← Chapters

မြေစမ်းသပ်မှုမှ အခက်အခဲများ

Vol. 004 Ch. 181

မြေစမ်းသပ်မှုမှ အခက်အခဲများ

Vol. 004 Ch. 181

ခါးကုန်းကြီးမုန့်သည် ယခုအချိန်တွင် ဆိုးဆိုးရွားရွား အခြေအနေ တစ်ခုတွင် ရောက်နေခြင်း ဖြစ်သည်။ သူ၏ပခုံးပေါ်မှ ဖားပြုပ်တောင်မှ အလွန် အားနည်းနေပြီး ပါးစပ်မှ ထွက်လာသည့် အသံတောင်မှ ဖားအော်သံနှင့် မတူတော့ပေ။

သူက ဖားပြုပ်ကို ပွတ်သပ် လိုက်သည်။ လွန်ခဲ့သည့် လပေါင်းများစွာ သူ၊ ရှုလီချင်းနှင့် တခြားသူတွေက အနီရောင်နဂါးရဲ့ လိုက်ခြင်းကို ခံခဲ့ကြရသည်။ သူတို့ထဲမှ မည်သူကမှ အနီရောင်နဂါးနှင့် ယှဉ်မတိုက်နိုင် ကြသည့်အပြင် အားလုံးပေါင်း တိုက်တာတောင်မှ မနိုင်ကြသည့်အတွက် အားလုံးက ကိုယ်လွတ်ရုန်း ပြေးခဲ့ရသည်။

အားလုံး၏ ပန်းတိုင်းသည် စင်္ကြံလမ်း အဆုံးတွင် ရှိသော ဝဲကတော့ကြီး ဖြစ်သည်။ သူတို့က ပထမစမ်းသပ်မှုကို အတူတူဝင်ရန် စီစဉ် ထားကြသော်လည်း အနီရောင် နဂါးကြောင့် သူတို့၏အကြံများ ပျက်စီးခဲ့ရသည်။

အနီရောင်နဂါးက အလွန် အစွမ်းထက် နေသဖြင့် သူတို့အားလုံးသည် တစ်ယောက်ကို တစ်ယောက် စောင့်မနေနိုင်တော့ဘဲ ဝဲကတော့ အတွင်းသို့ ချက်ချင်း ဝင်ရောက်၍ ထွက်ပြေးခဲ့ရသည်။ ထို့ကြောင့် အားလုံးသည် မတူညီသည့် စမ်းသပ်မှုများထဲသို့ ရောက်သွားခြင်း ဖြစ်သည်။

ခါးကုန်းကြီးမုန့်သည့် မြေစမ်းသပ်မှု အတွင်းသို့ ဝင်လာပြီးနောက် သူက သဲကန္တာရကြီးကို မြင်ပြီး စိတ်ထဲတွင် လေးလံသွား၏။ သူတို့အားလုံးက မူလက ရေစမ်းသပ်မှုသို့ ဝင်ရန် ဆုံးဖြတ် ထားခဲ့ကြ၏။ ယခင်တစ်ခေါက် သူတို့ လာခဲ့စဉ်က သူတို့သည် ရေစမ်းသပ်မှုကို ဖြတ်ကျော် ခဲ့ရသည်။ ရေစမ်းသပ်မှုက အန္တရာယ်များ သော်လည်း သူတို့အနေဖြင့် တစ်ကြိမ် အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ ထို့အပြင် သူတို့က ရေစမ်းသပ်မှုကိုသာ ဖြတ်ကျော်ရန် ရတနာများကို ပြင်ဆင် လာခဲ့ကြသည်။

သို့သော်လည်း သူကတော့ တစ်ခါမှ မရောက်ဖူးသည့် မြေစမ်းသပ်မှု အတွင်းသို့ ရောက်လာခဲ့ရသည်။ သူက ပထမဆုံး မီတာ ၁၀၀၀၀ အထိ အန္တရာယ် ကင်းကင်းဖြင့် ခရီးဆက် နိုင်ခဲ့သော်လည်း နောက်ထပ် ဆက်သွားသည့် ခရီးတွင်မူ အနက်ရောင် လေများက ကောင်းကင်ကို ဖုံးအုပ်ထားပြီး သူ့ဆီသို့ ကျဆင်း လာတတ်သည်။ ထိုအနက်ရောင် လေထဲတွင် အသံကို သုံး၍ တိုက်ခိုက်နိုင်သော ထူးဆန်းသော သက်ရှိများ အများအပြား ရှိနေခြင်းက သူ့ကို ခုခံရ ခက်ခဲစေသည်။

