← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂)

သူက ဒီနေ့ရော ကျွန်မကို ချစ်သေးရဲ့လား

အယ်လာမာ ၏ နောက်ကွယ်မှ အဓိက အစုရှယ်ယာရှင်ကြောင့် ငွေကြေးလုပ်ငန်းစုများမှ ထိပ်တန်းအမှုဆောင် အရာရှိကြီးများ ပြုတ်ကျသွားသည့် သတင်းမှာ တရုတ်နိုင်ငံတစ်ဝန်းတွင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ် စေခဲ့လေသည်။

ထိုထိပ်တန်း ငွေကြေးလုပ်ငန်းစုများမှာ အလုပ်သမား သိန်းပေါင်းများစွာ၏ စားဝတ်နေရေးနှင့် ဆက်စပ်နေ သဖြင့် အရှုံးမပေးသင့်သော အခြေအနေမျိုး ဖြစ်သည်။ နိုင်ငံတော်မှ တရားဝင် ဝင်ရောက်ထိန်းသိမ်းခဲ့သော် လည်း အဆိုပါ သူဌေးကြီးများ၏ မိသားစုဝင်များမှာမူ ဆန့်ကျင်ရဲခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ယခင်စီအီးအို၏ လုပ်ရပ်များကို သူတို့ သိရှိထားကြပြီး ဖြစ်သဖြင့် မိမိတို့ပါ အရေးယူခံရမည်ကို စိုးရိမ်နေကြ သောကြောင့်ပင်တည်း။ ထို့ကြောင့် လက်လွှဲပြောင်းမှုမှာ ချောမောစွာ ပြီးဆုံးသွားခဲ့ပြီး လျန်ထျန်းသည်လည်း ထိုပုဂ္ဂလိက သူဌေးများထံမှ နိုင်ငံ၏ စီးပွားရေးစွမ်းအား အချို့ကို ပြန်လည်ရယူနိုင်ရန် ကူညီပေးခဲ့လေသည်။

စစ်မှန်သော စီးပွားရေးစနစ်၏ ပံ့ပိုးမှုဖြင့် နိုင်ငံတော်သည် အိမ်ခြံမြေအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ခဲ့ပြီး ပြည်သူများမှာလည်း ပိုမိုကောင်းမွန်သော ဘဝဆီသို့ တစ်လှမ်းချင်း တိုးတက်လာကြသည်။ လျန်ထျန်းသည် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသဖြင့် အမှန်တကယ်ပင် ပျော်ရွှင်နေရ လေတော့သည်။

သို့သော်လည်း သူသည် ထိုပြောင်းလဲမှုများအတွက် မိမိကိုယ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ ယခင်အတိုင်းပင် မိမိအလုပ်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပြီး မြို့ပြ၌ သာမန် ပို့ဆောင်ရေးသမားတစ်ဦးကဲ့သို့ ငြိမ်းချမ်းစွာ နေထိုင်နေခဲ့သည်။

ဤနေရာတွင် တစ်ချက်ပြောပြရပေဦးမည်။ အယ်လ်မြို့တော်ရှိ ပို့ဆောင်ရေးသမား ထောင်ပေါင်းများစွာသည် လျန်ထျန်း၏ မျက်နှာကို သိရှိကြပြီး သူသည် အယ်လာမာ၏ နောက်ကွယ်မှ အဓိက ရှယ်ယာရှင်ဖြစ်ကြောင်း လည်း သိရှိကြပေသည်။

