← Chapters

အခန်း ၂၈၃

Vol. 21 Ch. 283

အခန်း ၂၈၃

Vol. 21 Ch. 283

အပိုင်း(၂၈၃)

အီသန်သည် အရာအားလုံးကို တစ်ပြိုင်နက်တည်း မြင်လိုက်ရပြီး အခြေအနေများမှာ ကမောက်ကမ ဖြစ်နေလေသည်။ ကိစ္စရပ်များသည် ထိန်းချုပ်၍ မရနိုင်တော့အောင် လက်လွန်သွားခဲ့ချေပြီ။

နာရူကွေ့သည် သံချပ်ကာလက်အိတ် စွပ်ထားသော လက်နှစ်ဖက်ဖြင့် အာ့ချ်ကျောက်တုံးကို ကိုင်ဆောင်ထား၏။ သူ၏ ကိုင်တွယ်ပုံမှာ လူးလွန့်နေသော ပင့်ကူတစ်ကောင်ကို ကိုင်ထားရသကဲ့သို့ ဖြစ်နေသည်။

ထိုအရာ၏ နောက်ဆက်တွဲ အကျိုးဆက်များကို နားလည်သွားသောအခါ အီသန်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည်။ ကျင်းတိုင်ရှို့သည် ထိုလက်နက်ကို ပြန်လည် ရယူရန်အတွက် ဧကရာဇ်၏ အမိန့်ကို ဖီဆန်ခဲ့ကြောင်း စကိုင်းဆွန်း တပ်မှူးက မြင်တွေ့သွားပြီ ဖြစ်သည်။ ထို့အပြင် တစ်တိုင်းပြည်လုံးကိုလည်း အန္တရာယ်တွင်းသို့ တွန်းပို့ခဲ့ကြောင်းကိုပါ သိမြင်သွားပေလိမ့်မည်။ သူ၏ စရိုက်သဘာဝအရ ဧကရာဇ်ထံသို့ တိကျမှန်ကန်သော အစီရင်ခံစာတစ်စောင် တင်သွင်းပေတော့မည်။

အနည်းဆုံးတော့ ထိုအရာများက စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်သွားခဲ့သည်။

အခြားတစ်ဖက်၌... ကျင်းချန်၏ ခန္ဓာကိုယ်သည် ခိုးယူထားသော မာဒြာများကြောင့် တဖျစ်ဖျစ် မြည်နေ၏။ ထိုစွမ်းအင်များက သူမ၏ အမြုတေကို ဆွဲဆန့်နေပြီး သွေးကြောများကိုလည်း ဖိအားပေးနေသည်။ သူမ၏ ကျောပြင်လေးသည် ကော့သွားပြီး မျက်ဆံများ လန်တက်သွားကာ မေးရိုးများလည်း ဟသွားလေသည်။ သို့သော် သူမ လဲကျမသွားခဲ့ပေ။ သူမ၏ အစ်ကိုဖြစ်သူက ဖက်တွယ်ထားပေးသောကြောင့် ဖြစ်သည်။

အာ့ချ်ကျောက်တုံး ကြောင့် ရောထွေးနေသော ကမောက်ကမ မာဒြာများက သူ၏ အဝတ်အစားများကို ပိုင်းဖြတ်နေသည်။ သို့တိုင်အောင် သူက သူမကို ဆက်လက် ဖက်တွယ်ထားဆဲပင်။ သူ၏ ကိုယ်ခန္ဓာကို ကာကွယ်သူ နည်းစနစ်များဖြင့် အားဖြည့်ထားပြီး ကြွက်သားများ တင်းမာနေကာ နှမဖြစ်သူထံမှ မျက်စိမခွာဘဲ စောင့်ကြည့်နေလေသည်။

နောက်ပြီး လင်းတုန်း...

