← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၇၀)

မြို့ရိုးပေါ်တွင် ယန်စစ်သည်များအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" စစ်သူကြီးကုန်းစွန်း ဒီချင်စစ်သေနာပတိချုပ်ပြောတာ အမှန်လား။ အရှင်မင်းကြီးက တုန်ဟူတွေနဲ့ တကယ် ပူးပေါင်းထားတာလား။ "

" ကျွန်တော်တို့အားလုံးက မြောက်ဘက်နယ်စပ်က လူတွေပဲ။ တုန်ဟူလူမျိုးတွေ ကျူးကျော်လာရင် ကျွန်တော်တို့ မိသားစုတွေ ဘာဖြစ်သွားမလဲ။ "

" ဘုရင်တစ်ပါးက တိုင်းတစ်ပါးလူမျိုးတွေနဲ့ တကယ်ပူးပေါင်းထားတာဆိုရင် သူက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ "

" မိုက်မဲလိုက်တာ တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတာက ဟွာရှလူမျိုးကို သစ္စာဖောက်တာပဲ။ "

" စကားလာပြောတာ ချင်နိုင်ငံက စစ်သေနာပတိချုပ် ကျောက်ဖုန်းပဲ။ သူက ငါတို့ကို လှည့်စားဖို့ ဒီလိုစကားမျိုးပြောမှာမဟုတ်ဘူး။ ကျောက်ဖုန်းအတွက် ကျိမြို့ကို ထိုးဖောက်ဖို့က ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး။ "

နယ်ခြားစောင့်စစ်သည်များက ကုန်စွန်းကို ကြည့်လိုက်ကြသည်။

" တပ်မှူးဝေ မင်းဘယ်လိုထင်လဲ။ " ကုန်းစွန်းကွမ်က နန်းတွင်းကိုယ်ရံတော်တပ်မှူးကို ကြည့်ပြီး မေးလိုက်သည်။

" ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတဲ့ ဒီလိုသစ္စာဖောက်မှုကို တကယ်လုပ်ခဲ့တာဆိုရင် သူက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ " တပ်မှူးဝေက စဉ်းစားပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းက ဘယ်သူလဲဆိုတာ လူတိုင်းသိပါတယ်။ သူ့ရဲ့ စွမ်းရည်တွေနဲ့ဆို မြို့ကို ထိုးဖောက်ဖို့က အလွယ်လေးပဲ။ ရန်သူတွေကို သတ်တာက သူ့ရဲ့ စစ်ရေးအောင်မြင်မှုပဲ။ ချင်ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်အရဆို သူက ဒီလိုမျိုး လာပြောမှာမဟုတ်ဘူး။ မြို့ထဲမှာ ကျွန်တော်တို့ စစ်သည်တွေအများကြီး ရှိနေပြီး သူတို့က ချင်စစ်တပ်ရဲ့ စစ်ရေးစွမ်းဆောင်မှု ဖြစ်လာမှာပဲ။ " ကုန်းစွန်းကွမ်က ကျောက်ဖုန်း၏ စကားများကို ယုံကြည်မှုရှိကြောင်း ပြောလိုက်သည်။

" မင်း ဘယ်လိုလုပ်မှာလဲ။ "တပ်မှူးဝေက ကုန်းစွန်းကွမ်ကို ကြည့်လိုက်သည်။

" ငါက ရှန်ပင်းမြို့မှာ မွေးတာပဲ။ ငါ့လက်အောက်က စစ်သည်အများစုကလည်း ရှန်ပင်းပတ်ဝန်းကျင်မှာ မွေးလာတာကြတာပဲ။ ယန်ဘုရင်က တုန်ဟူလူမျိုးတွေနဲ့ ပူးပေါင်းတာဆိုရင် ငါတို့ မိသားစုတွေက သူ့ကြောင့် သေရလိမ့်မယ်။ ဒီလိုဘုရင်မျိုးကို ငါကုန်းစွန်းကွမ်က သစ္စာမစောင့်သိနိုင်ဘူး။ " ကုန်းစွန်းကွမ်က အေးစက်စွာ ပြောလို​က်သည်။

ထိုစကားများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်မှ နယ်ခြားစောင့်စစ်သည်များက သူတို့၏ လက်နက်များကို တင်းတင်းဆုပ်ကိုင်လိုက်ကြသည်။ သူတို့၏ အကြည့်များက နန်းတွင်းကိုယ်ရံတော်များဆီသို့ ကျရောက်သွားကြသည်။ တပ်မှူးဝေက ကုန်းစွန်းကွမ်ကို ဆန့်ကျင်ခဲ့လျှင် သူတို့က ချက်ချင်း တိုက်ခိုက်မည့်ပုံစံမျိုး ဖြစ်နေသည်။

" တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတာက ဟွာရှနဲ့ နိုင်ငံကို သစ္စာဖောက်တာပဲ။ ဒီလိုဘုရင်မျိုးက ငါတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ မထိုက်တန်ဘူး။ " တပ်မှူးဝေက ပြတ်သားစွာ ပြောလိုက်သည်။

" တပ်မှူးဝေက တကယ်ဖြောင့်မတ်ပါတယ်။ " ကုန်းစွန်းကွမ်က တပ်မှူးဝေကို အရိုအသေပြုပြီး ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မြို့တံခါးတွေ ဖွင့်လိုက်ကြ။ ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတာက ဟွာရှသမိုင်းတစ်လျှောက် တကယ်ကို အရှက်ရစရာပဲ။ ဒီလိုဘုရင်မျိုးအတွက် ငါတို့ အသက်ကို စတေးဖို့ မထိုက်တန်ဘူး။ ဒီနေ့ပြီးတာနဲ့ ငါတို့က မြောက်လက်နယ်စပ်ကို သွားပြီး တိုင်းတစ်ပါးလူမျိုးတွေကို ပြန်တိုက်ခိုက်မယ်။ " ကုန်းစွန်းကွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" စစ်သူကြီးအမိန့်အတိုင်းပါ။ " စစ်သည်များက ပြန်ပြောလိုက်ကြသည်။

ထိုအချိန်တွင် ကျိမြို့တံခါးများက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ ကုန်းစွန်းကွမ်က သူ၏ တပ်မှူးများကို ခေါ်ပြီး မြို့တံခါးဆီသို့ သွားလိုက်သည်။

ချင်စစ်တပ်တွင် ရုတ်တရက် ပွင့်လာသော မြို့တံခါးများကို ကြည့်ပြီး ကျန်းဟန်နှင့် အခြားသူများက အံ့အားသင့်သွားကြသည်။

" စစ်သေနာပတိချုပ် ဘာပြောလိုက်လို့ သူတို့က မြို့တံခါးကို ဖွင့်လိုက်တာလဲ။ သူတို့က လက်နက်ချသွားတာလား။ " ကျန်းဟန်က အံ့အားသင့်စွာ ပြောလိုက်သည်။

" လူတိုင်းက ရက်စက်တာနဲ့ သစ္စာဖောက်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ယန်ဘုရင်က တုန်ဟူလူမျိုးတွေနဲ့ ပူးပေါင်းတာက ဘိုးဘေးတွေကို သစ္စာဖောက်တာပဲ။ ဒါပေမယ့် ကျိမြို့ကို ကာကွယ်နေတာ ယန်နယ်ခြားစောင့်တပ်တွေပဲ။ သူတို့ထဲက အများစုက ယန်နိုင်ငံရဲ့ မြောက်ဘက်နယ်စပ်ကလာတာ။ တုန်ဟူလူမျိုးတွေက ကျူးကျော်လာပြီဆိုတော့ သူတို့မိသားစုတွေ အန္တရာယ်ရှိနေပြီ။ ဒါကို သူတို့က ဘယ်လိုလုပ်လျစ်လျူရှုနိုင်မှာလဲ။ "

" သွားမယ်။ တပ်ဖွဲ့တွေ ကျိမြို့ကို ချီတက်မယ်။ ယန်ဘုရင်က တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းတယ်။ ငါ သူ့ကို ခေါင်းဖြတ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ယန်ဘုရင်က ဘုရင်တစ်ပါးပဲ။ အရှင်မင်းကြီးကို ဆုံးဖြတ်ခိုင်းလိုက်ပါ။ စစ်သေနာပတိချုပ် သူ့ကို သတ်လိုက်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။ " ကျန်းဟန်က စိုးရိမ်စွာဖြင့် အကြံပေးလိုက်သည်။

