← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၆၃)

" ဘာတွေဖြစ်နေတာလဲ။ ငါတို့ အနက်ရောင်အဝတ်စတွေ စည်းထားရင် ချင်စစ်တပ်က သူတို့လူတွေလို့ သဘောထားလိမ့်မယ်လို့ စစ်သေနာပတိချုပ်ယွဲ့ချန်က မပြောခဲ့ဘူးလား။ "

" ဘာလို့သူတို့က ရုတ်တရက် တိုက်ခိုက်တာလဲ။ "

" ပြန်တိုက်ကြ။ မြန်မြန် ပြန်တိုက်ကြ။ "

ယုယန်မြို့၏ အရှေ့တံခါးတွင် ယန်စစ်သည်များက ဖရိုဖရဲဖြစ်နေကြသည်။ သူတို့က ချင်စစ်တပ်ကို မြို့ထဲကို ဝင်လာအောင် လုပ်ပြီး နောက်ကျောမှ နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော် ယခု ၎င်းက ဟာသတစ်ခု ဖြစ်သွားခဲ့သည်။

" ချင်စစ်သည်တို့ ငါနောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ ငါတို့လမ်းကို တားဆီးသူမှန်သမျှ သတ်ဖြတ်ကြ။ မြို့ကို မထိန်းချုပ်ခင် ဘယ်သူကိုမှ အရှင်မထားနဲ့။ " ကျန်းဟန်က ကျယ်လောင်စွာ ဟိန်းဟောက်ပြီး မြို့ထဲသို့ ရူးသွပ်စွာ ဝင်ရောက်သွားသည်။

သူက မြို့တွင်းမှ လမ်းမတစ်လျှောက် တိုက်စစ်ကို ဦးဆောင်သွားသည်။ တပ်မှူးငါးယောက်က စစ်သည်များကို နေရာအနှံ့သို့ ဦးဆောင်သွားပြီး ယန်စစ်သည်မှန်သမျှ အားလုံး သတ်ပစ်ကြသည်။ မြို့ထဲမှ ယန်စစ်သည်များက ချင်မြင်းတပ်၏ တိုက်ခိုက်မှုကြောင့် လုံးဝပြိုကွဲသွားခဲ့ရသည်။

မြင်းတပ်၏ နောက်မှ ခြေလျင်တပ်က မြို့ထဲသို့ ဝင်ရောက်လာပြီး မြို့ရိုးပေါ်မှ ယန်စစ်သည်များကို မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။ သူတို့က မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မြို့ရိုးများကို သိမ်းပိုက်လိုက်သည်။ သူတို့က ဘာအရင်းအနှီးမှ မရှိဘဲ ရလိုက်ခြင်းဖြစ်သည်။ ရန်သူများစွာကို သတ်ပြီး ယုယန်မြို့၏ အရှေ့တံခါးကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

အရှေ့မြို့အတွင်း။

" စစ်သေနာပတိချုပ် သတင်းဆိုးပဲ။ ချင်စစ်တပ်က ဝင်တိုက်နေပြီ။ " တပ်မှူးတစ်ယောက်က ယွဲ့ချန်ကို ထိတ်လန့်တကြား အစီရင်ခံလိုက်သည်။

" ချင်စစ်တပ်က ထောက်ချောက်ထဲ ဝင်လာတာ သတင်းကောင်းပဲ။ သူတို့က ထောက်ချောက်ထဲ​ ရောက်သွားပြီဆိုရင် ဘယ်လောက်များများ သူတို့ သေမှာပဲ။ " ယွဲ့ချန်က အခြေအနေကို သေချာမသိဘဲ ရယ်မောလိုက်သည်။

" စစ်သေနာပတိချုပ် ချင်စစ်တပ်က မြို့ထဲဝင်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ စကားတောင်မပြောဘဲ သူတို့က ချက်ချင်း တိုက်ခိုက်တာပဲ။ ချင်မြင်းတပ်ငါးသောင်းက မြို့ထဲကို ဝင်တိုက်နေတယ်။ အရှေ့မြို့ကို စောင့်နေတဲ့ တပ်တွေက ချင်စစ်တပ်ကြောင့် ပြိုကွဲသွားပြီ။ ချင်စစ်တပ်က အရှေ့မြို့တံခါးကို ထိန်းချုပ်လိုက်ပြီ။ " တပ်မှူးက စိုးရိမ်တကြီး အစီရင်ခံလိုက်သည်။