လင်းတုန်းသည် သူ၏ ညာဘက်လက်မောင်းနှင့် တစ်ပေခန့်အကွာတွင် လဲလျောင်းနေ၏။ သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ်က သွေးထွက်လွန်ခြင်းကို တားဆီးရန် မာဒြာများကို ဆွဲယူနေသည်။ ကျင်းလုံသည် သူ၏ တံတောင်ဆစ်မှနေ၍ ပြတ်သားစွာ ခုတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချက်အတွက် အီသန်က ကျေးဇူးတင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အဆစ်နေရာမှနေ၍ အတုပြန်တပ်ရန် ပိုမို လွယ်ကူသောကြောင့် ဖြစ်သည်။

ဤသည်မှာ လင်းတုန်း အတွက် အခွင့်အရေးတစ်ခု ဖြစ်လိမ့်မည်ဟု အီသန် တွေးလိုက်သည်။ သူ ပိုမို တိုးတက်လာရန်အတွက် အခွင့်အလမ်းတစ်ခုပင်...။

ထိုအချက်မှာ မှန်ကန်သော်လည်း ဆင်ခြေတစ်ခုသာ ဖြစ်နေသည်။ ထိုအရာကို အသိအမှတ်ပြုနိုင်လောက်သည်အထိ အီသန်သည် ကိုယ့်ကိုယ်ကိုယ် ရိုးသားမှု ရှိပါသည်။ အရာအားလုံးမှာ သူ၏ အမှားများသာ ဖြစ်သည်။ ထိုအမှားများအတွက် လင်းတုန်းက နာကျင်ခံစားခဲ့ရလေပြီ။

အခြား စကိုင်းဆွန်း နှစ်ယောက်သည် တံခါးကို ကန်ဖွင့်၍ ဝင်လာခဲ့ကြ၏။ အချိန်ကိုက်ပင် ကျင်းတိုင်ရှို့၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင် အစွယ်အပွားတစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ နောက်ထပ် အစွယ်အပွားများစွာ ဆက်တိုက် ထွက်ပေါ်လာသောအခါ ရန်ဖေးနှင့် ပိုင်ရိုတို့မှာ ထိတ်လန့်သွားကြပြီး ကာကွယ်ရန်အတွက် စွမ်းအားများကို စုစည်းလိုက်ကြသည်။ ရန်ဖေး၏ ညာဘက်လက်ရှိ တူမှ တိမ်တိုက်တစ်ခု ပွက်ပွက်ဆူ၍ ထွက်ပေါ်လာ၏။ ပိုင်ရိုကမူ လက်သီးဆုပ်အရွယ်ရှိ အဝါရောင် ရေစက်သုံးစက်ကို ဖန်တီးသူ နည်းစနစ်ဖြင့် ပုံဖော်လိုက်သည်။ ထိုအရာများမှာ အမ်ဘာဝဲလ် မာဒြာများပင် ဖြစ်သည်။

အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ ဝိညာဉ်အကြွင်းအကျန် ဆိုသည်မှာ နောက်ပြောင်နေစရာ ကိစ္စမဟုတ်ပေ။ ယခုအရာမှာ အာ့ချ်ကျောက်တုံးကြောင့် ပိုမို ကြီးမားနေသေးသည်။ အခြားသော အခြေအနေများတွင်ဆိုလျှင် ဤဝိညာဉ်က အဆောက်အအုံကို ဖျက်ဆီးမပစ်နိုင်ရန် အီသန်နှင့် နာရူကွေ့တို့ နှစ်ယောက်ပေါင်း၍ စွမ်းအားများကို ထုတ်သုံးရမည် ဖြစ်သည်။

သို့သော် ယခုမူ အီသန်သည် လှည့်ပင် မကြည့်ဘဲ လင်းတုန်းကိုသာ စိုက်ကြည့်နေ၏။ နာရူကွေ့ကလည်း မီးခိုးရောင် သလင်းကျောက် အာ့ချ်ကျောက်တုံးကို သူ၏ သံချပ်ကာထဲသို့ ထိုးထည့်လိုက်ပြီး ဝိညာဉ်အကြွင်းအကျန်ကို အာရုံမစိုက်တော့ပေ။ သူ သိနေခဲ့သည်။

