အခန်း ၃၆၇
Vol. 37 Ch. 367
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၇)
" ရန်သူတွေကို သတ်ဖြတ်လို့ရတဲ့ စွမ်းရည်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ပိုင်ရှင်ရဲ့ လက်အောက်ငယ်သားတွေက ရန်သူ ၁၀၆၈၅၈ ယောက်ကို သတ်ဖြတ်ခဲ့ပြီး စွမ်းရည်အမှတ် ၂၆၇၁၄မှတ် ရရှိပါတယ်။ "
" အစစ်အမှန်ချီ - ၂၈၈၃
ခွန်အား - ၃၃၄၉ မှတ်
အမြန်နှုန်း - ၃၃၄၅ မှတ်
ရုပ်ခန္ဓာ - ၂၉၇၃ မှတ်
စိတ်ဝိညာဉ် - ၂၇၃၁ မှတ်
သက်တမ်း - ၁၁၄၃၃ ရက် "
" သက်တမ်းက ၃၁ နှစ် " ကျောက်ဖုန်းက သက်တမ်းကို ကြည့်ပြီး ပြုံးလိုက်သည်။
နာမည် - ကျောက်ဖုန်း
အသက် - ၂၁ နှစ်
အစစ်အမှန်ချီ - ၁၇၅၇၈ မှတ်
ခွန်အား - ၂၀၄၇၁ မှတ်
အမြန်နှုန်း - ၂၀၃၃၂ မှတ်
ရုပ်ခန္ဓာ - ၁၈၈၆၃
စိတ်ဝိညာဉ် - ၁၈၈၅၄
သက်တမ်း - ၂၂၃ နှစ် (၃၁နှစ် ၁၆ရက်)
စွမ်းဆောင်မှုရမှတ် - ၁၁၂၅ မှတ်
သိုလှောင်နေရာ - ၁၀၉၉ ကုဗမီတာ
ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း
" နောက်ထပ်တိုက်ပွဲကျရင် စွမ်းရည်အားလုံး နှစ်သောင်းကျော်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ရတနာသေတ္တာတစ်ခု ထပ်ရလိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
စွမ်းရည်များ တစ်သောင်းမကျော်ခင်က တစ်ထောင်တိုးတိုင်း ရတနာသေတ္တာတစ်ခု ရရှိလေသည်။ ယခု စွမ်းရည်များ တစ်သောင်းကျော်သွားသောကြောင့် နောက်ထပ်ရတနာသေတ္တာက နှစ်သောင်းကျော်မှ ရရှိပေလိမ့်မည်။ ထိုရတနာသေတ္တာ၏ အဆင့်ကလည်း ပိုမြင့်ပေလိမ့်မည်။
" အရှင် " ကျန်းမင်က တဲအတွင်းသို့ ဝင်လာသည်။
" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ယန်နိုင်ငံက သတင်းရောက်လာပါတယ်။ အရှင်ကြည့်လိုက်ပါဦး။ " ကျန်းမင်က လျို့ဝှက်အစီရင်ခံစာကို ထုတ်ပေးလိုက်သည်။
ကျောက်ဖုန်းက ယူဖတ်ကြည့်လိုက်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။
" ယန်က မြောက်ဘက်နယ်စပ်က နယ်ခြားစောင့်တပ်ကို တကယ်ပြောင်းရွှေ့လိုက်တာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်နေတဲ့ တပ်ဖွဲ့တွေက တုန်ဟူကို ကာကွယ်ဖို့ အရမ်းအရေးကြီးတယ်။ အခု ယန်ဘုရင်က သူ့နိုင်ငံ ပျက်စီးတော့မယ်လို့ ယုံကြည်လို့ တပ်ဖွဲ့တွေကို ပြန်ခေါ်လိုက်တာ ထင်တယ်။ " ကျန်းမင်က ပြောလိုက်သည်။
" နယ်ခြားစောင့်တပ်တွေရဲ့ အရေးပါပုံကို မင်းသိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" တိုင်းတစ်ပါးလူမျိုးစုတွေကို ကာကွယ်ဖို့ပါ။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။
" အဲ့ဒီမျိုးနွယ်တွေက ဘယ်လောက်ရက်စက်လဲ မင်းသိလား။ သူတို့ကို တားဆီးမယ့် နယ်ခြားစောင့်တပ်မရှိတော့ဘဲ သူတို့သာ ကျူးကျော်လာရင် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အဲ့ဒါကို ကျွန်တော်မသိပါဘူး။ " ကျန်းမင်က ခေါင်းခါလိုက်သည်။ သူက နယ်စပ်ဒေသမှာ မွေးခြင်းမဟုတ်ဘဲ ချင်နိုင်ငံ အလယ်ပိုင်းတွင် မွေးသောကြောင့် အခြားလူမျိုးများ၏ ရက်စက်မှုကို မသိပေ။