အစက ထိုသက်ရှိများသည် အများကြီး မဟုတ်သေးပေ။ ထို့ကြောင့် သူက ထိုသက်ရှိများကို သူ့အဆိပ်ဖြင့် တစ်ကောင်ပြီး တစ်ကောင် သတ်ပစ်ခဲ့သည်။ သို့သော်လည်း မကြာမီတွင် ထိုသက်ရှိများသည် သူက သတ်လေ ပိုပြီး ထွက်ပေါ်လာလေ ဖြစ်သည်ကို သိလိုက်၏။ သူနှင့် ထိုသက်ရှိများ၏‌ နောက်ဆုံး တိုက်ခိုက်မှုတွင် အနည်းဆုံး သက်ရှိ၁၀၀၀၀ ခန့်က ငိုကြွေးသံဖြင့် သူ့ကို တိုက်ခိုက် ခဲ့ကြသည်။

သို့သော်လည်း ခါးကုန်းကြီးမုန့်သည် အဆိပ်ကို အသုံးပြုသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုသက်ရှိများက အသံဖြင့် တိုက်ခိုက်သော်လည်း သူက အားလုံးကို သတ်နိုင်ခဲ့၏။ သို့သော်လည်း သူက ဝေးဝေးသို့ မသွားရသေးခင်မှာတင် နောက်ထပ် ထိုကဲ့သို့ သက်ရှိ တစ်သိန်းကျော်က ထပ်မံ ထွက်ပေါ်လာပြန်သည်။

သက်ရှိ တစ်သိန်းကျော်ကို သတ်ပြီးသောအခါ သက်ရှိတစ်သန်းကျော် ထပ်မံ ပေါ်ထွက်လာသည်။ တစ်သန်းကျော်ကို သတ်ပြီးသောအခါ ၁၀သန်းကျော် ထပ်မံ ထွက်လာ ပြန်သည်။ လေဆင် နှာမောင်းကြီးများတွင် ထိုကဲ့သို့ သက်ရှိများက မရေမတွက်နိုင်အောင် ရှိနေပြီး အနက်ရောင်လေများ သည်လည်း ထိုသက်ရှိများ၏ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သူက ထွက်လာသမျှကို သတ်ရင်းဖြင့် သူသတ်ခဲ့သည့် အကောင်များကိုပင် အကြမ်းဖျင်း မမှတ်မိတော့ချေ။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ကလည်း ကုန်ခန်း လာသည့်အတွက် နောက်ဆုံးတွင် မတတ်သာတော့ဘဲ လမ်းပေါက်တစ်ခု ဖွင့်ကာ အနက်ရောင် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားပြီး အပြင်သို့ မထွက်ရဲတော့ချေ။

သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဖြစ်ပြီး အဆိပ်သုံးသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ရန်သူများက အလွန် များလွန်းနေသည်။ ထို့အပြင် သူက တစ်ခါ သတ်ပြီးတိုင်း နောက်ထပ် ၁၀ဆ ပိုမိုများပြားသော ရန်သူများက ပေါ်ထွက်လာသည်။

ဤအဆုံးမဲ့သည့် သဲကန္တာရထဲတွင် အနက်ရောင် လေဆင်နှာမောင်းများက အများအပြား ရှိနေအတွက် သူက အကြိမ်၁၀၀ သို့မဟုတ် အကြိမ်၁၀၀၀ သိုမဟုတ် အကြိမ်၁၀၀၀၀ သတ်လျှင်တောင်မှ ထိုသက်ရှိများက ကုန်သွားလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကို စဉ်းစား ကြည့်လိုက်တိုင်း ခါးကုန်းကြီးမုန့်သည် စိတ်ထဲတွင် လေးလံ သွားရသည်။