ကျောက်ဖုန်းက ဘာမှမပြောဘဲ မြင်းကို မြို့ဆီသို့ မောင်းနှင်သွားသည်။

" စစ်သေနာပတိချုပ်နောက်ကို လိုက်ကြ။ " ကျန်းဟန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး နောက်မှ လိုက်သွားသည်။

မြို့တံခါးကို ရောက်သောအခါ။

" ကုန်းစွန်းကွမ်က စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ဂါရဝပြုပါတယ်။ ကျုပ်ရဲ့ စစ်သည်ခုနှစ်သောင်းကို ဦးဆောင်ပြီး ချင်နိုင်ငံမှာ လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ စစ်သေနာပတိချုပ်ကို ကျုပ် တောင်းဆိုချင်တာ တစ်ခုရှိပါတယ်။ ကျုပ် တပ်ဖွဲ့ကို ဦးဆောင်ပြီး ကျုပ်တို့ မိသားစုတွေကို ကယ်တင်ဖို့အတွက် မြောက်ဘက်နယ်စပ်က တုန်ဟူလူမျိုးတွေကို တိုက်ခိုက်ခွင့်ပြုပါ။ " ကုန်းစွန်းကွမ်က ဒူးထောက်ပြီး ပြောလိုက်သည်။

"ကျိမြို့ကို သိမ်းပိုက်ပြီးရင် ငါကိုယ်တိုင် မင်းတို့ကို ဦးဆောင်ပြီး အဲ့ဒီကိုသွားမယ်။ " ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းပြီး ကုန်းစွန်းကွမ်ကို ထူပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ် ကျောက်ဖုန်း " ကုန်းစွန်းကွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" နန်းတွင်းကိုယ်ရံတော်တပ်မှူး ဝေကျန့်က စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ဂါရဝပြုပါတယ်။ ကျုပ်က နန်းတွင်းကိုယ်ရံတော်ငါးသောင်းနဲ့ စစ်သည်သစ်တစ်သိန်းကို ဦးဆောင်ပြီး လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ " ဝေကျန့်ကလည်း ဒူးထောက်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး သူ့ကို ထူပေးလိုက်သည်။ ထို့နောက် သူက တပ်မှူးများနှင့် ယန်စစ်သည်များကို ကြည့်လိုက်သည်။

" ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းဆိုတဲ့ နာမည်နဲ့ ကျိမြို့က လက်နက်ချစစ်သည်အားလုံးကို ကြေညာတယ်။ ကျိမြို့မှာ လက်နက်ချတဲ့သူတွေကို ရာထူးချမှာမဟုတ်ဘူး။ အတင်းအကျပ် စုဆောင်းထားတဲ့ စစ်သည်သစ်တွေက အရပ်သားလဝကို ပြန်သွားရမယ်။ ယန်နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့က တုန်ဟူတွေကို ချေမှုန်းဖို့ ငါတို့အတူ မြောက်ဘက်နယ်စပ်ကို လိုက်ခဲ့ရမယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" ချင်အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်နိုင်ငံ အဓွန့်ရှည်တည်တံ့ပါစေ။ "

ယန်စစ်သည်တစ်ယောက်ချင်းစီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

" စစ်သူကြီးနှစ်ယောက်ရဲ့ စွမ်းဆောင်မှုတွေကို ကျုပ် မှတ်သားထားပြီးပါပြီ။ ဒီတစ်ခါ တိုက်ခိုက်စရာမလိုဘဲ တစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ဘူး။ ဒါက ကြီးမားတဲ့ အောင်မြင်မှုပဲ။ " ကျောက်ဖုန်းက ကုန်းစွန်းကွမ်နှင့် အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ မြို့ထဲကို ကြွပါ။ ယန်ဘုရင်က နန်းတော်ထဲမှာ ရှိပါတယ်။ မြို့ထဲက တပ်ဖွဲ့အားလုံး လက်နက်ချဖို့ ကျုပ် အမိန့်ပေးထားပါတယ်။ ဘာပြဿနာမှမရှိစေရဘူး။ " ကုန်းစွန်းကွမ်က ဒေါသတကြီး ပြောလိုက်သည်။