" ဘာ..." ယွဲ့ချန်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ " ဘာလို့ဒီလိုဖြစ်ရတာလဲ။ "

" စစ်သေနာပတိချုပ် ကျွန်တော်တို့ လှည့်စားခံလိုက်ရပြီ။ ချင်စစ်တပ်က မြို့တံခါးကို ဖွင့်ခိုင်းဖို့ ကျွန်တော်တို့ကို အသုံးချခဲ့တာပါ။ သူတို့က ကျွန်တော်တို့နဲ့ ဘယ်တုန်းကမှ မပူးပေါင်းခဲ့ဘူး။သူတို့က တံခါးပွင်အောင် လှည့်စားချင်တာ။ သူတို့က အနောက်တံခါးရော အရှေ့တံခါးကပါ တိုက်ခိုက်နေတာပဲ။ " တပ်မှူးက ထိတ်လန့်စွာ ပြောလိုက်သည်။

" ထောင်ချောက်ထဲကျသွားပြီ။ ငါ ကျောက်ဖုန်းရဲ့ ထောင်ချောက်ထဲ ကျသွားပြီ။ " ယွဲ့ချန်၏ ​မျက်နှာက ဖြူဖျော့သွားသည်။

" ငါက ချင်ကို အညံ့ခံမယ်ဆိုတာ သူ လုံးဝ မယုံကြည်ခဲ့ဘူး။ သူက ငါ ဟန်ဆောင်ပြီး အညံ့ခံတာကို ကြိုသိနေခဲ့တာပဲ။ သူက ငါ့ကို မြို့တံခါးဖွင့်ပေးဖို့အတွက် အသုံးချခဲ့တာ။ " ယွဲ့ချန်က အလွန်ထိတ်လန့်သွားသည်။

" ကျောက်ဖုန်း အတော်ကောင်းတဲ့ ​ဗျူဟာပဲ။ မင်းတကယ်ပဲ ​ဗျူဟာကောင်းတွေကိုသုံးတတ်တာပဲ။ ငါ ချင်ကို အညံ့ခံမှာ မဟုတ်ဘူးဆိုတာ သိပြီး လူတွေရဲ့ စိတ်ကို ကောင်းကောင်းမြင်နိုင်တာပဲ။ " ယွဲ့ချန်က ခါးသီးစွာ ပြုံးလိုက်သည်။

" ယန်စစ်သည်တို့ ရက်စက်တဲ့ ချင်စစ်တပ်က ငါတို့ ယန်နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီနေ့ ငါယွဲ့ချန်က ချင်စစ်တပ်နဲ့ သေတဲ့အထိ တိုက်မယ်။ သူတို့ကို သတ်ကြ။ " ယွဲ့ချန်က အမိန့်ပေးလိုက်သည်။

ယခုထောင်ချောက်က အလကားဖြစ်သွားပြီဖြစ်သည်။ နှစ်ဖက်ညှပ်တိုက်မည်ဟူသော ​ဗျူဟာကလည်း ဟာသတစ်ခု ဖြစ်သွားခဲ့သည်။

အနောက်မြို့။

" စစ်သေနပတိချုပ် မြို့တံခါးက ထိုးဖောက်ခံလိုက်ရပါပြီ။ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုက အရမ်းပြင်းထန်ပါတယ်။ "

" စစ်သေနာပတိချုပ် မြို့ပြင်က ပထမဆုံး ခံစစ်စည်းကို ချင်စစ်တပ်က ထိုးဖောက်သွားပါပြီ။ ချင်စစ်တပ်က ဒုတိယခံစစ်စည်းကို ရောက်လာပါပြီ။ ကျွန်တော်တို့ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့ဘူး။ "

