← Chapters

အခန်း ၁၅၈

Vol. 15 Ch. 158

အခန်း ၁၅၈

Vol. 15 Ch. 158

အခန်း ၁၅၈ ရာထူးတိုးချင်သည်

ခွင့်တောင်းခံသည်ဆိုသည်မှာ အမှန်တကယ်တွင် နန်းတော်သို့ ရာထူးမှ နုတ်ထွက်စာ တင်ခြင်းပင် ဖြစ်သည်။

အချို့သော အသက်အရွယ်ကြီးရင့်သည့် အရာရှိကြီးများမှာ မိမိတို့၏ ဇာတိမြေသို့ ပြန်သွားပြီး ကျန်ရှိသောသက်တမ်းကို အေးချမ်းစွာ ဖြတ်သန်းလိုကြသဖြင့် နုတ်ထွက်ခွင့်ပြုပါရန် အစီရင်ခံစာများ တင်သွင်းလေ့ရှိကြ၏။

ဝူကျိရှန်းအတွက်မူ သခင်ကြီး ချင်းကျန့်ယုံ ခံစားနေရသည့် သွေးတိုးရောဂါမှာဘာမှမဟုတ်‌ပေ ။၎င်းမှာ အလွန်အဖြစ်များသော ရောဂါတစ်ခုသာ ဖြစ်သည်။ နေ့စဉ် အနည်းငယ် ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ပြုစုမည်ဆိုပါက အလွန်ဆိုးရွားသော ရလဒ်များ ဖြစ်လာစရာ အကြောင်းမရှိပေ။

သခင်ကြီး ချင်းကျန့်ယုံတို့လိုအသက်အရွယ်မျိုးတွင် အေးအေးဆေးဆေး နေထိုင်ပြီး လေ့ကျင့်ခန်း မလုပ်ဘဲ နေပါက သွေးတိုးရောဂါကဲ့သို့ နာတာရှည်ရောဂါ ဖြစ်ပွားခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော်လည်း သခင်ကြီးချင်းကျန့်ယုံ၏ရောဂါကဆေးဝါးစီမံခန့်ခွဲရေးဌာန၏ နိုင်ငံရေး အခင်းအကျင်းကို အခြေခံကျကျ ပြောင်းလဲသွားစေလေသည်။

ဌာနမှူး ချင်းကျန့်ယုံမှာ ခွင့်တောင်းခံရန် စိတ်ကူးပေါ်လာပြီး မိမိသဘောဆန္ဒဖြင့် ရာထူးမှ နုတ်ထွက်ကာ အိမ်ပြန် အနားယူလိုသည့်အတွက် သူ၏နေရာကို မည်သူ ဆက်ခံမည်ဆိုသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာ လေသည်။

ဌာနမှူးမှာ အနားယူတော့မည်ဖြစ်ရာ ထိုနေရာမှာဒုတိယအကြီးအကဲဖြစ်သူများအနေဖြင့် မျှော်လင့်ချက်ထားရမည့်အရာ တစ်ခုဖြစ်လာလေသည်။

နောက်တစ်နေ့ နံနက်စောစော။ဝူကျိရှန်းသည် သူ၏ ရုံးခန်း သို့ ပုံမှန်အတိုင်း ရောက်ရှိလာသောအခါ ကျဉ်းမြောင်းသော ရုံးခန်းထဲတွင် စားပွဲနှင့် ကုလားထိုင်အသစ် တစ်စုံ ထပ်တိုးနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ကျောက်စိမ်းများဖြင့် စီခြယ်ထားသော ခမ်းနားသည့် စားပွဲအသစ်နှင့် သစ်သားနက်ဖြင့် ထုလုပ်ထားသည့် ကုလားထိုင်မှာ အလွန်လှပပြီး ကုလားထိုင်ပေါ်တွင် ပိုးထည်ကူရှင်တစ်ခုကိုလည်း အထူးတလည် ခင်းထား၏။ စားပွဲပေါ်ရှိ စုတ်တံ၊ မင်၊ စာရွက်နှင့် မင်ကျောက်မှာလည်း အဖိုးတန်ပြီး အရည်အသွေးမြင့် ပစ္စည်းများ ဖြစ်ကြသည်။ ခြေတင်ခုံနှင့် သလိပ်ခွက်အထိ စနစ်တကျ ပြင်ဆင်ထားလေသည်။

