အခန်း ၁၅၆
Vol. 15 Ch. 156
အခန်း ၁၅၆ လူတစ်ယောက်၏ ပြောင်းလဲခြင်း
ဝူကျိရှန်းဆေးဝါးစီမံခန့်ခွဲရေးဌာနသို့ ရောက်ရှိလာပြီး ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သောအခါ သူသည် အခန်းမှားဝင်မိပြီဟုပင် ထင်မှတ်လိုက်မိလေသည်။
မူလက မီးခိုးငွေ့များနှင့် မီးလောင်ရာအမှတ်အသားများဖြင့် ပြည့်နှက်နေသော နံရံများသည် အဖြူရောင်သုတ်ဆေးသစ်များဖြင့် အရောင်တင်ထားပြီး မျက်နှာကျက်ကိုပင် စနစ်တကျ စက္ကူအသစ်များ ကပ်ထားလေသည်။
ပြတင်းပေါက်နံဘေးတွင် အနုပညာဆန်ဆန် စီစဉ်ထားသော ပန်းအိုးအချို့ ရှိနေပြီး နံရံများတွင်လည်း နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာပေပန်းချီများ ချိတ်ဆွဲထားလေသည်။ ထိုပန်းချီကားများမှာ အစစ်ဟုတ်မဟုတ် ခွဲခြားရန် ခက်ခဲသော်လည်း အခန်းတစ်ခုလုံးကိုခန့်ညားထည်ဝါနေစေ၏။
ယခင်စားပွဲဟောင်းနေရာတွင် ကျောက်စိမ်းများဖြင့် စီခြယ်ထားသော ခံ့ညားသည့် စားပွဲကြီးတစ်ခု ရောက်လာပြီး ၎င်းနှင့်တွဲဖက်ထားသော သစ်သားနက်ဖြင့် ထုလုပ်ထားသည့် ကုလားထိုင်မှာလည်း ပိုးထည်ကူရှင်များဖြင့် ပြည့်နှက်နေ၏။
စားပွဲပေါ်ရှိ စာရေးကိရိယာများမှာပင် ထိုခေတ်အခါက နာမည်ကြီး ပစ္စည်းများသာ ဖြစ်နေလေသည်။
ဆေးဝါးစီမံခန့်ခွဲရေးဌာနဆိုသည်မှာ ပုံမှန်အားဖြင့် ဆင်းရဲသော အစိုးရဌာန တစ်ခုဖြစ်ပြီး လုပ်ငန်းလည်ပတ်စရိတ်များပင် အလွန်ကျပ်တည်းလှသည်။
လအနည်းငယ်အတွင်းမှာပင် ရုံးခန်းကို ဤမျှဇိမ်ကျကျ ပြင်ဆင်ထားနိုင်သည်မှာ အစိုးရအနေဖြင့် ဆေးဝါးဌာနအတွက် ဘတ်ဂျက်များစွာ ချပေးလိုက်သလားဟု သူ တွေးတောမိလေသည်။
ဝူကျိရှန်းသည် ပိုးထည်ကူရှင်ရှိသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ စားပွဲပေါ်ရှိ ပစ္စည်းများကိုကိုင်ကြည့်နေစဉ် အပြင်ဘက်မှ ရင်းနှီးသော အရိပ်တစ်ခု လှမ်းဝင်လာသည်။
ထိုသူမှာ ရှုစီဝင်ပင် ဖြစ်လေသည်။
ဝူကျိရှန်းနှင့် ရှုစီဝင်မှာ ရုံးခန်းတစ်ခုတည်းတွင် အလုပ်လုပ်ကြသူများ ဖြစ်သည့်အတွက် အလွန်ရင်းနှီးကြသူများ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဝူကျိရှန်းသည် သူ့ကို မမှတ်မိဖြစ်သွားရ၏။
လအနည်းငယ်မျှသာ ခွဲခွာခဲ့ရသော်လည်း အလွန်ရင်းနှီးခဲ့သော ရှုစီဝင်မှာ ယခင်ကနှင့် လုံးဝမတူတော့ဘဲ လူသစ်တစ် ယောက်ကဲ့သို့ပြောင်းလဲသွားလေသည်။
