← Chapters

အခန်း ၁၅၂

Vol. 15 Ch. 152

အခန်း ၁၅၂

Vol. 15 Ch. 152

အခန်း ၁၅၂ - သဲကန္တာရကို ဖြတ်ကျော်နိုင်တာလား

စစ်ရေးကြီးကြပ်မှူး ကောင်းဖူ၊ ဗိုလ်ချုပ်ဟူချန်နှင့် ဝူကျိရှန်းတို့သည် တစ်ချိန်က အသက်ကို ပဓာနမထားဘဲ အတူတူ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ ပြန်လည်ဆုံတွေ့ချိန်တွင် ပျော်ရွှင်စွာ အရက်သောက်ကြ၏။ ဗိုလ်ချုပ်ဟူချန်၏ ဦးဆောင်မှုဖြင့် သူတို့သုံးဦးသည် မြို့မြောက်ဘက်ရှိ နေအိမ်တစ်လုံးသို့ ရောက်ရှိလာကြသည်။

အိမ်မှာ ကြီးမားခြင်းမရှိသော်လည်း ခြံဝင်းအတွင်းတွင် ဝါးပင်များ စိုက်ပျိုးထားပြီး အလွန်သပ်ရပ်လှပ၏။

"ဒါ ဗိုလ်ချုပ်ဟူချန်ရဲ့ အိမ်လား"

"ဟုတ်တယ်လေ၊ ဒီအိမ်က ကျင်းမင်းသားက ကျွန်တော့်ကို ချီးမြှင့်ထားတဲ့ အိမ်တော်ပဲ"

ဗိုလ်ချုပ်ဟူချန်က ပြုံး၍ ပြော၏။ ဂျကျင်းမင်းသားသည် သူ၏ စစ်ဗိုလ်ချုပ်များကို ဆုလာဘ်ပေးရာတွင် အမြဲတမ်း ရက်ရောသူဖြစ်ပြီး အိမ်တော်သာမက အစေခံများပါ ပေးအပ်ထားခြင်း ဖြစ်သည်။

ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ စစ်ရေးကြီးကြပ်မှူး ကောင်းက ရယ်မောလျက်ပြောလာ‌၏။

"လက်ထောက် အုပ်ချုပ်ရေးမှူးဝူရေ၊ ကျွန်တော် ဂုဏ်ပြုပါတယ်ဗျာ။ အုလုမျိုးနွယ်စုကို သိမ်းပိုက်နိုင်ခဲ့တာ ခင်ဗျားရဲ့ အရည်အချင်းကြောင့်ဆိုတာ မင်အင်ပါယာက သိမှာပါ။ မကြာခင်မှာ ရာထူးတိုးတော့မှာ အသေအချာပါပဲ"

"စစ်ရေးကြီးကြပ်မှူး ကောင်းရယ်၊ မနောက်ပါနဲ့။ ကျွန်တော် အသက်ရှင်လျက် ပြန်ရောက်လာတာကိုပဲ ကံကောင်းလှပြီလို့ ထင်ပါတယ်၊ ရာထူးတွေ ဘာတွေ စိတ်မဝင်စားပါဘူး"

"တကယ်ပဲ စိတ်မဝင်စားတာလား"

စစ်ရေးကြီးကြပ်မှူး ကောင်းက ဝူကျိရှန်းကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဝူကျိရှန်းကပေါ့ပါးစွာပြန်ပြောလိုက်၏။

"ဒါကတော့ စကားအရပြောတာပါ၊ စစ်ရေးကြီးကြပ်မှူးက အတည်မယူပါနဲ့"

အသက်ကို ပဓာနမထားဘဲ ရုန်းကန်ခဲ့ရသောထိုမျှကြီးမားသည့် အောင်မြင်မှုအတွက် လူတိုင်းကဂုဏ်ပြုဆုလာဘ်ကို မျှော်လင့်မှာပဲလေ။

"ကဲပါ... အသိဟောင်းတွေပဲ၊ အလုပ်ကိစ္စကို ပြောကြရအောင်"

ဗိုလ်ချုပ်ဟူချန်က စစ်မြေပုံတစ်ခုကို ထုတ်၍ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်၏။

