အခန်း ၂၅၉၂
Vol. 186 Ch. 2592
အပိုင်း(၂၅၉၂)
"ဘာလို့လဲဆိုတော့ ငါ ယုံကြည်လို့ပဲ..."
ပါခက်၏ နှလုံးသားသည် သူမ၏ ရင်ဘတ်ထဲတွင် အပြင်းအထန် တုန်ခါသွားခဲ့လေသည်။ ၎င်းမှာ ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီးတစ်ခွင်တွင် ပြိုင်ဘက်ကင်းသော အာဏာရှင်ဆန်မှု အဆင့်တစ်ခု ပါဝင်နေလေသည်။ လောကကြီး၊ အချိန်နှင့် အသက်ရှင်ခြင်း သံသရာစက်ဝန်းကိုယ်တိုင်ကို အဘယ်ကြောင့် ဖီဆန်ခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ တန်ဖိုးရှိသည်ဟု သူ ယုံကြည်သောကြောင့်ပင် ဖြစ်သည်။
သူမေက မေးခွန်းတစ်ခု မေးရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူမကိုယ်သူမ ရပ်တန့်လိုက်သည်။ သူမထံမှ ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျ တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရသည်။
ဝေ့ဝူယင်သည် သူမကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ့ အပေါ် သူမ၏ စိတ်ဝင်စားမှုများက ဘယ်အချိန်ကတည်းက ပြောင်းလဲသွားခဲ့သနည်း။ သူ၏ အဂ္ဂိရတ် သူရဲကောင်း သည် ယခုအခါ အဘယ်ကြောင့် ဤမျှ မသေချာမရေရာသော ခံစားချက်များကို ဖြစ်ပေါ်လာရသနည်း။ သူ နားမလည်နိုင်အောင် ဖြစ်နေမိ၏။
ယခင်က ပါခက်သည် သူ၏ ဆွဲဆောင်မှုနှင့် အဆင့်အတန်းအပေါ် လျစ်လျူရှုထားခဲ့လေသည်။ သူမသည် မည်သည့် စိတ်ဝင်စားမှုမျိုးကိုမျှ အရိပ်အမြွက်ပင် မပြခဲ့ဘဲ သူမ၏ တာဝန်ကို အပြစ်အနာအဆာကင်းစွာ ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းထားခဲ့၏။ ထိုကဲ့သို့ စိတ်ဝင်စားမှု ကင်းမဲ့နေခြင်းကပင် သူမကို အဂ္ဂိရတ် သူရဲကောင်း အဖြစ် ခန့်အပ်ရန် သူ ဆုံးဖြတ်ခဲ့ရသည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့လေသည်။ ၎င်းမှာ သိပ်တော့ အရေးမကြီးလှပေ။ သို့သော် အကယ်၍ သူ၏ ရုတ်တရက် အသက် အဆုံးသတ်သွားခဲ့ပါက သူ၏ အမွေအနှစ်များကို ကာကွယ်ရန် တာဝန်ပေးအပ်ထားသော သူ၏ မိန်းမများလည်းဖြစ်၊ စစ်သည်တော်များလည်းဖြစ်သည့် ဗာကီရီ များ ရှိနေပြီးသား ဖြစ်သည်။ ရန်ကျူးကိုလည်း ထိုနေရာ၌ပင် ထားရှိရန် သူ ရည်ရွယ်ထားခဲ့လေသည်။
