အခန်း ၉၂၃
Vol. 62 Ch. 923
အခန်း ၉၂၃ - မင်္ဂလာမိုးစက် နတ်ဘုရား
ခန်းမအတွင်း၌ ထိုင်နေရင်းဖြင့် ယီယွင်သည် လော့ဧကရာဇ်၏ အမိန့်ပေးသည့် အကြည့်များ သူတို့တစ်ဦးချင်းစီ၏ အပေါ်ကို ဖြတ်သန်းသွားသည်ကို ခံစားမိလိုက်သည်။
"ဖေးမိစ္ဆာ ဂိုဏ်းကို ခုခံတွန်းလှန်နိုင်ဖို့အတွက် ဒီနေ့ကစပြီး ငါတို့ရဲ့ အင်အားစုတွေအားလုံးဟာ မဟာမိတ်အဖြစ် ပူးပေါင်းကြရမယ် ဖေးမျိုးနွယ် အင်ပါယာအသီးသီးရဲ့ စွမ်းအားတွေကို စုစည်းမှသာလျှင် ဖေးမိစ္ဆာ ဂိုဏ်းကို တိုက်ထုတ်နိုင်မှာ ဖြစ်တယ်" လို့ လော့ဧကရာဇ်က မိန့်ကြားလိုက်သည်။
ဖေးမိစ္ဆာ ဂိုဏ်းရဲ့ တပ်ဖွဲ့တွေဟာ ပိုပြီး သန်မာလာတာနဲ့အမျှ ဖေးမိစ္ဆာ ဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကို ခံရမယ့် အင်အားစုတွေဟာလည်း ပိုများလာတော့မှာ ဖြစ်တယ်။ အခုဆိုရင် ဖေးမိစ္ဆာ ဂိုဏ်းဟာ ပြန်လည် အင်အားကြီးမားလာနေပြီး သူတို့ဂိုဏ်းထဲမှာ နတ်ဘုရားသခင်တစ်ပါးလည်း ရှိနေတယ်။
တကယ်လို့သာ ဒီအင်အားစုတွေက မဟာမိတ်အဖြစ် မဖွဲ့စည်းကြဘူးဆိုရင် သူတို့အားလုံးဟာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံရလိမ့်မယ်။
ဒါပေမဲ့ မဟာမိတ်ဖွဲ့ရုံနဲ့တင် ဖေးမိစ္ဆာ ဂိုဏ်းကို အနိုင်ယူနိုင်ပါ့မလား။
"ဖေးမျိုးနွယ် အင်ပါယာတွေမှာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ သက်ကြီးဝါကြီးတွေနဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိကြတယ်။ ငါတို့ လော့မျိုးနွယ်စုမှာလည်း ထူးခြားမှု မရှိပါဘူး။ ငါတို့ကို အလွယ်တကူနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ပါနဲ့" လို့ လော့ဟော်အာရဲ့ အသံဟာ ယီယွင်ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားတယ်။
ဒါပေမဲ့ သူမရဲ့ မျက်နှာအမူအရာမှာတော့ ရှားရှားပါးပါး လေးနက်မှုတွေကို မြင်နေရတယ်။
အရင်တုန်းက ဖေးမိစ္ဆာ ဂိုဏ်းမှာ နတ်ဘုရားသခင် မရှိခဲ့တုန်းကတောင် လော့မျိုးနွယ်စုဟာ ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ဖူးတယ်။ အခုတစ်ခါမှာတော့...