ရှုစီဝင်သည် ပြုံးရွှင်သော မျက်နှာဖြင့် လျှောက်လာသည်။

"လက်ထောက်အရာရှိ ဝူ၊ အရင်တစ်ခါက မင်း တိုင်းပြည်အတွက် အသက်စွန့်သွားပြီလို့ ထင်လိုက်မိလို့ မင်းသုံးတဲ့ စားပွဲနဲ့ ကုလားထိုင်ကို ဖယ်လိုက်မိတာ။ ကျွန်တော့်အမှားပါ၊ အရင်ဆုံး တောင်းပန်ပါတယ်"

"ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး"

"မင်းအတွက် စားပွဲနဲ့ ကုလားထိုင်အသစ် တစ်စုံ ထပ်ဝယ်ပေးထားတယ်"

ရှုစီဝင်ကဝူကျိရှန်းကို ကုလားထိုင်ပေါ်သို့ အားတက်သရော ထိုင်ခိုင်းလိုက်၏။

"လက်ထောက်အရာရှိ ဝူ၊ အရင်သုံးကြည့်ပါဦး။ အဆင်မပြေရင် ပိုကောင်းတဲ့ဟာနဲ့ လဲပေးပါ့မယ်"

"ဒါတင်ကိုပဲ အတော်ကောင်းနေပါပြီ၊ တကယ်ကို ကောင်းပါတယ်"

"မင်းနဲ့ငါက ဆေးဝါးစီမံခန့်ခွဲရေးဌာနက အရာရှိတွေပဲ၊ အမိုးအကာတစ်ခုတည်းအောက်မှာ အလုပ်လုပ်နေကြတာပဲ၊ ခင်မင်မှုအကြောင်း ပြောစရာမလိုပါဘူး"

ရှုစီဝင်သည် ဝူကျိရှန်း၏ မျက်လုံးကို တည့်တည့်ကြည့်ကာ ရွှင်လန်းစွာ ပြောလိုက်သည်။

"ကျွန်တော်က ဆင်းရဲတဲ့ မိသားစုကနေ ဆင်းသက်လာတာပါ။ အရာရှိဖြစ်လာပေမဲ့ တကယ်တမ်းတော့ ဆင်းရဲပါတယ်။ စားဝတ်နေရေးတောင် မနည်းရုန်းကန်နေရတာပါ။ လက်ထောက်အရာရှိ ဝူက ကျွန်တော့်ကို အကြိမ်ကြိမ် ကူညီခဲ့ဖူးတယ်၊ ဒီကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး"

ရှုစီဝင်ဆင်းရဲသည်မှာ အမှန်ပင် ဖြစ်သည်။ သူ၏လစာအနည်းငယ်မှာ စားဝတ်နေရေးအတွက် လောက်ငှရုံ သာရှိပြီး ဝူကျိရှန်းထံမှ မကြာခဏ ငွေချေးရသည်မှာလည်း အမှန်ပင်။

သို့သော် ထိုအရာများမှာ လလွန်ခဲ့သည့်နှစ်များကတအကြောင်းအရာများသာ ဖြစ်သည်။ အိမ်တော်ဝန်ဌာနဒုဝန်ကြီး၏ညီမအရင်းကို လက်ထပ်လိုက်ကတည်းက ရှုစီဝင်တွင် လှည်းများ၊ မြင်းများနှင့် ဇိမ်ခံအိမ်ကြီးများ ပိုင်ဆိုင်လာခဲ့သည်။ ငွေကို ရေလို သုံးသည်ဟု မဆိုနိုင်သော်လည်း အလွန်ချမ်းသာနေပြီ ဖြစ်သည်။

ရှုစီဝင်သည် သူ၏အင်္ကျီလက်စွပ်ထဲမှ သုံးလက်မအရွယ် ရွှေကွမ်ရင်ရုပ်ပုံကို ထုတ်ကာ ဝူကျိရှန်း၏ လက်ထဲသို့ လျှို့ဝှက်စွာ ထည့်ပေးလိုက်သည်။