ထို အစစ်အမှန် ရွှေအဆင့် နှစ်ယောက်မှာမူ တိုက်ပွဲဝင်ရန် ပြေးလာကြလေသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် ရေဘဝဲလက်တံများစွာက ကျင်းတိုင်ရှို့၏ အလောင်းဘေးရှိ မြေကြီးကို တွန်းကန်လိုက်ကြ၏။ ထို့နောက် သူ၏ ရင်ဘတ်ထဲမှ ဝိညာဉ်အကြွင်းအကျန်၏ ပင်မခန္ဓာကိုယ်ကြီးကို ဆွဲထုတ်လိုက်ကြသည်။

၎င်းသည် ပင်လယ်အောက်ခြေတွင် နေထိုင်သည့် သတ္တဝါတစ်ကောင်ကဲ့သို့ ဖောင်းကားပြီး အရောင်အဆင်း ဖျော့တော့နေသည်။ သို့သော် ချက်ချင်းပင် ထိုအရာကြီးမှာ ပြိုကွဲသွားခဲ့လေသည်။

စိုစွတ်ပြီး ချောကျိကျိနိုင်သော မာဒြာ အတုံးအခဲများမှာ မြေပြင်ပေါ်သို့ ကျလာပြီး ချက်ချင်းပင် အနှစ်သာရများအဖြစ် အရည်ပျော်သွားကြ၏။ ရေဘဝဲလက်တံများမှာလည်း မြေပြင်ပေါ်တွင် လူးလွန့်ကာ တုန်ယင်သွားပြီးနောက် ပျောက်ကွယ်သွားကြသည်။ ကျင်းတိုင်ရှို့၏ ဝိညာဉ်အကြွင်းအကျန် ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် လေထဲတွင် တွဲလွဲခိုနေသော အဖြူရောင် ဖုန်မှုန့်တိမ်တိုက် တစ်ခုမှလွဲ၍ ဘာမျှ မကျန်တော့ချေ။

အာ့ချ်ကျောက်တုံး သည် ယနေ့ ပြသခဲ့သည်ထက် ပိုမိုများပြားသော စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိသည်။ သို့သော် ၎င်းကို အသုံးပြုသူ၌မူ ကန့်သတ်ချက်များ ရှိနေလေသည်။ ကျင်းတိုင်ရှို့သည် မိမိ၏ လုံခြုံရေးကို ဂရုမစိုက်ဘဲ တတ်နိုင်သမျှ အရာအားလုံးကို ဆွဲယူခဲ့သည်။ သူသည် မိမိ ဝိညာဉ်၏ အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့သောကြောင့် သူ၏ မာဒြာများမှာ ဝိညာဉ်အကြွင်းအကျန် တစ်ခုလုံးကို ဖွဲ့စည်းနိုင်လောက်အောင် တည်ငြိမ်မှု မရှိတော့ပေ။ အကယ်၍ ဝိညာဉ် ပြိုကွဲနေလျက်နှင့် အသက်နည်းနည်းပိုရှည်ခဲ့ပါက သူ၏ အမြုတေမှာ အပြီးတိုင် ကြေမွသွားပြီး ဝိညာဉ်အကြွင်းအကျန် ဆိုသည်မှာ လုံးဝ ဖြစ်တည်လာမည် မဟုတ်ချေ။

အသက်ရှင်ကျန်ရစ်သော အဆင့်နိမ့် အရှင်သခင် နှစ်ယောက်ကမူ မည်သို့ ဖြစ်လာမည်ကို နားလည်ထားကြသော်လည်း ကျန်သူများတွင် လုံလောက်သော အတွေ့အကြုံ မရှိကြပေ။ ပိုင်ရို၏ အဝါရောင် မျက်လုံးများမှာ ပြူးကျယ်နေပြီး အီသန် ဘာလုပ်လိုက်သလဲဟု တွေးတောနေဟန်ဖြင့် စိုက်ကြည့်နေသည်။ ရန်ဖေးက သူမ၏ တူကို ခါးတွင် ပြန်ချိတ်လိုက်သော်လည်း သူမ၏ မျက်ခုံးများမှာမူ နားမလည်နိုင်မှုကြောင့် တွန့်ချိုးနေဆဲပင်။

အီသန်က သူ၏ ခေါင်းကို နာရူကွေ့ဘက်သို့ စောင်းလိုက်၏။

"ဝင်္ကပါထဲကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဝင်သွားရတယ်ဆိုတော့ သူ တော်တော်လေး အသည်းအသန် ဖြစ်နေခဲ့ပုံရတယ်..."