လော့ဧကရာဇ်က ဆက်ပြီးတော့ "မဟာမိတ်အဖွဲ့ တည်ထောင်ပြီးတာနဲ့ တိမ်တိုက်လမ်းကြောင်း အင်ပါယာက ရှေးဟောင်း အစီအရင်တစ်ခုကို ပေးအပ်ပါလိမ့်မယ်။ အဲဒါကို ဖေးတစ်သောင်းကောင်းကင်ဘုံ နတ်ဘုရားသတ်ဖြတ်ရေး အစီအရင်လို့ ခေါ်ပါတယ်။ ဒီအစီအရင်ဟာ ပေါ့ပေါ့ဆဆ သဘောထားရမယ့် အရာမျိုး မဟုတ်ပါဘူး။
ရှေးခေတ်ကာလက ဖေးတစ်သောင်းကောင်းကင်ဘုံ နယ်ပယ်ထဲမှာ ရှိတဲ့ ဖေးမျိုးနွယ်ရဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး ၁၀,၀၀၀ ကျော်ဟာ ဘိုးဘေးနတ်ဘုရားတွေကို သတ်ဖြတ်ဖို့ ဒီကြီးမားတဲ့ အစီအရင်ကို ဖန်တီးခဲ့ကြတယ်လို့ ဆိုကြတယ်။ အဲဒီလိုနဲ့ပဲ ဒီအစီအရင်ဟာ နာမည်ရလာခဲ့တာပါ။
တိမ်တိုက်လမ်းကြောင်း အင်ပါယာဟာ ဒီအစီအရင်ကို ရရှိထားခဲ့ပြီး ရှေးခေတ်က ဖန်တီးခဲ့တဲ့ အစီအရင်ရဲ့ ပုံတူသက်သက် ဖြစ်ပေမဲ့လည်း အလွန်ကို အံ့ဩဖို့ကောင်းပါတယ်"
ဟု လော့ဧကရာဇ်က ပြောလိုက်သည်။
"ဒီ ဖေးတစ်သောင်းကောင်းကင်ဘုံ နတ်ဘုရားသတ်ဖြတ်ရေး အစီအရင် ပုံတူမှာ နတ်ဘုရားသခင် တစ်ပါးက အလယ်ဗဟိုမှာ ရှိနေမှာဖြစ်ပြီး တခြားနေရာတွေမှာတော့ အထွတ်အထိပ် ပုဂ္ဂိုလ်တွေက ကြီးကြပ်ပေးရမှာပါ။ အစီအရင်တစ်ခုလုံးမှာ လူပေါင်း တစ်သောင်းကျော်က စွမ်းအားဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်"
နတ်ဘုရားသခင်....
လော့ဧကရာဇ်၏ စကားများကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။ သူတို့ရဲ့ မဟာမိတ်အဖွဲ့ထဲမှာ နတ်ဘုရားသခင်က ဘယ်တုန်းက ရှိနေခဲ့တာလဲ။
လော့မျိုးနွယ်စုပဲ ဖြစ်ဖြစ်၊ မြေခွေးဖြူ မျိုးနွယ်စုပဲ ဖြစ်ဖြစ် သူတို့ထဲမှာ နတ်ဘုရားသခင် တစ်ပါးမှ မရှိကြဘူး။ တကယ်လို့သာ နတ်ဘုရားသခင် တစ်ပါးက ဒီအခြေအနေကို ထိန်းချုပ်ပေးထားမယ်ဆိုရင် ဖေးမိစ္ဆာ ဂိုဏ်းကို ကြောက်နေစရာ မလိုတော့ဘူး။
လော့ဧကရာဇ်က ဆက်ပြီးတော့ "ဒီ ဖေးတစ်သောင်းကောင်းကင်ဘုံ နတ်ဘုရားသတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းတာဟာ ကြီးကြပ်ပေးနေတဲ့သူတွေရဲ့ စွမ်းအားတွေကို အလွန်အမင်း ကုန်ခန်းစေတာကြောင့် ဒါဟာ ကျဲဝူဟန် ကို ဆန့်ကျင်တဲ့ နောက်ဆုံးလက်နက်အဖြစ်ပဲ သုံးမှာပါ။ မဖြစ်မနေ လိုအပ်တဲ့ အချိန်မှသာ သုံးမယ့် နည်းလမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်"
