← Chapters

အခန်း ၂၉၁

Vol. 21 Ch. 291

အခန်း ၂၉၁

Vol. 21 Ch. 291

အပိုင်း(၂၉၁)

“သတိထား...”

ယီရင်သည် သွေးအရိပ်ကို ဆွဲငင်ထားရင်းကပင် သူ့ကို သတိပေး အော်ဟစ်လိုက်သည်။ ကပ်ဆီးယပ်စ်သည် ခလုတ်ခုံနှင့် ဝေးရာသို့ ဆောင့်ကန်လိုက်ရာ ငွေရောင် အလင်းတန်းတစ်ခုက ကြမ်းပြင်ပေါ်တွင် အပေါက်တစ်ခု ဖြစ်သွားစေ၏။ ငွေရောင် ခြေလှမ်း နည်းစနစ်က သူ့ကို အလွန် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ခေါ်ဆောင်သွားသဖြင့် သူသည် ပျောက်ကွယ်သွားပြီး သူ၏ ပြိုင်ဘက် အနောက်တွင် ပြန်လည် ပေါ်လာသည်။ သူသည် သူ၏ လက်ကို နောက်သို့ ခုတ်ပိုင်းလိုက်ရာ ငွေရောင် အလင်းတန်းများ တန်းသွားပြီး သွေးမိစ္ဆာ ၏ ခေါင်းကို ဖြတ်သန်းသွားလေသည်။

၎င်း၏ ခေါင်းမှာ ပေါက်ကွဲကွဲထွက်သွားသော်လည်း ၎င်းကို အချွဲအကျိများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းသည် သူ့ထံသို့ ကပ်တွယ်သွားပြီး သူ၏ ပခုံးနှစ်ဖက်နှင့် ရင်ဘတ်တို့ကို ဖက်တွယ်ထားလိုက်၏။

သွေးမိစ္ဆာ တိုင်းသည် တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။ သို့သော် ဤအကောင်ကိုမူ သူမ၏ မာဒြာ များ စားသုံးထားသော အရိပ်က ပျိုးထောင်ပေးထားခြင်း ဖြစ်သည်။ နောက်ထပ် ဘာဖြစ်လာမည်ကို သူမ သိထားသော်လည်း ၎င်း၏ မြန်ဆန်မှုက သူမကို အငိုက်မိသွားစေဆဲပင်။

၎င်းသည် သင်တုန်းဓားများ ပေါက်ထွက်လာသည့်အလား ဓားသွားတောအုပ်ကြီး တစ်ခုအဖြစ် ထက်မြက်လာလေသည်။

ကပ်ဆီးယပ်စ် ထံမှ ညည်းတွားသံ တစ်ခု ထွက်ပေါ်လာပြီး ခဏအတွင်းမှာပင် သူ၏ ကိုယ်ပိုင် သွေးများဖြင့် ရွှဲနစ်သွား၏။ သွေးမိစ္ဆာ သည် ၎င်း၏ စွမ်းအားများကို နည်းစနစ်အတွင်းသို့ လောင်းထည့်လိုက်သဖြင့် ပျော်ဝင်သွားခဲ့သော်လည်း ဒဏ်ရာများမှာမူ ကျန်ရစ်ခဲ့သည်။ သူ၏ အင်္ကျီမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး ရင်ဘတ်ပေါ်တွင် သွေးကွက်တစ်ခု ဖြည်းညင်းစွာ ပြန့်နှံ့လာလေသည်။ ဒဏ်ရာရနေသော သူ၏ ဦးရေပြားမှ သွေးများ ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းလာပြီး မျက်လုံးများကို ဖုံးလွှမ်းသွားသော်လည်း သူက ယိုင်နဲ့နဲ့ ရပ်နေဆဲပင်။

သူသည် ပြတင်းပေါက်ဆီသို့ မော့ကြည့်လိုက်ရာ သူ၏ အမြင်အာရုံထဲတွင် တောင်ပေါ်မှ ဘုရားကျောင်းကြီးမှာ ကြီးမားလာလေပြီ။ သူသည် ခလုတ်ခုံဆီသို့ ယိုင်နဲ့နဲ့ လျှောက်သွားလိုက်ပြီး သွေးပေနေသော လက်ရာတစ်ခုကို ချန်ရစ်ကာ သင်္ဘော၏ ပျံသန်းမှုကို တည့်မတ်ရန် စတင် လုပ်ဆောင်လိုက်၏။

အပြစ်ရှိသလို ခံစားချက်က ယီရင်၏ ရင်ကို ညှစ်လာခဲ့သည်။ ဤသည်မှာ သူမ၏ အမှားပင် ဖြစ်သည်။

