အခန်း ၃၆၆
Vol. 37 Ch. 366
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၆)
" တုန်ဟူလူဦးရေက ကျွန်တော်မျိုးတို့ ယန်နိုင်ငံလောက်မများပေမယ့် သူတို့မျိုးနွယ်တစ်ခုလုံးက စစ်တိုက်နိုင်တယ်။ စစ်ဖြစ်လာရင် တုန်ဟူတွေက စစ်သည်လေးသိန်းကနေ ငါးသိန်းအထိ အခွယ်တကူ စုစည်းနိုင်တယ်။ လက်ရှိမှာတော့ တုန်ဟူတွေရဲ့ အင်အားက ရှုံးနူတွေထက် သာလွန်နေတယ်။ " စစ်မာလင်းက ပြောလိုက်သည်။
" တုန်ဟူတွေ စစ်ကူစေလွှတ်ဖို့ ငါတို့ ဘာပေးရမလဲ။ " ယန်ဘုရင်က မေးလိုက်သည်။
" ဒါက.... ကျွန်တော်မျိုး တုန်ဟူကို သွားပြီး တုန်ဟူဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ကို တပ်ဖွဲ့တွေ စေလွှတ်စေဖို့ဆိုရင် နယ်မြေပေးရမယ်ထင်တယ်။ " စစ်မာလင်းက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
ယန်ဘုရင်က တွေဝေခြင်းမရှိဘဲ ချက်ချင်း ထရပ်ပြီး စစ်မာလင်းဆီသို့ ချဉ်းကပ်သွားသည်။
" စစ်မာ မင်း တုန်ဟူနိုင်ငံဆီ လျို့ဝှက်သွားပြီး ငါ့ကိုယ်စား တုန်ဟူဘုရင်နဲ့ ညှိနှိုင်းပြီး ယန်နိုင်ငံရဲ့ စွမ်းဆောင်မှုအတိုင်းအတာထဲက ဘာကိုမဆို သဘောတူတယ်လို့ ပြောလိုက်။ "
" အခြေအနေအားလုံးက တုန်ဟူတွေ ချင်စစ်တပ်ကို မောင်းထုတ်ပြီးမှ အကျုံးဝင်မယ်။ " ယန်ဘုရင်က ထပ်ပြောလိုက်သည်။
၎င်းကို ကြားသောအခါ စစ်မာလင်း၏ မျက်လုံးများထဲတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ " အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် အရှင်မင်းကြီးအနေနဲ့ တုန်ဟူဆီက အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ နယ်စပ်မှာ တပ်စွဲထားတဲ့ စစ်သည်ခုနှစ်သောင်းကို ကျိမြို့ကို ကာကွယ်ဖို့ ခေါ်လိုက်ရင် ခုခံချိန် ပိုရပါလိမ့်မယ်။ "
" မင်းပြောတာမှန်တယ်။ "ယန်ဘုရင်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒီတပ်ဖွဲ့တွေကို ပြန်ခေါ်လိုက်ရင် မြို့တော်က ပိုလုံခြုံသွားလိမ့်မယ်။ တုန်ဟူက စစ်ကူတွေ ရောက်တဲ့အထိလည်း စောင့်နိုင်လိမ့်မယ်။ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ တပ်မှူးတွေကို ကျိမြို့ကို ပြန်လာဖို့ အမိန့်ထုတ်လိုက်မယ်။ "
" အမိန့်အတိုင်းပါ။ " စစ်မာလင်းက အမိန့်ကို လက်ခံလိုက်သည်။
စစ်မာလင်းထွက်သွားပြီးနောက် ယန်ဘုရင်၏ မျက်လုံးများထဲတွင် ရုန်းကန်နေသော အရိပ်အယောင်များ ပေါ်လာသည်။
" ယန်နိုင်ငံရဲ့ ဘိုးဘေးတို့ နိုင်ငံ ပျက်သုဉ်းမယ့်အခြေအနေမှာ ကျွန်တော် အခြားနည်းလမ်းမရှိတော့ဘူး။ နိုင်ငံကို ကာကွယ်ဖို့မဟုတ်ရင် အခြားမျိုးနွယ်တွေနဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး။ ကျွန်တော် ချင်ရဲ့ အကျဉ်းသားဖြစ်ပြီး သူတို့ အမိန့်အတိုင်း နေမသွားချင်ဘူး။ နိုင်ငံကို ထိန်းသိမ်းနိုင်သရွေ့ ဘယ်လိုတန်ဖိုးပဲဖြစ်ဖြစ် ကျွန်တော် ပေးဆပ်မယ်။ " ယန်ဘုရင်က သူ့ကိုသူ အားပေးလိုက်သည်။