"လက်ထောက်အုပ်ချုပ်‌ရေးမှူးဝူ၊ ခင်ဗျားက အုလုမျိုးနွယ်စုအကြောင်း အသိဆုံးမို့ မြောက်ဘက်က အခြေအနေတွေကို အသေးစိတ် ပြောပြပေးပါ"

"အရက်သောက်ဖို့ ပြောပြီးတော့ အခုကျမှ အလုပ်ကိစ္စတဲ့လား"

"အရက်သောက်မယ်ဆိုတာက ခင်ဗျား စိတ်မဝင်စားဘူးလို့ ပြောတာနဲ့ အတူတူပါပဲ၊စကားအရ ပြောတာပါ"

ဗိုလ်ချုပ်ဟူချန်က ရယ်မော၍ ဝူကျိရှန်း၏ ပုခုံးကို ပုတ်လိုက်ပြီးပြောလိုက်၏။

"ကျွန်တော့်အရက်ကို ခင်ဗျား မသောက်ဘဲ နေလိမ့်မယ်လို့တော့ မထင်ပါဘူး"

ဗိုလ်ချုပ်ဟူချန်းနှင့် စစ်ရေးကြီးကြပ်မှူး ကောင်းတို့မှာ ဝူကျိရှန်းကို မြက်ခင်းပြင်၏ အခြေအနေအမှန်ကို သိလို၍ ခေါ်လာခြင်းဖြစ်သည်။

မြောက်ပိုင်းစစ်ဆင်ရေးမှာ စတင်နေပြီဖြစ်ရာ ကျင်းမင်းသား၏ လက်အောက်ခံ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဟူချန်မှာလည်း မြောက်ဘက်သို့ စစ်ချီရတော့မည်ဖြစ်သည်။

"ဒီမြေပုံကို သူလျှိုတွေဆီက ရတဲ့သတင်းအချက်အလက်နဲ့ ဆွဲထားတာ၊ တစ်ချက်လောက် ကြည့်ပေးပါဦး"

ဗိုလ်ချုပ်ဟူချန်ဆွဲထားသော မြေပုံမှာ အလွန်လက်ရာကြမ်းလှ၏။ ဝူကျိရှန်းက ခေါင်းခါလိုက်ပြီး

"ဒီမြေပုံက အရမ်းကို ရိုးရှင်းနေသလို တချို့နေရာတွေလည်း မှားနေတယ်။ အထူးသဖြင့် အုလုမျိုးနွယ်စုရဲ့ တည်နေရာက လုံးဝ မှားနေတာပဲ" ဟု ပြော၍ မြေပုံပေါ်တွင် လက်ညှိုးထိုးပြ၏။

"အုလုမျိုးနွယ်စုက အနောက်မြောက်ဘက်ကို ပိုနီးတယ်၊ အနည်းဆုံး နှစ်ရက် သုံးရက်စာလောက် ကွာမယ်"

"ဒီမြေပုံက မြစ်ကြောင်းတွေလည်း မှားနေသေးတယ်"

ဝူကျိရှန်းက အမှားများကို ထောက်ပြလေတိုင်း ဗိုလ်ချုပ်ဟူချန်က အသေအချာ မှတ်သားနေ၏။ ဝူကျိရှန်းက မြေပုံပေါ်ရှိ အမည်းစက်တစ်ခုကို ကြည့်၍

"ဒီအမည်းစက်က ဘာလဲ" ဟု မေးလိုက်သည်။

"အဲဒါက သဲကန္တာရလေ။ အုလုမျိုးနွယ်စုရဲ့ အနောက်မြောက်ဘက်မှာ အလွန်ကြီးမားတဲ့ သဲကန္တာရကြီး ရှိတယ်လို့ ပြောကြတယ်"

ဝူကျိရှန်းက ရယ်မော၍ ပြောလိုက်၏။

"အဲဒီသဲကန္တာရက ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ထင်သလောက်တော့ မကြီးပါဘူး။ သာမန်အားဖြင့်ဆိုရင် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ဆိုရင် ဖြတ်ကျော်နိုင်ပါတယ်"