သို့သော်လည်း ထိုကဲ့သို့ အန္တရာယ်ရှိသော အဖြစ်အပျက်ကို ဖြတ်သန်းခဲ့ရပြီးနောက် လျန်ထျန်း၏ အထောက် အထားကို လျှို့ဝှက်ထားခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။ ထို့ကြောင့် ပို့ဆောင်ရေးသမား အားလုံးသည် လျန်ထျန်းနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ ပေါက်ကြား စေမည်မဟုတ်ဟု တစ်ညီတစ်ညွတ်တည်း ကတိပေးခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် လမ်းတွင် တွေ့ဆုံကြလျှင်လည်း မသိယောင်ဆောင်နေကြသော်လည်း စိတ်ထဲတွင်မူ လျန်ထျန်းကို အလွန်ပင် ကျေးဇူးတင်နေကြသည်။ လျန်ထျန်းကြောင့်သာ သူတို့သည် ပို့ဆောင်ရေး လုပ်ကိုင်ရင်း အဆင်ပြေသော ဝင်ငွေနှင့် ပြည့်စုံသည့် လူမှုဖူလုံရေး ခံစားခွင့်များကို ရရှိခဲ့ကြခြင်း ဖြစ်သည်ပင်မဟုတ်ပါလား။

လျန်ထျန်းကြောင့်သာ လူ့အဖွဲ့အစည်းမှာ ယခင်ထက် ပိုမိုမျှတလာပြီး အလုပ်သမားများကို အထင်သေးသည့် အကြည့်မျိုးဖြင့် မကြည့်တော့ချေ။ လျန်ထျန်းကြောင့်သာ ကျန်ရှိနေသေးသော သူဌေးများမှာ သတိကြီးစွာ ထားလာကြပြီး ပြည်သူများမှာလည်း ဒူးထောက်မနေတော့ဘဲ ဂုဏ်သိက္ခာရှိရှိ မတ်တပ်ရပ်နိုင်ခဲ့ကြပေသည်။

ပြင်ပလောကတွင် ဟန်းဂရီအုပ်စု၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အစုရှယ်ယာရှင်ကို ထူးခြား ဆန်းပြားသူအဖြစ် ပုံဖော်နေကြလေသည်။ ငွေကြေးအင်အားစုများ၏ ဖိနှိပ်ခြင်း ခံခဲ့ရသော အယ်လာမာ၏ ဈေးကွက်တန်ဖိုးမှာလည်း လျင်မြန်စွာ ပြန်လည်မြင့်တက်လာခဲ့ပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိသွား ခဲ့သည်။

လျန်ထျန်းမှာမူ မိမိကိုယ်ကို ထူးချွန်သူဟု တစ်ခါမျှ မထင်ခဲ့ပေ။ သူသည် မိမိကိုယ်တိုင် ခေတ်သစ်ကို ဖန်တီးခဲ့ သည်ထက် ခေတ်သစ်ကသာ မိမိကို ရွေးချယ်ခဲ့သည်ဟု အမြဲ ယုံကြည်ထားသူ ဖြစ်သည်။

ဓာတ်လှေကားဖြင့် အပေါ်သို့ အလွယ်တကူ ရောက်ရှိသွားသူများအနေဖြင့် လှေကားကို အပူတပြင်း တက်နေရ သူများကို အထင်သေး မကြည့်သင့်ပေ။ ဓာတ်လှေကား၏ နေရာမှာလည်း အကန့်အသတ်ရှိသည်။ အပေါ်သို့ အရင်ရောက်သွားသူများအနေဖြင့် လှေကားတက်နေသူများ အဆင်ပြေစေရန် ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသင့်သည် မဟုတ်ပါလား။

ထိပ်ဆုံးရောက်သွားပြီးနောက်တွင်မူ နယ်မြေလုခြင်း၊ ကြီးစိုးခြင်းများ ပြုလုပ်ကာ နောက်မှလိုက်လာသူများကို ဖယ်ထုတ်ပစ်ကြသည်။ လူတန်းစား ကွာဟချက်ကို ပိုမိုခိုင်မာစေရန် အတားအဆီးများ၊ ဆူးငြောင့်ခလုတ်များ ခင်းကျင်းထားကြသည်။ လျန်ထျန်းမှာမူ မျှတသော တိုးတက်မှုသည်သာ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အဓိက အခြေခံမူ ဖြစ်သည်ဟု ခိုင်မြဲစွာ ယုံကြည်သည်။