ရှုစီဝင်သည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ငွေကြေးအလွန်ကျပ်တည်းသူ ဖြစ်သည်။ မင်မင်းဆက်ခေတ်တွင် အရာရှိများ၏ လစာမှာလည်း အလွန်နည်းပါးလှ၏။
ရှုစီဝင်သည် သူ၏ဇာတိမြေမှ ထိုက်ယွမ်မြို့သို့ အရာရှိအဖြစ် လာရောက်ချိန်တွင် စားဝတ်နေရေးအတွက်ပင် အခက်အခဲများရှိပြီး ဝူကျိရှန်းထံမှ ငွေကြေး မကြာခဏ ချေးယူတတ်သူ ဖြစ်လေသည်။
ယနေ့ ရှုစီဝင်မှာမူ ယခင်ကဲ့သို့ ဆင်းရဲနွမ်းပါးသော ပုံစံမျိုး လုံးဝမရှိတော့ဘဲ ချမ်းသာသူ၏ အငွေ့အသက်များပင် ထွက်ပေါ်နေလေသည်။
ယခင်က ရှုစီဝင်သည် အရာရှိဝတ်စုံကိုသာ အမြဲဝတ်ဆင်လေ့ရှိသော်လည်း ယနေ့တွင်မူ ရွှေရောင်ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
ပိုးထည်ဝတ်ရုံမှာ ဈေးပေါသည်မဟုတ်ပေ၊ အထူးသဖြင့် ခါးပတ်တွင် တပ်ဆင်ထားသည့် လက်တစ်ဖဝါးစာခန့်ရှိသော ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသည့် ခါးပတ်အဆင်တန်ဆာမှာ အရောင်လက်နေလေသည်။
သူ၏ခါးပတ်တွင်လည်း ငါးနှစ်ကောင် ကျောက်စိမ်းရုပ်နှင့် ဇိမ်ကျကျ ချုပ်လုပ်ထားသော အမွှေးနံ့သာအိတ်များကို ချိတ်ဆွဲထားလေသည်။
ဆောင်းဦးရာသီ၏ လေပြေလေညင်းများ တိုက်ခတ်နေသဖြင့် ယပ်တောင် လိုအပ်ခြင်းမရှိသော်လည်း ရှုစီဝင်မှာမူ ဆင်စွယ်ရိုးဖြင့် ပြုလုပ်ထားသော ရွှေရောင်ဆေးခြယ်ထားသည့် ယပ်တောင်ကို ကိုင်ဆွဲကာ လှမ်းသမျှခြေလှမ်းတိုင်းတွင် အတော်လေး ကျေနပ်အားရနေသည့် ပုံစံမျိုး ဖြစ်နေ၏။
ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက်ဖြစ်သည့် ရှုစီဝင်သည် အမွှေးအိတ်များ ဆင်ရုံသာမက မျက်နှာကိုလည်း ပေါင်ဒါမှုန့်များ ဖွေးနေအောင် လိမ်းထားခြင်းပင် ဖြစ်သည်။
အလှကုန်ပစ္စည်းများမှာ အမျိုးသမီးများအတွက်သာ သီးသန့်မဟုတ်ဘဲအချို့သော လူငယ်လူရွယ်များပင် မျက်နှာ၌ ပေါင်ဒါလိမ်းတတ်ကြသည်။ သို့သော် ရှုစီဝင်မှာ အသက်လေးဆယ်အရွယ် ဖြစ်နေပြီလေ။
ထိုအရွယ် အမျိုးသားတစ်ယောက်က ထိုသို့ အလှအပများ လုပ်နေခြင်းမှာ ယောကျ်ားမှန်း မိန်းမမှန်း မသိနိုင်တော့ဘဲ ပြဇာတ်ရုံမှ လူရွှင်တော်တစ်ဦးလို အလွန်ပင် မလိုက်ဖက် ဖြစ်နေလေသည်။
"လက်ထောက်အရာရှိ ရှု၊ မတွေ့တာကြာပြီ၊ နေကောင်းလား"
ဝူကျိရှန်းသည် ထရပ်ကာ နှုတ်ဆက်လိုက်၏။
"လက်ထောက်အရာရှိ ဝူပါလား၊ နေကောင်း..."