အထွတ်အထိပ် သေဆုံးခြင်း၏ အာရုဏ်တက်ချိန်နေ့ ကြောင့်လော။ သို့မဟုတ်... အန္တရာယ်များသည့် စွန့်စားမှုတစ်ခုအတွက် သူမကို စိတ်နှလုံးအပြည့်နဲ့ ယုံကြည်ပေးခဲ့သည့် လုပ်ရပ်ကြောင့်များလော။ သူ အဖြေရှာမရခဲ့ပေ။ အပေါ်ယံ စိတ်ခံစားမှု အတက်အကျများကို အာရုံခံမိခြင်းမှလွဲ၍ သူနှင့် နီးစပ်သူများ၏ လျှို့ဝှက်သော အတွေးများထဲသို့ ဝင်ရောက်စူးစမ်းရန် သူ ငြင်းဆန်ထားခဲ့လေသည်။ သူ၏ အခြားသော ကိုယ်ပွားတစ်ခုဆိုလျှင်တော့ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် သူကတော့ ယုံကြည်မှု၏ နယ်နိမိတ်ကို ချိုးဖောက်ပြီး ထိုသို့ လုံးဝ မလုပ်ဆောင်နိုင်ချေ။ မေ့မေ့ပဲဖြစ်ဖြစ်၊ ပါခက်ပဲဖြစ်ဖြစ် သူ ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။
ပါခက်၏ မျက်လုံးများ ပင့်တက်လာကာ သူ၏ မျက်လုံးများနှင့် ဆုံတွေ့သွားလေသည်။ ထိုအဖြေက နှလုံးသားကို ပိတ်ဆို့ထားသော ဆည်တစ်ခုကို တူတစ်လက်ဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားစေကာ ၎င်းကို ရိုက်ချိုးလုမတတ် ဖြစ်သွားစေပြီး စိတ်ခံစားချက်များကို လျှံကျလာစေခဲ့၏။ သူမသည် တဖြည်းဖြည်း မတ်တတ်ရပ်လိုက်လေသည်။
"ဘယ်လိုနေသေးလဲ..."
ဝေ့ဝူယင်က မေးလိုက်သည်။
"ကျန်းကျန်းမာမာပါပဲ... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပါပြီ..."
ပါခက်သည် သူမ၏ ရှုပ်ပွနေသော ဆံပင်များကို တဖြည်းဖြည်း သပ်တင်ရင်း မြင်းမြီးပုံစံ စည်းနှောင်ကာ ပြန်ဖြေလိုက်သည်။
"အလုပ်ဖြစ်သွားပြီပဲ..."
မားဂတ်က အောင်ပွဲခံလိုက်သည်။
"အစီအရင်ရဲ့ အခြေခံအုတ်မြစ်က အလုပ်ဖြစ်တယ်ဟ... တွေ့လား... အလုပ်ဖြစ်တယ်ကွ..."
မားဂတ်သည် စိတ်လှုပ်ရှားလွန်းနေသော ပညာရှင်တစ်ဦးကဲ့သို့ ခုန်ပေါက်နေပြီး အိုရီကလည်း ၎င်း၏ ဘေးတွင် စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေလေသည်။ ထိုနှစ်ဦး၏ စွမ်းအင်များမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကမောက်ကမ ဖြစ်နေကြလေသည်။
ဝေ့ဝူယင်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။
...
ထိုစဉ်...
အရာအားလုံးကို အဝေးမှ စောင့်ကြည့်နေသော လူအိုကြီး ဖူရှီသည် အခြားသော မရေမတွက်နိုင်သည့် အချိန်စီးကြောင်းများကြားမှ စီးဆင်းနေသော တစ်ခုတည်းသော အချိန်စီးကြောင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့လေသည်။
အချို့မှာ မှေးမှိန်နေပြီး အချို့မှာမူ အချိန်မတိုင်မီ အဆုံးသတ်သွားကာ အခြားအရာများနှင့် ပေါင်းစပ်သွားခြင်း သို့မဟုတ် ထာဝရ ရပ်တန့်သွားခြင်းများ ရှိနေခဲ့သည်။ ဤထူးခြားသော အချိန်ရေစီးကြောင်းတွင် အခြားသော စီးကြောင်း နှစ်ခုက တစ်ချိန်တည်းမှာပင် ၎င်းနှင့် ပေါင်းစပ်နေပြီး တစ်စုံတစ်ရာကြောင့် အချိန်မတိုင်မီ အဆုံးသတ်သွားခဲ့လေသည်။ သို့ရာတွင် ၎င်း၏ အရှည်ကို ကြည့်လိုက်ပါက ၎င်းမှ ဖန်တီးထားသော အကိုင်းအခက် များစွာရှိနေပြီး ၎င်းတို့ဘာသာ သီးခြားတည်ရှိနေကာ အခြားသော စီးကြောင်းများကိုပါ ဖြစ်ပေါ်စေခဲ့၏။ ထိုအရာများထဲမှ အများစုမှာ အချိန်တိုအတွင်းမှာပင် ရုတ်တရက် အဆုံးသတ်သွားခဲ့ကြသည်။