ထိုသက်ရှိများက တစ်ကောင်ချင်းဆိုလျှင် မည်သည့် စွမ်းအားမှ မရှိသော်လည်း ထိုသက်ရှိများသာ ၁ဘီလီယံခန့် ရှိပါက သူတို့၏ စုပေါင်း အသံတိုက်ခိုက်မှုသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား စေနိုင်သည်။

***

ဝမ်လင်းက ကီလိုမီတာ ၁၀၀၀ ခန့် သွားပြီးသော်လည်း လေဆင်နှာမောင်း အနည်းငယ်မှ လွဲ၍ မည်သည့် အန္တရာယ်ကိုမှ မကြုံရသေးပေ။ မြေအောက်မှ ခုခံမှုသည်လည်း တဖြည်းဖြည်း အားကောင်း လာသည့်အတွက် သူ့အရှိန်က လျော့ကျ လာသည်။ ထိုအားကို သူက တွန်းလှန်နိုင်ရန် အတွက် သူ့ကိုယ်တွင်းမှ စိတ်စွမ်းအင် တစ်ဝက်ကျော်ကို သုံးနေရ၏။

ဝမ်လင်းက ပေ၁၀၀၀ခန့် ရှည်သော အနက်ရောင် မျှော်စင်တစ်ခု၏ ရှေ့တွင် ပေါ်လာသည်။ ဝမ်လင်းက မျှော်စင်ထဲသို့ ဝင်လာပြီးနောက် သူက ကြမ်းပြင်ကို ကြည့်လိုက်ရာ သူ၏ အမူအရာက ပြောင်းလဲသွား၏။ ကြမ်းပြင်ပေါ်ရှိ ထူထဲသော ဖုန်မှုန့်များက တချို့ နေရာများတွင် ပါးနေသည်။

ဝမ်လင်းက ဂရုတစိုက်ဖြင့် ကြမ်းပြင်ကို ကြည့်ပြီးနောက် သူ၏မျက်လုံးက အရောင်လက် သွားကာ မျှော်စင်ပေါ်သို့ တက်သွားပြီး တစ်ထပ်ချင်း သေချာ စစ်ဆေး ကြည့်လေသည်။ မျှောင်စင်၏ ထိပ်ဆုံး အထပ်သို့ ရောက်သောအခါ ခြေရာများကို ပေါ်လွင်ထင်ရှားစွာ မြင်လိုက်ရ၏။

ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်း လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ ခြေရာများနှင့် သဲလွန်စများကို ကောက်ချက် ချကြည့်လျှင် အလွန်ကြာမြင့်သော အချိန်က ဖြစ်ကြောင်း ကောက်ချက် ချနိုင်သည်။ ထို့ကြောင့် တစ်ယောက်ယောက်က သူ့ရှေ့တွင် မြေစမ်းသပ်မှု အတွင်းသို့ ဝင်ရောက် သွားကြောင်း သူ့အနေဖြင့် မသေချာပေ။

ဝမ်လင်းသည် မျှော်စင်၏ ထိပ်ဆုံးအထပ်တွင် ရပ်ပြီး အပြင်သို့ ကြည့်လိုက်သည်။ အဝေးတွင် လေဆင်နှာမောင်များမှ လွဲ၍ မည်သည့်အရာမှ ရှိမနေချေ။

သူက ခဏလောက် စဉ်းစားပြီးနောက် အောက်သို့ ပြန်ဆင်းပြီး ရှေ့သို့ ဂရုတစိုက်ဖြင့် ရှေ့သို့ ဆက်သွား၏။ သူ့ရှေ့တွင် တစ်ယောက်ယောက် ရှိနေလည်း သူ့အတွက် ကိစ္စမရှိချေ။ သူက ရှေ့လူနှင့် တွေ့ခဲ့လျှင် သူကို ရှေ့လူမှ ထိန်းချုပ်လိုက်မှာ အသေအချာပင်။ သို့သော်လည်း သူကသာ ရှေ့လူနှင့် အကွာအဝေးတစ်ခု ထိန်းထားနိုင်လျှင် ရှေ့လူ၏ စွမ်းအားကို ငှားယူပြီး သူက မြေစမ်းသပ်မှုကို အလွယ်တကူ အောင်မြင်နိုင်သည်။