သို့သော် မဖြစ်သေးပေ။ သူမ အာရုံစိုက်ထားရမည်။ အကယ်၍ သွေးအရိပ် ကို သူမ၏ ဝိညာဉ် အား လွှမ်းမိုးခွင့် ပေးလိုက်ပါက အခြေအနေများ ပိုဆိုးသွားလိမ့်မည် ဖြစ်၏။

သူမသည် ကပ်ပါးကောင် ကို ရုပ်ပိုင်းဆိုင်ရာအရရော ဝိညာဉ်ပိုင်းဆိုင်ရာအရပါ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သို့သော် ၎င်းက ကပ်ဆီးယပ်စ် ၏ ဒဏ်ရာများကို... သို့မဟုတ် သွေး အော်ရာ ကို အာရုံခံမိသွားပုံ ရလေသည်။

၎င်းသည် သူ့ ထံသို့ ရုတ်တရက် ပြေးဝင်သွားပြီး သင်တုန်းဓားသွားများ ပါရှိသော သံတင်းပုတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ နောက်ကျောကို ရိုက်ချလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူမက သတိပေး အော်ဟစ်နိုင်ခဲ့သည်။

သူသည် ငွေရောင် အလင်းတန်းများ ပြည့်နှက်နေသော လက်နှစ်ဖက်ကို မြှောက်လျက် လှည့်လာပြီး ဓား မာဒြာ လှံစွန်းများဖြင့် ရှေ့သို့ ထိုးနှက်လိုက်သည်။ ထိုနည်းစနစ်က သွေးအရိပ် အတွင်းသို့ ပေါက်ကွဲဝင်ရောက်သွားပြီး စွမ်းအားများကို နံရံများပေါ်သို့ လွင့်စင်သွားစေကာ ၎င်း၏ လမ်းကြောင်းကို လွှဲဖယ်ပစ်လိုက်၏။ သူသည် ဘေးဘက်သို့ ယိုင်နဲ့နဲ့ ခြေတစ်လှမ်း ဆုတ်လိုက်နိုင်ပြီး ၎င်း၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့လေသည်။

သို့သော် ၎င်းသည် ခလုတ်ခုံကို တည့်တည့်ကြီး ရိုက်မိသွားပြီး တစ်စစီ ပေါက်ကွဲ ထွက်သွားစေခဲ့သည်။

ကပ်ပါးကောင်သည် ကပ်ဆီးယပ်စ် နှင့် ရင်ဆိုင်ရမှုတွင် ၎င်း၏ ခွန်အား အများစုကို ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယီရင်သည် သူမကိုယ်သူမ မတ်တတ်ရပ်နိုင်ရန် ကြိုးစားနိုင်ခဲ့၏...။ သို့သော် သူမ မြင်နိုင်သမျှမှာ ပြတင်းပေါက်ထဲမှ တောင်ကြီးသာ ဖြစ်သည်။ ပို၍ ပို၍ နီးကပ်လာနေလေပြီ။

သွေးအရိပ် သည် အိပ်ပျော်သွားသော အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ၎င်းကိုယ်၎င်း နောက်သို့ ပြန်လည်ရုပ်သိမ်းသွား၏။ ၎င်းသည် သူမ၏ ခါးကိုသာမက ပခုံးများနှင့် တင်ပါးများကိုပါ ဘယ်တော့မှ လွှတ်မပေးတော့မည့်အလား ရစ်ပတ်ထားလေသည်။

သူမ တုန်ယင်သွားသော်လည်း အနည်းဆုံးတော့ ယခုအခါ သူမကိုယ်သူမ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူမ ရှေ့သို့ ပြေးထွက်သွားပြီး ဒဏ်ရာရနေသော ကပ်ဆီးယပ်စ် ကို ဆုပ်ကိုင်လိုက်၏။ သူသည် ခေတ္တမျှ သူမကို ရုန်းကန်နေသေးသော်လည်း အလွန် အားနည်းနေခဲ့လေပြီ။

ယီရင်သည် တံခါးပေါက်မှနေ၍ အပြင်ဘက်သို့ ပြေးထွက်သွား၏။ ထို့နောက် လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ ရင့်မှိုင်းသော အပြာရောင် တိမ်တိုက်ပေါ်သို့ အပြေးအလွှား သွားလိုက်သည်။ သူမသည် အော်သို ထံသို့ လှည့်၍ တစ်ချက်ကြည့်လိုက်သော်လည်း သူသည် သူ၏ အခွံထဲသို့ ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီ ဖြစ်သည်။ ထိုအခွံကြီးက သင်္ဘောပျက်ကျမှုမှ သူ့ကို ကာကွယ်ပေးနိုင်ရန် လုံလောက်လိမ့်မည်ဟု သူမ မျှော်လင့်မိ၏။ လုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ သူမ လုပ်နိုင်သည်က ဘာမျှမရှိတော့ပေ။