"သူ ရဲရဲဝင့်ဝင့် သေဆုံးသွားသင့်တာ..."

စကိုင်းဆွန်း တပ်မှူးက အော်ဟစ်လိုက်သည်။ သူက ညစ်ပတ်နေသော သူ့ ဆံပင်များကို ကြမ်းတမ်းစွာ ကုတ်ဖဲ့လိုက်၏။

"ဒါက ဘာဆိုတာ မင်း သိလား... နေပါဦး မင်း သိနေမှာပါ... သေချာပေါက် သိနေမှာပါပဲ..."

"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူက ငါတို့အားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့လိုက်တာပဲ... သွေးစွန်း ဖီးနစ်ရဲ့ အာရုံစိုက်မှုကိုသာ ငါတို့ ရသွားခဲ့ရင် သွေးနီလဂိုဏ်းက တစ်ပတ်အတွင်း ရောက်လာလိမ့်မယ်..."

"ဒါက အကောင်းဆုံး အခြေအနေပဲ ရှိသေးတာ..."

နာရူကွေ့က ကျင်းတိုင်ရှို့၏ အလောင်းကို ကန်ပစ်ချင်နေသည့် အမူအရာဖြင့် ပြောလိုက်၏။

"တကယ်လို့များ တိုက်တန် ဒါမှမဟုတ် နဂါးသာ အရိပ်အယောင်လေး ရသွားခဲ့ရင် ငါတို့ရဲ့ အသက်တွေက ဧကရာဇ်တွေရဲ့ သဘောဆန္ဒအပေါ်မှာပဲ မူတည်နေတော့မယ်..."

"ငိုကြွေးနေသော နဂါး ကို မနှစ်ကမှ ရေခဲပန်း တိုက်ကြီးမှာ တွေ့ခဲ့ရတာပဲ... ဒီဘက်ကို ရောက်လာစရာ အကြောင်းအရင်းမှ မရှိတာ..."

အီသန်က ပြောလိုက်သည်။

နာရူကွေ့၏ အသွင်အပြင်မှာ သုံးညဆက်တိုက် အိပ်ရေးပျက်ထားပြီး နောက်ထပ် သုံးည ထပ်မံ ကြုံတွေ့ရတော့မည့်သူ တစ်ယောက်နှင့် တူနေလေသည်။

"ဒီလိုနေ့မျိုးကို ကြုံရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး... ဧကရာဇ်ဆီကို ငါ သတင်းပို့ပေးမယ်... ဒါပေမဲ့ တကယ်လို့ သွေးနီလ ဂိုဏ်းသာ ဆိုရင်တော့ သူက ငါတို့အားလုံးကို လိုအပ်လိမ့်မယ်... ဒီတစ်ကြိမ်တော့ မင်းရဲ့ တာဝန်ကို မင်း ထမ်းဆောင်ရလိမ့်မယ် အာရီလီယပ်..."

အီသန်သည် ရင်ဘတ်ပေါ်သို့ လက်တင်လိုက်ပြီး နာရူကွေ့က သူ့ကို ဒဏ်ရာရစေခဲ့သကဲ့သို့ ယိုင်နဲ့နဲ့ ဖြစ်သွား၏။

"ချစ်မြတ်နိုးရတဲ့ အင်ပါယာကြီးအတွက် ငါ့ရဲ့တာဝန်ကို မထမ်းဆောင်ဘူးလို့ မင်းက ဘယ်လိုများ စွပ်စွဲရက်တာလဲ..."

စကိုင်းဆွန်း တပ်မှူးမှာမူ နောက်ပြောင်ချင်စိတ် ရှိမနေပုံရသည်။ သူ၏ မေးရိုးများ စေ့သွားကာ လက်နှင့် ခြေထောက်ရှိ ကြွက်သားများ တင်းမာလာပြီး မာဒြာများက သူ၏ ဝိညာဉ်အတွင်း၌ လှည့်ပတ်နေကြ၏။ သူသည် အီသန်အား နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း၏ အကျိုးအပြစ်များကို ချိန်ဆနေပုံရလေသည်။

အီသန်က သူ၏ လက်များကို မြှောက်လိုက်သည်။

"အဲဒီလိုတွေ လုပ်နေစရာ မလိုပါဘူး ငါ တောင်းပန်ပါတယ်... ဒီအခြေအနေရဲ့ ကြီးလေးမှုကို ငါ သဘောပေါက်ပါတယ်..."