လူ့အဖွဲ့အစည်းမှာ ပိုမိုကောင်းမွန်လာသော်လည်း ထူးဆန်းသော အမှာစာများမှာမူ ပျောက်ကွယ်သွားခြင်း မရှိပေ။ ယခုလည်း လျန်ထျန်းတစ်ယောက် ထပ်မံ ကြုံတွေ့ရပြန်သည်။ သို့သော်လည်း ယခုတစ်ခါတွင်မူ ဖောက်သည်ကြောင့်မဟုတ်ဘဲ ဆိုင်ရှင်ကြောင့် ဖြစ်နေ၍ ရယ်စရာပင် ကောင်းနေတော့သည်။ လျန်ထျန်းသာ ကျွမ်းကျင်သော လေ့ကျင့်မှုများကို မရရှိခဲ့ပါက ထိုနေရာမှာပင် ရယ်မောမိတော့မည်မှာ အသေအချာပင်။

အကြောင်းမှာ ဤသို့ဖြစ်သည်။

လျန်ထျန်းသည် နှစ်ပေါင်းများစွာ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ဟောင်းလေးတစ်ခုမှ အစားအစာ သွား ရောက်ယူစဉ် ဖြစ်သည်။ ထိုဆိုင်ဟောင်းမှာ စီးပွားရေး ကောင်းမွန်လှသည်။ လျန်ထျန်းမှာလည်း အစားအ သောက် ပို့ဆောင်လာသည်မှာ နှစ်အတန်ကြာပြီဖြစ်၍ ထိုဆိုင်ပိုင်ရှင်နှင့်လည်း ရင်းနှီးနေခဲ့ပေသည်။

သို့သော် ပုံမှန်အတိုင်း အစားအစာယူပြီး ထွက်ခွာခါနီးတွင် ဆိုင်ရှင်က သူ့ကို ဆွဲထားလိုက်ခြင်းဖြစ်သည်။ ဆိုင်မှာ ဟောင်းနွမ်းနေသော်လည်း ပိုင်ရှင်မှာမူ အသက်သုံးဆယ်ကျော် အရွယ် ခွန်အားဗလ ပြည့်စုံသူဖြစ်သည်။ သူက တစ်စုံတစ်ခုကို ပြောချင်သယောင်နှင့် အံကြိတ်ထားသဖြင့် လျန်ထျန်းမှာ အလွန်ပင် စိတ်ရှုပ်ထွေးသွားရသည်။

"အစ်ကိုကြီး... ဘာဖြစ်လို့လဲ...။”

ပြောရင်းနှင့် လျန်ထျန်းက လက်ထဲမှ အိတ်ကို စစ်ဆေးရင်း ဆက်ပြောလိုက်သည်။

"ကျွန်တော် မှာထားတဲ့ အော်ဒါနဲ့ မှားယူမိတာ မဟုတ်ပါဘူး၊ ဒါ ကျွန်တော့်အော်ဒါပါ...။”

ဆိုင်ရှင်က ခေါင်းခါယမ်းလိုက်ပြီးမှ စကားစလိုက်သည်။

"မင်း ကိုင်ထားတဲ့ အော်ဒါက ငါ့ဆီမှာ ပုံမှန် မှာစားနေတဲ့ ဖောက်သည်တစ်ယောက်ရဲ့ အော်ဒါ။ သူက အသား ဆော့ခေါက်ဆွဲကို မကြာခဏ မှာလေ့ရှိတယ်၊ ငါ သူ့ကို မှတ်မိတယ်...။”

"သူ အမြဲတမ်း မှတ်ချက်မှာ ရေးလေ့ရှိတာက နံနံပင် မပါနဲ့၊ ကြက်သွန်မြိတ် မပါနဲ့၊ ကြက်သွန်ဖြူ မပါနဲ့၊ အစပ် ပိုထည့်ပေးပါ၊ ချစ်တယ် လို့ ရေးလေ့ရှိတယ်...။”