တဖြည်းဖြည်းနှင့် ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်နှင့် ပတ်သက်၍ တိုးတက် လာသည်။ ယခု သူက စမှတ်မှ ကီလိုမီတာ တစ်သောင်း အကွာအဝေးရှိ အနက်ရောင် မျှော်စင်တစ်ခု ဆီသို့ ရောက်လာ၏။ လမ်းတစ်လျှောက်တွင် သူက အနက်ရောင် မျှော်စင်ထဲသို့ မကောင်းဆိုးဝါးအား အရင်လွတ်ပြီးမှ သူက ဂရုတစိုက်ဖြင့် မျှော်စင်ထဲသို့ ဝင်၏။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး လဝက်ဆိုသော အချိန်က ကုန်ဆုံး သွားသည်။ ဝမ်လင်း လက်ရှိ ရောက်နေသည့် အနက်ရောင် မျှော်စင်သည် ပေ၈၀၀၀ထိ ရှည်၏။ ဝမ်လင်းက မျှော်စင် အပေါ်ဆုံးထပ်မှ အောက်သို့ ကြည့်လိုက်သည်။

သူက အဝေးသို့ ကြည့်နေရင်း ရုတ်တရက် သူငယ်အိမ်က ကျုံ့သွား၏။ အဝေးတွင် လေဆင်နှာမောင်း များသည် တစ်ခုခုက ခေါ်နေသည့်အလား နေရာ တစ်ခုတည်းသို့ ဦးတည်ပြီး ရွေ့လျား နေကြသည်။

ဝမ်လင်းက ထိုမြင်ကွင်းကို ကြည့်ပြီးနောက် မျက်လုံးက အရောင်လက် သွားပြီး မျှော်စင်ပေါ်မှ ပြန်ဆင်းလာသည်။ မျှော်စင်၏အောက်ခြေသို့ ရောက်သောအခါ သူက မြေအောက်ထဲသို့ တိုးဝင်ပြီး ရှေ့သို့ ဆက်သွားလိုက်၏။

မြေအောက်မှ ခုခံမှုအားက ပိုမို အားကောင်း လာသဖြင့် ထိုအားကို တွန်းလှန်ရန် သူ၏စွမ်းအင် ၈၀ရာခိုင်နှုန်းခန့်ကို အသုံးပြုနေရပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် ရှေ့သို့ ဆက်သွား၏။ ဝမ်လင်းက သူ့ရှေ့ရှိ သဲထဲတွင် နတ်ဘုရား စိတ်အာရုံဖြင့် အနက်ရောင် အလင်းတစ်ခုကို အာရုံခံမိသဖြင့် ရုတ်တရက် ရပ်တန့်လိုက်သည်။ အနံ့ဆိုး တစ်ခုကလည်း ထွက်လာရာ သူက တုံ့ဆိုင်းမနေဘဲ ခါးကုန်းကြီးမုန့်၏ ဆေးလုံးကို ထုတ်ယူကာ ပါးစပ်ထဲ ငုံထားလိုက်၏။ ထို့နောက် မြေပြင်ပေါ်သို့ ပြန်တက်သွား၏။

အနက်ရောင် မျှော်စင်ဆီသို့ မရောက်သေးခင် ပထမဆုံး အကြိမ်အဖြစ် မြေပြင်ပေါ်သို့ တက်လာခြင်း ဖြစ်သည်။

သူက မြေပြင်ပေါ်သို့ ရောက်သည်နှင့် တဝေါဝေါ တိုက်ခတ်နေသည့် လေသံများကို ကြားလိုက်ရ သကဲ့သို့ လေများမှ ပေးသော ဖိအားကြောင့် သူ့ခန္ဓာကိုယ်က နာကျင် လာသည်။ ထိုအခါ ဝမ်လင်းက အစီအရင် တစ်ခုကို ဖန်တီးပြီး အော်လိုက်သည်… “သွား…”

