အခန်း ၃၆၉
Vol. 37 Ch. 369
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၉)
ကျိမြို့၏ အပြင်ဘက်တွင် မြင်းစစီးစစ်သည်တစ်သိန်းနီးပါးက တံခါးဝသို့ ရောက်နေပြီဖြစိသည်။ ကျောက်ဖုန်း၏ ကွပ်ကဲမှုအောက်တွင် မြင်းတပ်ဖွဲ့က မျှော်လင့်ထားသည့် အချိန်တစ်ဝက်ဖြင့် ရောက်ရှိလာခဲ့သည်။
" သုံးလ၊ ကျိမြို့ မနက်ဖြန် ဒီမြို့ကို ထိုးဖောက်မယ်။ ယန်ဘုရင်ကို ဖမ်းမယ်။ ယန်ဘုရင် ဒီမှာ သေဆုံးရလိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ စစ်တပ် ရောက်လာပြီဆိုတော့ ယန်စစ်တပ်ကို ကြောက်လန့်သွားအောင် မြားတွေနဲ့ ခြောက်လိုက်ရမလား။ " ကျန်းဟန်က ပြောလိုက်သည်။
ကျောက်ဖုန်းက သဘောတူရန် ပြင်လိုက်စဉ် ကိုယ်ရံတော်တစ်ယောက်က လျင်မြန်စွာ ရောက်လာသည်။
" လျို့ဝှက်အစီရင်ခံစာ ရောက်လာပါတယ်။ "
ကျောက်ဖုန်းက အစီရင်ခံစာကို ယူ၍ ဖတ်လိုက်ပြီးနောက် သူ၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်သွားသည်။
" ခွေးသား ယန်ဘုရင်ကျိရှီ တကယ် အသုံးမကျတဲ့ကောင်။ " ကျောက်ဖုန်းက အလွန်ဒေါသထွက်နေသည်။
ကျန်းဟန်နှင့် စစ်သည်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့၏ စစ်သေနာပတိချုပ် ထိုမျှအထိ ဒေါသထွက်သည်ကို သူတို့တစ်ခါမှ မမြင်ဖူးကြပေ။
" စစ်သေနာပတိချုပ် ဘာဖြစ်တာလဲ။ " ကျန်းဟန်က သတိထားပြီး မေးလိုက်သည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ အစီရင်ခံစာကို ပေးလိုက်သည်။ ကျန်းဟန်က အစီရင်ခံစာကို ယူဖတ်လိုက်ပြီး သူလည်း ဒေါသထွက်သွားသည်။
" သူက ဘယ်လိုလုပ်ဘုရင်ဖြစ်ထိုက်မှာလဲ။ သူက တကယ်ပဲ တုန်ဟူလူမျိုးတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့။ တုန်ဟူလူမျိုးတွေ ဝင်လာလို့ရအောင် သူက မြောက်ဘက်နယ်စပ်က တပ်ဖွဲ့ကို ပြန်ခေါ်ခဲ့တာပဲ။ " ကျန်းဟန်က ဒေါသတကြီး ပြောလိုက်သည်။
" ဘာ ယန်ဘုရင်က တိုင်းတစ်ပါးမျိုးနွယ်စုတွေနဲ့ ပူးပေါင်းတယ်ပေါ့။ ဘယ်လောင်တောင် မိုက်မဲလိုက်သလဲ။ "
" ဒီသစ္စာဖောက် တိရိစ္ဆာန်က ဘယ်လိုလုပ်ဘုရင်ဖြစ်လာတာလဲ။ "
" စစ်သေနာပတိချုပ် အမိန့်ပေးပါ။ ဒီနေ့ပဲ ကျိမြို့ကို ထိုးဖောက်ကြမယ်။ အခြားမျိုးနွယ်တွေ ကျူးကျော်လာရင် ဟွာရှမျိုးနွယ်တစ်ခုလုံး တော်လှန်ရမယ်။ ဒါက ရှေးခေတ်ကတည်းက စည်းမျဉ်းပဲ။ "
" အခု တုန်ဟူလူမျိုးတွေက တောင်ဘက်ကို ကျူးကျော်လာပြီဆိုတော့ ယန်ရဲ့ မြောက်ဘက်နယ်စပ်မှာ သတ်ဖြတ်မှုတွေ အဆုံးမရှိ ဖြစ်လာလိမ့်မယ်။ "
တပ်မှူးများက ဒေါသတကြီး ပြောလိုက်ကြသည်။ တုန်ဟူလူမျိုးများက ယန်ပြည်သူများကို သတ်ဖြတ်မည်ဖြစ်သော်လည်း သူတို့ ယန်ပြည်သူများကို ချင်ပြည်သူများအဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။