ဤစီးကြောင်းနှင့်အတူ ရှင်သန်ကြီးထွားနေသော အကိုင်းအခက် သုံးခုသာ ရှိပြီး ၎င်းတို့အားလုံးမှာ မူလအစတစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
"ဒီလူငယ်လေးက... တာအိုတွေရဲ့ မျက်လုံးကို ရှောင်လွှဲနိုင်တဲ့ နည်းလမ်းတစ်ခုကို တကယ်ကြီး ဖန်တီးခဲ့တာပဲ... ဘယ်လောက်တောင် ရဲတင်းပြီး ပြင်းထန်တဲ့ လုပ်ရပ်လဲ... ဟားဟား.... မင်း ဘာတွေ ထပ်လုပ်ဦးမလဲ..."
...
"...ဟင်းလင်းပြင်ရဲ့ စွမ်းအားနဲ့ လွှမ်းမိုးမှုကို အသုံးပြုပြီး ကောင်းကင်တာအိုတွေရဲ့ အကြည့်ကို ငါတို့ ရှောင်လွှဲနိုင်တယ်... အခုဆိုရင် ကောင်းချီးခံ ဒါမှမဟုတ် အပြစ်သား တစ်ယောက်အနေနဲ့ ဆိုးကျိုးသက်ရောက်မှု မရှိဘဲ တခြားသူတွေကို လွတ်လွတ်လပ်လပ် စကားပြောနိုင်ပြီ... ဒါနဲ့ဆိုရင် ဒီ အပြစ်သား သွေးမျိုးဆက် ကို အားကိုးစရာမလိုဘဲ အဲဒါကို ငါတို့ လှည့်စားနိုင်လောက်တယ်..."
မားဂတ်ဖန်တီးထားသော အစီအရင်သစ်၏ နက်နဲလှသော အတိမ်အနက်ကို ဧဒင်က ရှင်းပြနေစဉ် မားဂတ်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့လေသည်။
၎င်းကို ဟောကိန်းထုတ်မှုများအား ဆန့်ကျင်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်ပြီး အနာဂတ်တွင် ဆက်လက်ဖွံ့ဖြိုးလာပါက ထိုကောင်းကင် ဟောကိန်းထုတ်သူများကိုပင် ဖုံးကွယ်ရန် သို့မဟုတ် လှည့်စားနိုင်ရန် မျှော်လင့်ရလေသည်။ ညဉ့်လွှမ်းခြုံ ကောင်းကင် ပရောဟိတ်နှင့် တွေ့ဆုံခဲ့ရမှုမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။ ထို့ပြင် ဟောကိန်းများအရ အထွတ်အထိပ် ပုရောဟိတ် သုံးဦးနှင့် ပွတ်တိုက်မှုများမှာလည်း မလွဲမသွေ ပေါက်ကွဲထွက်လာတော့မည် ဖြစ်၏။
ဝေ့ဝူယင်သည် ကောင်းကင်နှင့် ကောင်းကင်တာအိုများအကြောင်းကို ပါခက်အား ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။ တားမြစ်ချက်တစ်ခုဖြစ်သော ကောင်းချီးခံ တစ်ဦးအနေဖြင့် ၎င်း၏ တည်ရှိမှုကို သူ သိရှိကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။ ဤအချက်က ၎င်းမှာ အလုပ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီး အခြားသူများထံသို့ပါ တိုးချဲ့အသုံးပြုနိုင်ကြောင်း သက်သေပြလိုက်လေသည်။