"ဒါပေမဲ့ ဒီတစ်ခါတော့ နံနံပင် မပါနဲ့၊ ကြက်သွန်မြိတ် မပါနဲ့၊ ကြက်သွန်ဖြူ မပါနဲ့၊ အစပ်ပိုထည့်ပေးပါ လို့ပဲ ရေးထားတယ်...။”

"နောက်ဆုံးက ချစ်တယ် ဆိုတဲ့ စာတန်းလေးက ပျောက်သွားပြီ၊ ပျောက်သွားပြီ...။”

ဆိုင်ရှင်၏ နှလုံးသားကွဲကြေနေပုံကို မြင်သောအခါ လျန်ထျန်းက အော်ဒါမှတ်ချက်ကို စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုစာတန်းများ မပါရှိတော့ပေ။ တစ်ခဏမျှ လျန်ထျန်း စကားမပြောနိုင် ဖြစ်သွားရပြီးမှ သနားစိတ်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"အော်...၊ ဖောက်သည်က မေ့ကျန်ခဲ့တာ ဖြစ်မှာပါ။ ရပါတယ်၊ သူ ဆက်ပြီး မှာစားနေသေးတာပဲ၊ သူ အစ်ကို့ကို ချစ်နေသေးလို့ ဖြစ်မှာပါ...။”

ဆိုင်ရှင်က ခေါင်းခါယမ်းကာ မျက်ရည်များ ဝဲလာသည်။

"မဟုတ်ဘူး၊ သူ မပြောတော့ဘူးဆိုရင် ငါ့ကို မချစ်တော့လို့ပဲ ဖြစ်ရမယ်။ သူ ငါ့ဆိုင်ကနေ နောက်ဆုံး မှာစားတာ ဖြစ်လိမ့်မယ်...။”

"ငါ ဘာအမှားလုပ်မိလို့လဲ၊ ဘာလို့ သူ ရုတ်တရက်ကြီး မချစ်တော့တာလဲ၊ တခြားတစ်ယောက်နဲ့များ ချစ်ကြိုက် သွားပြီလား...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ကျောရိုးထဲ စိမ့်သွားသဖြင့် အမြန်ပင် ဖြတ်ပြောလိုက်သည်။

"အစ်ကို... စိတ်လျှော့ပါ၊ စိတ်လျှော့ပါ...၊ ကျွန်တော် အစားအစာ ပို့ဖို့ အချိန်မီသွားရဦးမယ်။ ဒီလိုလုပ်ပါ၊ ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်တာလဲ ပြောပါ...။”

ထိုအခါမှ ဆိုင်ရှင်မှာ အနည်းငယ် ငြိမ်ကျသွားပြီး လျန်ထျန်းကို ကိုင်ထားသည့် လက်များကို လွှတ်လိုက်ကာ အလျင်အမြန်ပင် ပြောလိုက်လေသည်။

"သူ့ဆီ အရောက်ပို့တဲ့အခါ သူက ဒီနေ့ရော ငါ့ကို မချစ်တော့တာလား ဆိုပြီး မေးပေးပါ...။”

ထို့ကြောင့် လျန်ထျန်းမှာ ဤထူးခြားသော တာဝန်ကို ထမ်းဆောင်ရင်း အစားအစာ သွားရောက်ပို့ဆောင်ခဲ့ ရသည်။ ဖောက်သည်၏ လိပ်စာသို့ အရောက်တွင် တံခါးခေါက်လိုက်သည်။

"ဟယ်လို၊ အစားအစာ ရောက်ပါပြီ...။”

တံခါးပွင့်လာသောအခါ ရွှင်လန်းတောက်ပသော အပြုံးပိုင်ရှင် ဆံပင်တိုတိုနှင့် မိန်းကလေးတစ်ယောက် ထွက် လာခဲ့လေသည်။ သူမက အစားအစာကို ယူပြီး ကျေးဇူးတင်စကား ပြောကာ တံခါးပိတ်ရန် ပြင်လိုက်လေသည်။ လျန်ထျန်းက အမြန်ပင် တားလိုက်လေ၏။