ကျောက်ဖုန်းက ယုယန်မြို့ကို ထိုးဖောက်ပြီး နှသ်လအတွင်း ကျိမြို့ကို ရောက်အောင် အမြန်ဆုံး လာခဲ့သည်။ ရည်ရွယ်ချက်မှာ ယန်ကို အမြန်ဆုံး သိမ်းပိုက်ပြီး မြောက်ဘက်နယ်စပ်၏ ကာကွယရေးကို ခိုင်မာအောင်လုပ်ကာ တုန်ဟူလူမျိုးများကို အခွင့်အရေး မပေးရန်ဖြစ်သည်။ သို့သော် ယခု နောက်ကျသွားပြီဟု ထင်ရသည်။
" အရင်က ယန်ဘုရင်က နိုင်ငံကာကွယ်ဖို့အတွက် နယ်ခြားစောင့်တပ်တွေကို ပြန်ခေါ်တာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူက အခြားလူမျိုးတွေနဲ့ တကယ်ပူးပေါင်းရဲတယ်။ သူက သေလမ်းကို ရွေးချယ်လိုက်တာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
သူက တိုင်းတစ်ပါးမျိုးနွယ်များကို မတွေ့ဖူးသော်လည်း သူတို့အကြောင်းကို ကောင်းကောင်းသိနေသည်။ သူတို့က တိရိစ္ဆာန်များကဲ့သို့ ရက်စက် ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ သူတို့က မုဒိမ်းကျင့်ခြင်း၊လုယက်ခြင်းနှင့် မြို့များကို သတ်ဖြတ်ခြင်းတို့ သေချာပေါက် လုပ်ဆောင်ကြပေလိမ့်မည်။
" အမိန့်ပေးပါ စစ်သေနာပတိချုပ်။ " ကျန်းဟန်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" နေဦး။ မြို့ကို စောင့်ကြပ်နေတာက ယန်ရဲ့ မြောင်ဘက်နယ်စပ်က တပ်ဖွဲ့တွေပဲ။ သူတို့မှာ ကိုယ်ကျင့်သိက္ခါမရှိဘူးလို့ ငါမယုံဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" တပ်ဖွဲ့အားလုံးတိုက်ခိုက်ဖို့ ပြင်ဆင်ကြ။ " ကျောက်ဖုန်းက ပြောလိုက်ပြီး သူ၏ မြင်းကို ကျိမြို့သို့ မောင်းနှင်သွားသည်။
" စစ်ကြောင်းဖြန့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။ " ကျန်းဟန်ကလည်း အမိန့်ပေးလိုက်သည်။
ကျိမြို့ရိုးပေါ်တွင် ယန်စစ်သည်များက ချင်စစ်တပ် စစ်ကြောင်းဖြန့်နေသည်ကို လေးနက်စွာ ကြည့်နေကြသည်။ မြို့စောင့်တပ်များက နယ်ခြားစောင့်တပ်များဖြင့် အစားထိုးထားပြီး အားလုံးက အခြားလူမျိုးများဖြင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံရှိသူများဖြစ်ကြသည်။
" စစ်သူကြီးကုန်းစွန်း ချင်မြင်းစစ်သည်တစ်ယောက် ရောက်လာတယ်။ " တပ်မှူးတစ်ယောက်က ကုန်းစွန်းကို ပြောလိုက်သည်။
" လက်နက်ချဖို့ လာပြောတာဖြစ်မယ်။ စိတ်ပူစရာမလိုဘုး။ " ကုန်းစွန်းကွမ်က လေးနက်စွာ ပြောလိုက်သည်။
" မြို့ရိုးပေါ်က စစ်သူကြီး ဘယ်မှာလဲ။ " ကျောက်ဖုန်းက မြို့ရှေ့သို့ ရောက်သည်နှင့် အေးစက်စွာ အော်လိုက်သည်။
ကုန်းစွန်းကွမ်က သူ၏ ဘေးမှ နန်းတွင်းကိုယ်ရံတော်တပ်မှူးကို ကြည့်လိုက်သည်။
" စစ်သူကြီးကုန်းစွန်း အရှင်မင်းကြီးက ကျုပ်ကို ကာကွယ်ရေးတာဝန် ပေးထားပေမယ့် အားလုံးက နယ်ခြားစောင့်စစ်သည်တွေပါ။ အဲ့ဒီချင်တပ်မှူးက ဘာရည်ရွယ်ချက်နဲ့ လာတာလဲ စစ်သူကြီးမေးကြည့်လို့ရပါတယ်။ "
