← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၆၂)

" အရှေ့တံခါးက အရေးကြီးတယ်။ မင်းကိုယ်တိုင် မြင်းစီစစ်သည်ငါးသောင်းကို ဦးဆောင်တိုက်ခိုက်ရမယ်။ တုဆွေ မင်းက ခြေလျင်စစ်သား ငါးသောင်းကို ခွဲပြီး လွှတ်လိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျန်းဟန်နှင့် တုဆွေတို့က ချက်ချင်း ပြန်ပြောလိုက်သည်။

" အနောက်တံခါးကိုတော့ ငါကိုယ်တိုင် တပ်ဖွဲ့တွေကို ဦးဆောင်မယ်။ စစ်သည်နှစ်သိန်းကို အဓိကတပ်ဖွဲ့အဖြစ်ထားမယ်။ မနက်ဖြန် မွန်းတည့်ချိန်မှာ တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " စစ်သူကြီးသုံး​ယောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ သွားနားကြတော့။ "

" ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " စစ်သူကြီးသုံးယောက်က ဦးညွှတ်ပြီး ထွက်သွားကြသည်။

" ယွဲ့ချန် နယ်ရုပ်တစ်ကောင်ပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

ယခုအချိန်တွင် ချင်ချင်းနှင့် ယွဲ့ချန်တို့က မြို့ထဲသို့ ဝင်လာမည့် ချင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ရန် စီစဉ်နေသည်ကို သူစိတ်ကူးကြည့်နိုင်သည်။ စစ်မြေပြင်တွင် သတ်ဖြတ်မှုများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ကျောက်ဖုန်းက အမှန်တရားတစ်ခုကို လက်ခံထားခဲ့သည်။ ဘယ်သူ့ကိုမှ အကြောင်းမဲ့မယုံကြည်နဲ့။

နောက်တစ်နေ့ မိုးလင်းချိန်တွင် ကျောက်ဖုန်းက အနောက်တံခါးတွင် တပ်ဖွဲ့များကို ဦးဆောင်ထားသည်။

" တိုက်ကြ...."ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကျောက်လုံးပစ်စက်များနှင့် လေသည်တော်များက မြို့ဆီသို့ ကျောက်တုံးများ၊ မြားများနှင့် ပစ်ခတ်လိုက်ကြသည်။ ချင်စစ်တပ်၏ ​ဗျူဟာက အရင်ဆုံး မြားများဖြင့် ဖိအားပေးခြင်း ဖြစ်သည်။

မြို့၏ အရှေ့တံခါးတွင် ချင်စစ်တပ်က တဖြည်းဖြည်း ချဉ်းကပ်လာပြီး အချိန်ကို စောင့်ဆိုင်းနေကြသည်။

မြို့ထဲတွင်။

" စစ်သေနာပတိချုပ် ချင်တပ်ဖွဲ့တစ်ခုက အရှေ့တံခါးကို ချဉ်းကပ်လာနေပါပြီ။ " တပ်မှူးတစ်ယောက်က ချင်ချင်းကို အစီရင်ခံလိုက်သည်။

" စစ်သေနာပတိချုပ် ယွဲ့ချန် အဆင်သင့်ဖြစ်ပြီလား။ " ချင်ချင်းက မေးလိုက်သည်။

" အဆင်သင့်ဖြစ်ပါပြီ။ စစ်သေနာပတိချုပ်အမိန့်ပေးတာနဲ့ စစ်သေနာပတိချုပ်ယွဲ့ချန်က ချင်တပ်ဖွဲ့ကို မြို့ထဲ ဝင်ရောက်ဖို့ အချက်ပြမှာပါ။ အရှေ့မြို့ကို လုံးဝ ရှင်းလင်းထားပြီးပါပြီ။ ချင်တပ်ဖွဲ့ဝင်လာတာနဲ့ လူတစ်သိန်းရှိရင်တောင် ကျွန်တော်တို့တပ်ဖွဲ့တွေက ချေမှုန်းနိုင်မှာပါ။ " တပ်မှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ကောင်းပြီ။ " ချင်ချင်းက ခေါင်းညိမ့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ " ဒီလိုဆိုရင်တော့ ငါ အနောက်တံခါးကို ကာကွယ်ပြီး ချင်စစ်တပ်ကို ပိတ်ဆို့ထားတာနဲ့ အောင်​ပွဲက ငါတို့ယန်အတွက်ပဲ ဖြစ်လာလိမ့်မယ်။ "