"အမှတ်တရ လက်ဆောင်လေးပါ၊ အများကြီး မဟုတ်ပါဘူး၊ လက်ခံပေးပါဦး လက်ထောက်အရာရှိ ဝူ"

ကွမ်ရင်ရုပ်ပုံမှာ မကောင်းဆိုးဝါးများကို တားဆီးပေးပြီး အန္တရာယ်ကို ကင်းရှင်းစေသည်ဟု ယုံကြည်ကြသည့် အဆောင်တစ်ခု ဖြစ်သဖြင့် လက်ဆောင်အဖြစ် မကြာခဏ ပေးလေ့ရှိကြသည်။

သူပေးသည့်ကွမ်ရင်ရုပ်ပုံမှာ အရွယ်အစား မကြီးသော်လည်း ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားပြီး လက်ထဲတွင် အလေးချိန်လေးနေသဖြင့် အလွန်အဖိုးတန်ကြောင်း သိသာလှ၏။

"ဒီ... ဒီလောက် အဖိုးတန်တဲ့အရာကို ကျွန်တော် ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ"

"ငါတို့ချင်း ဘာများ အားနာစရာ ရှိလို့လဲ"

ရှုစီဝင်က ရယ်မောလိုက်ပြီး ဝူကျိရှန်း၏ အနားသို့ တိုးကပ်ကာ အသံကို တိုးဖြင့်‌ ပြောလိုက်သည်။

"အရာရှိဝူရယ်၊ မင်း အုလုမျိုးနွယ်စုကိစ္စမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တယ်၊ နန်းတော်ကလည်း ဆုလာဘ်တွေ အများကြီး ပေးမှာ သေချာတယ်။ မင်းရဲ့ အနာဂတ်က အရမ်းတောက်ပနေမှာပါ။ ဒါပေမဲ့ မင်းရဲ့ အစ်ကိုကြီးကတော့ ဆဋ္ဌမအဆင့်အရာရှိလေးပဲ ရှိသေးတယ်..."

"အရာရှိဝူ၊ မင်းက တခြားလူမှ မဟုတ်တာ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ အခု ဌာနမှူးချင်း နေမကောင်းဘူး"

"သခင်ကြီးချင်းထွက်သွားရင် ဌာနမှူးနေရာကို ငါတို့ လက်ထောက်အရာရှိ သုံးယောက်ထဲက တစ်ယောက်ယောက်က ရမှာပဲ"

ထုံးစံအတိုင်းဆိုလျှင် ဌာနအကြီးအကဲ နုတ်ထွက်သွားပါက ဒုတိယအကြီးအကဲ သုံးဦးထဲမှ တစ်ဦးမှာ ရာထူးတိုးမြှင့်ခံရလေ့ ရှိသည်။

"အရာရှိဝူ၊ မင်းက အုလုမျိုးစုကိစ္စမှာ အသက်ကို ပဓာနမထားဘဲ အလုပ်လုပ်ခဲ့တာ၊ အဲဒီလောက် ကြီးမားတဲ့ အောင်မြင်မှုနဲ့ဆိုရင် ဆေးဝါးဌာနရဲ့ ဌာနမှူးနေရာမျိုးကို မင်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ငါ့ကိုပဲ ပေးလိုက်ပါတော့၊ ငါ့အနေနဲ့ ကျေးဇူးတင်မဆုံး ဖြစ်ရလိမ့်မယ်"

ရှုစီဝင်ပြောလိုသည်မှာ အကြီးအကဲ အနားယူတော့မည် ဖြစ်ပြီး သူက ထိုနေရာကို လိုချင်သည်။ ဝူကျိရှန်း၊ မင်းမှာ အောင်မြင်မှုတွေ အများကြီး ရှိထားတာပဲ၊ နန်းတော်က မင်းကို တခြားဆုတွေ ပေးမှာ သေချာပါတယ်၊ ဒီနေရာအတွက် ငါနဲ့ မပြိုင်ပါနဲ့လား ဟု ဆိုလိုခြင်း ဖြစ်သည်။

