုယ်တိုင်သာ ဆုံးဖြတ်ရမည် ဖြစ်၏။
လက်ရှိအခြေအနေတွင် ကျင်းမင်းသားမှာ ကျူးယွမ်ကျန်း၏ အမိန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အညံ့ခံလာသော အုလုမျိုးနွယ်စုကို မည်သို့ ဆက်ဆံရမည်၊ မည်သည့်အခြေအနေမျိုး ပေးအပ်ရမည်ဆိုသည်ကို နန်းတော်မှ ဆုံးဖြတ်ချက်ကို စောင့်ရပေမည်။ နန်းတော်မှ ဧကရာဇ်အမိန့်တော် မထွက်မချင်းကျင်းမင်းသားက မည်သည့် လုပ်ဆောင်ချက်ကိုမျှ လုပ်မည်မဟုတ်ပေ။
"ကျွန်တော် ထင်တာတော့ နန်းတော်က အမိန့်တော် မကြာခင် ရောက်လာလိမ့်မယ်၊ စိတ်မစောပါနဲ့၊ နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ပေးပါ..."
ဝူကျိရှန်း၏ စကားမှာမှန်ကန်ပေသည်။ ထိုနေ့နှောင်းပိုင်းတွင် စစ်ရေးကြီးကြပ်မှူးကောင်းရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင် သူသည် လက်ဆောင်လာပေးခြင်းမဟုတ်ဘဲ ဧကရာဇ်အမိန့်တော်ကို ကြေညာရန် ရောက်လာခြင်း ဖြစ်၏။
"ကောင်းကင်ဘုံ၏ အမိန့်အရ မင်အင်ပါယာဧကရာဇ်၏ အမိန့်မှာ ဤသို့ ဖြစ်၏။ မင်အင်ပါယာသည် ကောင်းကင်အလိုတော်အရ တည်ထောင်ခဲ့ပြီး မေတ္တာတရားတို့သည် ပင်လယ်လေးစင်းအထိ ပျံ့နှံ့လျက်ရှိ၏။ ယခုအခါ မြောက်ဘက်မှ အုလုမျိုးနွယ်စုတို့သည် ဧကရာဇ်၏ မေတ္တာကို ခံယူ၍ သစ္စာရှိစွာဖြင့် အညံ့ခံလာကြ၏။ ထို့ကြောင့် အုလုမျိုးနွယ်စုကို အုလုနိုင်ငံအဖြစ် သတ်မှတ်ပြီး ငါ့ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ခန့်အပ်လိုက်၏။ အိမ်တော်၊ ရထား၊ မြင်းများနှင့် အခမ်းအနားအစောင့်အရှောက်များကို ပေးအပ်လိုက်၏"
"အုလုမျိုးနွယ်စုမှကျိအာ၏ မျိုးရိုးမှာ မြင့်မြတ်ပြီး လူထုအတွက် မိခင်သဖွယ် ဖြစ်ပေသည်။ ထို့ကြောင့် သူမကို ရှန်ရီသခင်မလေးအဖြစ် ဘွဲ့ထူးပေးအပ်ပြီး မျိုးဆက်အလိုက် အခွင့်အရေးများ ခံစားစေရန် ချီးမြှင့်လိုက်၏"
အုလုမင်းသားမှာ သုံးနှစ်အရွယ် ကလေးသာဖြစ်ပြီး တာရာဝမ်ကျိအာအနေဖြင့်လည်းဟန်တရုတ်စကားကို ကျွမ်းကျင်စွာ မပြောနိုင်သဖြင့့်ထိာအမိန့်တော်ကို နားမလည်နိုင်ပေ။
သို့သော် ဝူကျိရှန်းကတော့ ရှင်းလင်းစွာသိလိုက်ရ၏။ ပထမဆုံး အညံ့ခံလာသည့် လူမျိုးစုဖြစ်၍ ဧကရာဇ်က အထူးဂရုစိုက်မည်ဟု ခန့်မှန်းထားသော်လည်းထိုမျှအထိ ရက်ရောလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျူးယွမ်ကျန်းက အသက်သုံးနှစ်အရွယ် ကလေးကိုပင် အုလုမင်းသားအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်သည်။
အမိန့်တော်ကို ဖတ်ကြားပြီးနောက်စစ်ရေးကြီးကြပ်သူကောင်းကဂရုတစိုက်ပြောလာ၏။
"ဧကရာဇ်က ရထား၊ မြင်းများနှင့် ခမ်းနားတဲ့အိမ်တော်ကို ပေးအပ်ထားပါတယ်။ အုလုမင်းသားနှင့် ရှန်ရီသခင်မလေးတို့အနေနဲ့ မြို့တော်ကို လိုက်ပါပြီး ဘွဲ့တော်ကို ခံယူဖို့ ဖိတ်ခေါ်ပါတယ်"