" ဟေ့ ဟေ့ ဟေ့..." ထိုအချိန်တွင် ဟိန်းဟောက်သံများက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားသည်။

" ချင်စစ်တပ်က တိုက်ဖို့ပြင်နေပြီ။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ မြို့ကို သေတဲ့အထိ ခုခံကြ။ ချင်စစ်တပ်ကို တစ်လှမ်းတောင် ရှေ့မတိုးစေနဲ့။ ထွက်ပြေးတဲ့ ဘယ်သူမဆို ကြီးကြပ်ရေးတပ်ဖွဲ့က ကွပ်မျက်လိမ့်မယ်။ ငါကိုယ်တိုင် မြို့တွင်းကို စောင့်ကြပ်မယ်။ " ချင်ချင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ပတ်ဝန်းကျင်မှ တပ်မှူးများက ပြန်ပြောလိုက်ကြသည်။

အချိန်များ ကုန်ဆုံးလာခဲ့သည်။ မြားမိုးများက ဆက်တိုက်ကျဆင်းနေပြီး မြို့ထဲမှ ယန်စစ်တပ်က အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ကျောက်ဖုန်းက တိုက်ခိုက်ရန် အမိန့်မပေးသေးဘဲ ကောင်းကင်သို့ မော့ကြည့်နေသည်။

မကြာမီ မွန်းတည့်ချိန်သို့ ရောက်လာခဲ့သည်။ ကျောက်ဖုန်းက ခါးတွင် ရှိသော လုံချွမ်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်ပြီး စစ်ရထားပေါ်မှ ဆင်းလိုက်သည်။

" ချင်စစ်သည်တို့ ငါ ကျောက်ဖုန်းက အရင်လိုပဲ ရှေ့ဆုံးက တိုက်ခိုက်မယ်။ စစ်သည်တွေက ငါ့နောက်ကလိုက်ပြီး တိုက်ခိုက်ရမယ်။ ငါ ကျဆုံးသွားရင်တောင် တိုက်ခိုက်မှုကို မရပ်တန့်နဲ့။ ချင်နိုင်ငံအတွက် တိုက်ကြ။ " ကျောက်ဖုန်းက တစ်ဖက်တွင် ဒိုင်း၊ တစ်ဖက်တွင် လုံချွမ်ဓားက်ု ကိုင်ကြီး ရှေ့ဆုံးမှ ပြေးထွက်သွားသည်။

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်။ "

" သတ်ကြ..."

သူ၏ နောက်မှ ချင်စစ်သည်များစွာက အော်ဟစ်လိုက်ကြသည်။ သူတို့က ကျောက်ဖုန်း၏ နောက်သို့ လိုက်လာကြသည်။ ကျောက်ဖုန်းက ရှေ့ဆုံးမှ ဦးဆောင်နေသောကြောင့် သူတို့၏ စိတ်ဓာတ်များက ကောင်းကင်ထိ မြင့်တက်နေကြသည်။

" သတ်ကြ။ မြားတွေပစ်ကြ။ " မြို့ရိုးပေါ်မှ ယန်စစ်သည်များက အော်ဟစ်လိုက်ကြသည်။ သူတို့က ကျောက်တုံးများ၊ မြားများနှင့် ပစ်ခတ်လိုက်ကြသည်။ ၎င်းက ယန်နိုင်ငံ၏ နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။ ယုယန်မြို့သာ ကျသွားလျှင် ယန်နိုင်ငံက ပျက်စီးသွားမည်ဖြစ်သောကြောင့် သူတို့က အစွမ်းကုန် တိုက်ရမည်ဖြစ်သည်။

မြားမိုးအောက်တွင် နှစ်ဖက်လုံးမှ စစ်သည်များက သေဆုံးနေကြပြီး စစ်မြေပြင်က သွေးချောင်းစီးနေခဲ့သည်။ ကျောက်ဖုန်း၏ ခွန်အားနှင့် မြားတစ်စင်းမှ သူ့ကို မထိနိုင်ပေ။ ကျောက်ဖုန်းသာ ထိန်းချုပ်ခြင်းမရှိလျှင် သူ၏ ကြောက်စရာကောင်းသော အမြန်နှုန်းနှင့်ဆိုလျှင် သူက မြို့ရိုးကို အသက်ရှူချိန်အနည်းငယ်အတွင်း ရောက်နိုင်လေသည်။

ကျောက်ဖုန်းက မြို့တံခါးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

" ကျိုးပျက်စမ်း " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ လုံချွမ်ဓားကို မြှောက်လိုက်သည်။ ချီစွမ်းအားများကို စုစည်းပြီး ဓားချက်တစ်ချက် ထုတ်ဖော်လိုက်သည်။ ထိုဓားချက်က မည်သည့်သိုင်းပညာမှ မပါဝင်သော်လည်း သွေးနီရောင်ဓားချီတစ်ခုက ထွက်ပေါ်လာသည်။

ဝုန်း....