ရှုစီဝင်သည် ပေါ့ပေါ့ပါးပါးစကားစမြည်ပြန် ပြောတော့မည့်ဆဲဆဲတွင် သူ၏မျက်နှာမှာ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အကြီးအကျယ် ပျက်သွားလေသည်။
ထို့နောက်သူသည် ရုတ်တရက် ထခုန်ကာ "သရဲ... သရဲပဲ" ဟု အော်ဟစ်ပြီး ထွက်ပြေးလေသည်။
ဝူကျိရှန်း မြက်ခင်းပြင်တွင် သေဆုံးသွားပြီဆိုသည့် သတင်းမှာ ပျံ့နှံ့နေပြီး နန်းတော်မှလည်း ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုကြောင်း စာလွှာများ ထုတ်ပြန်ပြီး ဖြစ်သည်။
ရှုစီဝင်သည် ဝူကျိရှန်း၏ အသုဘသို့ပင် တက်ရောက်ခဲ့ပြီး ဝူကျိရှန်း၏ ဂူဗိမာန်ကျောက်စာကိုပင် သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်လေသည်။
ရုတ်တရက် သေဆုံးသွားပြီဟု ထင်ထားသည့် ဝူကျိရှန်းကိုသူ့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ရှုစီဝင်မှာ ထိတ်လန့်လွန်း၍ အသိစိတ်များပင် လွင့်စင်သွားတော့သည်။
"ကျွန်တော်က သရဲမဟုတ်ပါဘူး လက်ထောက်အရာရှိ ရှု၊ မကြောက်ပါနဲ့"
သရဲကို မြင်နေရပြီ ဖြစ်ရာ ရှုစီဝင်မှာ ကြောက်လွန်း၍ တုန်ယင်နေပြီး နောက်လှည့်ကာ ယုန်တစ်ကောင်ထက် ပိုမြန်အောင် ပြေးလေသည်။
ထိတ်လန့်နေသဖြင့် တံခါးခုံကို အမှတ်မထင် ခလုတ်တိုက်မိကာ ပစ်လဲကျသွားပြီး ခေါင်းကို ထိခိုက်မိကာ သွေးများပင်ကျလာ၏။
မြေပြင်ပေါ်တွင် လဲကျနေသည့် ရှုစီဝင်မှာ လူမိုက်တစ်ယောက်၏ အနောက်မှ အလိုက်ခံနေရသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ တံခါးဝတွင်အလဲလဲအပ်ြုပြို ဖြစ်နေပြီးသွေးထွက်နေသော နဖူးကိုအုပ် ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်တော့သည်။
"မလာနဲ့၊ ငါက ပညာရှင်တို့ရဲ့ တပည့်ပဲ၊ ငါ့မှာ ကိုယ်ကျင့်တရားတွေ ရှိတယ်၊ အငြိုးအတေးတွေ၊ သရဲတွေကို ငါမကြောက်ဘူး"
မကြောက်ဘူးသာပြော၏။ထွက်ကျနေသည့်သေးများကအင်္ကျီပါ စိုစွတ်တော့မည့်အနေအထားဖြစ်နေပြီ။
"ကျွန်တော် သရဲမဟုတ်ပါဘူး"
ထိုအချိန်တွင် ရှုစီဝင်မှာ ကြောက်လွန်း၍ စိတ်ဝိညာဉ်ပင် လွင့်စင်သွားပြီဖြစ်ရာ သူ့ရှေ့ရှိ ဝူကျိရှန်းမှာ လူလား သရဲလားကို မခွဲခြားနိုင်တော့ပေ။
သူသည် ပိုးဟပ်တစ်ကောင်ကို မြင်လိုက်ရသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
"သရဲ... ကယ်ကြပါဦး"
ရှုစီဝင်၏ အော်သံကြောင့် ဆေးဝါးစီမံခန့်ခွဲရေးဌာနမှ လူများ အပြေးအလွှား ရောက်လာကြ၏။
