အခန်း ၁၅၅
Vol. 15 Ch. 155
အခန်း (၁၅၅) - ခွဲခွာခြင်းက ပို၍ ချစ်ခင်စေတယ်
ယခင်က သခင်မလေးရွန့်မှာ အလွန်အရှက်ကြီးသူဖြစ်၍ လင်မယားချင်းပင် အလေးအနက်ထား ဆက်ဆံလေ့ရှိသည်။
သို့သော် ယနေ့တွင်မူ သူမ၏ အပြုအမူများမှာ လုံးဝ ပြောင်းလဲသွား၏။ ယခင်က မည်သည့်အခါမျှ အတူတူ ရေမချိုးခဲ့ဖူးသော်လည်း ယနေ့တွင်မူ ဝူကျိရှန်းနှင့်အတူ ရေချိုးလိုကြောင်း ပြောလာသည်။
"ချင်းချင်း... ရေနွေးပိုတည်ထားပေး၊ မျက်နှာသုတ်ပဝါတွေနဲ့ အဝတ်အစားသစ်တွေလည်း ပြင်ထားပေးပါ"
လင်မယားနှစ်ယောက် ပြန်လည်ဆုံစည်းခြင်း ဖြစ်သည့်အတွက် အတူတူ ရေချိုးခြင်းမှာ သဘာဝကျ ပေသည်။ ချင်းချင်းက ရေနွေးများ ပြင်ဆင်ပေးပြီးနောက်သခင်မလေးရွန့်အားပြောလိုက်၏။
"ရေနွေးရရင် သခင်လေးကို ရေချိုးဖို့ လှမ်းခေါ်လိုက်မယ်လေ"
သခင်မလေးရွန့်က မျက်နှာကို ငုံ့ထားရင်းတိုးတိုးလေးပြန်ပြောလိုက်သည်။
"ရေချိုးကန်ကို အခန်းထဲ ရွှေ့လိုက်ပါ၊ ငါပဲ အရှင့်ကိုပြုစုပေးမယ်"
ထိုအခါမှသာ ချင်းချင်းမှာ နှစ်ယောက်သား အတူရေချိုးမည်ကို သဘောပေါက်သွားတော့၏။
ဆည်းဆာချိန် ရောက်သောအခါ တံခါးများကို စောစီးစွာ ပိတ်လိုက်ကြသည်။ လင်မယားနှစ်ယောက် ရေချိုးပြီးနောက် အိပ်ခန်းထဲတွင် အရေးကြီးကိစ္စကို လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် အပြင်ဘက်မှ ချင်းချင်း၏ အသံ ထွက်ပေါ်လာ၏။
"သခင်လေး၊ သခင်မလေး... တံခါးဖွင့်ပေးပါဦး"
သခင်မလေးရွန့်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး တံခါးကို အနည်းငယ် ဖွင့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ချင်းချင်းက မျက်နှာပူပူဖြင့် မျက်နှာသုတ်ပဝါ အထူကြီးတစ်ခုကို ပေးလိုက်၏။
"ဒီပဝါကို ရေနွေးစိမ်ထားတာပါ... နောက်ပိုင်းကျရင် သခင်လေးရဲ့ ကိုယ်ကို သုတ်ပေးဖို့ပါ"
သခင်မလေးရွန့်မှာ ချင်းချင်း၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး
"မင်းက တကယ်ကို ဂရုစိုက်တတ်တာပဲ၊ မြန်မြန် သွားအိပ်တော့" ဟု ပြောလိုက်သည်။
ချင်းချင်းမှာ ထွက်သွားပြီးမှပြန်လှည့်၍စိတ်မချသလိုထပ်မှာပြန်သည်။
"သခင်လေး အလုပ်တွေ ပင်ပန်းလာတာ ကြာပြီ၊ သခင်မလေးလည်း သခင်လေးရဲ့ ကိုယ်ခန္ဓာကို ဂရုစိုက်ပေးပါဦး... သူ့ကို အများကြီး မညှဉ်းဆဲပါနဲ့"