ဖေးတစ်သောင်းကောင်းကင်ဘုံ နတ်ဘုရားသတ်ဖြတ်ရေး အစီအရင်ကို နောက်ဆုံးလက်နက်အဖြစ် ရထားတာက တက်ရောက်လာတဲ့ တပည့်အများစုကို သက်ပြင်းချနိုင်စေပါတယ်။ နတ်ဘုရားသခင် မရှိရင်တောင်မှ ဒီအစီအရင်ကို သုံးဖို့ ဖြစ်နိုင်ခြေ ရှိသေးတယ် မဟုတ်လား။
ဒါပေမဲ့ နတ်ဘုရားသခင် မပါဝင်တဲ့ ဒီအစီအရင်ဟာ ဖေးမိစ္ဆာ ဂိုဏ်းကို တကယ်ပဲ ခုခံနိုင်ပါ့မလား။
"ဒီအစီအရင်ဟာ ဥပဒေသဖော်ဆောင်ခြင်း နဲ့ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းအဆင့်ရှိတဲ့ စစ်သည် အများအပြားလည်း လိုအပ်ပါလိမ့်မယ်။ အနာဂတ်မှာ ခင်ဗျားတို့ကို ဒီအစီအရင်မှာ ပါဝင်ဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါတယ်" ဟု လော့ဧကရာဇ်က ပြောလိုက်သည်။
အစီအရင်မှာ ပါဝင်ဖို့ ရွေးချယ်ခံရမယ်။
အထွတ်အထိပ် ပုဂ္ဂိုလ်တွေနဲ့အတူ တိုက်ခိုက်နိုင်မယ့် အခွင့်အရေးဟာ တက်ရောက်လာတဲ့ လူအများစုအတွက်တော့ အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။
ယီယွင်မှာ ငြိမ်သက်နေသည်။ အဆင့်နိမ့် တပည့်တွေအတွက်တော့ ဒီလိုအဆင့်ရှိတဲ့ တိုက်ပွဲတွေမှာ ပါဝင်တာဟာ အလွန်ကို အန္တရာယ်များပါလိမ့်မယ်။ ဒါပေမဲ့ အခု သူဟာ လော့မျိုးနွယ်စုရဲ့ အဖွဲ့ဝင် ဖြစ်နေပြီမို့လို့ ရှောင်လွှဲဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ စစ်ပွဲအတွင်းမှာ သူ ဘေးကင်းဖို့အတွက် ဆိုရင်တော့ သူရဲ့ စွမ်းအားတွေကို အမြန်ဆုံး တိုးတက်အောင် လုပ်ရမည်သာဖြစ်သည်။
"ကြေညာစရာ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်"
လော့ဧကရာဇ်က စကားလမ်းကြောင်း ပြောင်းလိုက်ပြီး နိမိတ်ဖတ် ဖေးမျိုးနွယ်စုက လူတစ်ယောက်ကို ကြည့်လိုက်သည်။
"မောင်ရင် တျန်ဖုန်း၊ မင်းပဲ ပြောပြလိုက်ပါဦး"
လော့ဧကရာဇ်၏အလွန်ကို ရိုသေသော လေသံက ယီယွင်ကို အနည်းငယ် အံ့ဩသွားစေသည်။ မျိုးနွယ်စု အသီးသီးက မှလာသူများမှာ သံတမန်များသာ ဖြစ်ကြသည်။ အရှင်သခင်တွေ ကိုယ်တိုင် လာရောက်ခြင်းမဟုတ်ပေ။