"ခဏလောက် စောင့်ပေးပါဦး…၊ ဆိုင်ရှင်က မေးခိုင်းတာလေး တစ်ခု ရှိနေလို့ပါ...။”

ဆံပင်တိုနှင့် မိန်းကလေးမှာ တံခါးပိတ်ရန် ရပ်တန့်လိုက်ပြီး အံ့ဩစွာ မေးလိုက်သည်။

"ဘာကို ပြောတာလဲ...။”

ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို တွေးမိရင်း လျန်ထျန်းမှာ အနည်းငယ် ရှက်ရွံ့သွားသော်လည်း တည်ကြည်စွာ ပင် ပြောလိုက်လေသည်။

"သူ့ကို မေးပေးပါတဲ့...၊ သူက ဒီနေ့ရော အစ်ကို့ကို မချစ်တော့တာလား တဲ့...။”

ထိုစကားကို ကြားသောအခါ ဆံပင်တိုနှင့် မိန်းကလေးမှာ ခေါင်းကို ဘေးသို့ စောင်းလိုက်သည်။

"ဟင်...။”

လျန်ထျန်းမှာ ချက်ချင်းပင် ရှင်းပြလိုက်လေသည်။

"ဟုတ်ပါတယ်၊ သူက အစ်ကို့ဆိုင်မှာ အမြဲတမ်း မှာစားနေတဲ့ ဖောက်သည်ပါတဲ့။ အမြဲတမ်း မှတ်ချက်မှာ နံနံပင် မပါနဲ့၊ ကြက်သွန်မြိတ် မပါနဲ့၊ ကြက်သွန်ဖြူ မပါနဲ့၊ အစပ်ပိုထည့်ပေးပါ၊ ချစ်တယ် လို့ ရေးလေ့ရှိတာလေ...။”

"ဒါပေမဲ့ ဒီတစ်ခါတော့ အဲဒီစာတန်းလေး မပါလာလို့ သူ စိတ်မကောင်းဖြစ်နေတာနဲ့ ကျွန်တော့်ကို မေးခိုင်းလိုက် တာပါ...။”

ပြောနေရင်းနှင့်ပင် ထိုမိန်းကလေး၏ မျက်နှာအမူအရာမှာ တစ်စထက်တစ်စ ထူးဆန်းလာပြီး လူမိုက်တစ် ယောက်နှင့် တွေ့နေရသကဲ့သို့ ဖြစ်လာသည်။ နောက်တစ်စက္ကန့်တွင်တော့ သူမက အစားအစာအိတ်ကို လွှင့်ပစ် လိုက်ကာ အော်ဟစ်လိုက်သည်။

"သူက လူမိုက်ပဲ…၊ ငါ နောက်တစ်ခါ အဲဒီဆိုင်ကနေ ဘာမှ မမှာစားတော့ဘူး၊ တစ်သက်လုံး မစားတော့ဘူး…။"

အော်ဟစ်ပြီးနောက် တံခါးကို ပြင်းထန်စွာ ပိတ်ပစ်လိုက်သည်။ လျန်ထျန်းမှာ တံခါးကို လက်ဖြင့် ကာထားရင်း အမြန်ပင် ရှင်းပြလိုက်ရလေသည်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့...၊ အဲဒီဆိုင်ရှင်က မကောင်းရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး...။”

"သူက ငယ်ငယ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးမှု အနည်းငယ် နောက်ကျခဲ့လို့ စိတ်အခြေအနေက ဆယ်နှစ်သား အရွယ်လောက်ပဲ ရှိပါသေးတယ်...။”

"ဒါပေမဲ့ သူက ရုန်းကန်နေထိုင်လာတာပါ။ အသက်နှစ်ဆယ် မပြည့်ခင်ကတည်းက ဆိုင်ဖွင့်လာတာ ဆယ်နှစ် ကျော်ပြီ...။”