ခိုင်ခံ့သော မြို့တံခါးက ထိုဓားချက်ကြောင့် ချက်ချင်း ပျက်စီးသွားသည်။ ဓားချီက တံခါးကို ဖျက်ဆီးပြီး ရပ်တန့်ခြင်းမရှိဘဲ ယန်စစ်သည်ဆယ်ချီကို ပိုင်းဖြတ်သွားသည်။

" အား...." အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာကြသည်။ ချက်ချင်း လူဆယ်ယောက်ကျော်က မြေပြင်သို့ လဲကျသွားသည်။

" ယန်စစ်သည်တစ်ယောက်ကို သတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "

" ယန်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "

" ယန်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၁မှတ် ရရှိပါတယ်။ "

ယခင်ကဲ့သို့ပင် ရန်သူများကို သတ်ဖြတ်ပြီးနောက် စွမ်းရည်မှတ်များ တိုးလာခဲ့သည်။

" သတ်..." ကျောက်ဖုန်းက မြို့ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး လုံချွမ်ဓားကို ဝှေ့ရမ်းလိုက်သည်။

ဓားချီများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဓားတစ်ချက် ခုတ်လိုက်တိုင်း ယန်စစ်သည်ဆယ်ယောက်ကျော် သေဆုံးခဲ့ရသည်။ ကျောက်ဖုန်း၏ နောက်တွင် ကိုယ်ရံတော် နှစ်ထောင်ရှိသည်။ သူတို့က ကျောက်ဖုန်းကို လုံးဝသစ္စာမဖောက်ဘဲ အလွန်သစ္စာရှိကြပြီး တစ်ယောက်စီတိုင်းက သိုင်းပညာကို ကျွမ်းကျင်ကြသည်။

ကျန်းမင်း၏ ဦးဆောင်မှုဖြင့် သူတို့က မြို့ထဲသို့ ဝင်ရောက်လာကြပြီး သူတို့၏ ရှန်ထျန်းစွမ်းအားများကို ထုတ်ဖော်ကာ ယန်စစ်တပ်ကို အလွယ်တကူ သတ်ဖြတ်လိုက်ကြသည်။ ကိုယ်ရံတော်နှစ်ထောင်က စစ်သည်တစ်သောင်းထက် ပိုကြောက်စရာကောင်းလေသည်။

ကျောက်ဖုန်းနှင့် ကိုယ်ရံတော်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် တံခါးရှေ့၌ အလောင်းများပြည့်နှက်သွားပြီး သူတို့က မြို့ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားကြသည်။ အပြင်မှ ချင်စစ်တပ်ကလည်း နောက်မှ ဝင်ရောက်လာပြီး မြို့အတွင်းသို့ မြားများဖြင့်ပစ်ခတ်လိုက်ကြသည်။

ယုယန်မြို့၏ အရှေ့တံခါးတွင် သတ်မှတ်ချိန်ရောက်လာသောကြောင့် အရှေ့မြို့တံခါးက ပွင့်သွားပြီး ဘယ်သူမှ မစောင့်တော့ပေ။ မြို့ထဲတွင် ယန်စစ်သည်များက အနက်ရောင်အလံများကို ဝှေ့ရမ်းပြီး အချက်ပြနေကြသည်။

" နောက်ဆုံးတော့ ရောက်လာပြီ။ " ကျန်းဟန်က ရယ်လိုက်သည်။

" ညီအကိုတို့ တက်ကြ။ ငါတို့ လမ်းကို တားဆီသူမှန်သမျှ သတ်ပစ်။ " ကျန်းဟန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " မြင်းစီးစစ်သည်ငါးသောင်းက တစ်ပြိုင်နက် ပြန်ပြောလိုက်ကြသည်။

သူတို့၏ နောက်တွင် ကျွမ်းဝေက ခြေလျင်စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး လိုက်လာသည်။