လော့ဧကရာဇ်၏အဆင့်အတန်းမှာ အမြင့်ဆုံး ဖြစ်သော်လည်း မောင်ရင် တျန်ဖုန်း ဟု ခေါ်ဆိုလိုက်ခြင်းသည် တစ်စုံတစ်ခု ထူးခြားနေစေသည်။ ထို့အပြင် ခန်းမထဲတွင် သူ၏နေရာယူထားပုံမှာ လော့ဧကရာဇ်၏ ဘေးနားမှာပဲ ရှိနေလေသည်။
"ကောင်းပါပြီ" ဟု တျန်ဖုန်းက အတိုချုပ် ပြန်ဖြေလိုက်သည်။
မျက်နှာအမူအရာမှာတည်ကြည်သွားပြီး အကြည့်များမှာ လူတိုင်းကို ဖြတ်ကျော်သွားပြီး တည်ငြိမ်စွာနှင့်ပင် ပြောလိုက်သည်၊
"ခင်ဗျားတို့ထဲက အများစုကတော့ ကျွန်တော်တို့ရဲ့ နိမိတ်ဖတ် ဖေးနိုင်ငံတော်ကို အမှန်တကယ် ဦးစီးနေတာကတော့ နိမိတ်ဖတ် အင်ပါယာ ဘိုးဘေးပဲ ဆိုတာကို သိကြမှာပါ။ သူရဲ့ ငယ်ရွယ်တဲ့ အရွယ်တုန်းက အင်ပါယာ ဘိုးဘေးဟာ ကမ္ဘာကို လှည့်လည်ခဲ့ပြီး နတ်ဘုရားသခင် တစ်ပါးနဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ အခွင့်အရေး ရခဲ့တယ်။
အဲဒီတုန်းက နတ်ဘုရားသခင်ရဲ့ စွမ်းအားဟာ အင်ပါယာ ဘိုးဘေးနဲ့ ဆင်တူခဲ့ပြီး ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် နတ်ဘုရားသခင်ဟာ အင်ပါယာ ဘိုးဘေးဆီမှာ ကျေးဇူးတင်စရာ ဖြစ်ခဲ့တယ်။ သူ နတ်ဘုရားသခင် ဖြစ်လာပြီးတဲ့နောက်မှာ ဒီကျေးဇူးကို သတိရပြီး နိမိတ်ဖတ် ဖေးနိုင်ငံတော် အန္တရာယ်ကြုံတဲ့ အခါတိုင်းမှာ တစ်ကြိမ်တော့ ကူညီပေးမယ်လို့ ကတိပေးခဲ့ပါတယ်"
"ခင်ဗျားတို့ အများစုဟာ ဒီ နတ်ဘုရားသခင်ရဲ့ ဘွဲ့နာမကို ကြားဖူးကြမှာပါ။ သူကတော့ မင်္ဂလာမိုးစက် နတ်ဘုရားပဲ ဖြစ်ပါတယ်"
တျန်ဖုန်းရဲ့ စကားသံ ပျောက်ကွယ်သွားတဲ့အချိန်မှာပဲ တက်ရောက်လာသော တပည့်ငယ်များအံ့အားသင့်သွားကြသည်။
နတ်ဘုရားသခင် တစ်ပါးက နိမိတ်ဖတ် ဖေးနိုင်ငံတော်ရဲ့ အင်ပါယာ ဘိုးဘေးဆီမှာ ကျေးဇူးတင်စရာ ရှိနေခဲ့တယ်။
ဒါဟာ ပေါ့ပေါ့ဆဆ ကိစ္စမျိုး မဟုတ်ဘူးပဲ။
ထို့ကြောင့်လည်း သံတမန်တစ်ဦး ဖြစ်သော တျန်ဖုန်းကို လော့ဧကရာဇ်က ရိုရိုသေသေ ဆက်ဆံနေသည်မှာအဆန်းမဟုတ်ပေ။
"မင်္ဂလာမိုးစက် နတ်ဘုရားလား"
ယီယွင်က အသံလွှင့်ပြီး မေးလိုက်တယ်။
လော့ဟော်အာက ပြန်ဖြေလိုက်တယ်၊ "မင်္ဂလာမိုးစက် နတ်ဘုရား ဆိုတာ ဖေးတစ်သောင်းကောင်းကင်ဘုံ နယ်ပယ်ထဲမှာ အတော်လေး ငယ်ရွယ်တဲ့ နတ်ဘုရားသခင် တစ်ပါးပဲ။ သူ နတ်ဘုရားသခင် ဖြစ်လာတာ နှစ်ပေါင်း သောင်းချီပဲ ရှိသေးတယ်။
