အခန်း ၃၆၅
Vol. 37 Ch. 365
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၅)
ချင်နိုင်ငံက လက်န်ချစစ်သည်များကို ကိုင်တွယ်ရန် နည်းလမ်းရှိသည်။ အခြနိုင်ငံများတွင် လက်နက်ချစစ်သည်များအတွက် ရွေးချယ်ရာနှစ်ခုသာ ရှိသည်။ တစ်ခုက သူတို့ မိသားစုမှ ငွေအမြောက်အများဖြင့် ရွေးယူခြင်းဖြစ်သည်။ သို့သော် လက်နက်ချသူအများစုကတော့ ထာဝရကျွန်များ ဖြစ်သွားကြသည်။
ချင်၏ နည်းလမ်းများက ကျေးဇူးတင်စရာပင် ကောင်းနေသည်။ ထိုနည်းလမ်းကြောင့်ပင် ဝမ်ဝမ်နှင့် အခြားသူများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီး ကျောက်ဖုန်းကို ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
" ဟွာရှလူမျိုးတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘာတွေအလွန်အကျွံလုပ်နေမှာလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ချင်ချင်းက အံ့ဩသွားပြီး ပြုံးလ်ုက်သည်။ " ယန်စစ်သည်တွေကို စစ်သေနာပတိချုပ် စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်။ စစ်သေနာပတိချုပ်အနေနဲ့ ယန်စစ်သည်တွေကို ကြင်ကြင်နာနာ ဆက်ဆံပြီး မလိုအပ်တဲ့ သွေးချောင်းစီးမှုတွေ မလုပ်ဖို့ မျှော်လင့်ပါတယ်။ "
ချင်ချင်းက စကားပြောပြီးသည်နှင့် နောက်သို့ တစ်လှမ်းဆုတ်ပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားကို သူ၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။
" စစ်သေနာပတိချုပ် မလုပ်နဲ့။ "
"စစ်စေနာပတိချုပ် "
ချင်ချင်း၏ လုပ်ရပ်ကို မြင်သောအခါ သူ၏ နောက်မှ ယန်တပ်မှူးများက စိုးရိမ်တကြီး အော်လိုက်ကြသည်။
" ဒီနေ့ ငါ ချင်ချင်း လက်နက်ချတာ သစ္စာမရှိလို့ မဟုတ်ဘူး။ မြို့ထဲက ယန်စစ်သည်တွေရဲ့ အသက်ကို ကယ်တင်ချင်လို့ပဲ။ ငါ ချင်ချင်းက သစ္စာဖောက်မဟုတ်ဘူး။ ဒီနေ့ ငါ့ရဲ့ အပြစ်တွေနဲ့ အရှင်မင်းကြီးရဲ့ ကျေးဇူးကိူ အသက်နဲ့ ပြန်ဆပ်လိုက်တယ်။ " ချင်ချင်းက ကျယ်လောင်စွာ ပြောပြီး ဓားကို ပြတ်သားစွာ လှီးဖြတ်လိုက်သည်။ သွေးများပန်းထွက်လာပြီး ချင်ချင်း၏ ခန္ဓာကိုယ်က လဲကျသွားသည်။
" စစ်သေနာပတိချုပ် "
" စစ်သေနာပတိချုပ် "
ယန်စစ်သည်များက ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။
ကျောက်ဖုန်းက ချင်ချင်း၏ ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ သူက ချင်ချင်း၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ လက်ကို တင်ပြီး ချီစွမ်းအားများက ချင်ချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သွေးကြောများကို ပိတ်ဆို့လိုက်ပြီး သွေးလွန်ပြီး သေဆုံးခြင်းမှ တားဆီးလိုက်သည်။ အနာဝတ် ရှုပ်ထွေးသော ကာလများတွင် ကျောက်ဖုန်းက အရည်အချင်းရှိသူများစွာကို လိုအပ်သည်။