သူမသည် မိုင်တစ်ထောင် တိမ်တိုက် ၏ အစွန်းမှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် စောင့်ဆိုင်းရန်အတွက် မိမိကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်၏။ ပျက်စီးတော့မည့် အိမ်ကြီးကို စွန့်ပစ်၍ ယခုချက်ချင်း ခုန်ချရန် သူမ၏ ပင်ကိုယ်အသိစိတ်များက နှိုးဆော်နေကြသည်။ သို့သော် ထိုသို့ခုန်ချလိုက်ပါက ဤမျှမြင့်မားသော နေရာမှ ပြုတ်ကျလာသည့် မည်သည့်အရာမဆိုကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှာလည်း ကြေမွသွားပေလိမ့်မည်။

ဘုရားကျောင်းကြီးက ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သူမသည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ တိုက်ခတ်လာသော လေပြင်းများကို မျက်နှာမူလျက် တည့်တည့် စိုက်ကြည့်နေခဲ့၏။

နောက်ဆုံးတွင်တော့ တောင်၏ အစွန်းက သူမ၏ အောက်ဘက်တည့်တည့်သို့ ရောက်ရှိလာခဲ့လေပြီ။ ထိုအခါ သူမ ခုန်ချလိုက်၏။

ဘယ်ဘက်ပခုံးပေါ်တွင် ကပ်ဆီးယပ်စ် ကို ထမ်းထားလျက် သူမသည် သူမဆရာ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူမ တတ်ကျွမ်းထားသော တစ်ခုတည်းသော ဖန်တီးသူ နည်းစနစ် ဖြင့် လေထုကို ခုတ်ပိုင်းလိုက်၏။ သူမသည် သူတို့၏ အောက်ဘက်တွင် ဓားသွားတစ်ခုကို ပုံဖော်ဖန်တီးလိုက်သည်။ ထိုဓားကို ဘေးတိုက်ကြည့်မည်ဆိုပါက ဖောက်ထွင်းမြင်နိုင်လောက်အောင် ပါးလွှာနေမည် ဖြစ်၏။ သို့သော် သေချာသည်က သူမသည် ဓားသွား၏ အစွန်းပေါ်သို့တော့ မကျရောက်လိုပေ။ ထို့ကြောင့် သူတို့သည် ဓား၏ ပြန့်ပြူးနေသော မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားခဲ့ကြသည်။

သူမ၏ ဆရာသည် ပျံသန်းရန်အတွက် ဤနည်းစနစ်နှင့် ဆင်တူသော နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ဖူးသည်။ ယခုအချိန်တွင် သူမသည် ဆရာလုပ်နိုင်စွမ်း၏ တစ်ဝက်ခန့်ကို လုပ်ဆောင်နိုင်ရန်သာ မျှော်လင့်နေမိ၏။

သို့သော် သူမ မလုပ်နိုင်ခဲ့ချေ။ ဓားမှာ ဖန်ပြားကဲ့သို့ ကွဲကြေသွားခဲ့ပြီး သူတို့သည် ကျောက်ဆောင်ဆီသို့ ပြုတ်ကျသွားကြသည်။ သူတို့၏ ပြုတ်ကျမှု အရှိန်မှာ အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ပေ။

သူမ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားလိုက်သော်လည်း ၎င်းကို ဖောက်ထွက်၍ ကျဆင်းသွားပြန်သည်။ ထို့ကြောင့် တတိယအကြိမ် ထပ်မံကြိုးစားရန် သူမ၏ ဓားကို နောက်သို့ ဆွဲယူလိုက်၏။

သို့သော် သူတို့ ကျောက်ဆောင်နှင့် ရိုက်မိသွားခဲ့ပြီ ဖြစ်သည်။

သူမသည် ခြေလက်များကို အာရုံမခံစားရတော့ချေ။ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အအေးဓာတ်တစ်ခုက သူမကို ဖြတ်သန်းသွားပြီး သူမ၏ အမြင်အာရုံ အစွန်းများမှနေ၍ အမှောင်ထုက ဖုံးလွှမ်းလာလေသည်။ အနီးအနားမှ ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အိမ်ကြီး ပျက်ကျသွားသော အသံဖြစ်မည်ဟု သူမ၏ စိတ်တစ်ပိုင်းက ခန့်မှန်းမိလိုက်၏။