"ပြီးတော့ သူ့ဆိုင်က ကျွန်တော် ရောက်ဖူးသမျှထဲမှာ အသန့်ရှင်းဆုံးပါ၊ သူကိုယ်တိုင်လည်း သန့်ရှင်းသပ်ရပ် ပါတယ်။ အရပ်ကလည်း ခြောက်ပေလောက် ရှိပေမဲ့ သူဆီမှာ သူများနဲ့မတူတဲ့ စင်ကြယ်ပြီး ကြင်နာတဲ့ စိတ်ဓာတ်မျိုး ရှိပါတယ်...။”

"သူ့အပြုအမူတွေက တစ်ခါတလေ ရယ်စရာကောင်းပေမဲ့ သူက လူဆိုး မဟုတ်ပါဘူး။ သူက ကျွန်တော်တို့နဲ့ မတူတဲ့အရာတွေကိုပဲ ဂရုစိုက်တာပါ။ ကလေးတွေက ပိုက်ဆံကို ဂရုမစိုက်ဘဲ သူငယ်ချင်းနဲ့ မိတ်ဆွေတွေကိုပဲ ပိုဂရုစိုက်သလိုမျိုးပေါ့...။”

ထိုစကားများကို ကြားသောအခါ မိန်းကလေးမှာ တံခါးပိတ်ရန် မကြိုးစားတော့ပေ။ သို့သော်လည်း စိုးရိမ်နေဆဲ ပင် ဖြစ်ပြီး လျန်ထျန်းကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

"ရှင်ပြောနေတာတွေက အမှန်တွေပဲလား...။”

လျန်ထျန်းက တည်ကြည်စွာ ပြန်ဖြေလိုက်လေသည်။

"အမှန်တွေပါပဲ…။ ညီမ အချိန်ရရင် အဲဒီဆိုင်ကို သွားကြည့်လိုက်ပါ၊ ကျွန်တော် လိမ်ပြောတာ မဟုတ်ကြောင်း သိလာပါလိမ့်မယ်...။”

ပြောပြီးနောက် လျန်ထျန်းက အိတ်ကို ပြန်ကောက်၍ ပေးလိုက်လေသည်။ မိန်းကလေးက အိတ်ကို လှမ်းယူ လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပါပြီ၊ အချိန်ရရင် သွားကြည့်ပေးပါ့မယ်...။ အခုလို ဘာမှ မဟုတ်တာကိုတောင် စိတ်ရှည်လက်ရှည်နဲ့ လာပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”

"လူအများစုက ဒီလိုကိစ္စမျိုး ကြုံရင် စိတ်အနှောင့်အယှက် ဖြစ်ပြီး လျစ်လျူရှုလိုက်ကြမှာလေ...။”

လျန်ထျန်း ပြုံးလိုက်လေသည်။

"မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ လူကောင်းနဲ့ ကြင်နာတတ်သူတွေ အများကြီး ရှိပါသေးတယ်၊ နောင်ဆိုရင်လည်း ပိုများလာဦးမှာပါ...။”

ရက်အနည်းငယ် ကြာပြီးနောက် လျန်ထျန်း ထိုဆိုင်မှ အော်ဒါတစ်ခု ထပ်ရခဲ့လေသည်။ ဆိုင်သို့ ရောက်သောအခါ ဆံပင်တိုနှင့် မိန်းကလေးကို ဆိုင်ထဲတွင် တွေ့လိုက်ရလေသည်။ သူမသည် အမှန်တကယ်ပင် ဆိုင်သို့ လာရောက် ပြီး သူမကြိုက်နှစ်သက်သည့် အသားဆော့ခေါက်ဆွဲကို မှာစားနေခဲ့ခြင်းဖြစ်ပေသည်။