ထို့နောက် ကျောက်ဖုန်းက ထရပ်လိုက်ပြီး ကျန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။ " စစ်သေနာပတိချုပ်ချင်ချင်းက သစ္စာရှိပြီး ဖြောင့်မတ်တယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်သေနာပတိချုပ်ချင်ချင်းကို ဂုဏ်ပြုပြီး မြေမြှုပ်လိုက်ပါ။ "
" အမိန့်အတိုင်းပါ။ " ကျန်းမင်က အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။ ထို့နောက် သူက ကိုယ်ရံတော်အချို့ကို အချက်ပြပြီး ချင်ချင်းကို သယ်ဆောင်သွားကြသည်။
" တပ်မှူးတို့ အခု မင်းတို့က ချင်ကို လက်နက်ချလိုက်ပြီဆိုတော့ ငါက မင်းတို့ကို အသုံးမဝင်တဲ့ မြင်းတွေလို စွန့်ပစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ယန်က မလုံခြုံသေးဘူး။ ချင်ဥပဒေတွေ မကျင့်သုံးရသေးလို့ မင်းတို့က စစ်တပ်ကြီးကြပ်မှုအောက်မှာ ရှိနေလိမ့်မယ်။ ဒါပေမယ့် စိတ်ချပါ။ ချင်စစ်တပ်ထဲမှာ မင်းတို့ရဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ပေးသွားမှာပါ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
" စစ်သူကြီးလီ "
" ကျွန်တော်ရှိပါတယ်။ " လီယောင်က ပြန်ပြောလိုက်သည်။
" မင်းရဲ့ တပ်ဖွဲ့တွေက မြို့ပြင်ကို သွားပြီး လက်နက်ချသူတွေကို လက်ခံပါ။ စာရင်းသွင်းပြီး မှတ်တမ်းတင်ပါ။ ပြီးတော့ ကြီးကြပ်ဖို့အတွက် လက်နက်ချသူစခန်းတစ်ခု တည်ဆောက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီယောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဝေချွမ် " ကျောက်ဖုန်းက ခေါ်လိုက်သည်။ " မင်းရဲ့ မြင်းတက်တွေကို ခေါ်ပြီး ငါနဲ့အတူ လိုက်ခဲ့ပါ။ ငါတို့ ဆက်တိုက်ခိုက်မယ်။ "
ယခု သူတို့က ယုယန်မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်သောကြောင့် နောက်တစ်ဆင့်အနေဖြင့် ကျောက်ဖုန်းက မြင်းတပ်ကို ဦးဆောင်ပြီး စစ်ကူများကို တိုက်ခိုက်မည်ဖြစ်သည်။ ယုယန်မြို့မှ လက်နက်ချစစ်သည်များကို ကိုင်တွယ်ခြင်းက တုဆွေနှင့် လီယောင်တို့ ရှိနေသောကြောင့် ထိုကိစ္စကို စိတ်ပူစရာမလိုပေ။
" ယုယန်မြို့ရဲ့ တိုက်ပွဲအခြေအနေကို မြန်မြန်အစီရင်ခံလိုက်။ ဒီတစ်ခါ ငါ ကျိမြို့ကို တစ်ခါတည်း သိမ်းပိုက်ဖို့ စီစဉ်ထားတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ ယွဲ့ချန်ကို ဖမ်းမိထားတယ်၊၊ သူကို ဘယ်လိုကိုင်တွယ်ရမလဲ။ " ကျန်းမင်က ရုတ်တရက် မေးလိုက်သည်။
" ယွဲ့ချန်က သစ္စာရှိပြီး ဖြောင့်မတ်ပေမယ့် ချင်ချင်းလောက်တော့ မပြတ်သားဘူး။ အဲ့ဒီလိုဆိုမှတော့ သူကို သေခိုင်းလိုက်ပါ။ " ယွဲ့ချန်နှင့် ပက်သက်ပြီး ကျောက်ဖုန်းက တွေ့ရန်ပင် ပျင်းရိနေသောကြောင့် သူ့ကို ကွပ်မျက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျိမြို့၊ ယန်နန်းတော်။
" အရေးပေါ်အစီရင်ခံစာ။ ယုယန်မြို့ကို ပို့လိုက်တဲ့ ကျွန်တော်တို့တပ်တွေ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားပါပြီ။ " သတင်းပို့သူက ခန်းမထဲသို့ ပြေးဝင်လာသည်။