သတိမလစ်သွားမီလေးတွင် သူမ အာရုံခံစားနိုင်သေးသော အရာတစ်ခု ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။ ၎င်းမှာ သွေးရောင်လွှမ်းနေသော နေမင်းကြီး တစ်စင်းကဲ့သို့ သူမ၏ နောက်ကွယ်မှ ထွက်ပေါ်လာသော စွမ်းအားပင် ဖြစ်၏။ ထိုအရာက ပိုမို နီးကပ်လာနေလေပြီ။

တစ်စုံတစ်ခုက ချဉ်းကပ်လာနေသည်။ ထိုအရာက သူမ၏ သွေးအရိပ် ကို ခွန်အားများ ပေးအပ်ခဲ့ခြင်းပင် ဖြစ်လေသည်။

...

ပိုင်ရင်...

ပိုင်ရင်သည် ကမ္ဘာကြီးက သူ့ကို မော့ကြည့်လာစေရန်အတွက် စကိုင်းဆွန်း အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ စကိုင်းဆွန်း တို့၏ အစိမ်းရောင် သံချပ်ကာသည် မဟူရာ မီးတောက် အင်ပါယာ တွင် လူလေးစားမှု အခံရဆုံးသော ဝတ်စုံများထဲတွင် ပါဝင်သည်သာမက ပျံသန်းနိုင်သည့် အခွင့်အရေးကိုပါ ရရှိစေသည်။ သူ ပျံသန်းသွားသောအခါ လူများက အောက်မှနေ၍ မနာလို ငေးမောကြည့်ရှုတတ်ကြ၏။ ယနေ့တိုင်အောင် ထိုအရာက သူ၏ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူ မှတ်ယူထားခဲ့သည်။

ယခုအခါတွင်မူ ၎င်းသည် သူချမှတ်ခဲ့ဖူးသမျှထဲတွင် အဆိုးရွားဆုံးနှင့် နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သွားနိုင်သည်ဟု သူ တွေးနေမိလေပြီ။

သူ တာဝန်ကျရာ နောက်ဆုံးသော သစ်ရွက် ခံတပ် သို့ သေမင်းက ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူသည် အင်ပါယာ ၏ တောင်ဘက် နယ်စပ်ကို စုံစမ်းစစ်ဆေးနေခြင်းမျှသာ ဖြစ်၏။ ၎င်းမှာ ပုံမှန် စစ်ဆေးမှုတစ်ခုသာ ဖြစ်ပြီး နောက်ဆုံးသော သစ်ရွက်ရှိ ကျင့်ကြံသူ များက သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးကဲ့သို့ ကြိုဆိုခဲ့ကြသည်။ သူသည် ပြီးခဲ့သော သုံးပတ်တာ ကာလကို တောင်ဘက် တောအုပ်မှ ထွက်ရှိသော ဒေသထွက်ကုန်များကို သုံးဆောင်ရင်း အချိန်ဖြုန်းနေခဲ့ပြီး ထိုသို့ လည်ပတ်ခွင့်ရသည်ကိုပင် ဂုဏ်ယူနေခဲ့သေးသည်။

ယခုမူ... အကြောင်းတစ်ခုခုကြောင့် နေမင်းကြီးမှာ အနီရောင် စွန်းထင်းနေခဲ့လေပြီ။ သူသည် သူ၏ ကိုယ်ပိုင် မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် ရပ်လျက် အောက်ဘက်ရှိ ခံတပ်ကြီး တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေမိ၏။ လေထုထဲတွင် သွေး အော်ရာ များ ပြည့်နှက်နေသောကြောင့် သူ၏ ကြေးအဆင့် အမြင် ကို ပိတ်ထားလိုက်ရသည်။ အကယ်၍သာ သူ၏ ဝိညာဉ်အာရုံ ကို ရုပ်သိမ်းမထားပါက သူ စားထားသမျှကို အန်ထုတ်မိတော့မည် ဖြစ်သည်။

ခံတပ်ကြီးမှာ အလွန် ကျယ်ဝန်းလှသော အဆောက်အအုံစုကြီး ဖြစ်ပြီး အမြင့်ထက် အကျယ်က ပို၍ ကြီးမားသည်။ သစ်ပင်တစ်ပင်၏ သက်တမ်း အရစ်များကဲ့သို့ အလွှာလိုက် ဖြန့်ကျက်တည်ရှိနေ၏။ အလွှာတိုင်းတွင် တံတိုင်းများ ကာရံထားပြီး အစွမ်းအထက်ဆုံး ကျင့်ကြံသူ များက ခံတပ်၏ အလယ်ဗဟို၌ နေထိုင်ကြသည်။