ကြင်နာတတ်သည့် ဆိုင်ရှင် အလုပ်လုပ်နေသည်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် ရွှင်လန်းတောက်ပသော အပြုံးများ ပေါ်လာသည်။ ဆိုင်ရှင်က ခေါက်ဆွဲပန်းကန်ကို ချပေးသောအခါ သူမက လက်ဖြင့် နှလုံးသားပုံစံလေး လုပ်ပြလိုက်လေသည်။

"ချစ်တယ်…။"

ဆိုင်ရှင်မှာ အံ့ဩသွားပြီးမှ ကလေးတစ်ယောက်လို ရယ်မောလိုက်လေသည်။

"မင်းပဲလား။ မင်း ဒီနေ့လည်း ငါ့ကို ချစ်ပြန်ပြီပဲ...။”

ဆံပင်တိုနှင့် မိန်းကလေးက ပြုံး၍ ပြန်ပြောလိုက်သည်။

"နေ့တိုင်း ချစ်နေမှာပါ…။ ဆက်ကြိုးစားပါ…၊ အစ်ကိုက တော်ပါတယ်…။"

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်မှာ ကလေးတစ်ယောက်လို အလွန်ပင် ပျော်ရွှင်နေပေတော့သည်။ ထိုသို့ မဟုတ်လျှင်လည်း သူ၏ စိတ်အခြေအနေမှာ ကလေးတစ်ယောက်လို ဖြစ်နေခြင်းပင်။ ကလေးတစ်ယောက်လို ဘဝကို ဖြတ်သန်းရခြင်းမှာ မဆိုးရွားလှပေ။ ကမ္ဘာကြီးတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေပြီး လူအများက သူတို့ကို ထူးဆန်းသော မျက်လုံးများဖြင့် မကြည့်ကြပါက ဤ "ကလေးကြီးများ" မှာ ထာဝရ ပျော်ရွှင်နေနိုင် ပေလိမ့်မည်။

နောက်ရက်များတွင် လျန်ထျန်းမှာ ပုံမှန်အတိုင်း အစားအစာများကို ကြိုးစားပမ်းစား ပို့ဆောင်နေခဲ့သည်။ တစ်နေ့ တွင် ထူးဆန်းသော မှတ်ချက်ပါသည့် အော်ဒါတစ်ခုကို ထပ်ရခဲ့ပြလေန်သည်။ အတော်လေး ထူးဆန်းသော် လည်း မဆန်းလှသည့် အမှာစာပင်။

[အပြင်ထွက်သွားရလို့ ခွေးလေးကို အိမ်ရှေ့မှာ ချည်ထားခဲ့ရတယ်၊ အစာလည်း မကျွေးရသေးလို့ အော်ဒါ မှာ လိုက်ပါတယ်။ ပို့ဆောင်ရေးသမား အားရင် ခွေးလေးကို လမ်းလျှောက်ခေါ်သွားပေးလို့ ရမလား။ အရမ်းချစ် ဖို့ကောင်းတဲ့ ခွေးလေးပါ။ ပြီးသွားရင် ပြောပေးပါ၊ ဆုကြေး ပေးပါ့မယ်...။]

ထိုမှတ်ချက်ကို ဖတ်ပြီးနောက် လျန်ထျန်းမှာ သက်ပြင်းချလိုက်သည်။

"ငါတို့ရဲ့ ဟန်းဂရီအုပ်စုကလည်း လူတွေရဲ့ စိတ်ထဲမှာ အရာရာကို လုပ်ပေးနိုင်တဲ့သူတွေ ဖြစ်လာပြီထင်တယ်။ ခွေးအစာကျွေးတာ၊ လမ်းလျှောက်ခေါ်တာကအစ ခိုင်းလာကြပြီ...။”

"တကယ်တော့ ငါက ခွေးတွေကို နည်းနည်း ကြောက်တာပါ…၊ ဒါပေမဲ့ ချစ်ဖို့ကောင်းတဲ့ ခွေးလေးဆိုတော့ အဆင်ပြေမှာပါလေ...။”

All Chapters