" အဲ့ဒီမျိုးနွယ်တွေက ပညာမတတ်ဘူး။ လူသားဆန်မှုမရှိဘူး။သူတို့က တိရိစ္ဆာန်တွေလိုပဲ ဗီဇအတိုင်း လုပ်ကြတယ်။ သတ်ဖြတ်ခြင်းက သူတို့ သဘာဝပဲ။ သူတို့သာ နယ်စပ်ကို ကျော်ပြီး ငါတို့ ဟွာရှနယ်မြေထဲ ဝင်လာရင် သတ်ဖြတ်တာ၊ မီးရှို့တာနဲ့ လုယက်တာတွေ အားလုံး လုပ်ကြလိမ့်မယ်။ ဒါကြောင့် အရင်တုန်းက နိုင်ငံအချင်းချင်း စစ်ဖြစ်နေရင်တောင် အခြားမျိုးနွယ်တွေ ကျူးကျော်လာရင် နိုင်ငံအားလုံး ပူးပေါင်းပြီး တိုက်ခိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းရှိခဲ့တာပဲ။ "
" နယ်ခြားစောင့်တပ်တွေက နယ်စပ်ကို စောင့်ကြပ်ပြီး အခြားလူမျိုးတွေကို အခွင့်အရေးမပေးဖို့က နိုင်ငံအားလုံး လိုက်နာရမယ့်အချက်ပဲ။ ယန်ဘုရင်က အဲ့ဒါကို ချိုးဖောက်လိုက်တာပဲ။ " ကျောက်ဖုန်းက ဒေါသထွက်လာသည်။
" အရှင် ဒါက ယန်ဘုရင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ " ကျန်းမင်က ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ၏ မျက်လုံးများက အေးစက်သွားသည်။ " ဒါကြောင့် ငါတို့ ချီတက်မှုကို အရှိန်မြှင့်ရမယ်။ ကျိမြို့ကို တတ်နိုင်သမျှ မြန်မြန်ထိုးဖောက်ရမယ်။ ယန်ဘုရင်၊ ယန်တန် ဒီသားအဖနှစ်ယောက်လုံးက စရိုက်အတူတူပဲ။ ဦးနှောက်ကိုမရှိဘူး။ ဒီလိုဆိုမှတော့ သူတို့နှစ်ယောက်လုံး ငရဲပို့ရမှာပေါ့။ "
ကျောက်ဖုန်းက ထိုဘုရင်များအပေါ် မုန်းတီးခင်းမရှိပေ။ သို့သော် ယခု ယန်ဘုရင်၏ လုပ်ရပ်က ကျောက်ဖုန်း၏ သတ်ဖြတ်လိုစိတ်ကို အမှန်တကယ် လှုံ့ဆော်ခဲ့သည်။
ယန်နိုင်ငံ၏ မြောက်ဘက်၊ တုန်ဟူနိုင်ငံ၏ နန်းတော်။
" တုန်ဟူအရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " စစ်မာလင်းက လေးစားစွာ ဦးညွှတ်လိုက်သည်။
တုန်ဟူဘုရင်က ကျားသားရေခင်ထားသော ပလ္လင်ပေါ်တွင် ထိုင်ပြီး ခန္ဓာကိုယ်က တောင့်တင်းကာ ရိုင်းစိုင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဘေးနှစ်ဘက်တွင် သားမွေးအင်္ကျီများ ဝတ်ဆင်ထားသည့် တုန်ဟူစစ်သူကြီးမျညး ရပ်နေကြပြီး အားလုံးက အလွန်သန်မာပုံရသည်။
မြက်ခင်းလွင်ပြင်တွင် ရာထူးအဆင့်ဆင့်မရှိပေ။ သူတို့က ခွန်အားကြီးသူများ၏ စည်းမျဉ်းကိုသာ လိုက်နာကြသည်။
" ဟားဟား စစ်မာ မတွေ့တာကြာပြီ။ ထိုင်ပါဦး။ "
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး " စီမာလင်းက တုန့်ဆိုင်းခြင်းမရှိဘဲ ထိုင်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
" ဒီတစ်ခါ ဘာသတင်းကောင်းတွေပါသေးလဲ။ " တုန်ဟူဘုရင်က စစ်မာလင်းကို မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။