ဤတိုတောင်းလှသော စွန့်စားမှုသည် သူ၏ စိတ်ကူးထဲတွင်ပင် အကြီးမားဆုံးသော အသီးအပွင့်များကို ရရှိစေခဲ့သည့် နှစ်ဆသော စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု ပြောမည်ဆိုလျှင် လွန်အံ့မည် မထင်ချေ။
ထိုအကြောင်းကို စဉ်းစားနေရင်း သူသည် စမ်းသပ်မှုတစ်ခုကို တွေးမိသွား၏။ ထိုအတွေး ပွင့်အာလာသည်နှင့်အမျှ သူ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ကာ အကြံအစည်ကြီးသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ဝေ့ဝူယင် ကိုယ်ပိုင် ထက်မြက်မှုထဲတွင် နစ်မြောမသွားမီ အရပ်ရှည်သော အမျိုးသမီးတစ်ဦးက သူ၏ ရှေ့တွင် ရပ်လာခဲ့သည်။ သူမ၏ ရိုင်းစိုင်းသော၊ ကမ္ဘာဦး အငွေ့အသက်များက ချုပ်တည်းထားလျက်ရှိပြီး နူးညံ့နေသည်ဟုပင် ဆိုနိုင်လေသည်။ သူ၏ အကြည့်များကို ပင့်တင်လိုက်သောအခါ သူမ၏ အကြည့်များနှင့် ဆုံတွေ့သွားပြီး သူမ၏ မျက်လုံးများထဲတွင် အလွန် ရင်းနှီးနေသော အရိပ်အယောင်တစ်ခုက အကြောက်အလန့်ကင်းစွာဖြင့် တောက်ပနေခဲ့၏။
သူမသည် အိပ်မောကျနေသည့် ရန်ကျူး၏ ပတ်ပတ်လည်တွင် အသံတားဆီးသည့် အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်လေသည်။
"မင်း..."
ဝေ့ဝူယင်၏ စကားလုံးများ သူ၏ နှုတ်ခမ်းဖျားမှ ထွက်ခါနီးမှာပင် နူးညံ့မှုတစ်ခုက ၎င်းတို့အပေါ်သို့ ကျဆင်းလာခဲ့လေတော့သည်။
ဆုံးဖြတ်ချက်တစ်ခုက မကြုံစဖူး ကြီးမားလှသော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။ ထိုအရာသည် ပူနွေးသော အသားအရည်၊ ရမ္မက်နှင့် အဆုံးမဲ့သော အပြောင်းအလဲများ ပါဝင်သည့် မုန်တိုင်းတစ်ခု ဖြစ်၏။ ထိုမုန်တိုင်းက အခန်း၊ ကုတင်၊ ကြမ်းပြင်၊ မျက်နှာကြက်နှင့် လေထုတစ်ခွင်လုံးကိုပါ မွှေနှောက်ဖျက်ဆီးပစ်ခဲ့လေသည်။ ထိုမုန်တိုင်း၏ ရိုက်ခတ်မှုကို မခံရသော နေရာဟူ၍ တစ်ခုမျှ မကျန်ရစ်ခဲ့ချေ။
ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းသော သာယာမှု ညည်းတွားသံများသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ ထိုအသံများသည် ပြင်းထန်ပြီး ဝိညာဉ်ကိုပါ ထိုးဖောက်သွားနိုင်စွမ်း ရှိလေသည်။ အလွန်တရာမှ ရှည်လျားလှသော ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့် စိတ်ကူးယဉ်နိုင်သည်ထက် ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုတွင် ပေါင်းဖက်သွားရသည့် ခံစားချက်ကို သူမ ခံစားလိုက်ရသည်။ သူမသည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ စတုတ္ထမြောက် အဂ္ဂိရတ် သူရဲကောင်း ပင် ဖြစ်လေသည်။