ဝူကျိရှန်းကို မြင်လိုက်သည်နှင့် အားလုံးမှာ အံ့အားသင့်သွားပြီး သရဲကို မြင်လိုက်ရသကဲ့သို့ ငေးမောနေကြသည်။
"လုပ်ဖော်ကိုင်ဖက်တို့ မကြောက်ကြပါနဲ့၊ ကျွန်တော်ပြောတာ နားထောင်ပါဦး၊ ကျွန်တော် တကယ်မသေပါဘူး"
အသေးစိတ် ရှင်းပြပြီးနောက် လူတိုင်းမှာ အမှန်တရားကို သိသွားကြ၏။ မိမိတို့ရှေ့မှ ဝူကျိရှန်းမှာ သရဲမဟုတ်ဘဲ အသက်ရှင်လျက်ရှိသော လူသားတစ်ယောက် ဖြစ်ကြောင်း သိသွားကြလေသည်။
အမှန်တရားကို သိလိုက်ရသောအခါ အခြားလက်ထောက်အရာရှိတစ်ဦးဖြစ်သည့် ဝေရှင်းဝူသည် အရင်ဆုံးပြေးလာကာ ဝူကျိရှန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"အရာရှိဝူ၊ ငါ့ညီအစ်ကိုကျိရှန်း၊ မင်းရဲ့ ဂူဗိမာန်ကျောက်စာကို ငါကိုယ်တိုင် ရေးထားတာလေ။ မင်း... မင်း မရှိတော့ဘူးလို့ ထင်နေတာ၊ အခုလို ပြန်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူး။ ကောင်းကင်ဘုံက မင်းကို တကယ်ပဲ စောင့်ရှောက်တာပဲ၊ ငါတို့ညီအစ်ကိုတွေ ပြန်သောက်လို့ ရပြီပေါ့ကွာ၊ ဟားဟား"
ဝေရှင်းဝူနှင့် စကားနည်းနည်း ပြောပြီးနောက် ဝူကျိရှန်းသည် ရှုစီဝင်ဆီသို့ အလျင်အမြန် လှည့်ကာ ပြောလိုက်၏။
"လက်ထောက်အရာရှိ ရှု၊ ကျွန်တော်... ထားလိုက်ပါတော့၊ ဘာမှ ထပ်မပြောပါနဲ့တော့၊ အရင် ဒဏ်ရာကို အမြန် ပတ်တီးစည်းလိုက်ပါဦး"
ဝူကျိရှန်းကို သရဲဟု ထင်မှတ်ကာ ကြောက်လွန်း၍ သေလုမြောပါး ဖြစ်ရပြီးနောက် လဲကျကာ ခေါင်းကွဲ၍ မျက်နှာတစ်ခုလုံး သွေးများပေကျံနေသည့် ရှုစီဝမ်မှာ အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေသည်။
သူသည် နုတ်ဆက်စကားများကိုပင် မပြောနိုင်တော့ဘဲ ဒဏ်ရာကို ကုသရန် အလျင်အမြန် ထွက်သွားတော့သည်။
"လအနည်းငယ်ပဲ ခွဲခွာရသေးတာကို လက်ထောက်အရာရှိ ရှုက လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ"
ဝူကျိရှန်းသည် တိုးတိုးလေး မေးလိုက်၏။
"လက်ထောက်အရာရှိ ရှုက ဆင်းရဲတဲ့ မိသားစုကနေ လာတာဆိုတာ အားလုံးသိတယ်၊ ဒါပေမဲ့ ဒီနေ့မြင်ရတဲ့ ပိုးထည်ဝတ်ရုံနဲ့ ကျောက်စိမ်းခါးပတ်တွေက အရမ်းကို ချမ်းသာနေပုံပေါက်တယ်၊ သူက ရုတ်တရက်အမွေရလာတာလား"
သူတို့အားလုံးမှာ လက်ထောက်အရာရှိများ ဖြစ်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် လစာမည်မျှရသည်ကို သိကြသည်။