" အရှင်မင်းကြီး ယန်ဘုရင်က အကူအညီတောင်းခိုင်းလိုက်ပါတယ်။ " စစ်မာလင်းက သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ခြင်းမရှိပေ။
" ကြည့်ရတာ ချင်နိုင်ငံက ယန်နိုင်ငံကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေပြီထင်တယ်။ မဟုတ်ရင် အဲ့ဒီ ယန်ဘုရင်အိုကြီးက ငါဆီကို အကူအညီတောင်းမှာ မဟုတ်ဘူး။ " တုန်ဟူဘုရင်က ရယ်မောလိုက်သည်။
" မှန်ပါတယ်။ လက်ရှိ ယန်နိုင်ငံက ပျက်စီးလုနီးပါး ဖြစ်နေပါပြီ။ ဒါကြောင့် ကျုပ်ရဲ့ ဖြန့်ဖြေမှုနဲ့ ယန်ဘုရင်က ကျုပ်ကို အရှင်မင်းကြီးဆီ အကူအညီတောင်းခိုင်းလိုက်တာပါ။ " စစ်မာလင်းက ပြုံးလိုက်သည်။
" ပြောပါဦး။ ယန်ဘုရင်က ဘယ်လောက်ထိ ပေးဆပ်ဖို့ ဆန္ဒရှိသလဲ။ " တုန်ဟူဘုရင်က မေးလိုက်သည်။
" အရှင်မင်းကြီး ယန်ဘုရင်က ဘာတောင်းဆိုမှုမှ မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် ကျုပ်ရဲ့ အကြံပေးချက်အရ သူက နယ်ခြားစောင့်စစ်သည်ခုနှစ်သောင်းကို ပြန်ခေါ်လိုက်ပါပြီ။ သူတို့က ပြန်ဆုတ်သွားပြီမလို့ ယန်နယ်စပ်က ကာကွယ်မှုမရှိတော့ပါဘူး။ ဒါက အရှင်မင်းကြီးအတွက် အရမ်းကောင်းတဲ့အချက်မဟုတ်လား။ ယန်နိုင်ငံရဲ့ မြောက်ပိုင်းနယ်စပ်က အရာအားလုံးက အရှင်မင်းကြီးအတွက် ဖြစ်နေပါပြီ။ စည်းစိမ်ဥစ္စာ၊ လူအင်မား၊ အရင်းအမြစ်တွေ အကုန်လုံး ရနိုင်ပါတယ်။ " စစ်မာလင်းက ပြုံး၍ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ တုန်ဟူဘုရင်က စိတ်လှုပ်ရှားသွားပြီး အခြားသူများကလည်း ရယ်မောလိုက်ကြသည်။
" ဟားဟား ကောင်းတယ်။ ယန်ရဲ့ ကာကွယ်မှုမရှိတော့ဘူးဆိုတော့ ဒါကတကယ်ကို ကြီးမားတဲ့ အခွင့်အရေးပဲ။ "
" ယန်အမျိုးသမီးတွေက အရမ်းလှကြတယ်။ "
" အရှင်မင်းကြီး အမိန့်ပေးပါ။ ကျွန်တော်တို့ တောင်ဘက်ကို ချီတက်ပြီး တိုက်ခိုက်ပါမယ်။ "
" အရှင်မင်းကြီး ကျွန်တော်တို့ တုန်ဟူစစ်သည်တွေ စစ်မတိုက်ရတာ ကြာပြီ။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံလို့မဖြစ်ဘူး။ "
တုန်ဟူစစ်သူကြီးများက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လောဘရမက်များ ပြည့်နှက်နေသည်။
" တော်ပြီ။ " တုန်ဟူဘုရင်က လက်ဝှေ့ရမ်းလိုက်ပြီး စစ်မာလင်းကို ကြည့်လိုက်သည်။ " မင်းရဲ့ အသက်ကို ကယ်ခဲ့တာ တန်ပါတယ်။ ဒီတစ်ခါ မင်းက ငါတို့လူမျိုးတွေအတွက်ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခု လုပ်ခဲ့တာပဲ။ "
" အရှင်မင်းကြီးသာမကယ်ရင် ကျွန်တော် သေတာကြာပါပြီ။ ကျွန်တော် အရှင်မင်းကြီးအတွက် အသက်တောင် ပေးဖို့ ဆန္ဒရှိပါတယ်။ " စစ်မာလင်းက ဦးညွှတ်လိုက်သည်။
" မင်းဘာလိုချင်လဲ ငါကို ပြောပါ။ ငါ စီမံနိုင်သရွေ့ သဘောတူမယ်။ " တုန်ဟူဘုရင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော် အစစ်အမှန် တုန်ဟူလူမျိုးဖြစ်ချင်ပါတယ်။ ကျွန်တော် အုပ်ချုပ်ဖို့ ကိုယ်ပိုင်လူမျိုးစုလိုချင်ပါတယ်။ " စစ်မာလင်းက ပြောလိုက်သည်။