ကောင်းကင်ကြီးကဲ့သို့ပင် မည်သူမျှ မအောင်နိုင်ဟု ယုံကြည်ထားခဲ့သော ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ခန္ဓာကိုယ်ကြီးကို အင်ပါယာငယ်လေးက အောင်နိုင်သွားခဲ့လေပြီ။
သူသည် မျှော်လင့်ချက်များအားလုံးကို ဖီဆန်ကာ အသက်ရှူမှားလောက်အောင် ကျေနပ်ဖွယ်ကောင်းသော မှတ်ဉာဏ်များနှင့် မည်သူနှင့်မျှ မယှဉ်သာသော ဖျောက်ဖျက်၍မရသည့် အမှတ်အသားတစ်ခုကိုသာ ချန်ရစ်ထားခဲ့၏။ ဤခန္ဓာကိုယ်က ဂုဏ်ယူဝင့်ကြွားစွာ ပိုင်ဆိုင်ထားသော ခံနိုင်ရည်စွမ်းအားများ အားလုံးသည် နာရီအနည်းငယ်အတွင်းမှာပင် အကုန်အစင် ခမ်းခြောက်သွားခဲ့လေတော့သည်။
ဝေ့ဝူယင်သည် မွေးကင်းစကတည်းကအတိုင်း အဝတ်ဗလာဖြင့် ကုတင်စွန်းတွင် ထိုင်နေလေသည်။ သူ၏ အနောက်ဘက်တွင်မူ ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်ရေးရာအရ အပြည့်အဝ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်မောကျနေသော အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်မှာ တက်ကြွပြီး တောက်ပနေလေသည်။
သူမ၏ နှုတ်ခမ်းများက မသိစိတ်မှနေ၍ နှစ်ခြိုက်သဘောကျစွာ အိပ်မက်မက်နေသည့် အပြုံးတစ်ခုအဖြစ် ကွေးတက်နေခဲ့၏။ သူမ၏ ရိုင်းစိုင်းသော ကမ္ဘာဦး နတ်ဘုရားမတစ်ပါးကဲ့သို့သော အော်ရာများ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ယခုအခါတွင် ကျေနပ်အားရကာ စိတ်အေးလက်အေးဖြင့် မည်သည့် ပူပန်မှု၊ ကြောက်ရွံ့မှုမျှမရှိဘဲ အိပ်မောကျနေသော အမျိုးသမီးတစ်ဦး၏ မိန်းမဆန်သော တောက်ပမှုက နေရာယူသွားခဲ့လေသည်။
သူသည် မိမိလုပ်ရပ်များကို နောင်တရတတ်သူ မဟုတ်သကဲ့သို့ အကြောင်းပြချက် ခိုင်လုံပါက သူ၏ စည်းမျဉ်းများကို မပြောင်းလဲဘဲ တင်းခံနေတတ်သူလည်း မဟုတ်ချေ။ စုမေ့နှင့် သူ့ကြား ဆက်ဆံရေးသည် ပါဝင်ပတ်သက်သူ နှစ်ဦးစလုံး၏ ပျော်ရွှင်မှုအတွက် သူ၏ ဆန္ဒများကို ပြောင်းလဲပေးနိုင်ကြောင်း ပြသသည့် အကြီးမားဆုံးသော သက်သေပင် ဖြစ်သည်။ သူသည် သူ၏ ကျင့်ဝတ်စည်းမျဉ်းများအပေါ်တွင် တင်းမာစွာ ရပ်တည်နေတတ်သူ မဟုတ်ပေ။ ထို့အပြင် သူသည် သူကိုယ်တိုင် သဘောကျနှစ်သက်ရသော အန္တရာယ်များလောက်အောင် လှပသည့် အမျိုးသမီးတစ်ဦးကို ငြင်းဆန်မည့် အမျိုးသားမျိုးလည်း မဟုတ်ခဲ့ချေ။
သူ၏ အနှစ်သာရမှာ အမျိုးသားတစ်ဦး ဖြစ်လေသည်။
သူ၏ အနှစ်သာရမှာ ရမ္မက်၏ အမွေဆက်ခံသူ အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်၏။
သူ၏ အနှစ်သာရမှာ ဤအရာကို လိုလားတောင့်တနေခြင်းပင် ဖြစ်လေသည်။
***