ဤကျောင်းတော်၏ ကျင့်ကြံခြင်း နည်းလမ်းဖြစ်သော နောက်ဆုံး သစ်ရွက် လမ်းစဉ် သည် သစ်ပင်များကို အသက်အန္တရာယ် ပေးနိုင်သော လက်နက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ အော်ရာများကို လှည့်ပတ်ရန် ရည်ရွယ်ချက်ဖြင့် နွယ်ပင်များနှင့် သစ်ပင်များကို ခံတပ်အတွင်းရှိ အလွှာတိုင်း၌ အစက်အပြောက်များသဖွယ် စိုက်ပျိုးထား၏။ အထဲဆုံးအလွှာဆိုလျှင် တောအုပ်တစ်ခုလိုပင် ဖြစ်နေလေပြီ။

ပုံမှန်အားဖြင့်ဆိုလျှင် ခံတပ်တစ်ခုလုံးတွင် ကျောင်းသားများနှင့် ကျွမ်းကျင်သူများ သွားလာလှုပ်ရှားနေကြပြီး တံတိုင်းများကြား ဖြတ်သန်းကာ လုပ်ငန်းဆောင်တာ ထောင်ပေါင်းများစွာကို လုပ်ဆောင်နေကြသည့် သဘာဝကျသော မြင်ကွင်းတစ်ခု ရှိပေမည်။ ၎င်းမှာ စောင့်ကြည့်ရသည်မှာ စိတ်အေးချမ်းစရာ ကောင်းလှသည်။

ယနေ့တွင်မူ ထိုအရာက ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို မြင်ကွင်းကြီး တစ်ခု ဖြစ်နေလေပြီ။

သူ၏ အောက်ဘက်တွင် နောက်ဆုံးသစ်ရွက် ကျောင်းတော်မှ ကျင့်ကြံသူ များသည် မျှော်လင့်ချက်မဲ့စွာဖြင့် အုပ်စုငယ်လေးများ ဖွဲ့ကာ ရန်သူ့တပ်ကြီးကို ခုခံတိုက်ခိုက်နေကြသည်။ ထိုရန်သူများမှာ ဝိညာဉ်အကြွင်းအကျန် များ မဟုတ်သလို အထွတ်အမြတ် သားရဲ များလည်း မဟုတ်ပေ။ မှော်ပစ္စည်း တွေများလား။ သူ သေချာပေါက် မသိနိုင်ချေ။

သူကတော့ ၎င်းတို့ကို မိစ္ဆာများဟုသာ ခေါ်ဆိုရပေမည်။

သွေးမှ ပေါက်ဖွားလာသော သွေးသတ္တဝါများပင် ဖြစ်သည်။ ဒဏ်ရာတစ်ခု ရသွားတိုင်း နောက်ထပ် တစ်ကောင် ထပ်မံ ထွက်ပေါ်လာ၏။ မျက်နှာမပါဘဲ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေသော ထိုသတ္တဝါများသည် အခြား ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ရန်အတွက် မိမိကိုယ်ကို စတေးကြလေသည်။ ၎င်းတို့သည် နောက်ဆုံးသစ်ရွက် ကျင့်ကြံသူ တစ်ယောက်၏ အပေါ်သို့ ခုန်အုပ်ကပ်တွယ်သွားပြီးနောက် နီရဲသော နွယ်ပင်ထောင်ပေါင်းများစွာအဖြစ် ကွဲထွက်သွားကြသည်။ ထို့နောက် ထိုအမျိုးသား သို့မဟုတ် အမျိုးသမီးကို သေဆုံးသည်အထိ လည်ပင်းညှစ်သတ်ကြလေသည်။

ထိုအရာက နောက်ဆုံး သစ်ရွက် လမ်းစဉ် ၏ နည်းစနစ်တစ်ခုနှင့် အနှောင့်အယှက်ဖြစ်လောက်အောင် ဆင်တူနေသည်။ ထိုသွေးသတ္တဝါများသည် သူတို့သတ်ဖြတ်ခဲ့သူများ၏ ကျင့်ကြံခြင်းစွမ်းရည်များကို အသုံးပြုနေသကဲ့သို့ပင်။ သို့တည်းမဟုတ် ၎င်းတို့ ပေါက်ဖွားလာချိန်တွင် သွေးများထဲမှ ကျင့်ကြံခြင်းစွမ်းရည်များကို ယူဆောင်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

***

All Chapters