" သွားကြစို့။ " ကျောက်ဖုန်းက မြင်းပေါ်သို့ တက်ပြီး ကျိမြို့ထဲသို့ ဦးတည်သွားသည်။

သူတို့နှစ်ယောက်ကလည်း ကျောက်ဖုန်း၏ ဘေးမှ လိုက်ပါသွားကြသည်။ ကျန်းမင်က ကိုယ်ရံတော်များနှင့်အတူ လိုက်ပါသွားသည်။

မြို့ထဲသို့ ရောက်သောအခါ ယန်စစ်သည်များက လက်နက်များကို ချပြီး လမ်း၏ ဘေးနှစ်ဖက်တွင် ရပ်နေကြသည်။ ကျောက်ဖုန်းက မြင်းပေါ်မှ ယန်စစ်သည်များ၏ အမူအရာများကို မြင်နေရသည်။ ၎င်းက စိတ်သက်သာရာရခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ဖြင့် ခံစားချက်အမျိုးမျိုးက သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။

သူတို့က ချင်စစ်တပ်ကို မခုခံနိုင်သည်ကို သိထားကြပြီး ချင်၏ စစ်နတ်ဘုရား ကျောက်ဖုန်းဆိုလျှင် ပြောစရာပင် မလိုပေ။ ချင်စစ်တပ်သာ မြို့ထဲဝင်လာလျှင် သူတို့က သေဆုံးခြင်း သို့မဟုတ် ကျွန်ဘဝသို့ ရောက်သွားပေလိမ့်မည်။

ချင်စစ်တပ် မြို့ထဲဝင်လာသည်ကို ယန်စစ်သည်များစွာက ကြည့်နေကြသည်။ ကုန်းစွန်းကွမ်၊ ဝေကျန့်တို့နှင့်အတူ ကျောက်ဖုန်းက နန်းတော်သို့ ချီတက်သွားခဲ့သည်။ လမ်းတစ်လျှောင်လုံး ဘာ အခက်အခဲမှ မရှိပေ။

နန်းတော်ထဲတွင် ယန်ဘုရင်က အလွန်စိုးရိမ်နေသည်။

" ဘယ်လိုလဲ။ အပြင်မှာ တိုက်ခိုက်သံတွေ မကြားရပါလား။ ချင်စစ်တပ်က ဒီနေ့ မတိုက်ခိုက်ဘူးလား။ " ယန်ဘုရင်က တစ်ဝက်လောက် လွတ်နေသော ခန်းမထဲသို့ ကြည့်ပြီး မေးလိုက်သည်။

သူ့ကို ဆန့်ကျင်သော ဝန်ကြီးများကို အကျဉ်းချထားပြီး ကျန်သော ဝန်ကြီးများကလည်း ဘုရင်အာဏာကို ကြောက်နေကြသူများ ဖြစ်ကြသည်။

" သတင်းပို့ပါတယ်။ အရှင်မင်းကြီး ကြောက်စရာကောင်းတာတစ်ခု ဖြစ်နေပါပြီ။ " အစောင့်တစ်ယောက်က ထိတ်လန့်တကြား ပြေးဝင်လာသည်။

" ဘာဖြစ်တာလဲ။ " ယန်ဘုရင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" ချင်စစ်တပ်က မြို့ထဲဝင်လာပါပြီ။ သူတို့က အခု နန်းတော်ထဲကို ဝင်လာနေပါပြီ။ မဟုတ်ဘူး။ သူတို့က နန်းတော်ထဲကို ရောက်နေလောက်ပြီ။ " အစောင့်က ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ယန်ဘုရင်က ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှု၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

" မင်း ဘာပြောလိုက်တယ်။ ချင်စစ်တပ်က မြို့ထဲကို ဝင်လာတာလား။ မဖြစ်နိုင်ဘူး။ "

All Chapters