သူ နတ်ဘုရားသခင် မဖြစ်လာခင်တုန်းက သူရှိခဲ့တဲ့ ဂိုဏ်းဟာ ဖျက်ဆီးခံလိုက်ရတယ်။ အခုတော့ သူက စကြဝဠာကို လှည့်လည်နေပြီး ဘယ်အင်အားစုမှာမှ မပါဝင်ပါဘူး။ သူက လှည့်လည်နေတဲ့ နတ်ဘုရားသခင် တစ်ပါး ဖြစ်ပေမဲ့ ဒီလိုမျိုး တစ်ကိုယ်တော် ဖြစ်နေတာကြောင့်ပဲ သူရဲ့ နာမည်ဟာ ပိုပြီးတော့ ကျော်ကြားနေတာပါ"
ယီယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် နီလာယန်သခင်၏အမှတ်တရများကို မြင်ဖူးခဲ့ပြီး ထိုအမှတ်တရထဲတွင် နီလာယန်သခင်သည်လည်း အင်ပါယာတစ်ခုကို တည်ထောင်ခဲ့ဖူးသည်။
"မင်္ဂလာမိုးစက် နတ်ဘုရား နတ်ဘုရားသခင် ဖြစ်လာပြီးတဲ့နောက်မှာ သူဟာ အမြဲလိုလို စိန်ခေါ်ခံနေရပေမဲ့ မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ အတော်လေး လျော့ကျသွားတယ်။ အကြောင်းရင်းကတော့ သူ့ကို စိန်ခေါ်တဲ့သူတွေဟာ ဘယ်တော့မှ ပြန်မလာကြတော့လို့ပါပဲ"
ဟု လော့ဟော်အာက ပြောလိုက်သည်။
ယီယွင်၏ မေးခွန်းများ ရှင်းလင်းသွားသည်။ နတ်ဘုရားသခင် တစ်ပါး၊ အထူးသဖြင့် အမြင့်ဆုံးတွင် ရှိနေသူ တစ်ယောက်သည် နိမိတ်ဖတ် ဖေးနိုင်ငံတော်ကို ကျေးဇူးတင်စရာ ရှိနေခြင်းသည် နိမိတ်ဖတ် ဖေးနိုင်ငံတော်ကို မဟာမိတ်အဖွဲ့ထဲတွင် တခြား အင်အားစုများထက် ပိုမိုမြင့်မားသွားစေသည်။ ထိုအရာက နိမိတ်ဖတ် ဖေးနိုင်ငံတော်ကို မဟာမိတ်အဖွဲ့ထဲတွင် ထူးခြားသော အရှိန်အဝါ တစ်ခု ဖြစ်လာစေသည်။
တစ်နည်းအားဖြင့် မဟာမိတ်အဖွဲ့တစ်ခုလုံးကို နိမိတ်ဖတ် ဖေးနိုင်ငံတော်ကပဲ ဦးဆောင်သွားမည်ဖြစ်သည်။ လော့မျိုးနွယ်စုတော်ဝင်မြို့တော်မှာ စုဝေးရောက်ရှိနေကြသော ဒီသံတမန်များသည် လော့ဧကရာဇ်နှင့် မဟာမိတ်အဖွဲ့၏ကိစ္စရပ်များကို ညှိနှိုင်းရန် လာကြသည်မဟုတ်ပဲ၊ သူတို့သည် သတင်းစကားများ ပါးဖို့ရန်အတွက်သာ အဓိက တာဝန်ရှိနေကြခြင်းဖြစ်သည်။
ဖေးမိစ္ဆာ ဂိုဏ်း၏ခြိမ်းခြောက်မှု ရှိနေသောကြောင့် လော့ဧကရာဇ်မှာ သူတို့၏တောင်းဆိုချက်များ အရမ်းကို ပြင်းထန်မနေဘူးဆိုပါက ဘယ်အချက်ကိုမှ ငြင်းဆန်မှာ မဟုတ်ပေ။
ယီယွင် ထိုအချက်ကို နားလည်သွားသောကြောင့် တျန်ဖုန်း ဘာကြောင့် ဒီလောက်တောင် ဂုဏ်ယူနေသည့် လေသံမျိုး ဖြစ်နေရသည်ကို နောက်ဆုံးတွင် နားလည်သွားချေသည်။