သတင်းဆိုးများက တစ်ခုပြီးတစ်ခု ရောက်လာပြီး ချင်ချင်းက မျက်နှာပျက်နေခဲ့သည်။

" ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ချင်စစ်တပ်က ဘာလို့ ဒီလောက်သန်မာနေရတာလဲ။ ငါ အနောက်မြို့ကို ကာကွယ်ဖို့ စစ်သည်တစ်သိန်းခွဲ တပ်စွဲထားတယ်။ ခုခံရေးစည်းဆယ်ခုရှိတယ်။ တစ်ခုကျရင် အရန်တပ်ဖွဲ့တွေက ထိန်းထားသင့်တာပေါ့။ ချစ်စစ်တပ်က ဘာလို့ထိုးဖောက်သွားတာလဲ။ "ချင်ချင်းက အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ချင်စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာပါတယ်။ ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းကိုယ်တိုင် ရှေ့ဆုံးက ဦးဆောင်နေပြီး ချင်စစ်သည်တိုင်းက သေမှာမကြောက်ကြပါဘူး။ ကျွန်တော်တို့ စစ်တပ်က မယှဉ်နိုင်ဘူး။ " ယန်တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်သည်တစ်ယောက် သေရင် နောက်တစ်ယောက်က အစားထိုးဝင်ရမယ်။ နောက်ဆုတ်ရဲတဲ့လူရှိရင် ချက်ချင်း ကွပ်မျက်လိုက်။ ရှေ့တန်းတပ်ဖွဲ့တွေကျသွားရင် ကြီးကြပ်ရေးတပ်ဖွဲ့က တာဝန်ယူရမယ်။ မင်းတို့က ချင်စစ်တပ်ကို ဘယ်နည်းလမ်းနဲ့မဆို ထိန်းထားနိုင်ရမယ်။ " ချင်ချင်းက အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးများက ချက်ချင်း ပြန်ပြောလိုက်ကြသည်။

" အနောက်မြို့ရဲ့ ကာကွယ်ရေးက ဒီလိုဖြစ်နေပြီဆိုတေည့ ချင်စစ်တပ်ကို အနိုင်ယူဖို့ အရှေ့မြို့တံခါးက ထောင်ချောက်ကိုပဲ စောင့်ရတော့မယ်။ အရှေ့မြို့ကို စောင့်ကြပ်နေတဲ့ စစ်သည်နှစ်သိန်းနီးပါးနဲ့ဆို မြို့ထဲဝင်လာတဲ့ ချင်စစ်တပ်ကို တစ်ခါတည်း ချေမှုန်းနိုင်မှာပါ။ " ချင်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ်။ စစ်သေနာပတိချုပ်ယွဲ့ချန်က ဝင်လာတဲ့ ချင်စစ်တပ်ကို သေချာပေါက် ချေမှုန်းနိုင်မှာပါ။ သူတို့ကို ချေမှုန်းလိုက်တာနဲ့ သူတို့ရဲ့ အင်အားက အထိအခိုက်များသွားမှာပဲ။ " တပ်မှူးက ချက်ချင်း ထောက်ခံလိုက်သည်။

"အရှေ့မြို့တံခါးက အရေးပေါ်အစီရင်ခံစာပါ။ စစ်သေနာပတိချုပ် ယွဲ့ချန်ပြောတာ ကျွန်တော်တို့က ချင်စစ်တပ်ရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ။ ချင်စစ်တပ်က မြို့ထဲကို ဝင်ပြီးတာနဲ့ တိုက်ရိုက်တိုက်ခိုက်ခဲ့တယ်။ အရှေ့မြို့ရိုးက ကျသွားပြီ။ စစ်သေနာပတိချုပ် ယွဲ့ချန်က အခု သူတို့နဲ့ တိုက်ခိုက်နေပါတယ်။ " စစ်သည်တစ်ယောက်က ပြေးလာပြီး ထိတ်လန့်တကြား အစီရင်ခံလိုက်သည်။

ချင်ချင်း၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ဖြူဖျော့သွားသည်။

" ကျောက်ဖုန်း တော်တော်ပါးနပ်တဲ့ ​ဗျူဟာပဲ။ ယုယန်တော့ သွားပြီ။ ယန်နိုင်ငံလည်း အဆုံးသတ်ပြီ။ " ချင်ချင်းက ယုယန်မြို့ကို ဘယ်လိုမှ မကာကွယ်နိုင်တော့သည်ကို ကောင်းကောင်းသိလိုက်သည်။

ကျောက်ဖုန်းက ယွဲ့ချန်၏ အညံ့ခံမှုကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ သူက မြို့တံခါးပွင့်အောင် လှည့်စားပြီး တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။ ယခုတော့ ယုယန်မြို့က ဝူအန်းစခန်းမှ စစ်သည်သုံးသိန်း၏ ဝန်းရံခြင်း ခံလိုက်​ရပြီဖြစ်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးအပေါ် အရှင်မင်းကြီး ယုံကြည်ခဲ့တာ ကျွန်တော်မျိုး တကယ်ရှက်မိပါတယ်။ " ချင်ချင်းက သူနှင့် ကျောက်ဖုန်း၏ ကြားမှ ကွာဟချက်ကို နောက်ဆုံးတွင် နားလည်သွားသည်။