" ကောင်းပြီလေ။ " တုန်ဟူဘုရင်က ရယ်မောလိုက်သည်။ " အဲ့ဒီလိုဆိုရင် မင်းရဲ့ ဆန္ဒကို ဖြည့်ည်းပေးရမှာပေါ့။ ငါ တောင်ဘက်ကို တပ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းက တပ်ဖွဲ့တွေနဲ့အတူ လိုက်ပြီး ဗျူဟာတွေပေးပါ။ မင်း အောင်မြင်ပြီး ပြန်လာတဲ့အခါ မင်းကို တုန်ဟူရဲ့ အစစ်အမှန်စစ်သည်တော်အဖြစ် သတ်မှတ်ပြီး လူတစ်သောင်းပါတဲ့ မျိုးနွယ်စုတစ်ခု ပေးမယ်။ "
" ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် အသက်ကို ပေးဆပ်ပါမယ်။ " စစ်မာလင်းက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီး ကျွန်တော် တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ဘက်ကို ချီတက်ပါမယ်။ " သန်မာသော လူတစ်ယောက်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" ဝူဝူ မင်းလွန်နေပြီ။ စစ်ဆင်ရေးတိုင်းမှာ မင်းပဲ ဦးဆောင်နေတာ။ ဒီတစ်ခါ ငါတို့အလှည့်ပဲ။ "
" မင်းရဲ့ မျိုးနွယ်စုက တိုက်ခိုက်တာ များပြီ။ အခု ငါတို့အလှည့်ပဲ။ "
တုန်ဟူစစ်သူကြီးများက ငြင်းခုန်နေကြပြီး တုန်ဟူဘုရင်က ၎င်းကို ကျေနပ်စွာ ကြည့်နေသည်။ မြက်ခင်းလွင်ပြင်တွင် ထိုသို့သော စစ်သည်တော်စိတ်ဓာတ်ကို အလွန်လေးစားကြသည်။
" ဒါက ကြီးမားတဲ့ အခွင့်အရေးပဲ။ ငါ လူတွေနဲ့ အရင်းအမြစ်တွေကို လိုချင်တယ်။ ပြီးတော့ ယန်နယ်မြေကိုလည်း လိုချင်တယ်။ ဝူဝူ၊ တရှုံး စစ်သည်နှစ်သိန်းကို အမြန်စုစည်းပြီး တောင်ဘက်ကို ချီတက်ပါ။ တွေ့သမျှအကုန်သိမ်းယူပါ။ ငါ အကုန်လိုချင်တယ်။ " တုန်ဟူဘုရင်က သန်မာသော စစ်သူကြီးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး အားနည်းတဲ့ ယန်လူမျိုးမှန်သမျှ သတ်ပစ်ပါမယ်။ " စစ်သူကြီးနှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ယန်က စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမယ့် ချင်ကိုတော့ သတိထားရမယ်။ သူတို့ရဲ့ စစ်အင်အားက မနည်းဘူး။ ကျွန်တော်တို့ တုန်ဟူစစ်တပ်က ချင်စစ်တပ်နဲ့ တွေ့ရင် သတိထားတာ ပိုကောင်းလိမ့်မယ်။ " စစ်မာလင်းက အကြံပြုလိုက်သည်။
" ချင်က ဟွာရှလူမျိုးထဲက တစ်ခုမဟုတ်လား။ သူတို့က အားနည်းပါတယ်။ ချင်စစ်တပ်နဲ့ တွေ့ရင် တုန်ဟူစစ်သည်တွေရဲ့ အင်အားကို ကျွန်တော်ပြလိုက်ပါမယ်။ " ဝူဝူက မောက်မာစွာ ပြောလိုက်သည်။
တုန်ဟူဘုရင်က လက်မြှောက်လိုက်သည်။ " ငါတို့နဲ့ ချင်စစ်တပ်ကြားမှာ ပဋိပက္ခမရှိဘူး။ ချင်စစ်တပ်နဲ့ တွေ့ရင် ဖြစ်နိုင်ရင်ရှောက်လိုက်ပါ။ ငါတို့ လိုချင်တာက ယန်ရဲ့ လူတွေနဲ့ အရင်းအမြစ်တွေပဲ။ ဒါပေမယ့် ချင်စစ်တပ်က တိုက်ခိုက်လာရင်တော့ အကုန်လုံးကို သတ်ပစ်လိုက်။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။ သူက ချင်နိုင်ငံကို လုံးဝမကြောက်ပေ။