" ဘာ ရက်အနည်းငယ်ပဲ ရှိသေးတယ်မဟုတ်လား။ ချင်စစ်တပ်က စစ်သည်သုံးသိန်းနဲ့ ခုခံနေတဲ့ ယုယန်မြို့ကို ဘယ်လိုလုပ်ထိုးဖောက်ပြီး စစ်ကူတွေကို တိုက်ခိုက်နိုင်တာလဲ။ ဒါမဖြစ်နိုင်ဘူး။ " ယန်ဘုရင်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
" အရှင်မင်းကြီး ချင်စစ်တပ်က လမ်းလွှဲသွားတာဖြစ်နိုင်ပါတယ်။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။
" မဖြစ်နိုင်ဘူး။ ယုယန်မြို့က ယန်အတွက် အချက်အချာကျတဲ့မြို့ပဲ။ ချင်စစ်တပ်ကလမ်းကြောင်းလွှဲသွားရင် ယုယန်မြို့က တပ်တွေက သူတို့လမ်းကြောင်းကို ဖြတ်တောက်နိုင်မှာပဲ။ ချင်ချင်း ချင်စစ်တပ်ကို ထိုင်ကြည့်နေမှာမဟုတ်ဘူး။ " ယန်ဘုရင်က ပြန်ပြောလိုက်သည်။
" အစီရင်ခံပါတယ်။ " နောက်တပ်သတင်းပို့သူတစ်ယောက်က အပြေးအလွှား ရောက်ရှိလာသည်။ " ယုယန်မြို့ကို ချင်စစ်တပ်က သိမ်းပိုက်လိုက်ပါပြီ။ မြို့ကျဆုံးသွားပါပြီ။ "
" ဘာ " ယန်ဘုရင်၏ မျက်နှာက ဖြူရော်သွားသည်။
သူက စစ်ကူများရှုံးနိမ့်ကြောင်း ကြားရသည်ထက် ပို၍ ထိတ်လန့်သွားခဲ့သည်။ ယုယန်မြို့မှ တပ်ဖွဲ့များက သူ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ ၎င်းသာ ကျဆုံးသွားလျှင် ချင်စစ်တပ်က အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာမည်ဖြစ်ပြီး ကျိမြို့က ဘာခံတပ်မှ မရှိတော့ပေ။
" ငါတို့မှာ စစ်သည်သုံးသိန်းရှိတယ်။ ဘယ်လိုလုပ်ဒီလောက်မြန်မြန် ကျသွားတာလဲ။ ချင်ချင်းက ဘယ်လိုများခုခံခဲ့တာလဲ။ " ယန်ဘုရင်က လေးနက်စွာ မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ချင်ချင်းက ကိုယ်ကိုကိုယ် အဆုံးစီရင်သွားပါပြီ။ " သတင်းပို့သူက ကြောက်ရွံ့စွာဖြင့် အစီရင်ခံလိုက်သည်။
ထိုစကားများကို ကြားသောအခါ နန်းတော်တစ်ခုလုံး အံ့အားသင့်သွားကြသည်။
" ဘာလို့လဲ။ စစ်သေနာပတိချုပ်က ဘာလို့အဆုံးစီရင်သွားတာလဲ။ "
" ချင်က သန်မာရင်တောင် ယုယန်ကို ရက်အနည်းငယ်အတွင်း ဘယ်လိုလုပ်ထိုးဖောက်နိုင်မှာလဲ။ "
" ယွဲ့ချန်က ငါတို့ကို သစ္စာဖောက်လိုက်တာလား။ "
" ဖြစ်နိုင်တယ်။ ယွဲ့ချန်က အရင်တုန်းကလည်း ကျောက်နိုင်ငံကို လက်နက်ချခဲ့တယ်။ "
" ယုယန်မြို့က အရေးကြီးဆုံးခံတပ်ပဲ။ ယုယန်သာကျသွားရင် ယန်နိုင်ငံက အန္တရာယ်ရှိသွားပြီ။ "
နန်းတော်ထဲမှ ဝန်ကြီးများ၏ အမူအရာများက ပြောင်းလဲသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးလိုက်ကြသည်။
" တော်ကြစမ်း။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
" အရှင်မင်းကြီး စိတ်လျော့ပါ။ " ဝန်ကြီးအားလုံးက ဦးညွှတ်လိုက်ကြသည်။
" ချင်ချင်းက ဘာလို့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာလဲ။ " ယန်ဘုရင်က လေးနက်စွာ မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က ချင်စစ်တပ်ရဲ့ လှည့်ကွက်ထဲကို ကျသွားခဲ့ပါတယ်။ " သတင်းပို့သူက သူတို့ရရှိထားသော သတင်းများကို ပြောပြလိုက်သည်။