ထိုအခိုက်တွင် တျန်ဖုန်းမှ ထပ်ပြောလိုက်သည်၊ "မင်္ဂလာမိုးစက် နတ်ဘုရားနဲ့ ပတ်သက်တဲ့ သတင်းက ဒါတစ်ခုတည်း မဟုတ်ပါဘူး။ အခု ပြောပြမယ့် အချက်အလက်ကတော့ ခင်ဗျားတို့ အားလုံးနဲ့ အလွန်ကို ပတ်သက်နေပါတယ်"
လူတိုင်း နားစွင့်လိုက်ကြသည်။
"မင်္ဂလာမိုးစက် နတ်ဘုရား ဟာ မကြာသေးခင်ကပဲ ကျွန်တော်တို့ရဲ့ နိမိတ်ဖတ် ဖေးနိုင်ငံတော်ကို လှည့်လည်ခဲ့ပါတယ်။ မင်္ဂလာမိုးစက် နတ်ဘုရား အင်ပါယာ ဘိုးဘေးနဲ့ တွေ့ဆုံတဲ့အခါ သူဟာ တပည့်တစ်ဦး လက်ခံမယ့် အကြောင်းကို ပြောခဲ့ပါတယ်။ မင်္ဂလာမိုးစက် နတ်ဘုရား ဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်အဖွဲ့ထဲက တပည့်တစ်ဦးကို ရွေးချယ်နိုင်ပါတယ် အင်ပါယာ ဘိုးဘေးက မင်္ဂလာမိုးစက် နတ်ဘုရား ရဲ့ ဆန္ဒကို ခင်ဗျားတို့အားလုံးကို အသိပေးဖို့ ကျွန်တော်တို့ကို အမိန့်ပေးခဲ့ပါတယ်။ ဒါဟာ ခင်ဗျားတို့ အားလုံးအတွက် အကြီးမားဆုံး အခွင့်အရေးပါပဲ"
တျန်ဖုန်းက မကျေနပ်သလို လေသံနှင့် ပြောလိုက်သည်။
တကယ်တမ်းတွင် မင်္ဂလာမိုးစက် နတ်ဘုရား သည် နိမိတ်ဖတ် ဖေးနိုင်ငံတော်ထဲကပဲ တပည့်တစ်ဦးကို ရွေးချယ်သင့်သည်ဟု တျန်ဖုန်းက ထင်နေသည်။
လူငယ် ပါရမီရှင်များသည် ထုသတင်းကို ကြားလိုက်သောတဲ့အခါ ငြိမ်သက်နေတဲ့ ရေပြင်ပေါ်ကို မီးတောက်နေသော ဥက္ကာခဲ တစ်ခု ကျရောက်လာသလိုဖြစ်နေတော့သည်။
နတ်ဘုရားသခင် တစ်ပါးက တပည့် လက်ခံနေတယ်။
တပည့် အများစုဟာ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားကြသည်။
နတ်ဘုရားသခင် တစ်ပါးရဲ့ တပည့် ဖြစ်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
နတ်ဘုရားသခင် တစ်ပါးသည် အရင်းအမြစ် အများအပြားကို ထိန်းချုပ်ထားသည်။ သူ့၏လက်ချောင်းကြားမှ ယိုစိမ့်လာသော အနည်းငယ်လေးက့င် သူတို့ကို တစ်သက်လုံး အကျိုးပြုမည်ဖြစ်သည်။
ယီယွင်တောင်မှ စိတ်ဝင်စားသွားသည်။ နတ်ဘုရားသခင် တစ်ပါးရဲ့ တပည့် ဖြစ်လာခြင်းမှာ အကျိုးကျေးဇူး အရမ်း များလွန်းသည်။ ဖေးမိစ္ဆာ ဂိုဏ်းတောင်မှ နတ်ဘုရားသခင် တစ်ပါး၏တပည့်ကို ဘာမှ မတွေးဘဲနှင့်သတ်ရဲမှာ မဟုတ်ချေ။