ထိုအခါ ထူးဆန်းသော လေတစ်မျိုး ပေါ်လာပြီး ထိုလေက တစ်ခုခုကို ရှာဖွေနေသကဲ့သို့ လေဆင်နှာမောင်းများ ကြားတွင် လျှောက်သွား နေသည်။ နောက်ဆုံးတွင် ထိုလေက များပြားလှသော အနက်ရောင် သားရဲ အလောင်းများကို တွေ့သွား၏။

ထိုအနက်ရောင် သားရဲများသည် သူ၏လက်သီးဆုပ် အရွယ်ခန့် ရှိပြီး သူတို့၏နောက်ကျောတွင် တောင်ပံတစ်စုံ ရှိ၏။ သူတို့၏ပါးစပ်များက ချွန်ထက်နေပြီး မျက်နှာက ကြမ်းကြုတ်ဟန် ရှိသည်။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြည့် လိုက်သည်။ သူက မြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ် သွား၏။ ထိုနေရာရှိ အလောင်းများသည် ၁၀၀၀၀ မကချေ။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးက မည်းနက်နေပြီး ပြင်းထန်သော အဆိပ်တစ်ခုဖြင့် သေထားကြောင်း အလွန်သိသာ ထင်ရှားနေသည်။

ယခု အချိန်တွင်တော့ ဝမ်လင်းသည် သူ့ရှေ့တွင် ခရီးဆက်နေသော လူမှာ ခါးကုန်းကြီးမုန့် ဖြစ်ကြောင်း သိသွားလေပြီ။

ခါးကုန်ကြီးမုန့်၏ အကြောင်းကို တွေးပြီး သရော်ပြုံး ပြုံးလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်မူ ပို၍ သတိထားလာသည်။ သူက မြေအောက်ထဲသို့ ပြန်ငုပ်လျှိုးသွားပြီး နောက်ထပ် မျှော်စင်တစ်ခုဆီသို့ ဆက်သွား၏။

နာရီ အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက နောက်ထပ် မျှော်စင်တစ်ခုဆီသို့ တွေ့လိုက်ရသည်။ ထိုမျှော်စင်၏ ရှေ့တွင် သေးငယ်သော လေဆင်နှာမောင်း တစ်ခုက ရှေ့သွားလိုက်၊ နောက်ဆုတ်လိုက် ရှိနေလေသည်။

ဝမ်လင်းက ခဏလောက် စဉ်းစားကာ နောက်သို့ ပြန်ဆုတ် လိုက်သည်။ သူက ထိုမျှော်စင်ကို ပတ်သွားပြီး နောက်ထပ် မျှော်စင်တစ်ခုဆီသို့ သွားရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် အနက်ရောင် လေဆင်နှာမောင်းက သူ့ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာသည်။ လေဆင်နှာမောင်းက မြေပြင်မှ သဲများကို တူးထုတ်ပြီး နောက်သို့ ပြန်ပစ်၏။ တချို့ သဲများဆိုလျှင် မျှော်စင်ကို ထိသွားပြီး အသံများ ဆက်တိုက် ထွက်လာသည်။

ဝမ်လင်းက သရော်ပြုံး ပြုံးပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လေဆင်နှာမောင်းထဲတွင် နတ်ဘုရား စိတ်အာရုံ ၁၀၀၀ကျော်ကို တွေ့လိုက်ရ၏။

ထိုနတ်ဘုရား စိတ်အာရုံ တစ်ခုစီတိုင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်၏ နတ်ဘုရား စိတ်အာရုံနှင့် တူညီ၏။ ထိုနတ်ဘုရား စိတ်အာရုံ တစ်ထောင်ကျော်တွင် စဦးစိတ်ဝိညာဉ် အဆင့်နှင့်ညီသော နတ်ဘုရား စိတ်အာရုံ တစ်ခုမှ မပါချေ။ ထို့ကြောင့် သူတို့သည် ဝမ်လင်းအား အန္တရာယ် မပေးနိုင်ပါချေ။ ဝမ်လင်းက ဂျိနယ်ပယ်နတ် ဘုရားစိတ်အာရုံဖြင့် တစ်ချက် ရှင်းပစ်လိုက်ရာ နတ်ဘုရား စိတ်အာရုံ ၁၀၀ကျော်က ပျက်စီးသွား၏။ သို့သော်လည်း ကျန်သည့် နတ်ဘုရား စိတ်အာရုံ ၉၀၀သည် အတူတကွ စုပေါင်းပြီး ဓားတစ်လက် သဏ္ဌာန် ဖွဲ့စည်းကာ ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို ပြန်ထိုးလိုက်သည်။