နာရူကွေ့၏ အကြည့်များက အေးစက်နေဆဲဖြစ်ပြီး သူ၏ မာဒြာများကလည်း ဆက်လက် လည်ပတ်နေ၏။ အီသန်သည် မျက်လုံးလှန်ပစ်ချင်သည့် ဆန္ဒကို အောင့်အည်းထားလိုက်ရသည်။ ဖြစ်လာနိုင်ချေရှိသော မိစ္ဆာနတ်ဘုရား တိုက်ခိုက်မှုများ မတိုင်မီတွင် တပ်မှူးက သူ့ကို သတ်ပစ်မည် မဟုတ်ပေ။ ဤသည်မှာ ဒေါသများ ပေါက်ကွဲထွက်လာခြင်းမျှသာ ဖြစ်ပြီး အီသန်အနေဖြင့် မကြာခဏ မြင်တွေ့နေကျ ဖြစ်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်အနေဖြင့် မိမိ၏ ခံစားချက်များကို ဤသည်ထက်ပို၍ ထိန်းချုပ်နိုင်သင့်ပေသည်။

အကယ်၍ နောက်ထပ် တိုက်ပွဲတစ်ခုသာ ဖြစ်လာခဲ့ပါက အီသန်အတွက် အခြေအနေ ကောင်းမည်မဟုတ်ချေ။ နာရူကွေ့၏ အုပ်ချုပ်သူ နည်းစနစ်များကို ချိုးဖျက်ရန်အတွက် အဓိပ္ပါယ်မဲ့လှသော မာဒြာပမာဏများကို သူ အလဟဿ သုံးစွဲခဲ့ရသည်။ ထို့အပြင် အာ့ချ်ကျောက်တုံး ကလည်း သူ့ထံမှ စွမ်းအင်များကို ပိုမို စုပ်ယူသွားခဲ့သေး၏။ ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း ဘီး ကျင့်စဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း သူ၏ အမြုတေမှာ ခမ်းခြောက်လုနီးပါး ဖြစ်နေချေပြီ။ သူသည် ဤနေရာတွင် နောက်ထပ် တိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်စွမ်း မရှိတော့ပေ။

နောက်ဆုံးတွင်တော့ မမျှော်လင့်ထားသော ထောင့်တစ်နေရာမှ အကူအညီ ရောက်လာခဲ့သည်။ ကျင်းလုံက ခေါင်းကိုမော့ကာ အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်၏။

"ကျေးဇူးပြုပြီး သူ့ကို ကယ်ပါဦး..."

အီသန်သည် ကျင်းချန်၏ ဝိညာဉ်အတွင်းသို့ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ဆယ်လ်ဗန် မြစ်မျိုးစေ့ ၏ အထိအတွေ့ကြောင့် သူမ၏ မာဒြာ သွေးကြောများမှာ ဟန်ချက်ညီသွားပြီး သန့်စင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာသာ မရှိခဲ့လျှင် သူမသည် မာဒြာများကို ထိန်းချုပ်နိုင်စွမ်းမဲ့ကာ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ယခုအခြေအနေတွင်မူ သူမသည် ခက်ခက်ခဲခဲ တောင့်ခံထားရဆဲပင်။ အရာဝတ္ထုများ အပြည့်အသိပ် ထည့်ထားသော အိတ်တစ်လုံးက ချုပ်ရိုးများ ပြုတ်ထွက်လုနီးပါး ဖြစ်နေသော်လည်း ပေါက်ထွက်သွားမည့် အန္တရာယ်မျိုး မရှိတော့သည့် အနေအထားမျိုး ဖြစ်သည်။

"ကံမကောင်းစွာနဲ့ပဲ သူ့အတွက် ငါတို့ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး..."

****

All Chapters