"မင်းတို့က ငါတို့သားအမိကို မြို့တော်ကို ခေါ်သွားချင်တာလား၊ ငါတို့ကို ဓားစာခံလုပ်ဖို့ ကြံစည်နေတာ မဟုတ်လား"
တာရာဝမ်ကျိအာမှာတိုက်ရိုက်ပြောတတ်သည့်သူဖြစ်၍ စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ထိုအခါ စစ်ရေးကြီးကြပ်မှူး ကောင်းမှာ အထိတ်တလန့်ဖြင့်ဝူကျိရှန်းအားအကူအညီတောင်းတော့သည်။
"လုံးဝ မဟုတ်ရပါဘူး... ဧကရာဇ်က မင်းသားဘွဲ့ ပေးအပ်ထားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ မြို့တော်ကို လာရတာ ဓလေ့တစ်ခုပါပဲ၊လက်ထောက် အုပ်ချုပ်ရေးမှူးဝူခင်ဗျာ၊ ကျွန်တော့်အစား ရှင်းပြပေးပါဦး"
တကယ်တမ်းတွင် အုလုမျိုးနွယ်စုမှာ အလွန်သေးငယ်၍ နိုင်ငံရေးအရ အရေးပါမှု မရှိသဖြင့် ဓားစာခံထားရန် မလိုပေ။ ကျူးယွမ်ကျန်းအနေဖြင့်လည်း အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားခြင်းက မင်အင်ပါယာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဟု သိရှိထား၏။ ၎င်းမှာရိုးရိုးလုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်သည်။
"သခင်လေးဝူ... ရှင် ကျွန်မတို့သားအမိနဲ့အတူ မြို့တော်ကို လိုက်ခဲ့ပေးလို့ ရမလား၊ ရှင်မပါရင် ကျွန်မ စိတ်မချဘူး"
ဝူကျိရှန်းမှာ နေရပ်သို့ပြန်လည်ရောက်ရှိလာသည်မှာ ကြာပြီဖြစ်၍ အိမ်သို့ အမြန်ပြန်ချင်နေ၏။ နှစ်ရက်အကြာတွင် လုံခြုံရေးအပြည့်ဖြင့် အုလုမျိုးနွယ်စုတို့သည် ယွမ်းကျိုးမြို့တော်သို့ ဝင်ရောက်လာကြ၏။
ကျင်းမင်းသားက ခမ်းနားစွာ ကြိုဆိုလက်ခံ၏။ထိုအချိန်တွင်အုလုမျိုးနွယ်စု၏ ကိစ္စများမှာ ဝူကျိရှန်းနှင့် မသက်ဆိုင်တော့ပေ။ အသေးအဖွဲကိစ္စများကို ဝမ်ကျန့်စွန်းအား လွှဲပေးပြီးနောက် ဝူကျိရှန်း၏ တာဝန်မှာ ပြီးဆုံးသွားပြီ ဖြစ်၏။
ထွက်ခွာရန် ပြင်ဆင်နေစဉ် စစ်ကြီးကြပ်ရေးမှူး ကောင်းက တားလိုက်၏။
"လက်ထောက် အုပ်ချုပ်ရေးမှူးဝူ၊ မပြန်နဲ့ဦး။ ကျွန်တော်တို့ ခွဲခွာနေတာ ကြာပြီ၊ အရက်သောက်ပြီး ပျော်ပါးကြရအောင်။ ကျွန်တော် စားပွဲပြင်ထားပြီးပြီ"
"စစ်ရေးကြီးကြပ်မှူး ကောင်း ကျွန်တော် အိမ်မပြန်ရတာ ကြာပြီ။ မိသားစုက ကျွန်တော် အသက်ရှင်သလား၊ သေပြီလားတောင် မသိကြဘူး။ အမြန်ပြန်ပြီး သတင်းပေးရဦးမယ်"
"ဘာလဲ၊ ခင်ဗျားက ကျွန်တော့်ကို မျက်နှာသာ မပေးတော့ဘူးပေါ့"
နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
"လက်ထောက်ကြီးကြပ်ရေးမှူးဝူ၊ ကျွန်တော်တို့ အတူတူ အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတာလေ၊ အရက်တစ်ခွက်လောက်တောင် မသောက်ပေးနိုင်ဘူးလား"
လှည့်ကြည့်လိုက်ရာ ဗိုလ်ချုပ်ဟူချန် ဖြစ်နေ လေသည်။
*********