ထိုအခိုက်အတန့်တွင် လေဆင်နှာမောင်းက ရုတ်တရက် ရပ်တန့်သွားရာ လေဆင်နှာမောင်း တစ်ခုလုံးက ပျက်ပြယ်သွားပြီး သေးငယ်သေား သားရဲများ ပေါ်လာသည်။

ထိုသားရဲများသည် ယခင်က ဝမ်လင်းမြင်ခဲ့သည့် သားရဲ အလောင်းများနှင့် တစ်ထပ်တည်း တူညီနေသည်။ သူတို့က စုပေါင်းပြီး ထူးဆန်းသော အသံဖြင့် ငိုလိုက်ကြသည်။

သူတို့၏ စုပေါင်း ငိုခြင်းကြောင့် ကြီးမားသော အသံလှိုင်းကြီး တစ်ခု ဖြစ်လာသည်။ တစ်ပြိုင်နက်တည်း မှာပင် သူတို့၏နတ်ဘုရား စိတ်အာရုံများက ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားပြီး အသံလှိုင်း၏နောက်မှ ဝမ်လင်းအား အပေါ်မှ ခုတ်ချလိုက်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး သူ၏နတ်ဘုရား စိတ်အာရုံကို ပြန်သိမ်း လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်ထဲမှ မကောင်းဆိုးဝါးကို ထုတ်ယူလိုက်၏။ မကောင်းဆိုးဝါးက နတ်ဘုရား စိတ်အာရုံဖြင့် ပြုလုပ်ထားသော ဓားကို မြင်လိုက်သောအခါ ချက်ချင်း ပျော်ရွှင်သွားပြီး ဝမ်လင်း၏အမိန့်ကိုပင် မစောင့်တော့ဘဲ ဓားဆီသို့ ခုန်ဝင်သွား၏။

မကောင်းဆိုးဝါးက ခုန်ဝင်သွားသည့် အချိန်တွင် နတ်ဘုရား စိတ်အာရုံဓားနှင့် အသံလှိုင်းများက မကောင်းဆိုးဝါးပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်လာသည်။ မကောင်းဆိုးဝါးက ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို မီးခိုးရောင် အငွေ့အဖြစ်သို့ ပြောင်းလဲ လိုက်သည်။ မီးခိုးရောင် အငွေ့များက နတ်ဘုရား စိတ်အာရုံဓားကို အလျင်အမြန် ဝန်းရံလိုက်၏။ အသံလှိုင်းများ ကတော့ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို ထိရောက်မှု မရှိသဖြင့် မီးခိုးရောင် အငွေ့များကို ဖြတ်သွား၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းကလည်း သလင်းကျောက်ဓားကို ထုတ်ယူပြီး သားရဲများဆီသို့ ပစ်လိုက်သည်။ ဓားက သားရဲအုပ်စုနှင့် နီးကပ်လာသည့် အချိန်တွင် သားရဲအုပ်ကြီးသည် ကွဲသွားကြပြီး ကောင်းကင် တစ်ခုလုံးတွင် ပြန့်သွားကြသည်။

အားလုံးသည် အချိန် ခဏလေးအတွင်း ဖြစ်သွားခြင်း ဖြစ်သည်။ ဝမ်လင်းသည် သားရဲများ အုပ်စုခွဲသွားသည်ကို မြင်ပြီး သိုလှောင်အိတ် အတွင်းမှ ဓားတစ်ရာကျော်ကို ထုတ်ယူကာ အပေါ်သို့ ပစ်လွှတ်လိုက်သည်။ ဝမ်လင်းက ဓားတိုင်းကို သူ၏ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံဖြင့် ထိန်းချုပ်ပြီး သားရဲများအပေါ်သို့ ဓားမိုးများ ရွာချလိုက်၏။

***

All Chapters