" တိုက်ကြ။ " ကျန်းဟန်က ဟိန်းဟောက်ပြီး သူ၏ မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။

" စစ်သူကြီးနောက်ကို လိုက်ကြ။" မြင်းတပ်ကလည်း ​ကျန်းဟန်၏ နောက်သို့ လိုက်သွားကြသည်။

ကျန်းဟန်၏ နောက်တွင် ကိုယ်ရံတော်တစ်ထောင်ရှိနေသည်။ သူတို့အားလုံးကလည်း ကျောက်ဖုန်း၏ သစ္စာခံများဖြစ်ပြီး သိုင်းပညာလေ့ကျင့်ထားသူများ ဖြစ်သည်။

အရှေ့တံခါး မျှော်စင်ပေါ်တွင် ယန်တပ်မှူးတစ်ယောက်က ချင်စစ်တပ် ချီတက်လာသည်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

" ကျော​က်ဖုန်း မင်းတို့ မြို့ထဲ ရောက်တာနဲ့ ငါတို့တပ်ဖွဲလက မင်းတို့နောက်ကြောင်းကို ပိတ်ဆို့လိုက်ရင် မင်းတို့က ခြံထဲက ကြက်ဖြစ်သွားမှာပဲ။ "

အရှေ့မြို့တံခါးထဲတွင် ဘယ်သူမှမရှိဘဲ ယွဲ့ချန်၏ အမိန့်နှင့် ရှင်းလင်းထားပုံရသည်။ ကျန်းဟန်က သူ၏ တပ်ဖွဲ့ကို ဦးဆောင်ပြီး ဝင်ရောက်လာခဲ့သည်။

ကျန်းဟန် ဝင်ရောက်လာသည်နှင့် ယန်တပ်မှူးတစ်ယောက်က လျင်မြန်စွာ ချဉ်းကပ်လာသည်။

" စစ်သေနာပတိချုပ် ယွဲ့ချန်ရဲ့ အမိန့်အရ ချင်စစ်တပ်ကို လာကြိုတာပါ။ စစ်သူကြီး တပ်ဖွဲ့တွေကို မြို့ထဲ ဦးဆောင်သွားပါ။ ကျုပ်တို့တပ်ဖွဲ့က ယန်တပ်ဖွဲ့တွေကို တိုင်ဖို့ ချင်နဲ့ ပူးပေါင်းမှာပါ။ "

" အင်း "ကျန်းဟန်က ပြုံးလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ လှံက ယန်တပ်မှူး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

" အား..." ယန်တပ်မှူးက ​နာကျင်စွာ အော်ဟစ်ပြီး ကျန်းဟန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ကျန်းဟန်က သူ၏လှံကို ဆွဲထုတ်ပြီး ယန်တပ်မှူး၏ အသက်ကို နှုတ်ယူလိုက်သည်။

" သတ်ကြ။ " သူ၏ နောက်မှ မြင်းစီးစစ်သည်များကလည်း တုန့်ဆိုင်းခြင်းမရှိကြပေ။ သူတို့က လှံများကို မြှောက်ပြီး ပြင်ဆင်မထားသော ပတ်ဝန်းကျင်မှ ယန်စစ်သည်များကို တိုက်ခိုက်လိုက်ကြသည်။ အလောင်းများက နေရာအနှံ့ ပျံ့ကြဲသွားသည်။

ကျန်းဟန်က ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏ လှံများကို ချီစွမ်းအားများဖြင့် ဝှေ့ရမ်းလိုက်သည်။ မြင်းတပ်က လျင်မြန်စွာ ပျံ့နှံ့သွားပြီး ယန်စစ်သည်များကို သတ်ဖြတ်လိုက်ကြသည်။ ယန်စစ်သည်များက အနက်ရောင်အဝတ်စများကို လက်မောင်းတွင် စည်းထားကြသော်လည်း သေခြင်းမှ မလွတ်မြောက်နိုင်ပေ။

၎င်းက ထောင်ချောက်တစ်ခုဖြစ်သည်။ ယွဲ့ချန်ကို လှည့်စားပြီး မြို့တံခါးကို ဖွင့်ခိုင်းခြင်းဖြစ်သည်။ ဝူအန်းစခန်း၏ စစ်သည်သုံးသိန်းက ယုယန်မြို့၏ နှစ်ဖက်လုံးမှ တိုက်ခိုက်ခဲ့ကြသည်။

All Chapters