ကုန်းစွန်းကွမ်းက ခေါင်းညိမ့်ပြီး ရှေ့တိုးလိုက်သည်။ " ငါက ကုန်းစွန်းကွမ်ပဲ။ ငါက ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းပဲ။ " ကျောက်ဖုန်းက ခေါင်းမော့ပြီး လေးနက်စွာ ပြောလိုက်သည်။
" ကျောက်ဖုန်း မင်း..." ကုန်းစွန်းကွမ်နှင့် အခြားသူများအားလုံးက တုန်လှုပ်သွားကြသည်။ ကျောက်ဖုန်းတစ်ယောက်တည်း မြို့အောက်ကို လာရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
" စစ်သေနာပတိချုပ်ကျောက်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒါပေမယ့် လက်နက်ချဖို့ လာပြောတာဆိုရင်တော့ မလိုပါဘူး။ ငါတို့ ယန်နိုင်ငံက အားနည်းပေမယ့် ဘုရင်အမိန့်အရ ငါတို့ လက်နက်မချဘူး။ " ကုန်စွန်းကွမ်က လေးနက်စွာ ပြောလိုက်သည်။
" ငါ အခုလာတာ ကိစ္စတစ်ခုအတွက်ပဲ။ အဲ့ဒါကို ကြားပြီးရင်တောင် မင်းတို့က ယန်ဘုရင်ကိုပဲ သစ္စာစောင့်သိနေဦးမယ်ဆိုရင် မြို့ကို ထိုးဖောက်ပြီးတဲ့အခါ တစ်ယောက်မှအသက်ရှင်မကျန်စေရဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက် ပြောစရာရှိတာ ပြောပါ။ " ကုန်းစွန်းကွမ်က စိတ်ထဲမှ တုန်လှုပ်သွားပြီး ပြောလိုက်သည်။
" ယန်ဘုရင်က ဘိုးဘေးတွေကို မေ့လျော့ပြီး တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းခဲ့တယ်။ အခုဆိုရင် သူတို့က မြောက်ဘက်နယ်စပ်ကနေ ကျူးကျော်ဝင်ရောက်လာပြီ။ အဲ့ဒါကို မင်းတို့ သိလား။ " ကျောက်ဖုန်းက သူ၏ ချီစွမ်းအားကို သုံးကာ မြို့ရိုးပေါ်မှ ကြားနိုင်အောင် အော်ပြောလိုက်သည်။
" ဘာ..." ကုန်းစွန်းကွမ်နှင့် နန်းတွင်းကိုယ်ရံတော်တပ်မှူးတို့က မျက်နှာပျက်သွားကြသည်။
" မဖြစ်နိုင်ဘူး။ ငါတို့ ဘုရင်က ဒီလောက်အထိ မိုက်မဲမှာ မဟုတ်ဘူး။ ငါတို့ဘုရင်က တိုင်းတစ်ပါးလူမျိုးစုတွေနဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး။ စစ်သေနာပတိချုပ် ကျောက်ဖုန်း မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်ပါ။ " ကုန်းစွန်းကွပ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
" ဒါက ငါတို့ ချင်သူလျှိိုဆီကရတဲ့ သတင်းပဲ။ ကိုယ်တိုင်ဖတ်ကြည့်လိုက်။ " ကျောက်ဖုန်းက ထပ်ပြောရန် စိတ်မဝင်စားတော့ပေ။ သူက လျို့ဝှက်အစီရင်ခံစာကို လုံးချေပြီး မြို့ရိုးဆီသို့ ပစ်ပေးလိုက်သ်။
လျို့ဝှက်အစီရင်ခံစာက ကုန်းစွန်းကွမ်၏ ဘေးသို့ ကျသွားသည်။ သူက ကောက်ယူပြီး ဖတ်လိုက်သော အချိန်တွင် သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
" တုန်ဟူတွေ တောင်ဘက်ကို တက်လာပြီ။ ယန်နပ်စပ်မှာ စောင့်ကြပ်မယ့် စစ်တပ်မရှိဘူး။ ရှန်ပင်းမြို့ကို တုန်ဟူတွေ သိမ်းသွားပြီး သတ်ဖြတ်မှုတွေ ဖြစ်နေတယ်။ အသက်ရှင်ကျန်ရစ်သူ အလွန်နည်းတယ်။ "
" မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးက ဘယ်လို့လုပ် တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းရတာလဲ။ အရှင်မင်းကြီးက နယ်ခြားစောင့်တပ်တွေကို ရွှေ့ပြောင်းတုန်းက အခြားတပ်ဖွဲ့တွေ နယ်စပ်ကို စောင့်ကြပ်မယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကုန်းစွန်းကွမ်က တစ်ကိုယ်လုံးတုန်ယင်သွားသည်။
သူက ရှန်ပင်းမြို့ ဇာတိဖြစ်ပြီး ကျိမြို့တွင် ဓားစာခံအဖြစ်ဖမ်းထားသော မိသားစုများ ရှိသကဲ့သို့ ရှန်ပင်းမြို့တွင်လည်း မိသားစုဝင်များ ရှိကြသည်။
" ယန်ဘုရင်က တုန်ဟူလူမျိုးတွေနဲ့ ပူးပေါင်းပြီး ငါတို့ ချင်နိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပဲ။ ဒါကြောင့် သူက နယ်ခြားစောင့်တပ်တွေကို ပြန်ခေါ်လိုက်တာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကုန်းစွန်းကွမ်က ခေါင်းမော့လိုက်ပြီး နီရဲနေသော မျက်လုံးများနှင့် ကျောက်ဖုန်းကို ကြည့်လိုက်သည်။ " စစ်သေနာပတိချုပ်ကျောက် ဒါ တကယ်ပဲလား။ "
" စစ်ပွဲတွေမှာ လှည့်စားတတ်ကြပေမယ့် ဒီတစ်ခါ ချင်စစ်တပ်က ကျိမြို့ရှေ့ရောက်နေပြီ။ တစ်ရက်အတွင်းမှာ ထိုးဖောက်နိုင်တယ်ဆိုတော့ ဒီလိုလှည့်ကွက်မျိုး သုံးစရာမလိုပါဘူး။ မင်းတို့က ယန်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဆိုတော့ တိုင်းတစ်ပါးလူမျိုးတွေရဲ့ ရက်စက်မှုကို သိမှာပါ။ အချိန်ကြာလေ မြောက်ဘက်နယ်စပ်က အပြစ်မဲ့ပြည်သူတွေ တုန်ဟူတွေ သတ်တာကို ခံရလေပဲ။ ရှန်းကျိုးမှာ ကွဲပြားမှုတွေရှိပေမယ့် အားလုံးက ဟွာရှလူမျိုးတွေပဲ။ ငါဒီကိုလာတာ ဟွာရှပြည်သူတွေအတွက် လက်နက်ချဖို့ လာပြောတာပဲ။ မင်းတို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါ ပြန်သွားတာနဲ့ ချက်ချင်း တိုက်ခိုက်မယ်။ အဲ့ဒီအချိန်ကျရင် ယန်စစ်သည်တစ်ယောက်မှ အသက်ရှင်ခွင့်မရစေရဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
နိုင်ငံများကြား စစ်ပွဲတွင် လက်နက်ချသူများကို အသက်ချမ်းသာပေးနိုင်သော်လည်း ဟွာရှလူမျိုးဟူသော စိတ်ဓာတ် မရှိလျှင် ကျောက်ဖုန်းက သနားညှာတာနေမည်မဟုတ်ပေ။ သူတို့က အသက်ရှင်ရန် မထိုက်တန်ပေ။
" ယန်စစ်သည်တို့ ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းခဲ့ပြီး ငါတို့ ဟွာရှလူမျိုးတွေကို သစ္စာဖောက်ခဲ့တယ်။ မင်းတို့က ဒီလိုသစ္စာဖောက်လက်အောက်မှာပဲ ဆက်ပြီး အမှုထမ်းမယ်ဆိုရင် ငါ မြို့ကို ထိုးဖောက်ပြီးတဲ့အခါ ယန်စစ်သည်တစ်ယောက်မှ အသက်ရှင်ခွင့်မရစေရဘူးလို့ ငါ ကျောက်ဖုန်း ကျိန်ဆိုတယ်။ " ကျောက်ဖုန်းက မြို့ရိုးပေါ်မှ ယန်စစ်သည်များကို အော်ပြောလိုက်သည်။
" အမွှေးတိုင်တစ်ဝက်စာ အချိန်ရမယ်။ အဲ့ဒါပြီးရင် ငါ ကိုယ်တိုင် တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြို့ကို တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက မြင်းစီးပြီး ပြန်ထွက်ခွာသွားသည်။