ဝူကျိရှန်းမှာ နန်းတော်မှ ချီးမြှင့်မည့် ဆုလာဘ်များကိုသာ စောင့်မျှော်နေပြီး ဆေးဝါးဌာန၏ ဌာနမှူးရာထူးကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ သို့သော်လည်း ရှုစီဝင်ဌာနမှူးဖြစ်လာရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ဝူကျိရှန်းက မပြိုင်သော်လည်း တစ်ဖက်တွင် ဝေရှင်းဝူ ရှိနေသေးသည်။

ဝေရှင်းဝူနှင့် ရှုစီဝင်မှာ အစဉ်အမြဲ မတည့်ကြသည့်အတွက် ဆက်ဆံရေးမှာ အမြဲတန်း က‌တောက်ကဆဖြစ်နေသည်။

ထို့အပြင် ဝေရှင်းဝူမှာလည်း ကြီးမားသော မိသားစု နောက်ခံရှိသည်။ သူ၏ဖခင်မှာ နိုင်ငံတည်ထောင်ရာတွင် ပါဝင်ခဲ့သူ အရာရှိကြီးတစ်ဦး ဖြစ်သည်။ ချင်းကျန့်ယုံ၏ နေရာကို အစားထိုးရန်ယူရန် မခက်ခဲနိုင်ပေ။

"ဝေရှင်းဝူလည်း ဒီနေရာကို လိုချင်နေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါ သူ့ကို မကြောက်ပါဘူး"

ရှုစီဝမ်သည် ရယ်မောလိုက်သည်။

"သူ့အဖေက အရာရှိကြီးတစ်ယောက် ဖြစ်ပေမဲ့ ငါ့မှာလည်း နောက်ခံရှိပါတယ်။ ငါ့ယောက်ဖက အိမ်တော်ဝန်ဌာနက ဒုဝန်ကြီးလေ။ ဒီကိစ္စမှာတော့ သူက ငါ့လောက် မတော်ဘူး"

ဝေရှင်းဝူ၏ ဖခင်မှာ ရာထူးအာဏာ ကြီးမားသော်လည်း အဝေးရောက် အရာရှိမှာ ဒေသခံအရာရှိကို မနိုင်ပေ။

ရှုစီဝမ်၏ ယောက်ဖမှာ ဆေးဝါးဌာန၏ အထက်ဌာနဖြစ်သော အိမ်တော်ဝန်ဌာနမှ ဒုဝန်ကြီး ဖြစ်သဖြင့်ထိုအဆက်အသွယ်ကြောင့် ရှုစီဝင် ရာထူးတိုးရန် ပိုမို လွယ်ကူသွားနိုင်သည်။

"လက်ထောက်အရာရှိ ရှု၊ မင်းမှာ နန်းတော်က အထောက်အပံ့ ရှိတယ်၊ ဝေရှင်းဝူမှာလည်း သူ့မိသားစု နောက်ခံရှိတယ်။ ကျွန်တော်က ဘာနဲ့ ယှဉ်ပြိုင်ရမှာလဲ"

"မင်းပဲဖြစ်ဖြစ်၊ ဝေရှင်းဝူပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဌာနမှူးဖြစ်ဖြစ် ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး"

"ကောင်းပြီလေ"

ဝူကျိရှန်း၏အဖြေကြောင့် ရှုစီဝမ်မှာ အတော်လေး ကျေနပ်သွားပြီး သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။

"ငါ့ညီ မင်းရဲ့ ဒီကျေးဇူးကို မှတ်ထားလိုက်မယ်၊ နောက်ကျရင် ဆုလာဘ်တွေ အများကြီး ပေးမယ်"

အောင်မြင်မှုတွေ ရရှိထားသော ဝူကျိရှန်းကသာ သူနှင့် မပြိုင်လျှင် အခြားပြိုင်ဘက်ကို ဖယ်ရှားရန် နည်းလမ်း ရှာရုံသာ ဖြစ်သည်။