တုန်ဟူများက ယန်နိုင်ငံထဲသို့ ဝင်လာလျှင် တိုင်းတစ်ပါးနှင့် ပူးပေါင်းသူ၊ ဟွာရှလူမျိုးများ၏ သစ္စာဖောက်ဟူ၍ တစ်သက်လုံး နာမည်ဆိုးနှင့် ကျော်ကြားနေမည့် သူ့အဖြစ်ကို ကြိုမြင်နေမိသည်။ သို့သော ယန်ဘုရင်က ဂရုမစိုက်ပေ။ နိုင်ငံကို ထိန်းသိမ်းနိုင်ပြီး အာဏာကို ဆုပ်ကိုင်ထားနိုင်သရွေ့ အကုန်လုံး ထိုက်တန်သည်။
ချင်နိုင်ငံ၊ ရှန်းယန်မြို့။
ရင်ကျန့်က သူ၏ လက်ထဲမှ စစ်ရေးအစီရင်ခံစာကို ကြည့်ပြီး ပြုံးလိုက်သည်။
" ကျောက်ကောင်း အစီရင်ခံစာကို ဖတ်ပြလိုက်။ " ရင်ကျန့်က အစီရင်ခံစာကို ပေးလိုက်သည်။
ကျောက်ကောင်းက အစီရင်ခံစာကို လေးစားစွာ ယူပြီး အရာရှိများဘက်သို့ ကြည့်လိုက်သည်။
" ဝူအန်းစခန်းမှ စစ်ရေးတရားသူကြီး ခွိုက်ဖုက အစီရင်ခံပါတယ်။ ဝူအန်းစခန်းက ယုယန်မြို့ကို ရောက်ချိန်မှာ ယန်စစ်သေနာပတိချုပ်ချင်ချင်းနဲ့ ယန်စစ်သေနာပတိချုပ်ယွဲ့ချန်တို့က စစ်သည်သုံးသိန်းနဲ့ မြို့ကို စောင့်ကြပ်နေခဲ့ပါတယ်။ စစ်သေနာပတိချုပ်က အင်အားသုံးတိုက်ခိုက်ရင် မြို့ကို ထိုးဖောက်နိုင်ပေမယ့် ဝူအန်းစခန်းအတွက် ထိခိုက်မှုများနိုင်တာကြောင့် စသ်သေနာပတိချုပ်ယွဲ့ချန်ကို စည်းရုံးဖို့ လူလွှတ်ခဲ့ပါတယ်။ တကယ်တော့ စည်းရုံးရေးကို အယောင်ပြပြီး ဗျူဟာခင်းတာပါ။ "
" ယွဲ့ချန်ကလည်း ပူးပေါင်းမယ်လို့ပြောပြီး တံခါးဖွ့ပေးမယ်လို့ပြောခဲ့ပေမယ့် တကယ်တော့ ချင်စစ်တပ်ကို ထောင်ချောက်ထဲ ဆွဲခေါ်ဖို့ ကြိုးစားတာပါ။ စစ်သေနာပတိချုပ်က ယွဲ့ချန်ကို စည်းရုံးကတည်းက သူက ယွဲ့ချန်ရဲ့ ရည်ရွယ်ချက်ကို သိနေခဲ့ပြီး သူ့ရဲ့ မြင်းတပ်ကို အရှေ့မြို့တံခါးကနေ တိုက်ရိုက်တိုက်ခိုက်စေခဲ့ပါတယ်။ တိုက်ခိုက်နေချိန်မှာ စစ်သေနာပတိချုပ်က တပ်ဖွဲ့တွေကို ကိုယ်တိုင်ဦးဆောင်ပြီး ယုယန်ရဲ့ မြို့အနောက်ဘက်ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ခဲ့ပါတယ်။ "
" သုံးရက်တာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့က ယုယန်မြို့ရဲ့ အပြင်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေတဲ့ ယန်စစ်သည်တွေကိုလည်း ယုယန်မြို့အတွင်းမှာ ပိတ်မိစေခဲ့တယ်။ ယန်စစ်တပ်ကို ဝန်းရံပြီးချိန်မှာ စစ်သေနာပတိချုပ်က ယန်စစ်သည်တွေကို စိတ်ဓာတ်ပျက်ပြားအောင် စိတ်ပိုင်းဆိုင်ရာ ဗျူဟာတွေ သုံးခဲ့ပြီး လေးရက်မြောက်နေ့မှာ စစ်သေနာပတိချုပ်ချင်ချင်းက သူ့ရဲ့ တပ်ဖွဲ့တွေနဲ့အတူ ချင်ကို လက်နက်ချခဲ့ပါတယ်။ လက်နက်ချပြီးတဲ့နောက်မှာ စစ်သေနာပတိချုပ်ချင်ချင်းက သူ့ကိုသူ အဆုံးစီရင်သွားခဲ့ပါတယ်။ ထိခိုက်မှုအနည်းငယ်နဲ့ ယုယန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ "
ကျောက်ကောင်း၏ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အရာရှိများအားလုံးက တိတ်ဆိတ်သွားကြသည်။ အားလုံးက ထိုစစ်ရေးအောင်မြင်မှုကြောင့် အံ့ဩသွားကြသည်။
" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ယန်နိုင်ငံ ပျက်စီးဖို့က လက်တစ်ကမ်းပဲ လိုပါတော့တယ်။ " ယွီလျောင်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက တပြိုင်နက် အော်ဟစ်လိုက်ကြသည်။
သို့သော် ဝမ်ဝမ်နှင့် အခြားသူများကတော့ မျက်နှာပျက်နေကြပြီး သူတို့၏ စိတ်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။ ထိုစစ်ရေးအောင်မြင်မှုက အခြားသူများ ရရှိခဲ့လျှင် သူတို့က ရှေ့ဆုံးမှ ဂုဏ်ပြုမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုအောင်မြင်မှုကို ကျောက်ဖုန်းက ရယူခဲ့ခြင်းဖြစ်သည်။
ယန်နိုင်ငံပျက်စီးသွားလျှင် ကျောက်ဖုန်း၏ ဘွဲ့ထူးက တစ်ဆင့်တက်သွားမည်ဖြစ်ပြီး ချင်နိုင်ငံတစ်ခုလုံးတွင် ဘွဲ့ထူး ၁၉ ဆင့်ရှိသော တစ်ယောက်တည်းသော စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် နောက်ထပ် အောင်မြင်မှုများ ရရှိလာသောအခါ သူက စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဖြစ်သည်။
ချင်နိုင်ငံ၏ စစ်အာဏာတစ်ခုလုံးက ကျောက်ဖုန်း၏ လက်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ ထိုနေ့သာ အမှန်တကယ် ရောက်ခဲ့လျှင် ကျောက်ဖုန်း၏ ရာထူးက အလွန်ကြီးမားသွားပေလိမ့်မည်။
" ကျောက်ဖုန်း သူက အရင်လိုပဲ ငါ့စကားကို နားမထောင်ဘူး။ စစ်မြေပြင်မှာ အရဲစွန့်ပြီး ရှေ့ဆုံးက မတိုက်ဖို့ မှာထားတာကို မလိုက်နာဘူး။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
" အရှင်မင်းကြီး အခု ယုယန်မြို့ ကျသွားပြီဆိုတော့ အသစ်စုဆောင်းထားတဲ့ စစ်သားတွေနဲ့ဆို နှစ်သိန်းထက်မပိုတော့ဘူး။ ဒါကြောင့် ယန်နိုင်ငံအတွက် စိုးရိမ်စရာမလိုတော့ဘူး။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" ချီနဲ့ချူက ဘာတွေလှုပ်ရှားနေလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး ချီနဲ့ချူက ယန်အတွက် တောင်းပန်ပြီး စစ်ဆင်ရေးကို ရပ်တန့်ပေးဖို့ သံတမန်တွေ ခဏခဏ စေလွှတ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးတို့က သူတို့ကို မတွေ့ဘဲ တောင်းဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။ " ဝမ်ဝမ်က ပြောလိုက်သည်။
" ချီနဲ့ ချူက သံတမန်တွေကို ပြောလိုက်ပါ။ ယန်နိုင်ငံပျက်စီးမယ့်အရေးက မလွဲမသွေ ဖြစ်လာမှာပဲ။ ဘယ်သူမှ တားဆီးလို့မရဘူး။ ယန်နိုင်ငံလုပ်ကြံမှုကြောင့် ငါက သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကို ခွင့်လွှတ်ရမယ်ဆိုရင် တစ်နေ့ကျရင် ချီဘုရင်နဲ့ ချူဘုရင်ကို လုပ်ကြံဖို့ လူလွှတ်တဲ့အခါ သူတို့ ခွင့်လွှတ်နိုင်မလားဆိုတာ ကြည့်ရတာပေါ့။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ဝမ်ဝမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" စစ်သေနာပတိချုပ်ဝမ်ကျန့် " ရင်ကျန့်က ဝမ်ကျန့်ကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။