ထိုစကားကြောင့် သခင်မလေးရွန့်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ကျွငါတို့ လင်မယားကိစ္စကို မင်းက ဘာလို့ လာပြောနေတာလဲဟု တွေးမိသော်လည်း ချင်းချင်း၏ သစ္စာရှိမှုကို သိရှိထားသဖြင့် သူမကို အပြစ်မတင်နိုင်ပေ။
ဝူကျိရှန်းက ထိုစကားကို ကြားသောအခါ ရယ်မော၍
"ချင်းချင်းက ကလေးပဲလို့ ထင်ခဲ့တာ၊ သူက ဒီလောက်ထိ သိနေလိမ့်မယ်လို့ မထင်ထားဘူး"
သခင်မလေးရွန့်က သူ့ရင်ခွင်ထဲသို့ တိုးဝင်လာပြီးပြောလိုက်၏။
"ချင်းချင်းက အသက် နှစ်ဆယ်ရှိပြီလေ၊ ကလေးမဟုတ်တော့ပါဘူး"
ဖယောင်းတိုင်၏အလင်းရောင်အောက်တွင် လင်မယားနှစ်ယောက်၏ အချစ်မှာ ပို၍ နက်ရှိုင်းလာပြီးနောက် ပင်ပန်းစွာဖြင့် အိပ်ပျော်သွားကြ၏။
နောက်တစ်နေ့ နံနက်တွင် နေမြင့်သည်အထိ လင်မယားနှစ်ယောက်မှာ အိပ်ယာမှ မထကြသေးပေ။ ချင်းချင်းမှာလည်း အသိဉာဏ်ရှိသူဖြစ်၍ သူတို့ကို လာမနှောင့်ယှက်ဘဲ စားသောက်ပွဲပြင်ပြီး စောင့်ဆိုင်းနေသည်။ သခင်မလေးရွန့်က ဝူကျိရှန်း၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်ထားပြီး အလွန်ပင် ပျင်းရိနေသော အမူအရာဖြင့် ရှိနေ၏။
"ရှင်မ... မင်းက တကယ်ကို လှတာပဲ"
"အရှင်ကလည်း ကျွန်မကို စနေပြန်ပြီ"
"ဘယ်မှာ စလို့လဲ၊ ငါတို့က လင်မယားတွေလေ"
ဝူကျိရှန်းက သူမကို ပြန်၍ တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။
"နေမြင့်နေပြီ၊ အိပ်ယာက ထတော့လေ၊ ချင်းချင်းက မနက်စာပြင်ပြီး စောင့်နေတာ ကြာပြီ"
မည်သို့ပင်ဖြစ်စေ ဝူကျိရှန်းမှာ အဆင့်ခြောက် အရာရှိတစ်ဦး ဖြစ်သည့်အတွက် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနသို့ သွား၍ အစီရင်ခံရန် လိုအပ်သေး၏။ သူ အခန်းထဲမှ ထွက်လာသောအခါ ချင်းချင်းက ချက်ချင်း ရောက်လာပြီး အဝတ်အစားများ လဲလှယ်ရန် ကူညီပေးသည်။
"ငါ့ဘာသာ လုပ်နိုင်ပါတယ်၊ မင်း ပင်ပန်းမခံပါနဲ့"
ချင်းချင်းက ပြုံး၍
"ကျွန်မက သခင်လေးကို ပြုစုမပေးရတာ ကြာပြီ၊ အခုလို ပြန်လုပ်ပေးချင်လို့ပါ"
သူမက ဝူကျိရှန်း၏ ဆံပင်များကို စနစ်တကျ ပြုပြင်ပေးပြီး အရာရှိဝတ်စုံနှင့် ဦးထုပ်ကို ဝတ်ဆင်ပေးလိုက်လေသည်။
*********
`