နန်းတော်မှ ပေးသော လစာအနည်းငယ်မှာ စားဝတ်နေရေးအတွက်ရပြီးအနည်းငယ်ပိာရုံမျှသာ ရှိသော်လည်း လအနည်းငယ်အတွင်းမှာပင် ရှုစီဝင်မှာ ဆင်းရဲသူဘဝမှ သူဌေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်မှာ အံ့သြစရာပင် ဖြစ်သည်။
"သူလား၊ အမွေရတယ်ဟုတ်လား၊မဟုတ်ဘူး၊ အလကားပဲ"
ဝေရှင်းဝူနှင့် ရှုစီဝင်မှာ လက်ထောက်အရာရှိချင်း ဖြစ်သော်လည်း သူတို့၏ ဆက်ဆံရေးမှာ မကောင်းလှပေ။ ဤအကြောင်းအရာကို ပြောသည့်အခါ ဝေရှင်းဝူ၏ မျက်နှာမှာ မုန်းတီးရွံရှာမှုတို့ဖြင့် ပြည့်နှက်နေသည်။
"သူက မိန်းမတစ်ယောက်ရဲ့ ပိုက်ဆံကို မှီခိုပြီး အသက်ရှင်နေတာ"
မိန်းမတစ်ယောက်ကို မှီခိုနေတာလား။မဖြစ်နိုင်လောက်ဘူး မဟုတ်လား။
မိန်းမများကို မှီခိုစားသောက်သည့် အမျိုးသားများမှာ များသောအားဖြင့် ချောမောသည့် လူငယ်လူရွယ်များသာ ဖြစ်သည်။ ရှုစီဝင်မှာ အသက်လေးဆယ်ကျော်နေပြီ၊ ငယ်လည်းမငယ်၊ ချောလည်းမချောသည့် သူ့ကို ချမ်းသာသည့် အမျိုးသမီးများက မည်သို့များ သဘောကျပါမည်နည်း။
"ဒီကိစ္စက မေလကုန်လောက်ကတည်းက စတာပါ"
ဝေရှင်းဝူသည် သရော်သော အသံဖြင့် ပြောလိုက်သည်။ သူသည် ရှုစီဝင်၏ အချစ်ဇာတ်လမ်းကို ပြုံးစစဖြင့် ပြောပြလေသည်။ မတော်တဆမှုတစ်ခုကြောင့် သူသည် အမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် သူတို့နှစ်ဦးမှာ ရင်းနှီးသွားကာ ချစ်သူများဖြစ်သွားပြီး လက်ထပ်လိုက်ကြ၏။
ထိုအမျိုးသမီးမှာ အခြားသူမဟုတ်၊ အိမ်တော်ဝန်ဌာနမှ ဒုတိယဝန်ကြီး ရှုဒူ၏ ညီမအရင်း ဖြစ်နေသည်။
အိမ်တော်ဝန်ဌာနမှ ဒုတိယဝန်ကြီးဆိုသည်မှာ တတိယအဆင့် အရာရှိဖြစ်ပြီး အာဏာအလွန်ကြီးမားသူ ဖြစ်သည်။
ရှုစီဝင်မှာ ထိုဝန်ကြီး၏ညီမကို လက်ထပ်လိုက်သည့်အတွက် ရာထူးတက်ခြင်း မရှိသေးသော်လည်း ကျားကို တောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ ရာထူးများ မြန်မြန်ဆန်ဆန် တက်လာတော့မည်မှာ သေချာနေလေသည်။
ဝူကျိရှန်း၏ နားလည်မှုအရ ရှုစီဝင်နှင့် ဝန်ကြီး၏ညီမတို့မှာ အချင်းချင်း စတင်သိကျွမ်းပြီး ချစ်ကြိုက်ကာ လက်ထပ်ခြင်းမှာ လွတ်လပ်သော အချစ်ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် မိန်းမကို မှီခိုစားသောက်သည်ဟုဘာလို့ ပြောတာလဲ။
"သူက မိန်းမရဲ့ ပိုက်ဆံကို မှီခိုနေတာပဲ"
ဝေရှင်းဝူသည် ပို၍ပင် ရွံရှာသွားသည့်ဟန်ဖြင့်ပြောပြ၏။
"ဝန်ကြီးရဲ့ ညီမက အသက် ဘယ်လောက်ရှိတယ် ထင်လဲ၊ သူက အသက် ၄၈ နှစ် ရှိပြီ၊ ငါ့အမေထက်တောင် ၂ နှစ် ပိုကြီးသေးတယ်"
*********
`