" ယုယန်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သားက နှစ်သိန်းနီးပါးရှိတယ်။ ဝူအန်းစခန်းက စစ်ဆင်ရေး ဆက်တိုက်လုပ်နေရလို့ လက်နက်ချစစ်သည်တွေကို စီမံတာနဲ့ စစ်အင်အားမလုံလောက်တာမျိုး မဖြစ်သင့်ဘူး။ လန်ထျန်းစခန်းက လှုပ်ရှားရမယ်။ လက်နက်ချစသ်သည်တွေကို ထိန်းသိမ်းဖို့ပဲ မဟုတ်ဘဲ ချီနဲ့ချူကိုပါ ကြောက်သွားအောင် လုပ်ရမယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ပြောလိုက်သည်။
" စစ်ချီဖို့ ကျားတံဆိပ်ကို ပေးလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
ကျောက်ကောင်းက စားပွဲပေါ်မှ ကြိုတင်ပြင်ဆင်ထားသော ကျားတံဆိပ်ကို ယူပြီး ဝမ်ကျန့်ကို ပေးလိုက်သည်။
" နောက်ထပ် အစီရင်ခံစရာမရှိရင် ညီလာခံသိမ်းမယ်။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။
ယန်နိုင်ငံ။
" စစ်သေနာပတိချုပ် ဒီတိုက်ပွဲက အကျိုးအမြတ် အများကြီး ရလိုက်တယ်။ ယန်စစ်သည်တွေကို သတ်နိုင်ခဲ့တဲ့အပြင် သုံးလစာ ရိက္ခါတွေကိုလည်း ရရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ကျွန်တော်တို့ ဝူအန်းစခန်းက ချင်နိုင်ငံရဲ့ ရိက္ခါနည်းနည်းပဲ သုံးခဲ့ရပြီး အကုန်လုံးနီးပါးက ယန်နိုင်ငံက သိမ်းယူခဲ့တာပဲ။ " ကျန်းဟန်က ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အရင် ကျောက်စစ်တပ်က ယန်နိုင်ငံက ဆုတ်သွားတော့ ယန်က စစ်တပ်ကို အမြဲတမ်း အားဖြည့်နေတော့ ရိက္ခာအများကြီးရှိတာ မထူးဆန်းပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" စစ်သေနာပတိချုပ် လက်ရှိ ယန်နိုင်ငံက လက်နက်ချတဲ့ စစ်သည်တွေ အများကြီး ရှိနေပြီး ကျွန်တော်တို့ စစ်အင်အားက မလုံလောက်ဘူး။ လက်နက်ချစစ်သည်တွေကို ကိုင်တွယ်ဖို့ အရှင်မင်းကြီးကို တပ်တွေ စေလွှတ်ဖို့ တောင်းဆိုသင့်လား။ " ကျန်းဟန်က မေးလိုက်သည်။
" မင်းတွေမိတာကို အရှင်မင်းကြီးက မတွေးမိဘူးထင်လို့လား။ ယုယန်အှာ လက်နက်ချစစ်သည်နှစ်သိန်း ဖမ်းမိထားတဲ့သတင်း ရှန်းယန်ကို ရောက်သွားတာနဲ့ အရှင်မင်းကြီးက တပ်ဖွဲ့တွေ စေလွှတ်ပေးလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းဟန်က ပြန်ပြောလိုက်သည်။
" ကောင်းပြီ။ သွားနားတော့။ မနက်ဖြန် ဆက်ပြီးချီတက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းဟန်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ကျန်းမင် တုဆွေကို ယုယန်က ကိစ္စတွေပြီးတာနဲ့ နှောင့်နှေးမနေဘဲ ချက်ချင်း ချီတက်ဖို့ ပြောလိုက်ပါ။ ကျိုးမြို့ကနေ စတိုက်ပြီး ကျိမြို့မှာ တပ်တွေစုစည်းမယ်။ " ကျောက်ဖုန်းက ကျန်းမင်ကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။