ဆေးဝါးဌာနဆိုသည်မှာ အိမ်တော်ဝန်ဌာန၏ လက်အောက်ခံ ရုံးတစ်ခုသာ ဖြစ်ပြီး အကြီးအကဲမှာလည်း ဆဋ္ဌမအဆင့်သာ ရှိသည်။ အာဏာလည်းမကြီး၊ ဒေသကို အုပ်ချုပ်ရခြင်းလည်း မဟုတ်ပေ။ ထိုသို့သော ရာထူးအတွက်ပင် ရှုစီဝင်မှာ အလွန်လိုချင်စိတ်ပြင်းပြနေသည်။

ဝူကျိရှန်းအမြင်တွင်မူ ထိုအရာမှာ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်သည်။

ရှုစီဝင်မှာ အရည်အချင်းရှိ၏။ သူ၏ယောက်ဖကလည်း အိမ်တော်ဝန်ဌာနမှ ဒုဝန်ကြီး ဖြစ်သည့်အတွက် ဤကိစ္စကို လွယ်ကူစွာ စီမံနိုင်မည်မှာ အမှန်ပင်။ သို့သော်လည်း အဓိက လိုအပ်ချက်တစ်ခုမှာ ချင်းကျန့်ယုံမှာ အမှန်တကယ် ခွင့်တောင်းခံပြီး အနားယူမှသာ ဖြစ်နိုင်ပေမည်။

အခြားသူများ နုတ်ထွက်မည်ဆိုလျှင် ဝူကျိရှန်း ယုံကြည်သော်လည်းဌာနမှူးချင်းကျန့်ယုံဆိုလျှင်မူ... လုံးဝ မဖြစ်နိုင်ပေ။

ဌာနမှူးချင်းကျန့်ယုံမှာ ရာထူးမက်သော အရာရှိတစ်ဦး ဖြစ်သည်။ သူ၏ အကြီးမားဆုံး အိပ်မက်မှာ ရာထူးတိုးရန် ဖြစ်သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ဘဲ ဘဝတစ်လျှောက်လုံး ဆဋ္ဌမအဆင့်နေရာတွင်သာ ရောင့်ရဲခဲ့ရသူ ဖြစ်သည်။

ဆေးဝါးဌာန၏ အကြီးအကဲ ဖြစ်ရခြင်းမှာ အချိန်ဖြုန်းရန်သာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးသည်အထိ စောင့်ကာ ပုံမှန် အနားယူရန်သာ ရည်ရွယ်ထားသည်။

အရာရှိလောက၏ ထုံးစံအရ ချင်းကျန့်ယုံလို ဆဋ္ဌမအဆင့် အရာရှိတစ်ဦးမှာ အနားယူပြီးပါက ပဉ္စမအဆင့် အရာရှိ၏အဆင့်အတန်း ရရှိနိုင်သည်။

ထိုအဆင့်အတန်းမှာပုံမှန် အနားယူမှသာ ရရှိနိုင်သည်။ သခင်ကြီး ချင်းကျန့်ယုံကသာအနားယူခွင့်တောင်းခံ လိုက်ပါက နုတ်ထွက်သည်နှင့် အတူတူပင် ဖြစ်သွားပြီး ထိုအခွင့်အရေးများ ဆုံးရှုံးသွားလိမ့်မည်။

နောက်ထပ် တစ်နှစ်ကျော်လောက်ပဲ သည်းခံလိုက်ပါက ပဉ္စမအဆင့် အရာရှိအဆင့်အတန်းကို ရရှိနိုင်မည် ဖြစ်ရာ သူသည် ယခုအချိန်တွင်အနားယူမည်မဟုတ်‌ ပေ။

သူ၏ရောဂါမှာ သွေးတိုးသာ ဖြစ်ပြီး သေစေနိုင်သော ရောဂါမျိုး မဟုတ်ပေ။ နောက်ရက်အနည်းငယ်တွင်ဌာနမှူးချင်းကျန့်ယုံမှာရောဂါမှာ အကြောင်း သိရှိသွားမည်ဖြစ်ပြီးအနားယူခွင့်တောင်းခံရန် လိုအပ်တော့မည် မဟုတ်ပေ။

*********

`

All Chapters