ယန်နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်သော ဤတိုက်ပွဲက အဆုံးသတ်ရန် သေချာနေပြီဖြစ်သည်။ ယခု မြို့တံခါးနှစ်ခုကို ချင်စစ်တပ်က သိမ်းပိုက်ထား​ပြီဖြစ်သည်။

" သတ်ကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်ပြီး လုံချွမ်ဓားကို ဝှေ့ရမ်းလိုက်သည်။ ဓာချက်တစ်ချက်တိုင်းက ယန်စစ်သည်ဆယ်ယောက်ကျော်၏ အသက်ကို နှုတ်ယူသွားသည်။

" သတ်ကြ ယန်စစ်သည်အားလုံးကို သတ်ကြ။ " ကျောက်ဖုန်း၏ နောက်မှ ချင်စစ်သည်များကလည်း ရှေ့သို့ တိုးဝင်လာကြသည်။ တစ်ယောက်ချင်းစီက အသက်နှင့်လဲ၍ တိုက်ခိုက်နေကြသည်။ အရာရှိကံကြမ္မာတံဆိပ်တုံးက သူတို့၏ ခွန်အားကို သုံးဆတိုးမြှင့်ပေးခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ယန်စစ်သည်များက ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

အချိန်များ ကုန်လွန်သွားခဲ့သည်။ တစ်ရက်၊ နှစ်ရက် ယုယန်မြို့ထဲတွင် သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် ချင်စစ်တပ်က မြို့နှစ်ဖက်ကို သိမ်းပိုက်ခဲ့ပြီး ယန်စစ်သည်များက မြို့တွင်းသို့ ဆုတ်ခွာသွားရသည်။

မြို့ပြင်ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ကျောက်ဖုန်းက တိုက်ခိုက်မှုကို ရပ်တန့်ပြီး အနားယူရန် အမိန့်ပေးခဲ့သည်။ ဒဏ်ရာရသူများကိုလည်း ကုသရေးစခန်းသို့ ပို့ပေးခဲ့သည်။

သုံးရက်က ဝူအန်းစခန်းမှ စစ်သည်များအတွက် အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ကျောက်ဖုန်းက ထိုအချိန်ထိသာ သတ်မှတ်ထားသည်။

" စစ်သေနာပတိချုပ် စစ်သူကြီးကျန်းဟန်ဆီက အစီရင်ခံစာ ရောက်လာပါတယ်။ အရှေ့ဘက်မြို့ပြင်ကိုလည်း ကျွန်တော်တို့ စစ်တပ်က သိမ်းပိုက်လိုက်ပါပြီ။ ယွဲ့ချန်ကို စစ်သူကြီးကျန်းဟန်​က ဖမ်းထားပြီး ယန်စစ်သည်တွေက မြို့တွင်းကို ထွက်ပြေးသွားပါပြီ။ " ကျန်းမင်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။

ကျောက်ဖုန်းက မှောင်စပြုနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ " ဒီတိုက်ပွဲမှာ ယန်စစ်သည်အများကြီးကို သတ်ခဲ့တယ်။ ဒါပေမယ့် မြို့တွင်းမှာ ပုန်းအောင်းနေတဲ့ ယမ်စစ်သည်နှစ်သိန်းနီးပါးရှိသေးတယ်။ သူတို့ကို ဖမ်းမိဖို့ဆိုရင် သူတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို လုံဝ ချိုးဖျက်ပစ်ရမယ်။ ဒါမှ ငါတို့စစ်တပ်ရဲ့ ထိခိုက်မှုကို လျှော့ချနိုင်မှာ။ "

ကျောက်ဖုန်း၏ စိတ်ထဲတွင် သူ၏ စစ်သည်များ ထိခိုက်မှုကို တတ်နိုင်သမျှ လျှော့ချရန်သာ အမြဲတမ်း တွေးခဲ့သည်။ ခွေးတောင် ချောင်ပိတ်ရိုက်လျှင် ပြန်ကိုက်ပေသည်။ ယန်စစ်သည်နှစ်သိန်းက မြို့အတွင်း ပိတ်မိနေကြပြီး သူတို့က ချင်စစ်တပ်ကို အထိအခိုက်များစွာ ပေးနိုင်လေသည်။

All Chapters