" စစ်သည်သုံးသိန်း ဆုံးရှုံးလိုက်ရတယ်။ ယန်နိုင်ငံ တကယ်ပျက်သုဉ်းတော့မှာပဲ။ “ ယန်ဘုရင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ “ သစ္စာဖောက်သား သူသာ ချင်ဘုရင်ကို မလုပ်ကြံခဲ့ရင် ငါရဲ့ ယန်နိုင်ငံက ဒီလိုအခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး။ မဟုတ်ရင် ချီနဲ့ချူတို့ကလည်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။ "
" အရှင်မင်းကြီး ချင်စစ်တပ်က ယုယန်မြို့ကို ထိုးဖောက်သွားပြီ။ စစ်သည်သုံးသိန်းလည်း ဆုံးရှုံးသွားပြီ။ ကျွန်တော်မျိုးတို့ ဘာလုပ်သင့်လဲ။ " ဝန်ကြီးတစ်ယောက်က မေးလိုက်သည်။
" ငါ့အမိန့်ကို ကြေညာလိုက်။ ကျိမြို့ကို ခုခံဖို့ ရှိသမျှ တပ်တွေ အကုန်စုလိုက်။ ချီနဲ့ချူဆီက အကူအညီတောင်းဖို့ သံတမန်တွေ စေလွှတ်လိုက်။ သူတို့သာ ကူညီရင် တစ်နိုင်ငံကို မြို့နှစ်ဆယ်စီပေးမယ်လို့ ကတိပေးလိုက်။ " ယန်ဘုရင်က အံကျိတ်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ယန်နိုင်ငံရဲ့ စစ်သည်အများစုက ယုယန်မှာ ရှိနေတာပါ။ စစ်ကူတစ်သိန်းခွဲကလည်း ချင်စစ်တပ်ကြောင့် ကျဆုံးသွားပြီ။ အများကြီး ထွက်ပြေးလာနိုင်ပေမယ့် သူတို့က တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး။ သူတို့အကုန်လုံးကို ကျိမြို့မှာ စုရင်တောင် တစ်သိန်းခွဲထက် မပိုပါဘူး။ သူတို့နဲ့ ချင်စစ်တပ်ကို ခုခံဖို့က မဖြစ်နိုင်ပါဘူး။ ချီနဲ့ချူက စစ်ကူပို့ပေးရင်တောင် ယန်က အဲ့လောက်ထိ မခံနိုင်လောက်တော့ဘူး။ " စစ်မာလင်းက ပြောလိုက်သည်။
" အရင်ဆုံး တပ်တွေ စုစည်းလိုက်ပါ။ ပြီးမှ ကျန်တာ ဆုံးဖြတ်မယ်။ " ယန်ဘုရင်က သက်ပြင်းချပြီး ပြောလိုက်သည်။
ယန်ဘုရင်၏ နန်းဆောင်ထဲတွင်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " စစ်မာလင်းက ခန်းမထဲသို့ ဝင်လာပြီး ယန်ဘုရင်ကို ဦးညွှတ်လိုက်သည်။
" ဝန်ကြီးစစ်မာ ငါတို့ တုန်ဟူတွေဆီက စစ်ကူတောင်းရင် ချင်ကို တကယ်ပဲ ခုခံနိုင်ပါ့မလား။ " ယန်ဘုရင်က စိုးရိမ်တကြီး မေးလိုက်သည်။
ယန်နိုင်ငံ ပျက်စီးရန်မှာ အချိန်ခဏသာ လိုတော့သည်။ ယန်ဘုရင်က သူ၏ စိတ်ထဲမှ စည်းမျဉ်းများကို စွန့်လွှတ်လိုက်ပြီး ယန်နိုင်ငံ ရှင်သန်စေရန်အတွက် တိုင်းတစ်ပါးမျိုးနွယ်စုများနှင့် ပူးပေါင်းရန် ကြံစည်နေသည်။
" တုန်ဟူတွေရဲ့ စစ်အင်အားကို အရှင်မင်းကြီးလည်း သိပြီးသားဖြစ်မှာပါ။ သူတို့သာ တပ်ဖွဲ့တွေကို စေလွှတ်ဖို့ ဆန္ဒရှိရင် ချင်ကို သေချာပေါက် တိုက်ထုတ်နိုင်မှာပါ။ " စစ်မာလင်းက ပြန်ဖြေလိုက်သည်။
" ဒါပေမယ့် ချင်စစ်တပ်က စစ်သည်သုံးသိန်း ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုပြီးစုနိုင်သေတယ်။ တုန်ဟူတွေက စစ်သည်ဘယ်လောက်စေလွှတ်နိုင်မှာမလို့လဲ။ " ယန်ဘုရင်က စိုးရိမ်တကြီး မေးလိုက်သည်။