"ဒီသဲကန္တာရက အရှေ့နဲ့ အနောက်ကို ဆန့်တန်းနေပြီး သေခြင်းတရားပင်လယ်လို့ ခေါ်ကြတာ၊ ခြောက်ရက်နဲ့ ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ"

ဝူကျိရှန်းကပြန်ပြောလိုက်၏။

"ကျွန်တော် တစ်ခါဖြတ်ကျော်ဖူးတယ်၊ လမ်းတောင် ပျောက်ခဲ့သေးတယ်၊ ဒါပေမဲ့ ထွက်နိုင်ခဲ့တာပဲ"

ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်ဟူချန်မှာ ချက်ချင်း ထရပ်လိုက်ပြီး ဝူကျိရှန်း၏ လက်ကို ဆုပ်ကိုင်လျက်စိတ်လှုပ်ရှားစွာမေးလိုက်လေသည်။

"ခင်ဗျား တကယ်ပဲ ဖြတ်ကျော်နိုင်ခဲ့တာလား"

"ဟုတ်ကဲ့၊ တကယ်ပါ"

"ဘယ်လိုဖြတ်ခဲ့လဲ ပြောပြပါဦး၊ အဲဒီမှာ ရေသောက်စရာ ရေတွင်းရေကန်တွေရော ရှိလား"

"ရေတွင်းရေကန်တွေတော့ မတွေ့မိဘူး"

ဝူကျိရှန်းက သူဖြတ်ကျော်ခဲ့ရသည့် အဖြစ်အပျက်များကို အသေးစိတ် ပြောပြလေသည်။ တာရာဝမ်ကျိအာကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သဲကန္တာရထဲသို့ ထွက်ပြေးခဲ့ပုံ၊ လမ်းပျောက်ခဲ့ပုံနှင့် နောက်ဆုံးတွင် ဦးလေး လယ်အာမုနှင့် တွေ့ဆုံခဲ့ပုံတို့ကို ပြောပြရာ

ဗိုလ်ချုပ်ဟုချန်းက အနည်းငယ် ပြုံး၍

"ခင်ဗျား ကံကောင်းလို့ပါ၊ အဲဒီမှာ ဘယ်လောက်ကြာကြာ နေခဲ့ရလဲဆိုတာ သေချာပြန်စဉ်းစားပေးပါဦး၊ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်" ဟုဆိုလာ၏။

ဝူကျိရှန်းကသေချာစဉ်းစား ရေတွက်၍

ပြောလိုက်သည်။

"တာရာဝမ်ကျိအာကို ဖမ်းပြီး လေးရက်မပြည့်ခင် လမ်းလျှောက်ခဲ့တယ်၊ ပြီးတော့ လမ်းပျောက်ပြီး ပတ်ချာလည် လည်နေခဲ့တာ၊ နောက်ဆုံးတော့ ခြောက်ရက်ဆိုရင် ဖြတ်လို့ရမယ်လို့ ထင်ပါတယ်"

ဗိုလ်ချုပ်ဟူချန်မှာ မျက်လုံးများ အရောင်လက်သွား၏။

"ခြောက်ရက်ဆိုရင် ဖြတ်လို့ရတယ်ပေါ့၊ ဒါဆိုရင် ဒီသဲကန္တာရကို ဖြတ်ပြီး ရန်သူ့နောက်ကျောကနေ အလစ်ဝင်တိုက်လို့ ရပြီပေါ့"

သူ့ခေါင်းထဲတွင် စစ်ရေးဗျူဟာများ ပေါ်လာတော့၏။ ဝူကျိရှန်းကြုံ‌တွေ့ခဲ့ရသည့်အခက်အခဲများမှာ လူမျိုးစုကို ကယ်တင်နိုင်ရုံမက မြောက်ပိုင်းစစ်ဆင်ရေးအတွက်ပါ အရေးပါသော အလှည့်အပြောင်း ဖြစ်လာတော့မည် ဖြစ်သည်။ ဝူကျိရှန်းကတော့ထိုကိစ္စများကို စိတ်မဝင်စားတော့ဘဲ အိမ်သို့သာ အမြန်ဆုံး ပြန်ချင်နေတော့၏။

*********

All Chapters